Dr. So Pyay

Dr. So Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. So Pyay, Doctor, Yangon.

Doctor | TEDx Speaker | Content Creator
Sharing trustworthy, research-based medical knowledge in a fun, relatable way.
🎓 | 1.9M+ followers | Viral medical skits |TEDx: Medical Scammers
📍Based in Myanmar | Helping people stay informed, healthy, and aware

22/05/2026

*ပဲနို့ ကြိုက်ကြတဲ့သူတွေ ရှိကြလား👨‍⚕️👇

ပဲနို့သောက်ခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာ နားထောင်ကြည့်လိုက်ရအောင်နော်!✅


#ဒေါက်တာစိုပြေ


ဒီနေ့အလှူ✨🙏ကျွန်တော့်ရဲ့ Dr. So Pyay Page လေး စောင့်ကြည့်သူ နှစ်သန်း (2 Million Followers) ပြည့်သွားတဲ့ အမှတ်တရအနေနဲ့  ရ...
17/05/2026

ဒီနေ့အလှူ✨🙏
ကျွန်တော့်ရဲ့ Dr. So Pyay Page လေး စောင့်ကြည့်သူ နှစ်သန်း (2 Million Followers) ပြည့်သွားတဲ့ အမှတ်တရအနေနဲ့ ရန်ကင်းကလေးဆေးရုံကြီးမှာ တစ်နေ့တာ အာဟာရအလှူရယ်၊ လူနာတစ်ဦးကို ငါးသောင်းကျပ်နှုန်းနဲ့ အယောက် လေးဆယ်စာ သိန်းနှစ်ဆယ်ကျပ်ကို ကူညီလှူဒါန်းဖြစ်ခဲ့ပါတယ်ခင်ဗျာ🙏

ကလေးတွေအတွက်
ဆေးရုံစရိတ်တွေကုန်နေတဲ့အချိန်
တစ်ရက်တာမှာ စားသောက်စရိတ်လေးသက်သာသွားစေလိုတာရယ်၊ ဆေးရုံမှာ ရက်ရှည်နေရင်း ဆေးကုသစရိတ်ထောင်းလာသူတွေအတွက် အကူအညီအနည်းငယ်ဖြစ်စေလိုတာရယ်ကြောင့် တစ်နေ့တာအာဟာရနဲ့ ငွေအလှူ ကူညီလှူဒါန်းဖြစ်တာပါ။

ဒီကူညီမှုဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ အလှူမဟုတ်ပဲ Page က ကြည့်ရှုသူတိုင်းရဲ့ အလှူလည်းဖြစ်တဲ့အတွက် ကုသိုလ်
ထပ်တူရကြစေဖို့လည်း ဆုတောင်းပေးပါတယ်ခင်ဗျာ✨

15/05/2026

***ထမင်းနေ့တိုင်းစားရင် ဆီးချိုရောဂါဖြစ်စေနိုင်လား?***


#ဒေါက်တာစိုပြေ


Amhattaya Podcast မှာ အမှတ်တရ✨
14/05/2026

Amhattaya Podcast မှာ အမှတ်တရ✨

12/05/2026

ဒီနေ့တော့ တင်စရာမရှိသေးလို့ သီချင်းဆိုထားတာလေးပဲ နားထောင်ကြနော်😁🎤🎶

စိတ်ဖိစီးမှုတွေများတာ ကြာလာတဲ့အခါမှာ• ညဘက်တွေအိပ်ပျော်ဖို့ခက်လာမယ်...• ဟော်မုန်းတွေအပြောင်းအလဲဖြစ်ပြီးတော့ ဘာလုပ်လုပ် စိ...
10/05/2026

စိတ်ဖိစီးမှုတွေများတာ ကြာလာတဲ့အခါမှာ
• ညဘက်တွေအိပ်ပျော်ဖို့ခက်လာမယ်...
• ဟော်မုန်းတွေအပြောင်းအလဲဖြစ်ပြီးတော့ ဘာလုပ်လုပ် စိတ်မပျော်တော့တာ၊ အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တော့တာလိုမျိုးတွေ ဖြစ်လာမယ်...
• အူလမ်းကြောင်းကျန်းမာရေးနဲ့ အစာခြေစနစ်ကို ထိခိုက်နိုင်တယ်...
• သွေးပေါင်ချိန် နဲ့ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုတွေရှိလာမယ်...
• အသားအရေ မွဲခြောက်လာမယ်...
• ဆံပင်တွေကျွတ်မယ်... စတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

သတိမထားပဲ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် နောက်ပိုင်းမှာ ပြန်လှည့်လို့မရနိုင်တဲ့ ရောဂါတွေ၊ အခြေအနေဆိုးတွေ ကြုံလာရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ မမေ့ကြပါနဲ့။ စိတ်ဖိစီးမှုလျော့ကျစေမယ့်နည်းလမ်းတွေဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ Yoga, Pilates လိုမျိုး Stretching exercises တွေလုပ်ပေးတာ၊ Diary ရေးတာ၊ ဖုန်းသုံးတာလျှော့တာ၊ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ စကားပြောတာတွေကို လုပ်ပေးပါ...

အရေးအကြီးဆုံးကတော့ အိပ်ချိန်မှန်မှန်အိပ်ဖို့ပါပဲ...

မိမိကိုယ်ကို အချိန်ပေးဂရုစိုက်ခြင်းက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး...လူတိုင်းလုပ်သင့်တဲ့အရာပါ✅
-------
ဒါကတော့ ရှေ့ရက်က Junction City Office Tower မှာ Mother's Day (မိခင်များနေ့) အထိမ်းအမှတ်အနေနဲ့ ပြောခဲ့တဲ့ Health Talk အထဲက တစိတ်တပိုင်း ဖြစ်ပါတယ်...
ကျွန်တော်တို့အားလုံး...အထူးသဖြင့် အလုပ်လုပ်နေရတဲ့ မိခင်တွေ (Working Moms) တွေဟာဆိုရင် အလုပ်ကိစ္စ၊ အိမ်မှုကိစ္စတွေအရမ်းများပြီး အပြင်ပိုင်းမှာ အမြဲအားတင်းထားနေရတဲ့အတွက်...
စိတ်ခံစားမှုအပိုင်းမှာ အချိန်ပေး ဂရုမစိုက်ဖြစ်ဘူးဆိုရင် Burnout ရပြီးတော့
စိတ်ထောင်းကိုယ်ကြေ ဖြစ်လာနိုင်ပါတယ်...

ဒါကြောင့် တခြားသူတွေကို ဂရုစိုက်ပေးသလို…
မိမိကိုယ်ကိုလည်း အချိန်ပေးပြီး ဂရုစိုက်ပေးဖို့ မမေ့ကြပါနဲ့နော်...
Happy Mother’s Day✨

09/05/2026

//ကမ်းဇော်လိမ်းဆေး နည်းမှန်လမ်းမှန် ဘယ်လိုလိမ်းရမလဲ...


#ဒေါက်တာစိုပြေ

#စီလ

တစ်ဦးမေတ္တာ တစ်ဦးမှာ🤩81 Electronic က ပစ္စည်းတွေက quality ကောင်းလို့ အိမ်မှာလည်းသုံးနေကျဆိုတော့ Health talk Video ရိုက်ဖိ...
09/05/2026

တစ်ဦးမေတ္တာ တစ်ဦးမှာ🤩
81 Electronic က ပစ္စည်းတွေက quality ကောင်းလို့ အိမ်မှာလည်းသုံးနေကျဆိုတော့ Health talk Video ရိုက်ဖို့အတွက် Showroom ကိုရောက်နေတုန်းလေး Air Fryer တစ်ခါတည်းဝယ်သွားမယ်ဆိုပြီးတွေးထားတာ..
ငွေရှင်းခါနီးကျမှ ဆရာ့အတွက် လက်ဆောင်ပေးတာပါ...လည်းဆိုရော အားနာနာနဲ့ပဲ မြန်မြန်ယူလိုက်
ရ..အဲလေ..အားနာပြီး တကယ်ကိုကျေးဇူးတင်ရပါတယ်လို့..
Discount ပဲပေးရင်ပေးပါ free တော့မပေးပါနဲ့ဆိုတာကို လက်ဆောင်ပေးလိုက်ကြတာ😁

ပထမတစ်ခေါက်ရိုက်ကူးရေးမှာလည်း Power Bankတွေရော မီးသီး၊ မီးအိမ်တွေလည်း လက်ဆောင်ပေးထားသေးတော့ အခုမီးမလာတဲ့အချိန်တွေမှာ အရမ်းအသုံးဝင်နေလို့ ကျေးဇူးတင်နေရတာပါ။

ကျွန်တော် 81 Electronic ရဲ့ Health Talk Program မှာ ပါဝင်ဖြစ်ပြီးတော့ အပတ်စဉ်သောကြာနေ့တိုင်း Health Talk လေးတွေတင်ပေးနေခဲ့တာ အခုဆိုရင် ၄ ပိုင်းတောင်ရှိသွားခဲ့ပါပြီဗျ✨
အပိုင်းတစ်ခုချင်းစီကလည်း ကြည့်ရှုသူတွေ millions ချီ views တွေရှိနေတာမို့လို့ ဒီလိုအများအတွက်အကျိုးရှိစေတဲ့အစီအစဉ်ကို ဖန်တီးပေးနိုင်တဲ့ 81 Electronic အတွက် ဝမ်းသာရပါတယ်နော်..

နောက်ထပ် Health Talk လေးတွေ ၅ ပိုင်း ကျန်သေးတာမို့ အပတ်စဉ် သောကြာနေ့၊ ည ၉ နာရီတိုင်းမှာ Dr. So Pyay Page နဲ့ 81 Electronic Page မှာ စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ..
ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ကျန်းမာရေးဗဟုသုတ တွေပြောခွင့်ပေးတဲ့81 Electronic ကိုရော၊ ကြည့်ရှုအားပေးသူတွေအားလုံးနဲ့ video ရိုက်ကူး edit ပေးတဲ့ Team ကိုပါကျေးဇူးအထူးတင်ပါတယ်ဗျ🙏👏

08/05/2026

"ရေနွေး"သောက်ပေးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး (၅) ခု🖐️


#ဒေါက်တာစိုပြေ


#ရေနွေး

မနက်ဖြန် Junction City Office Tower မှာ Mother's Day အထိမ်းအမှတ်အနေနဲ့ Health Talk လေး ကျွန်တော်လာပြောသွားဖို့ရှိပါတယ်ခင...
07/05/2026

မနက်ဖြန် Junction City Office Tower မှာ Mother's Day အထိမ်းအမှတ်အနေနဲ့ Health Talk လေး ကျွန်တော်လာပြောသွားဖို့ရှိပါတယ်ခင်ဗျာ။

ဒီ Talk မှာတော့ အမျိုးသမီးတွေမှာ အလွယ်တကူသတိမထားမိတတ်တဲ့ Silent health problems တွေ၊ stress နဲ့ lifestyle ကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်တိုင်သတိထားသင့်တဲ့ signs လေးတွေကို အဓိကထားပြီး ပြောပေးသွားမှာပါ။

အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်တာတွေ အဓိကပြောပေးမှာဆိုပေမယ့် တချို့အချက်တွေက ယောကျာ်းလေးတွေအတွက်ပါအကျိုးရှိစေမယ့်အချက်တွေပါတာမို့ ယောကျာ်းလေးတွေလည်း လာနားထောင်လို့ရပါတယ်။ ကိုယ့်မှာ အမေ၊ အစ်မ၊ ညီမ၊ ချစ်သူရည်းစား တွေရှိခဲ့ရင်လည်း ပြန်ပြောပြ၊ ဂရုစိုက်ပေးလို့ရတာပေါ့;)

ဒီဟောပြောပွဲလေးက Junction City Office Tower မှာရှိတဲ့ Tenants တွေအတွက်ပဲ သီးသန့်ပြုလုပ်ပေးထားတာမို့လို့
📍 မနက်ဖြန် မေလ ၈ ရက်နေ့
⏰ နေ့လည် ၃ နာရီ
📌 KLOUD, Level 14, Junction City Office Tower မှာ လာနားထောင်ပေးကြဦးနော်။
JCT tenants များအားလုံးနဲ့ ဆုံချင်ပါတယ်ခင်ဗျာ✨👨‍⚕️

06/05/2026

"ကမ်းဇော်လိမ်းဆေး" ရဲ့ ကျန်းမာရေးအသုံးဝင်ပုံများ*


#ဒေါက်တာစိုပြေ


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. So Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. So Pyay:

Share

Category