30/01/2023
Acute Abdominal Pain
(ပြင်းထန်သော ဗိုက်အောင့်ခြင်း/နာခြင်း)
************************************
ဗိုက်အောင့်ခြင်းကိုတော့ လူတိုင်းခံစားဖူးကြမှာအမှန်ပါ။ ဗိုက်အောင့်ခြင်း ၊ နာခြင်းကို ဖြစ်ပေါ်စေသောအကြောင်းအရင်းများစွာရှိပါသည်။
ပထမဆုံး ဝမ်းဗိုက်ကို အပိုင်း (9) ပိုင်းခွဲခြားထားပါတယ် ။ ဝမ်းဗိုက်၏ မည်သည့်အပိုင်း နာကျင်ခြင်း ၊ အောင့်ခြင်းဖြစ်လျှင် မည်သည့်ရောဂါများကြောင့်ဖြစ်ကြောင်း ဆွေးနွေးကြမည်။
(1) Right Hypochrondriac Region
• Cholecystitis
(သည်းခြေအိတ်ရောင်ခြင်း)
• Cholangitis
( သည်းခြေရည်ပို့ပြွန်ရောင်ခြင်း)
• Pneumonia
(အဆုတ်ရောင်ရောဂါ)
• Empysema
(ပြည်အိတ်တည်ခြင်း)
• Pleurisy/ Pleurodynia
(အဆုတ်ဖုံးအုပ်ထားသော
အလွှာများရောင်ခြင်း)
• Hepatitis
(အသည်းရောင်ရောဂါ)
• Subdiaphragmatic abscess
(ရင်ဝမ်းတွင်းကြွက်သား နှင့်
အသည်းကြားတွင် ပြည်တည်နာ)
• Budd- Clairi Syndrome
(အသည်းဆီသို့ စီးဆင်းသော သွေး
ပြန်ကြောများကျဥ်းပြီးပိတ်ဆို့ခြင်း)
(2) Epigastric Region
• Peptic Ulcer Disease
(အစာအိမ်အနာဖြစ်ခြင်း)
• Gastritis
(အစာအိမ်အမှေးပါးရောင်ခြင်း)
• Pancreatitis
(ပန်ကရိယက်ရောင်ခြင်း)
• Myocardial Infraction
(နှလုံးကြွက်သားပုပ်ခြင်း)
• Pericarditis
(နှလုံးကြွက်သားရောင်ခြင်း)
• Ruptured Aortic Aneurysm
(သွေးကြောအတွင်း ပူဖောင်းကဲ့သို့
အကြိတ်များကြောင့် သွေးကြော
ပေါက်ခြင်း)
(3) Left Hypochondriac Region
• Splenic Infract
( သရက်ရွက် ပုပ်ခြင်း)
• Splenic Rupture
(သရက်ရွက်ပေါက်ခြင်း)
• Splenic Abscess
( သရက်ရွက်ပြည်တည်နာဖြစ်)
• Gastritis
(အစာအိမ်ရောင်ခြင်း)
• Gastric Ulcer
(အစာအိမ်အနာ)
• Pancreatitis
(ပန်ကရိယက်ရောင်ခြင်း)
• Subdiaphragmatic Abscess
(ရင်ဝမ်းတွင်းကြွက်သားနှင့်
အသည်းကြား ပြည်တည်နာဖြစ်)
(4) Right iliac Region
• Appendicitis
(အူအတက်ရောင်ခြင်း)
• Salpingitis
( သားဥပို့ပြွန်ရောင်ခြင်း)
• Inguinal Hernia
(အူကျခြင်း)
• Ectopic Pregnancy
(သားအိမ်ပြင်ပ သန္ဓေတည်ခြင်း)
• Nephrolithiasis
(ဆီးကျောက်တည်ခြင်း)
• Typhlitis
(အူမကြီး၏ ပထမဆုံးအပိုင်း
ရောင်ခြင်း)
(5) Left iliac Region
• Diverticulitis
(အူအတွင်း အိတ်ငယ်များရောင်)
• Ectopic Pregnancy
(သားအိမ်ပြင်ပ သန္ဓေတည်ခြင်း)
• Inginal Hernia
(အူကျခြင်း)
• Salpingitis
(သားဥပြွန်ရောင်ခြင်း)
(6) Right Lumbar Region
• Injury of Spine, muscle, tendon
and ligments
(ခါး၊ ကြွက်သား၊ အရွတ်များ
ထိခိုက်မိခြင်း)
• Kidney Stone
(ကျောက်ကပ်ကျောက်တည်ခြင်း)
• Appendicitis
(အူအတက်ရောင်ခြင်း)
(7) Left Lumbar Region
• Kidney Stone
(ကျောက်ကပ်ကျောက်တည်ခြင်း)
• Injury of Spine, muscle, tendon
and ligments
(ခါး၊ ကြွက်သား၊ အရွတ်များ
ထိခိုက်ခြင်း)
(8) Umbilical Region
• Gastroenteritis
( အစာအိမ်နှင့် အူလမ်းကြောင်း
ရောင်ခြင်း)
• Early Appendicitis
(အူအတက်ရောင်ခြင်း)
• Bowel Obstruction
(အူပိတ်ခြင်း)
• Ruptured Aortic Aneurysm
(သွေးကြောအတွင်း ပူဖောင်းကဲ့သို့
အကြိတ်များကြောင့်သွေးကြော
ပေါက်ခြင်း)
(9) Hypogastric Region
• Menstrual Cramp
(ရာသီလာသောနာကျင်မှု)
• Hernia
(အူကျခြင်း)
• Kidney Stone
(ကျောက်ကပ်ကျောက်တည်ခြင်း)
အဲ့ဒါဆိုရင် ဗိုက်ရဲ့ မည်သည့်နေရာနာလျှင် ဘာရောဂါဖြစ်နိုင်သည်ကို သိပြီးပြီ။ သိထားသင့်တာလေးတွေဆက်ပြောမယ်။
(1) Inflammation (ရောင်ခြင်း)
ရောင်ရမ်းခြင်းဟာဆိုရင် ဝမ်းဗိုက်ကို အချိန်နှင့်အမျှ တဖြည်းဖြည်းပိုပြီး နာကျင်လာစေပြီး အနီးအနားတစ်ဝိုက်နေရာများပါ နာကျင်မှုကူးစက်စေပါသည်။ ဝမ်းဗိုက်အား လက်ဖြင့်စမ်းကြည့်လျှင် အလျော့အတင်းမရှိ မာတင်းတင်းကြီဖြစ်နေပါမည်။
(2) Perforation (ပေါက်ခြင်း)
ဝမ်းဗိုက်အတွင်း တစ်နေရာရာပေါက်သွားမည်ဆိုလျှင် နာကျင်မှုကို ရုတ်တရက်ပြင်းထန်စွာခံစားရမည်ဖြစ်ပါသည်။
(3) Obstruction (ပိတ်ဆို့ခြင်း)
ဝမ်းဗိုက်အတွင်း တစ်နေရာရာပိတ်ဆို့မှုဖြစ်ပေါ်လျှင် တွန့်လိမ် လူးလွန့်နေပြီး မနေနိုင်မထိုင်နိုင်ဖြစ်နေပါမည်။
Investigation
*****************
ဘာတွေစစ်ဆေးရမလဲ။
(1) Complete Blood Count(CBC)
(2) Urine Routine & Microscopy
(R.M. E)
(3) BUN, Blood Glucose & Serum
Bilirubin
(4) Serum Amylase
(5) Plain X Ray Abdomen
(6) Barium
(7) Contrast E***a
(8) USG (Ultrasound)
(9) Laproscopy
(10) Radioisotopic Hepatobiliary
Iminodiacetic Acid Scans
(11) CT Abdomen