Mystic Readings By Myint

Mystic Readings By Myint 🔮🪄

Pick a pile အသစ်လေးပါဗျ❤️
01/09/2025

Pick a pile အသစ်လေးပါဗျ❤️

❤️
01/09/2025

❤️

Hi Guys!! ကျွန်‌တော် Marcus ပါ။ Pick a card reading လေး တင်ပေးထားပါတယ်နော်။ ကြားထဲနေမကောင်းဖြစ်ထားလို့ ခဏနား‌ထားတာပါနော်။ Page အသစ်လ...

❤️
01/09/2025

❤️

Monthly End Message ❤️❤️

August လမှာတော့ အချို့ chapter လေးတွေ ended ဖြစ်သွားခဲ့ပြီ ပြီးဆုံးသွားခဲ့ပြီပေါ့။ အရာရာကို အသစ်က ပြန်စရတော့မယ် အချိန်တစ်ခုအဖြစ် September လကကလေးက စတင်ရောက်ရှိလို့လာပါပြီ။ ဘာတွေကောင်းမွန်လာမလဲ..?

💐 Artist တွေအတွက်၊ အနုပညာဝါသနာပါသူတွေအတွက် ကိုယ့်ရဲ့ဝါသနာ ရည်မှန်းချက်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရလာမယ်။ စိတ်ချပုံဖော်ခွင့်ရလာမယ်။
💐 Manifest လုပ်ထားတဲ့သူတွေအတွက် အောင်မြင်မှုတွေရလာမယ်။ Accountability နဲ့ပက်သက်လို့ manifest လုပ်ထားသူတွေ၊ တစ်စုံတစ်ယောက်စီက Responsibility ကို မျှော်လင့်နေသူတွေအတွက် အပျော်ကြီးပျော်ရမယ့် ကာလပါ။ ကိုယ့်ကိုကိုယ် ထားရှိနေတဲ့ Self-doubts တွေတော့ လျှော့ရမယ်နော်။
💐 ချစ်သူလိုချင်နေသူတွေ ချစ်သူအသစ်ရလာမယ်။ တစ်ဖက်သူရှိပြီးသားသူတွေအတွက် နှစ်ယောက်ကြား ပျော်စရာကောင်းပြီး ပိုပြီး stronger ဖြစ်တဲ့ version နဲ့ ချစ်ခြင်းမေတ္တာတွေရရှိလာမယ်။ အတိတ်ကလူအဟောင်းတွေလည်းပြန်လာတတ်တယ်။ Soulmate/ right person/ Twin flame တွေရဲ့ Union/Reunion ကိုလည်း မြင်ရတယ်။ Offer စောင့်နေသူတွေ တစ်စုံတစ်ယောက်စီက တောင်းပန်စကား သို့မဟုတ် Love confession တစ်ခုခုရလာမယ်။ တစ်ယောက်တည်း အကြာကြီးရှိနေသူတွေ Gemini energy နဲ့ချစ်သူတစ်ယောက်ရဖို့ အလားအလာရှိလာပြီ။
🎰 ထီးကံစမ်းချင်သူတွေ ထီပေါက်ဖို့အလားအလာရှိပါတယ်။ ကံစမ်းကြည့်ပါ။ ဂဏန်းကတော့ (၁၀) အရမ်း အားကောင်းနေပါတယ်။ ငါးလွှတ်တာ ကြောင်စာ ကျွေးတာ တွေလုပ်ရင် ပို၍ကံတက်လာပါမယ်။

Oracle cards Reading

- ကိုယ့်ဘဝမှာ ကိုယ်က ပါဝါအရှိဆုံးမလို့ ကိုယ့်စကားကို ကိုယ် လက်ခံပါ။နားထောင်ပါ။ ကိုယ့်မှာရှိတဲ့ creativity ကို လွယ်လွယ်နဲ့အထင်မသေးလိုက်ပါနဲ့၊ လိုချင်တာကို ရအောင်ယူနိုင်တဲ့စိတ်စွမ်းအင်ကို သင်ပိုင်ဆိုင်ထားပါသေးတယ်။ Your life your choice ပဲမလို့ ဒီလတွေထဲ ရွေးချယ်စရာတွေပေါ်လာတဲ့အခါ ကိုယ့်စိတ်ကူးစိတ်သန်းနဲ့ကိုက်ညီရာကိုပဲ ရွေးချယ်၍ ဆုံးဖြတ်ပါ။
- Healing အရမ်းအားကောင်းတဲ့ကာလလေးဖြစ်နေတာမလို့ အတိတ်ကခံစားခဲ့ရတဲ့အရာတွေကို ကုစားနိုင်ဖို့ တစ်ခုခုကို ပြန်လည်ရှာဖွေပါ၊ မေးခွန်းထုတ်ပါ ကိုယ့်ကို ကိုယ်။ Physical healing ရော Mental healing ရော နှစ်ခုလုံးအတွက် အချိန်ကောင်းပါ။ ‌နာတာရှည်ရောဂါသည်များ ပျောက်ကင်းဖို့လမ်းစရှာတွေ့လာနိုင်ပါတယ်။
- ဘာပဲစလုပ်လုပ် baby step နဲ့စပါတဲ့။ ခြေလှမ်းအကြီးကြီးတွေလှမ်းမယ့်အစား နိုင်သလောက် ပိုင်သလောက်နဲ့ စတင်ပါ ပိုပြီးချောမွေ့ပါလိမ့်မယ်။

Zodiacs - Cancer, Scorpio, Aries, Gemini, Ta**us, Virgo, Libra အရမ်းအားကောင်းနေပါတယ်။ Signs မပါလဲကြည့်လို့ရပါတယ်နော်။






❤️
01/09/2025

❤️

အနာဂတ်လက်တွဲဖော်အကြောင်းလေး ပြောပြပေးထားပါတယ်ခင်ဗျာ။သည်လို Reading မျိုးလေး သဘောကျတယ်ဆိုရင် Special Occasion Full tarot reading ‌လေး...

Personal readings တွေမေးချင် ဒီ page လေးကို လာခဲ့နော် 🐈🌼
26/08/2025

Personal readings တွေမေးချင် ဒီ page လေးကို လာခဲ့နော် 🐈🌼

အခု page လေးက error လေးတွေအရမ်းများနေလို့ page အသစ်ကလေးဖွင့်ထားပါတယ်ခင်ဗျာ။ pick a pile reading လေးတွေရော collective rea...
23/08/2025

အခု page လေးက error လေးတွေအရမ်းများနေလို့ page အသစ်ကလေးဖွင့်ထားပါတယ်ခင်ဗျာ။ pick a pile reading လေးတွေရော collective reading လေးတွေရော တင်ပေးမှာမလို့ page အသစ်လေးကို follow လုပ်ထားပေးပါအုံးနော်🤎🤎

Here's page link

https://www.facebook.com/share/1BEAD44juG/

ပညာဒါနလေးပါဗျ။August 8 ရက်နေ့ကနေ August 12 ရက်နေ့အထိ ဒီ post အောက်မှာ အမည်အပြည့်အစုံနဲ့ မွေးရက်အပြည့်အစုံ အပါအဝင် အသိချင...
08/08/2025

ပညာဒါနလေးပါဗျ။

August 8 ရက်နေ့ကနေ August 12 ရက်နေ့အထိ ဒီ post အောက်မှာ အမည်အပြည့်အစုံနဲ့ မွေးရက်အပြည့်အစုံ အပါအဝင် အသိချင်ဆုံး မေးခွန်းတစ်ခု(နှစ်ခုအထိ) မေးခဲ့လို့ရပါတယ်။ ကျနော် ‌ဖြည်းဖြည်းချင်း ဖြေကြားပေးပါမယ်ဗျ။ အရှည်မေးချင်သူတွေအတွက်ကတော့ page ရဲ့ cb မှာလာဆက်သွယ်လို့ရပါတယ်။ ဘာမေးမေး 8888ကျပ်ပါဗျ။


A Monthly End message of the Spirit (July)Tarot - ပြတ်ပြတ်သားသား လွှတ်ချခဲ့ဖို့တန်နေတဲ့ အရာတွေ ဆက်ဆံရေးတွေ အခက်အခဲတွေနဲ့...
01/08/2025

A Monthly End message of the Spirit (July)

Tarot - ပြတ်ပြတ်သားသား လွှတ်ချခဲ့ဖို့တန်နေတဲ့ အရာတွေ ဆက်ဆံရေးတွေ အခက်အခဲတွေနဲ့ ပင်ပန်းမှုတွေကို ‌ဒီလအကုန်မှာပဲထားခဲ့လိုက်ပါတော့နော်။ ဘာကြောင့် ကိုယ့်ကိုကိုယ် ဒီအခက်အခဲတွေကြားမှ ဆက်ပြီး ထားထားအုံးမှာလဲ။ ဒီလောက် ပင်ပန်းနေခဲ့ပြီဟာကို.. ဘယ်လောက်တောင်ဖြတ်သန်းခဲ့တာလည်းနော်။ တစ်ယောက်တည်းလာခဲ့ရတော့ သိပ်ပင်ပန်းနေမှာဘဲ။ stress တွေကိုလွှတ်ချလိုက်ရအောင် ..။ အခုကစပြီး ပိုပြီးသာယာတဲ့အနာဂတ်က စောင့်နေတာမလို့ ရောက်အောင်သွားမှဖြစ်မှာနော်။ အနာဂတ်ကို ခရီးပေါက်ဖို့ဆိုရင် အတိတ်ကို လှည့်တကြည့်ကြည့်ဖြစ်နေလို့မရတော့ဘူး အားနဲ့မာန်နဲ့ရှေ့ကိုကြိုးစားတက်ရတော့မှာပါ။ အခု လှောင်ပိတ်နေတဲ့ အတွေးတွေ၊ ကိုယ့်ကိုကိုယ်နှိပ်စက် နေတဲ့ အတွေးတွေကနေ မြန်မြန်ထွက်ခဲ့ပါတော့..။
အချို့လွှတ်ချရမယ့်အရာတွေက လွှတ်ချချိန်တန်နေပြီနော်။ ဘာလို့ဆွဲထားတော့မှာလဲ။ ကိုယ့်အတွက် အပြည့် အဝ မရှိနေတဲ့ ဆက်ဆံရေးတွေ၊ wrong person တွေကိုဆုတ်ကိုင်ထားတဲ့သူတွေရယ်.. ပင်ပန်းနေပြီလေနော်။ ကိုယ့်ကိုကိုယ်ညှာတာမှပေါ့။
အမြဲတမ်းကြိုးစားနေပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံး တည်ဆောက်နေတဲ့သူတွေကလည်း ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါအုံး။ ဘယ်လောက်တောင် ပင်ပန်းနေပြီလဲလို့။ နောက်လက ကိုယ့်အတွက် ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ့်လပဲဖြစ်လိမ့်မယ်လို့ ကျနော်လည်းထင်ပါတယ်။ အေးအေးဆေးဆေးလေး အနားယူပြီး ကောင်းမွန်တဲ့ အဆုံးသတ်တွေနဲ့ စတင်ခြင်းတွေကို လက်ခံနိုင်ဖို့ ပြင်ဆင် လိုက်ကြရအောင်။ တိုက်ပွဲကပြီးသွားပါပြီ။ သင် နိုင်ခဲ့သလား ရှုံးခဲ့သလား ကို မေးမယ့်အစား ဒီတိုက်ပွဲကနေ ကိုယ့်ကိုကိုယ် ပြန်ရှာဖွေတွေ့ရှိဖို့ကိုပဲ အာရုံထားလိုက်ကြပါစို့။

Oracle - stress တွေက ရုပ်ကိုဆိုးစေတယ်တဲ့။ပင်ပန်းနေတဲ့အခြေအနေတွေမှာ လူတွေဟာ ဟန်ဆောင်ပြီး တော့တောင် မပြုံးနိုင်တော့ဘူး ဘာလို့လည်းဆိုတော့ စိတ်ထောင်းလို့ကိုယ်ကြေ‌နေတာလေ။ ကြေမွအောင် ကိုယ့်ကိုကိုယ် ထုရိုက်နေမယ့်အစား စိတ်ကြည်လင်မှု၊ စိတ်အေးချမ်းမှုကို ရှာဖွေရအောင်..။ ခက်ခဲတာသိပေမယ့် တခါတလေကျတော့လည်း အဲ့အခက်အခဲတွေ ထဲကနေ ရုန်းမထွက်အောင် လုပ်နေတာပဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတတ်လို့ပါ။ သင့်ရဲ့ နဂိုပုံစံလေးက သိပ်လှပပြီး စွဲဆောင်မှုရှိတာပါဘဲ။ လူတိုင်း သဘောကျကြတယ်သိလား။ သင် သိချင်မှသိမှာပါ။ သင့်မှာ attraction တစ်ခုရှိတယ်။ လူတွေကို စွဲဆောင်နိုင်တဲ့ အမူအရာလေးတွေ အပြုံးလေးတွေ ဆံသားလေးတွေကအစ ကိုယ်ခန္ဓာအစိတ်အပိုင်းလေးတွေရှိနေတယ်။ အဲ့ အရာလေးတွေကနေ လှိုင်းလေးတစ်ခုကို ထုတ်လွှင့်ပေးတယ်။ အဲ့လှိုင်းကို ရရှိသွားတဲ့လူတွေက သင့်ကိုချစ်လာကြတယ်။ ဒါပေမယ့် အဲ့လှိုင်းကလေးက သင် စိတ်ကြည်လင်ပြီး အရာရာကိုလက်ခံနိုင်တဲ့အချိန်မှာပဲ ထွက်လာတတ်တယ်တဲ့။ သင်စန်းကျနေတာမဟုတ်ပါဘူး သင်စိတ်ညစ်နေလို့ပါ။ ညစ်နေတဲ့စိတ်ကို လက်ခံခြင်းနဲ့ သန့်စင်လိုက်ပြီး လူတွေကို ဆွဲငင်လိုက်ပါ။ မျက်လုံးထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။ ကိုယ်အရမ်းသဘောကျတဲ့ type မျိုးရှိတဲ့လူတစ်ယောက်နဲ့ ကိုယ်ဟာ အရမ်းလှပတဲ့ healthy relationship လေးတစ်ခုတည်ဆောက်ထားနိုင်ပြီ။ အမြဲပြုံးပျော်နေရပြီ။ ကမ္ဘာကြီးကလည်းပိုလှလာပြီ။ ကိုယ့်ဘဝကလည်း တိမ်တွေပေါ် ဝဲပျံနေရသလိုလို သကြားလုံး‌လေးငုံထားရသလို ချိုမြိန်မှုလေးတွေ ခံစားနေရပြီလို့ မြင်ယောင်ကြည့်ပါ။ ဒါဆို လက်တွေ့ ဘဝမှာလည်း သင့်အတွက် နွေးထွေးတဲ့ မေတ္တာတွေ လက်ခံရရှိပါလိမ့်မယ်။ စိတ်ရဲ့ အကြည်ဓာတ်ကလေးကို တော့ မပျောက်ပျက်ပါစေနဲ့ ချစ်သူတို့...



ချစ်ပြီဆိုတာနဲ့ မျက်စိမှိတ်ယုံလိုက်တာမျိုး မလုပ်မိပါစေနဲ့.. အမြင်ကျယ်ပါစေ ကိုယ့်ကိုကိုယ်လက်ခံနိုင်ပါစေ🍀     အမြင်အာရုံတွ...
12/06/2025

ချစ်ပြီဆိုတာနဲ့ မျက်စိမှိတ်ယုံလိုက်တာမျိုး မလုပ်မိပါစေနဲ့.. အမြင်ကျယ်ပါစေ ကိုယ့်ကိုကိုယ်လက်ခံနိုင်ပါစေ🍀

အမြင်အာရုံတွေကို ဖွင့်ထားဖို့၊ အမြင်ကျယ်ဖို့ တကယ်ပဲအရေးကြီးသလား?? အချစ်ရေးမှာ လူတိုင်းတော်တော်များများ ဖြစ်နေတတ်ကြတာတစ်ခုရှိပါတယ်။ ဒါလေးကို sharing လုပ်ပေးချင်လို့ပါ။ လူတော်တော်များများက self-acceptance ဆိုတာလေးကို မထားရှိတတ်ကြပါဘူး။ ငါက ပိန်တယ်၊ဝတယ်၊မလှဘူး မပြည့်စုံဘူး၊ အဆင်မပြေဘူးဆိုတဲ့ ယုံကြည်မှုတွေရှိတတ်ကြပါတယ်။ တကယ် သိထားဖို့က လောကကြီးမှာ လူသားတိုင်းဟာ တစ်ယောက်ကို ပုံစံတစ်မျိုးစီနဲ့ ရှင်သန်နေကြတာပါဘဲ။ အကုန်လုံးက တစ်နည်းမဟုတ်တစ်နည်း unique ဖြစ်ကြပါတယ်။ ကွဲထွက်ကြပါတယ်။ ကိုယ့်မှာရှိသလို အချက်တစ်ချို့က တစ်ခြားသူစီမှာ လွယ်လွယ်ကူကူမရှိတတ်ပါဘူး ဒါသဘာဝပါဘဲ။ ဒါဆို ကိုယ်ကလည်း လောကမှာ တန်ဖိုးရှိတဲ့၊ တန်ဖိုးထားခံရထိုက်တဲ့ ‌ဖြစ်တည်မှုတစ်ခုဘဲမဟုတ်လား။
များသောအားဖြင့် ကိုယ့်ကိုကိုယ် တန်ဖိုးမထားတဲ့လူအများစုဟာ ကိုယ်နဲ့ ပုံစံတူလူတွေကိုပဲ attract လုပ်တတ်ကြပါတယ်။ ဒါကသဘာဝပါ။ ကျန်တဲ့ ကံကြမ္မာတွေ၊ ဝဋ်ကြွေးတွေကို ခဏဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ တူရာ တူရာ စုနေကြတဲ့သဘောပါဘဲ။ တစ်ခါတစ်လေကျရင် ကံဆိုးလို့ရယ် မဟုတ်ဘဲ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် ဆိုးဝါးတဲ့ လမ်းတစ်ခုကိုရွေးချယ်မိတာမျိုးလည်း ဖြစ်တတ်တာပဲ မဟုတ်လား။ ဒါဆို ဘယ်လိုနေရမလဲ။ လူရွေးချယ်တာ ဘာကြောင့် တောက်လျှောက်မှားနေတတ်ကြလဲ။ ဒါဆိုဘာလို့ toxic relationship တွေကို ခဏခဏတွေ့နေရတာလဲ။ ဒါကို ကျွန်တော်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ်။

✨အချက်နှစ်ချက်ကြောင့်ဖြစ်တယ်လို့ယူဆပါတယ်။
ပထမအချက်ကတော့ ကိုယ့်ကိုကိုယ် လုံလောက်စွာမချစ်ထားလို့၊ ကိုယ့်ကိုကိုယ် လက်ခံနိုင်စွမ်းအပြည့်မရှိလို့ ကျွန်တော်တို့ဟာ တစ်ခြားလူတစ်ယောက်ကို ချစ်ဖို့ အဆင်သင့်မဖြစ်ကြတာပါ။

🤎🤎ဒါဆို ကိုယ့်ကိုကိုယ် ဘယ်လိုလုံလောက်စွာ ချစ်ရမှာလဲ။ ဘယ်လိုလက်ခံရမှာလဲ။

နေ့စဉ်ဓူဝ လူပေါင်းသန်းချီကြားထဲရှင်သန်နေရတဲ့ဘဝက အနိမ့်အမြင့် အတက်အကျတွေနဲ့ လွန်ဆွဲနေတတ်ကြတာ သဘာဝပါ။ ကျွန်တော်တို့ဟာလည်း လူတွေထဲကလူတွေပဲမလို့ မထူးခြားတဲ့ ဖြစ်တည်မှုလို့ကိုယ့်ကိုကိုယ်မြင်သွားတတ်ပါတယ်။ များသောအားဖြင့် နေ့စဉ်နဲ့အမျှ ဒီပုံစံခွက်တစ်ခုထဲမှာ ရှင်သန်နေရတာမလို့ ဘာမှမထူးခြားတော့ဘူးလို့ ထင်မြင်နေတတ်ပါတယ်။ ဒီအချက်ကို အရင်ဦးဆုံးပြင်လိုက်ရပါမယ်။ ဘာကြောင့်လည်း ဆိုရင် ကိုယ်ဟာ တစ်ခြားသူနဲ့မတူတဲ့အချက်တစ်ခုခုတော့ရှိနေပါတယ်။ ဒါက လူတစ်ဦးနဲ့တစ်ဦးလည်း မတူတာမလို့ အသေအချာရှာဖွေဖို့လိုပါတယ်။ ကျန်တဲ့ self care tips တွေအများကြီးရှိနေပေမယ့် ကိုယ့်ဖြစ်တည်မှုကို အထင်မကြီးတာ၊ အပြစ်တင်တာမျိုးတွေမလုပ်နေဘဲ အော် ငါ့ပုံစံလေးကိုက ဒါပါဘဲလေ ရှင်းပါတယ် ဆိုတာမျိုး လက်ခံကြည့်လိုက်ပါ။ ဒါဆို ကိုယ့်ရင်ထဲက အပူတွေအရင်ငြိမ်းသွားမှာဖြစ်ပြီး အပြင်ကအရာအားလုံးကိုလည်း လက်တွေ့ရှုမြင်တတ်လာပါလိမ့်မယ်။ မွေးကတည်းက ဒီပုံစံပဲမလို့ လက်မခံနိုင်တဲ့စိတ်ကလေးကသာ ကိုယ့်ကို ပင်ပန်းစေတာမလို့ ကိုယ့်ပုံစံအတိုင်း အရှိကို အရှိတိုင်းလက်ခံလိုက်မယ် ချစ်ပေးလိုက်မယ်ဆိုရင် ကိုယ့်ဘဝက‌လည်း တစ်နေ့တစ်ခြားနေလို့ကောင်းလာတော့မှာပါဘဲ။

✨ဒုတိယအချက်ကတော့ အမှန်တရားကို လစ်လျူရှုတာပါ။ အမြင်မကျယ်ဘူးလို့လည်း ဆိုနိုင်ပါတယ်။

🩷🩷အမှန်တရားကို လက်ခံဖို့လိုတယ်၊ မြင်ဖို့လိုတယ်။

ဥပမာတစ်ခုအနေနဲ့ပြောပြရရင် မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်နဲ့တွေ့ပါတယ်။ သူ့ကို အရမ်းစွဲလမ်းသွားပါတယ်။ သူမရဲ့ hormones တွေက သူ့ကိုအရမ်းကိုစွဲလမ်း သွားစေပါတယ်။ ဒါကြောင့်သူ့ကိုစပြီး သဘောကျလာတာတွေဖြစ်လာပါတယ်။ ဒါပေမယ့် သူမသူငယ်ချင်းတွေနဲ့ သူမ မိဘတွေကတော့ သူ့ကိုသဘောမကျပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးက ဆေးဆွဲနေတာဖြစ်ပြီး အသောက်အစားမကင်းသူလည်းဖြစ်နေပါတယ်။ ဒါ့အပြင် အပျော်အပါးကလည်း မက်သူမလို့ ဒီကောင်မလေးအတွက် မဖြစ်ဖူးဆိုတာ အကုန်လုံးမြင်နေရတာပါဘဲ။ ဒါကြောင့် သူမကို ဝိုင်းတားကြပါတယ်။ ဒါပေမယ့် သူမကတော့ သူ့ရဲ့ ကောင်းတဲ့အပိုင်းလေးတွေကိုသာ ရင်ထဲရှိနေတာမလို့ အကုန်လုံးကိုအတိုက်အခံတွေလုပ်ပြီးရအောင်ယူခဲ့ပါတယ်။ *လူတွေဟာ ကိုယ့်ကိုသဘောကျသူ ရှိလာတဲ့အခါ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကဒါပါဆိုပြီး ကိုယ့်ရဲ့ပုံစံအမှန်ကို သျှိုဝှက်ကာ လိမ်ညာဟန်ဆောင်ပြတတ်ကြပါတယ်။ ဒါဟာလည်း လူပေါ်မူတည်ပြီးတော့ အချိန်ကြာမြင့်နိုင်ပါတယ်။* ဆိုတော့ ဒီမိန်းကလေးဟာ သူမရဲ့အမြင်မှာ သူ ဟန်ဆောင်ပြထားတဲ့ဘက်ခြမ်းကိုမြင်ထားတာရယ်၊ သူမရဲ့ hormones နဲ့ သူမရဲ့ attachment issues တွေကြောင့်ရယ် ကြောင့် သူ့ရဲ့ အားနည်းချက်တွေကို လစ်လျူရှု နားလည်ပေးဖို့အတင်းကြိုးစားပြီး ရအောင်ယူခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကွဲကြ ကွာကြပါတယ်။ ယူပြီးမကြာခင်မှာ သရုပ်မှန်တွေ ပေါ်လာပြီး လက်မခံနိုင်ကြတဲ့အခါ ကွဲကြ ကွာကြတွေဖြစ်လာပြီမလို့ ဂုဏ်သိက္ခာပိုင်းအရရော၊ စိတ်ခံစားချက်ပိုင်းမှာရော ထိခိုက်နစ်နာစရာတွေဖြစ်လာပါတယ်။ ဒါကြောင့် လူတစ်ယောက်ကိုချစ်ပါတယ်ဆိုပြီး အမည်တပ်ထားတဲ့ စွဲလမ်းမှု တစ်ခုကြောင့်နဲ့ သူ့ရဲ့ အားနည်းချက်တွေ နဲ့ ကိုယ့်အပေါ် အမှန်တကယ် မေတ္တာထားမှု မထားမှုတွေကို သေသေချာချာ လေ့လာ ဆုံးဖြတ်ပြီးမှ ရှေ့ဆက်တိုးသင့်၊ မတိုးသင့် ချိန်ညှိရပါတယ်။ ကိုယ့်အပေါ်ကို ဘယ်လိုဟန်ဆောင်မှုမျိုးနဲ့ချဉ်းကပ်မှုတွေ လုပ်နေပါစေ အချစ်စစ်သည် မစစ်သည်ကို တော့ သေချာသုံးသပ်ပါ။
သူ့ရဲ့သဘောအတိုင်း သူ့ရဲ့ဆန္ဒအတိုင်း အတ္တတွေအတိုင်း မရှင်သန်စေတဲ့သူကိုရှာပါ။ အပျော်အပါး လောင်းကစားမက်တဲ့သူတွေကို ရှောင်ပါ။ *ငါသူ့ကိုပြင်ပေးလိုက်ရင် သူ့ရဲ့အားနည်းချက်တွေကလည်း ကောင်းလာမှာပါ* ဆိုတဲ့စိတ်ကို တစ်ခါတည်းလက်လွှတ်လိုက်ပါ။ သူတစ်ပါးကို ပြောင်းလဲပေးဖို့မပြောပါနဲ့ ကိုယ့်ကိုကိုယ်တောင်ပြောင်းလဲဖို့သိပ်ခက်တာကို သတိရပါ။ ကိုယ့်ရဲ့အရာရာ၊ ကိုယ့်ရဲ့ပုံစံ အမှန်ကို မပြောင်းမလဲ လက်ခံပေးနိုင်သူကိုသာရှာပါ။ သူ့ရဲ့ emotional wounds တွေကြောင့်မလို့ သူတို့စိတ်ကို ပျော်တော်ဆက်ဖို့ ဒါမှမဟုတ် သူ့ရဲ့ trauma, issues တွေကို နှစ်သိမ့်ဖို့ အပျော်ရည်းစားထားတတ်တဲ့သူတွေကို ရှောင်ပါ။ သူတို့ဟာ သူတို့ဒဏ်ရာတွေကို အရင် မကုစားဘဲ တခြားသူတွေကိုပါ သူတို့လို ဖြစ်အောင်ဆွဲချနေသူတွေမလို့ပါ။

ကောင်းမွန်မှန်ကန်တဲ့လူတွေကိုသာ ရွေးချယ်နိုင်ကြပါစေ။
*Mastery of Love စာအုပ်ကလေးကိုဖတ်ရင်း အတွေး‌ဝင်လာ‌တာလေးမလို့ ရေးသား ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဗဟုသုတလေးတွေရရှိကြပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ကြပါစေ။ စာဖတ်သူတို့အားလုံးအပူကနေ ဝေးပါစေ။




ဘယ်သူ သင့်ကို သဘောကျနေမလဲ? 🍀🩷  Who is crushing on you? 🍀🩷 Pick a pile reading လေးဖြစ်ပါတယ်။ energy ကိုက်ဖို့ မျှော်လင့်ပ...
12/06/2025

ဘယ်သူ သင့်ကို သဘောကျနေမလဲ? 🍀🩷
Who is crushing on you? 🍀🩷

Pick a pile reading လေးဖြစ်ပါတယ်။ energy ကိုက်ဖို့ မျှော်လင့်ပါတယ်။ သာယာပျော်ရွှင်သောနေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေ။

🌺🌺🌺🌺
ဘယ်သူကိုယ့်ကိုသဘောကျလဲဆိုတဲ့မေးခွန်းလေးကို spark reading လေးယူပြီး 5000 mmk နဲ့မေးမြန်းလို့ရပါပြီ။
ဒီထက်ပိုပြီးသူ့ပုံစံ၊ သူ့အကြောင်းအတိအကျအားလုံးကိုသိချင်တယ်ဆိုရင်တော့ Soul Message Reading လေးယူပြီး 9000mmk နဲ့ energy check လို့ရပါပြီ။
ကိုယ့်ရဲ့သဘောကျရသူပဲဖြစ်ဖြစ် ကိုယ့်ကိုသဘောကျသူပဲဖြစ်ဖြစ် သူကကိုယ့်ရဲ့ soulmate ဟုတ်မဟုတ် သူနဲ့ကိုယ့်ကြား soul lesson တွေအကြောင်း သိချင်တယ်ဆိုရင်တော့ Deep Dive Reading လေးကို 19000mmk နဲ့ယူလို့ရပါပြီနော်။






Energy of the day // June 12,2025ဒီနေ့ကလေးမှာ စိတ်ကလေးက အနည်းငယ်တော့ အထီးကျန်ဆန်နေတတ်ပါတယ် သို့ပေမယ့် ဒီနေ့လေးမှာ သေသေချ...
12/06/2025

Energy of the day // June 12,2025

ဒီနေ့ကလေးမှာ စိတ်ကလေးက အနည်းငယ်တော့ အထီးကျန်ဆန်နေတတ်ပါတယ် သို့ပေမယ့် ဒီနေ့လေးမှာ သေသေချာချာ တွေးတောနေတာမျိုးလေးတွေရှိလာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်သေချာလေးပြန်သုံးသပ်ရမယ့် နေ့ကလေးတစ်နေ့ဖြစ်ပါတယ်။ ကိုယ်လက်ရှိရှိနေတဲ့နေရာနဲ့ကိုယ်က align ဖြစ်နေရဲ့လားဆိုတာလေးကိုပြန်သုံးသပ်ကြည့်ရမယ်။ ကိုယ်အခု သွားနေတဲ့လမ်းကလေးမှာ ဖြေးဖြေးလေးသွားနေပေမယ့် ကိုယ့်မှာဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေက ခိုင်မာနေတာမျိုးလေးကိုမြင်ရတယ် အဲ့တော့ ဒီနေ့လေးမှာ လုပ်နေတဲ့ကိစ္စ တစ်ရပ်ချင်းတိုင်းက ကိုယ့်ရဲ့အနာဂတ်အတွက် အထောက်အကူပြုပေးပါလိမ့်မယ်။ တကယ်လို့များ ဒီနေ့လေးမှာ လူတွေနဲ့စကားမပြောချင်သေးဘူး၊ ကိုယ့်စိတ်ကိုကိုယ်နားလည်ဖို့ပဲကြိုးစားချင်နေတယ်ဆိုတဲ့ စိတ်ကလေးတွေပေါ်နေတတ်တာမို့ အကယ်၍များ လူတွေနဲ့စကားပြောဖို့ကြုံလာရင် စကားလေးတွေကိုသတိထားပြီးပြောဖို့လိုပါလိမ့်မယ်နော်။ စိတ်ကလေးကို အောက်ဆုံးထိ ထိုးမကျသွားအောင် ပြန်ဆွဲတင်ပြီး အတွေးကောင်းလေးတွေကို တွေးလိုက်ရင် ဒီနေ့ကလေးဟာ တကယ်ကို တန်ဖိုးရှိစွာကုန်ဆုံးသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ inner child လေးထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ရှာကြည့်ပါအုံးနော်။ ကိုယ့်ရင်ထဲက ကလေးငယ်လေးက ဘယ်လိုပျော်ရွှင်မှုတွေ၊ ဘယ်လိုလွတ်လပ်မှုတွေ လိုအပ်နေမလဲဆိုတာကို သေချာသုံးသပ်ကြည့်ပါအုံးနော်။

Oracle Message ✨ 💜
ကိုယ်က လူတိုင်းကို ကောင်းမွန်တဲ့ energy လေးတွေသာပေးနေခဲ့မယ်ဆိုရင် ကိုယ့်ဆီကိုလည်းလူတိုင်းက ကောင်းမွန်တဲ့ energy လေးတွေလာပေးပါလိမ့်မယ်။ ဒါဆို ကိုယ့်ပတ်ဝန်းကျင်လေးကလည်း ကောင်းမွန်သော energy လေးတွေနဲ့ပြည့်နှက်နေပါလိမ့်မယ်။ အခု ကိုယ့်ရဲ့ energy လေးက လက်ခံဖို့အတွက်အသင့်ဖြစ်နေတာမလို့ အခုချိန်မှာ ကောင်းမွန်တဲ့ အခြေအနေတွေ စွမ်းအင်တွေဝင်လာနိုင်ပါလိမ့်မယ်။ ဒီနေ့ကလေးမှာ အရမ်းကို ကောင်းမွန်တဲ့ပေါကြွယ်ဝမှုတွေ၊ abundance လေးတွေရရှိလာမယ့်နေ့ရက်ကလေးဖြစ်ပါတယ်။ ကောင်းမွန်တဲ့အရာလေးတွေကို လက်ခံနိုင်ဖို့အသင့်ဖြစ်နေတာမလို့ ဝင်လာမည့်အရာတွေကို ကောင်းမွန်သောစိတ်ကလေးနဲ့ လက်ခံရအောင်ပါ။ ပြီးတော့ ကိုယ် အခု ထားထားတဲ့ boundaries လေးတွေက မှန်ကန်နေတတ်ပါတယ်။ သို့မဟုတ် ကိုယ့်ကို ကောင်းမွန်သောအစောင့်အရှောက်များက ကာကွယ်ပေးထားပါတယ်။ ဒီနေ့လေးမှာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောဖို့ဆိုဖို့နဲ့ ကိုယ်ခံစားချက်တွေကိုထုတ်ပြဖို့မမေ့ပါနဲ့နော်။

Address

Dagon Seikken
Yangon

Telephone

+959942662018

Website

Alerts

Be the first to know and let us send you an email when Mystic Readings By Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share