ArYu PaLa Specialist Clinic - အာယုပါလ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ArYu PaLa Specialist Clinic - အာယုပါလ အထူးကုဆေးခန်း

ArYu PaLa Specialist Clinic - အာယုပါလ အထူးကုဆေးခန်း “အာယုပါလ အထူးကုဆေးခန်း (သို့မဟုတ်) Your Neighbourhood Specialist Clinic with Professional Health Care

ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ် Budgetလည်းSaveဖြစ်အောင်အာယုပါလဆေးခန်းရဲ့ အာက်ပါကျန်းမာရေးဝန်ဆောင်မှုတွေကိုအထူးလျော့ဈေးန...
22/02/2022

ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ် Budgetလည်းSaveဖြစ်အောင်

အာယုပါလဆေးခန်းရဲ့ အာက်ပါကျန်းမာရေးဝန်ဆောင်မှုတွေကို
အထူးလျော့ဈေးနဲ့ရယူလိုက်ကြရအောင်။

X-Rays (ဓါတ်မှန်)

ဓါတ်မှန်ရိုက်ဖို့ငွေကုန်ကြေးကျများမှာစိုးတဲ့ မိတ်ဆွေတွေအတွက် အချိန်တိုအတွင်းမှာ Budget
နည်းနည်းနဲ့ ဓါတ်မှန်ရိုက်နိုင်မယ့် အာယုပါလအထူးကုဆေးခန်းရဲ့ X-Rays Promotion ရှိပါတယ်ခင်ဗျာ။
ဒီတော့ဓါတ်မှန်ရိုက်ဖို့နေ့ရွှေ့ညရွှေ့တွေမလုပ်ဘဲ အာယုပါလရဲ့ ဈးသက်သက်သာသာနဲ့ ဓါတ်မှန်ရိုက်ပေးမဲ့
Promotion လေးအမီဓါတ်မှန်ရိုက်ဖြစ်အောင်ရိုက်လိုက်ပါဗျ။
ဓါတ်မှန်ရိုက်ချင်တဲ့ မိတ်ဆွေတွေအတွက် ရိုးရိုး Manual စက်ကိုသုံးပြီးရိုက်ပေးမှာမဟုတ်ဘဲ မန်မြန်ဆန်ဆန် Result
ထွက်ပြီး Quality လည်းလုံးဝစိတ်ချရတဲ့ Digital X-Rays စက်ဖြစ်တဲ့ Dura Diagnostic F30DR, 500mA
ကိုသုံးပြီးရိုက်ပေးသွားမှာဖြစ်ပါတယ်။
Philips နည်းပညာကိုအသုံးပြုပြီး နယ်သာလန်နိုင်ငံထုတ်ဖြစ်တဲ့အပြင်
အိန္ဒိယနိုင်ငံမှာစမ်းသပ်ထားပြီးသားစက် ဖစ်တဲ့အတွက်အသုံးပြုရာမှာချောမွေ့မြန်ဆန်တာကြောင့် Patients
တွေစိတ်ကျေနပ်မှာပါ။
Digital X-Rays ဖြစ်လို့ Manual လိုမျိုးဖလင်နဲ့ချိတ်ဆက်အသုံးပြုရတာမဟုတ်ဘဲ ကွန်ပြူတာနဲ့ချိတ်ဆက်
ထားတာမို့ ပိုမိုကြည်လင်ပြတ်သားပြီးရှင်းလင်းတိကျတဲ့ပုံရိပ်တွေကိုဖမ်းယူပေးနိုင်ပါတယ်။
နာက်ပြီးဓါတ်ရောင်ခြည် ကိုလည်းလျော့ချပေးတဲ့အတွက် တ်ာတော်လေးအဆင်ပြေပါတယ်ခင်ဗျာ။

Chest X-Rays (ရင်ဘတ်ဓါတ်မှန်) အထူးလျော့ဈေး - 11000 ks

Ultrasound (တယ်လီဗေးရှင်းဓါတ်မှန်)

USA နိုင်ငံထုတ်ဖြစ်တဲ့ Clear Vue 850 ကိုအသုံးပြုပြီးရိုက်ပေးသွားမှာ ဖစ်ပါတယ်။ Philips
နည်းပညာနဲ့ပံ့ပိုး ပးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုဖော်ပြပေးပါတယ်။
၀မ်းဗိုက်မှာဖြစ်ပေါ်နေတဲ့ ၀ဒနာတွေကိုအမြန်ဆုံးပျောက်ကင်းသွားအောင်
အနာနဲ့ဆေးတည့်အောင်ကုသပေးဖို့ လုံးဝအထောက်အကူပြုမှာပါ။

Ultrasound (abd and Pelvis) ၀မ်းဗိုက်တယ်လီဗေးရှင်းဓါတ်မှန် အထူးလျော့ဈေး - 14000 ks

ECG (နှလုံးဓါတ်မှန်)

၇ ပါင်အောက်အလေးချိန်နဲ့ သးငယ်ပေါ့ပါးတဲ့ GE, MAC 800
ကိုအသုံးပြုပြီးနှလုံးဓါတ်မှန်ရိုက်ပေးသွားမှာ ဖစ်ပါတယ်။ သူရဲ့မျက်နှာပြင်ဟာ
အရောင်အသွေးကြည်လင်ပြတ်သားမှု မင့်မားတဲ့မျက်နှာပြင်ဖြစ်လို့လှိုင်းပုံစံတွေကို
ဖတ်ရတာလွယ်ကုစေပါတယ်။
12 Channel ECG စက်ဖြစ်တာကြောင့် လှိုင်းပုံစံ (12)ခုကိုတပြိုင်တည်းထုတ်ပေးနိုင်ပါတယ်။
လုံးနဲ့ပတ်သက်တဲ့ ရာဂါတွေကိုရှာဖွေတဲ့နေရာမှာပိုမိုတိကျတဲ့ အဖြေမျိုးပေးသွားမှာမို့ 100%
စိတ်ချယုံကြည်နိုင်ပါတယ်။
နောက်ပြီး Portable ဖြစ်လို့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုလည်းရယူနိုင်ပါတယ်ခင်ဗျာ။

ECG (နှလုံးဓါတ်မှန်) အထူးလျော့ဈေး - 3000 ks

Excellent Health Care Center For Your Meaningful Life.
အာယုပါလအထူးကုဆေးခန်း

အမှတ်(၉၁),မြေညီထပ် (B),
မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်

Appointment,Registration,Pharmacy, Laboratory and Home Care Service များအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
09 444 072 204 (Viber), 09 762 505 922/ 933

အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါတွေကို  သိသိသာသာပျောက်ကင်းသက်သာနိုင်ဖို့  “အာယုပါလ အထူးကုဆေးခန်း” ကိုသာလှမ်းလာခဲ့ပါ။💠 ချေ...
31/01/2021

အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါတွေကို သိသိသာသာပျောက်ကင်းသက်သာနိုင်ဖို့
“အာယုပါလ အထူးကုဆေးခန်း” ကိုသာလှမ်းလာခဲ့ပါ။

💠 ချောင်းဆိုးတာဟာသာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုဖြစ်နိုင်ပေမယ့် အချိန်တစ်ခုကြာတဲ့အထိ မသက်သာ သေးဘူး၊ အရင်ကထက်လည်းချောင်းဆိုးတဲ့အကြိမ်အရေအတွက် ပိုစိပ်လာတယ်ဆိုရင် အဆုတ်နှင့်ရင်ခေါင်းရောဂါ တွေစီကို ဦးတည်တာမျိုးဖြစ်နိုင်တယ်လို့ ဂရုတစိုက်တွေးသင့်ပါတယ်။ မျက်စိနှင့်မမြင်နိုင်တဲ့ခန္ဒာကိုယ်တွင်းရောဂါ တွေ ဟာ ဆေးမီးတိုနှင့်သာကုသမယ်ဆိုရင် ပိုမိုပြင်းထန်လာနိုင်ပြီး အသက်အန္တရာယ်ကိုပါစိုးရိမ်ရပါတယ်။ အဆုတ်နှင့်ရင်ခေါင်း ရောဂါတွေဟာ တံတွေး၊သွေးကနေကူးစက်တာမျိုးမဟုတ်ဘဲ လေထဲမှတစ်ဆင့် ကူးစက် နိုင်တဲ့ရောဂါအမျိုးအစားတွေ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာလည်းများသောအားဖြင့်ခပ်ဆင်ဆင်တွေ ဖြစ်ပါတယ်။

💠 အခုလိုမိုးရာသီကာလမှာဆိုရင် ရာသီတုပ်ကွေးရောဂါအဖြစ်များပြီးရောဂါစစဖြစ်တဲ့အချိန် (သို့မဟုတ်) ရောဂါပျောက်ပြီးရင်ဘဲဖြစ်ဖြစ်ချောင်းဆိုးတာဟာကျန်နေခဲ့နိုင်ပါတယ်။ ချောင်းဆိုးတာလောက်ပဲ ဘာမှမဖြစ်ပါဘူး ဆိုပြီးပေါ့ဆမိလိုက်ရင်တော့ ပြင်းထန်အဆုတ်ရောင်ရောဂါ (Pneumonia) ပါ ဖြစ်လာနိုင်တာကြောင့်တကယ်ကို မပေါ့ဆသင့်ဘူးလို့အကြံပြုလိုပါတယ်။ ပန်းနာရင်ကြပ်ရောဂါသည်များနှင့်နာတာရှည်လေပြွန်ကျဉ်းရောဂါသည်တွေ မှာ ဒီလိုလက္ခဏာမျိုးပြလာတဲ့အခါ အသက်ဆုံးရှံးတဲ့အထိပါဖြစ်နိုင်ပါတယ်။

💠 အဆုတ်နှင့်ပတ်သက်တဲ့ရောဂါအဖြစ်အများဆုံးလူတွေကတော့ ဆေးလိပ်သောက်သုံးတဲ့သူတွေနဲ့ ဆေးလိပ်မသောက်ပေမဲ့ ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံရှူရှိက်ရသူတွေဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ၀င်သွားတဲ့ဆေးလိပ်ငွေ့တွေဟာ အဆုတ်ကိုအကြီးအကျယ်ဒုက္ခပေးပြီးအသက်ကိုပါဆွဲနုတ်သွား နိုင်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ တရစပ်ချောင်းတစ်ဟွပ်ဟွပ်ဆိုးပြီဆိုတာနဲ့ TB ရောဂါကို အရင်ဆုံး တွေးမိတတ်ကြပါတယ်။ TB ရောဂါလက္ခဏာပြတာမှန်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ညနေဘက် အဖျား တက်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ညဘက်ခေါင်းချွေးအလွန်ထွက်ခြင်း၊ ကိုယ်လက်တွေမသယ်ချင် အောင်နုန်းခွေ ပင်ပန်းခြင်း၊ ခံတွင်းပျက်ခြင်းနှင့်ကိုယ်အလေးချိန်ကျခြင်းစတဲ့လက္ခဏာတွေလည်းဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံ အားနည်းသူများ၊ သက်ကြီးရွယ်အိုများအပြင် အသက်အရွယ်မရွေးကလေးငယ်တွေပါဖြစ်ပွားနိုင်ပါတယ်။ နည်းမှန် လမ်းမှန်နဲ့အချိန်မှီ ဆေးကုသမှုမခံယူရင်တော့အဆုတ်ကိုပျက်စီးစေနိုင်ပါတယ်။

💠 အဆုတ်ကိုပျက်စီးစေတာတော့မှန်ပေမဲ့ ရောဂါတစ်ခုနှင့်တစ်ခုလက္ခဏာတွေဘယ်လိုကွဲပြားခြားနားသလဲ၊ ကုသတဲ့အခါမှာလည်း ဘယ်လိုကုသရမလဲဆိုတာတော့ ရောဂါအကျိုးအကြောင်းကို ဂဃနဏသိတဲ့ဆရာ၀န် တွေနဲ့ပြသပြီး ဆေးကုသမှုခံယူပေးပါလို့အကြံပြုချင်ပါတယ်။ဝေဒနာရှင်တွေအနေနဲ့အတွေ့အကြုံရင့်၊ကျွမ်းကျင် ဝါရင့် အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာ၀န်ကြီးတွေနဲ့ ထိထိရောက်ရောက်ဆွေးနွေးကုသမှုခံယူသင့်ပါတယ်။

💠 ကိုယ့်ကိုကိုယ်အဆုတ်နှင့်ပတ်သက်တဲ့ရောဂါတစ်ခုခုဖြစ်နေပြီလို့ သံသယရှိခဲ့မယ်ဆိုရင်တော့

💠 ခံစားနေရတဲ့ဝေဒနာတွေအကြောင်းကို ဆရာ၀န်ကြီးတွေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရမယ်၊

💠 ခပ်ဆင်ဆင်ရောဂါလက္ခဏာတွေကနေ ရောဂါဇစ်မြစ်၊ ရောဂါအတိအကျကိုလည်းသိနိုင်မယ်၊

💠 ထိရောက်ပြီး နွေးထွေးပျူဌာတဲ့ ဆေးကုသမှု၀န်ဆောင်မှုနှင့်အတူအနာနှင့်ဆေးကို ထိထိမိမိ ချိတ်ဆက်ပြီးကုသပေးနိုင်တဲ့ “အာယုပါလ အထူးကုဆေးခန်း”ကို လှမ်းလာခဲ့ နိုင်ပါတယ်။

အာယုပါလအထူးကုဆေးခန်း
🏥လိပ်စာ - အမှတ် (၉၁/ခ)၊ မြေညီထပ်၊ မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone☎️ : 09 762 505 922 , 09 762 505 933
Viber 📱 : 09 444 072 204
Email📠 : [email protected]

💠 Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက်ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါများသိထားသင့်သည်များအကြောင်း တစေ့တစောင်း💠 အာရုံခံအင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နားန...
21/01/2021

နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါများသိထားသင့်သည်များအကြောင်း တစေ့တစောင်း

💠 အာရုံခံအင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ နားနဲ့နှာခေါင်းမှာ ယားယံမှုတွေဖြစ်လာတဲ့အခါအလွယ်တကူရတဲ့ ပစ္စည်းအတိုအစဖြင့်ဖြစ်စေ၊ ချွန်ထက်တဲ့အရာတစ်ခုခုဖြင့်ဖြစ်စေ ထိုးမိလိုက်ရင်အနာဖြစ်သွားနိုင်ပြီးပြည်တည်တာ ကနေအနာထဲပိုး၀င်သွားနိုင်ပါတယ်။ အနာဖြစ်နေတဲ့အချိန်ဆေးလည်းသေချာမထည့်၊ လိုအပ်တဲ့ဆေးလည်းမ သောက်တဲ့အပြင်အကြောင်းအမျိုးမျိုးကြောင့် အနာရင်းသွားတဲ့အခါ အနာကတော်တော်နဲ့မကျက်ဘဲအနာထဲပိုး၀င် ပြီးနားဆိုရင်နားကန်းတာမျိုး၊ နားစည်ထိခိုက်သွားတာမျိုး၊ နားပင်းသွားတာမျိုးနဲ့နှာခေါင်းမှာဆိုရင်လည်း ကြီးကြီး မားမားသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
💠ကလေးငယ်တွေဆိုရင်ပိုပြီးသတိထားသင့်ပါတယ်။ လူကြီးမရှိခိုက်မှာ နားထဲ၊ နှာခေါင်းထဲကို ဆီးသီးစေ့၊ ဆန်စေ့၊ ကျောက်စရစ်ခဲသေးသေးလေးတွေ၊ သံချွန်အတိုအစလေးတွေကို ကလေးသဘာ၀ထည့်မိတတ်တာကြောင့် လူကြီး မိဘတွေအနေနဲ့ ထိခိုက်မှုမရှိအောင် ဂရုစိုက်ပေးရင်တော့အကောင်းဆုံးပါဘဲ။ တစ်စုံတစ်ရာထိခိုက်လာခဲ့ရင်လည်း တတ်သိတဲ့ဆရာ၀န်တွေနဲ့ အမြန်ဆုံးပြသပေးဖို့အကြံပြုလိုပါတယ်။
💠နားထဲကိုအသံနှုန်းခပ်မြင့်မြင့်နဲ့ နားကြပ်အမြဲတစ်စေတပ်ဆင်တာမျိုး၊ နားထဲရေ၀င်သွားတာမျိုးနဲ့ ထိခိုက်မိထား တာမျိုးရှိတယ်ဆိုရင် နားထိုင်းသွားတာမျိုး၊ နားအကြားမသဲကွဲတော့တာမျိုးတွေဖြစ်လာနိုင်တာကြောင့် အန္တရာယ် ရှိပါတယ်။
💠အအေးပတ်၊ ရာသီအပြောင်းအလဲ၊ အနံ့အသက်တွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ထိပ်ကပ်နာ ဖြစ်နိုင်တာမို့ နှာခေါင်းနဲ့ပတ်သက်ရင်လည်း ဂရုစိုက်ပေးကြပါ။
💠နား၊နှာခေါင်းတင်မကပါဘူး နောက်တစ်ခုက”လည်ချောင်းပါ”၊ လူကြီးဖြစ်ပါစေ၊ ကလေးဖြစ်ပါစေ လည်ချောင်းနာ ပြီး အာသီးအတော်ကြာရောင်တာမျိုး၊ အရိုးဆူး/အစာနင်ပြီးရက်အတော်ကြာနေမထိထိုင်မသာဖြစ်တာမျိုး၊ အကျိတ် လို့သံသယရှိနိုင်တဲ့ အဖုတွေလည်ပင်းတစ်ဝိုက်မှာထွက်လာတာမျိုးဆိုရင်တော့ လည်ချောင်းရောဂါတွေနဲ့ပတ်သက် ပြီး နားလည်တဲ့ဆရာ၀န်တွေနဲ့ တိုင်ပင်ဆွေးနွေးကုသသင့်ပါတယ်။
💠နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါအထွေထွေအတွက် အကောင်းဆုံးဆွေးနွေးပေးပြီး ရလဒ်ကောင်းရဖို့ ကြိုးစားလမ်းညွှန်ကုသပေးနေတဲ့ အထူးကုဆရာ၀န်ကြီးတွေက “အာယုပါလအထူးကုဆေးခန်း” မှာရှိတာမို့ အသေးစိတ်သိလိုပါက အမြန်ဆုံးဆက်သွယ်မေးမြန်းပြီး Appointment ယူလို့ရပါတယ်။

အာယုပါလအထူးကုဆေးခန်း
လိပ်စာ🏥 - အမှတ် (၉၁/ခ)၊ မြေညီထပ်၊ မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone☎️: 09 762 505 922 , 09 762 505 933
Viber📱 : 09 444 072 204
Email 📠: [email protected]
📌Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက်ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင့်ကလေးငယ်ရဲ့ ကျန်းမာသောနေ့ရက်သစ်များဆီသို့ ?💠ကလေးတွေဟာလူကြီးတွေထက်ခံနိုင်ရည်အားနည်းပြီး ထိခိုက်ဒဏ်ရာရလွယ်တဲ့အပြင် ရောဂ...
15/01/2021

သင့်ကလေးငယ်ရဲ့ ကျန်းမာသောနေ့ရက်သစ်များဆီသို့ ?
💠ကလေးတွေဟာလူကြီးတွေထက်ခံနိုင်ရည်အားနည်းပြီး ထိခိုက်ဒဏ်ရာရလွယ်တဲ့အပြင် ရောဂါဝေဒနာတစ်ခုခုကို ခံစားလာရပြီဆိုရင်လည်းအသေးစိတ်ဖွင့်ဟမရှင်းပြတတ်တာကြောင့် အိမ်တစ်အိမ်မှာကလေးငယ်တစ်ဦးရှိပြီဆိုတာ နဲ့အိမ်မှာရှိတဲ့လူကြီးသူမတွေဟာ ကလေးငယ်ရဲ့ကျန်းမာရေးကိုအထူးအလေးပေးဂရုစိုက်ကြရပါတယ်။ ကလေးတွေ ရဲ့ကျန်းမာရေးဟာ အစားအသောက်၊ အနေအထိုင်နဲ့ ရာသီဥတုအပြောင်းအလဲပေါ်မူတည်တဲ့အပြင် လူကြီးတွေရဲ့ ဂရုစိုက်မှုအပေါ်လည်းမူတည်နေပါတယ်။
💠ယခုလိုမိုးရာသီကာလမျိုးမှာဆိုရင် မြန်မာနိုင်ငံရဲ့ရေပန်းအစားဆုံးရောဂါဖြစ်တဲ့ “ သွေးလွန်တုပ်ကွေးရောဂါ - Dengue Fever” ဟာနို့စို့ကလေးနဲ့ အခြားကလေးငယ်တွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ ကျန်းမာရေးကောင်း ပြီးအာဟာပြည့်၀တဲ့ကလေးတွေမှာတောင်ဖြစ်ပွားနိုင်တဲ့ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါ အစပျိုးချိန် (၂)ရက်ကနေ (၇)ရက်အတွင်း အချိန်မှန်ဖျားပြီးပျို့အန်ခြင်း၊ အဖျားကြီးခြင်း၊ အစာစားချင်စိတ်မရှိဘဲ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခန္ဒာကိုယ်မှာ Red Spot (အနီစက်)တွေထွက်လာခြင်း ခေါင်းကိုက်တာအပြင် သွေးခုန်နှုန်းပုံမှန်မဟုတ်တဲ့လက္ခဏာတွေပြသပါတယ်။
💠သွေးလွန်တုပ်ကွေးရောဂါပြင်းထန်လာပြီဆိုရင်တော့ အသက်ရှူကြပ်တာမျိုး၊ သွေးယိုစီးတာမျိုးတွေပါဖြစ်လာနိုင်ပြီး ကလေးရဲ့အသက်အန္တရာယ်ကိုပါစိုးရိမ်ရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေဟာ သာမန်ဖျားတဲ့ လက္ခဏာမျိုးတွေနဲ့ခပ်ဆင်ဆင်ဖြစ်နိုင်ပြီး ပဋိဇီဝဆေးတွေနဲ့ ပျောက်ကင်းသက်သာနိုင်ချေလုံး၀မရှိတာကြောင့် နားလည်တက်ကျွမ်းတဲ့ဆရာ၀န်တွေနဲ့ပြသပြီး အမြန်ဆုံးဆေးကုသမှုခံယူသင့်ပါတယ်။ မပေါ့ဆသင့်တဲ့ရောဂါလည်း ဖြစ်ပါတယ်။
💠ကလေးငယ်တွေမိုးတွင်းမှာအဖြစ်များတဲ့ နောက်ထပ်ရောဂါတစ်မျိုးကတော့ “၀မ်းပျက်၀မ်းလျှောရောဂါ” ပါ။ ၀မ်းပျက်၀မ်းလျှောရောဂါဟာ မိုးဦးလေဦးကျပြီး ရေကြီးရေလျှံချိန်နဲ့ရေရှားပါးတဲ့အချိန်တွေမှာပိုပြီးဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ မသန့်ရှင်းတဲ့ရေကိုသောက်သုံးမိတာ၊ ယင်နားစာတွေအစားများတာ၊ ပတ်၀န်းကျင်နဲ့တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိတာစတဲ့အချက်တွေကြောင့် ကလေးတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်တတ်ကြပါတယ်။ အသက်ငါးနှစ်အောက် ကလေးငယ်အများစုမှာ Rota Virus ကြောင့်ဖြစ်တဲ့ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်းများပါတယ်။ ခန္ဒာကိုယ်အတွင်းမှာရှိတဲ့ ရေနဲ့ဓာတ်ဆားတွေကုန်ခမ်းလွယ်ခြင်း၊ အရည်၀မ်းသွားခြင်း၊ ကြွက်တက်ခြင်းနဲ့ နောက်ဆုံးအဆင့်သတိလစ်ပြီး အသက်သေဆုံးတဲ့အထိပါဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဒီလိုလက္ခဏာတွေဖြစ်လာ ပြီဆိုရင်တော့ အမြန်ဆုံးဆရာ၀န်နဲ့ပြသဖို့တိုက်တွန်းလိုပါတယ်။
💠ကလေးငယ်တွေဟာရာသီအကူးအပြောင်းမှာ အလွယ်တကူအအေးမိတတ်တာကြောင့် “အအေးမိရင်ကြပ်ရောဂါ” လည်းဖြစ်ပွားနိုင်ပါသေးတယ်။ ကလေးငယ်တွေမှာအအေးမိရင်ကြပ်ရောဂါခံစားရတဲ့အခါ အသက်ရှူလမ်းကြောင်း ကိုတဖြည်းဖြည်းကျဉ်းလာစေတာကြောင့် အကျိုးသက်ရောက်မှုများအနေနဲ့နှာစေးချောင်းဆိုးရုံအပြင် အသက်ရှူရ ခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ချွဲဆို့ခြင်းနဲ့စကားပြောတဲ့အခါချွဲသံပါခြင်းစတဲ့လက္ခဏာတွေရှိ လာနိုင်ပါတယ်။ ရင်ကြပ်ပြီးအသက်ရှူရခဲယဉ်းလာတဲ့ ကလေးတစ်ယောက်အဖို့ဝေဒနာကိုအလွန်အမင်းခံစားနေရ တာကြောင့်မိဘများအနေနဲ့ကိုယ့်ကလေးငယ်တွေနဲ့စောစီးစွာပြသသင့်ပါတယ်။
💠ကလေးငယ်တွေမှာချောင်းဆိုးတာပြင်းထန်လာတဲ့အခါမျိုးမှာ နောက်ဆက်တွဲအနေနဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါဟာလည်း ကပ်လျက်လိုက်ပါလာပါတယ်။ ကိုယ်ခံအားနည်းတဲ့ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်။ ဒီရောဂါအတွက် ကြိုတင်ကာကွယ်ဆေးထိုးလို့ရပြီး ကာကွယ်ဆေးလည်းမထိုးဖြစ်ဘူး၊ အဆုတ်ရောင်ရောဂါနဲ့ ကြိုတင်နိမိတ်တွေက သင့်ကလေးငယ်မှာထင်ဟပ်လာပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ကလေးအထူးကုဆရာ၀န်တွေနဲ့ ကုသသင့်ပါတယ်။
💠ကလေးငယ်တွေမှာ ဘယ်လိုရောဂါဝေဒနာတွေပဲဖြစ်လာပါစေ၊ အထိရောက်ဆုံးနဲ့ ရောဂါအမြန်ဆုံးပျောက်ကင်း အောင်ကုသနိုင်ဖို့အတွက်ဆို “အာယုပါလအထူးကုဆေးခန်း” က ကလေးအထူးကုဆရာ၀န်ကြီးများနဲ့ပြသပြီးကုသမှု ခံယူနိုင်ပါတယ်။

အသေးစိတ် သိရှိလိုပါက _

အာယုပါလအထူးကုဆေးခန်း
လိပ်စာ🏥 - အမှတ် (၉၁/ခ)၊ မြေညီထပ်၊ မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone📱: 09 762 505 922 , 09 762 505 933
Viber 📲 : 09 444 072 204
Email 📠: [email protected]
💠Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက်ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

“ အာယုပါလအထူးကုဆေးခန်း” ရဲ့ အိမ်တိုင်ရာရောက်ဆေးကုသမှုနဲ့ပက်သက်တဲ့၀န်ဆောင်မှုအကြောင်း သိပြီးပြီလား။💠 စေတနာအရင်းခံပြီးမိတ်...
13/01/2021

“ အာယုပါလအထူးကုဆေးခန်း” ရဲ့ အိမ်တိုင်ရာရောက်ဆေးကုသမှုနဲ့ပက်သက်တဲ့၀န်ဆောင်မှုအကြောင်း သိပြီးပြီလား။
💠 စေတနာအရင်းခံပြီးမိတ်ဆွေတို့ရဲ့ဝေဒနာပျောက်ကင်းစေဖို့ ဆန္ဒပြုလျက် အကောင်းဆုံး၀န်ဆောင်မှုပေးနေတာက တော့ “အာယုပါလအထူးကုဆေးခန်း” ဘဲဖြစ်ပါတယ်။
💠 ကျန်းမာရေးကိစ္စတွေပေါ်ပေါက်လာတဲ့အခါ လူကိုယ်တိုင်ဆေးခန်းကိုတကူးတက သွားစရာမလိုဘဲကိုယ့်အိမ်မှာတင် အဆင်ပြေအလွယ်ကူဆုံးနဲ့ ထိထိမိမိဆေးကုမှုခံယူနိုင်ဖို့ “အာယုပါလအထူးကုဆေးခန်း” ကနေဆေးကုသမှုဆိုင်ရာ၀န်ဆောင်မှု များကို အိမ်တိုင်ရာရောက်လိုက်လံဆောင်ရွက်ပေးနေပါသည်။

အိမ်တိုင်ရာရောက်ရရှိနိုင်မယ့် ၀န်ဆောင်မှုတွေကတော့ -
💠 Doctor Consultation (အထွေထွေဆရာ၀န် နှင့် တိုင်ပင်ဆွေးနွေးကုသပေးခြင်း)👩‍⚕️
ရောဂါအခြေအနေကို သဲသဲကွဲကွဲမသိတဲ့အခါမျိုးမှာ အနာနဲ့ဆေးမတည့်ဖြစ်ပြီး လူကိုဆိုးကျိုးသက်ရောက် နိုင်သောကြောင့် တကယ်ကိုနားလည်တက်ကျွမ်းတဲ့ဆရာ၀န်တွေနဲ့တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါဘဲ။ အာယုပါလအထူးကုဆေးခန်းရဲ့ အထွေထွေဆရာ၀န်တွေနဲ့တိုင်ပင်ဆွေးနွေးကုသပေးနေတဲ့ ၀န်ဆောင်မှုကိုအခုဘဲ ရယူလိုက်ပါ။

💠 Electrocardiogram (ECG) (နှလုံးခုန်နှုန်း၊ စည်းချက်နှင့်နှလုံးရောဂါအခြေအနေများကိုလျှပ်စစ်မှတ်တမ်း ထုတ်ပေးခြင်း )📇
နှလုံးဟာလူတစ်ဦးရဲ့အဓိကကျတဲ့အဂါင်္အစိတ်အပိုင်းဖြစ်ပါတယ်။ နှလုံးနဲ့ပက်သက်ပြီးရောဂါ
အခြေအနေတွေကိုသိရှိနိုင်ဖို့ဆိုရင် “အာယုပါလအထူးကုဆေးခန်း” ရဲ့အိမ်တိုင်ရာရောက် ECG ၀န်ဆောင်မှုကိုဘဲ သတိရလိုက်နော်။

💠 Laboratory Test (သွေး၊ သလိပ်၊ ဆီး၊ ၀မ်း စသည့် အထွေထွေဓါတ်ခွဲစမ်းသပ်မှုများပြုလုပ်ပေးခြင်း)🔬
ဆေးရုံ၊ဆေးခန်းတွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေဆီကို တကူးတကသွားစရာမလိုတော့တာမို့ အချိန်ကုန်၊ လူပင်ပန်းသက်သာတဲ့အပြင် ရလဒ်အဖြေဟာလည်းတိကျတာမို့ တကယ်ကိုစိတ်ချယုံကြည်ရတဲ့ ၀န်ဆောင်မှုတစ်မျိုးပါ။

💠 Home Care Injection Service (ဆေးထိုး၊ ဆေးချိတ်ပေးခြင်း)💉
သက်ကြီးရွယ်အိုတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဆေးခန်းကိုတောင်မလာနိုင်လောက် အောင်အားအင်ကုန်ခမ်းနေတဲ့အခါမျိုးမှာဆေးထိုး၊ဆေးချိတ်တာမျိုးလုပ်ချင်ရင်တော့ “အာယုပါလ အထူးကု ဆေးခန်း” ကို ဆက်သွယ်မေးမြန်းလိုက်ပါ။

💠 Vaccination (ကာကွယ်ဆေးထိုးပေးခြင်း) 💉
အိမ်အပြင်မထွက်ချင်ဘူး၊ ဒါပေမယ့် ကာကွယ်ဆေးလည်းထိုးချင်တယ်ဆိုတဲ့ အခြေအနေအတွက် အိမ်တိုင်ရာရောက်ကာကွယ်ဆေးလိုက်လံထိုးပေးမဲ့ “အာယုပါလအထူးကုဆေးခန်း” ရှိပါတယ်။

💠Registered Pharmacy Home Delivery Services(နိုင်ငံတကာအသိအမှတ်ပြု ဆေးဝါးများကိုအဆင့်မြင့်နည်းပညာဖြင့်ထိန်းသိမ်း၍ စျေးနှုန်းချိုသာစွာဖြင့်အိမ်တိုင်ရာရောက်လိုက်လံရောင်းချပေးခြင်း)💊
ကျန်းမာရေးအတွက်အသင့်တော်ဆုံးဆေးဝါးမျိုးစုံကို သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ အိမ်တိုင်ရာရောက်
ရောင်းချပေးမှာဖြစ်ပါတယ်။

💠 Rylds tube Insertion and Emission (နှာခေါင်းပိုက် သွင်းပေးခြင်း၊ ထုတ်ပေးခြင်း ) 👩‍⚕️
နှာခေါင်းပိုက်သွင်း၊ ထုတ်လုပ်တဲ့ကိစ္စရပ်ဟာ ဆေးရုံမှာမှမဟုတ်ပါဘူး။ အိမ်မှာလည်းဆောင်ရွက် ပေးနိုင်တဲ့ ၀န်ဆောင်မှုရှိပါတယ်။

💠 Cathetrization and Emission (ဆီးပိုက် သွင်းပေးခြင်း၊ ထုတ်ပေးခြင်း ) 👩‍⚕️
လူနာကိုထိခိုက်မှုတစ်စွန်းတစ်စမျှမှရှိစေရဘဲ တိတိကျကျနဲ့ဆောင်ရွက်ပေးသွားမယ့် ဆီးပိုက်သွင်း
ပေးခြင်း၊ ထုတ်ပေးခြင်း၀န်ဆောင်မှုဆိုတာ “အာယုပါလအထူးကုဆေးခန်း” ရဲ့အိမ်တိုင်ရာရောက်၀န်ဆောင်တွေထဲက တစ်ခုဖြစ်ပါတယ်။

အာယုပါလအထူးကုဆေးခန်း
🏥 လိပ်စာ - အမှတ် (၉၁/ခ)၊ မြေညီထပ်၊ မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
📱Phone : 09 762 505 922 , 09 762 505 933
📲Viber : 09 444 072 204
📠Email : [email protected]
💠Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက်ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Customizable Pre-Employment Medical Check-up Package Program(၁) အာယုပါလအထူးကုဆေးခန်းနှင့် N-Health Myanmar Laboratory တိ...
13/01/2021

Customizable Pre-Employment Medical Check-up Package Program

(၁) အာယုပါလအထူးကုဆေးခန်းနှင့် N-Health Myanmar Laboratory တို့ပူးပေါင်း၍ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းအမျိုးမျိုးအတွက် လိုအပ်သလိုရွေးချယ်နိုင်သောလုပ်ငန်းခွင်မ၀င်မှီ ကြိုတင်၍ကျန်းမာရေးစစ်ဆေး ခြင်းအစီအစဉ် (Customizable Pre-Employment Medical Check-up Package Program) ကိုဆောင်ရွက်ပေး နေပါပြီ။
(၂) လူကြီးမင်းတို့၏လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ဆောင်ရွက်လိုသောကျန်းမာရေးစစ်ဆေးချက်များကို စိတ်ကြိုက်ထည့်သွင်းစစ်ဆေးနိုင်ရန် ပါ၀င်ဆွေးနွေးဆောင်ရွက်ပေးပါတယ်။
(၃) နိုင်ငံတကာအဆင့်မှီအရည်အသွေးပြည့်ဝသောစက်ကြီးများဖြင့်စမ်းသပ်စစ်ဆေးပြီး အမှားအယွင်းမရှိတိကျ သေချာသောရလဒ်အဖြေများထုတ်ပေးခြင်းဖြင့် လူကြီးမင်းတို့၏လုပ်ငန်းများကိုကူညီပေးနိုင်ရန်လည်းရည်ရွယ်ထား ပါတယ်။
(၄) ဒါကြောင့်လူကြီးမင်းတို့၏လုပ်ငန်းများမှာ ကျန်းမာရေးကောင်းမွန်စိတ်ချရသော၀န်ထမ်းများခန့်အပ်နိုင်ရန် ကျွန်ုပ်တို့၏အစီအစဉ်ကိုအမြန်ဆုံးဆက်သွယ်အသုံးပြုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။
(၅) ဒါ့အပြင် စီးပွားရေးလုပ်ငန်းများအတွက်မဟုတ်ဘဲ လူကြီးမင်းတို့၏ကျန်းမာရေးလိုအပ်ချက်အရစစ်ဆေး လိုသော သွေး၊၀မ်း၊ဆီး၊သလိပ်စသည့်စစ်ဆေးချက်များအားလုံးကိုလည်း နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ N-Helath Myanmar Laboratory တွင်စစ်ဆေးနိုင်ရန်စီစဉ်ပေးလျက်ရှိပါကြောင်းသတင်းကောင်းပါး လိုက်ပါတယ်။

အာယုပါလအထူးကုဆေးခန်း
လိပ်စာ 🏥- အမှတ် (၉၁/ခ)၊ မြေညီထပ်၊ မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone ☎️: 09 762 505 922 , 09 762 505 933
Viber 📱 : 09 444 072 204
Email📠 : [email protected]
💠Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက်ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

❝ လျော့မတွက်သင့်တဲ့ ဆီး နှင့် ကျောက်ကပ်ရောဂါ ❞၂၁ ရာစု ရဲ့ လူနေထိုင်မှု ပုံစံတွေနဲ့အတူ လိုက်ပါလှုပ်ရှားကြရင်း လူအများစု ဟ...
05/01/2021

❝ လျော့မတွက်သင့်တဲ့ ဆီး နှင့် ကျောက်ကပ်ရောဂါ ❞
၂၁ ရာစု ရဲ့ လူနေထိုင်မှု ပုံစံတွေနဲ့အတူ လိုက်ပါလှုပ်ရှားကြရင်း လူအများစု ဟာ သူတို့ရဲ့ကျန်းမာရေး အတွက် လုပ်ဆောင်ဖွယ်ရာတွေမှာ အချိန်မပေးနိုင်ကြတော့ပါဘူး။ ဒါက အချိန်ကြာလာတဲ့အခါ ကျန်းမာရေးချို့ယွင်းမှုကနေ ရောဂါအသွင်သဏ္ဌန်ကို ကူးပြောင်းသွားပါတော့တယ်။

ဒီအနက် ဆီး နှင့် ကျောက်ကပ် ရောဂါ ဆိုတာ အဖြစ်များဆုံး ထဲက ရောဂါတစ်ခုဖြစ်ပြီး စောစောသိရှိပြီးမကုသရဘူး ဆိုရင် အသက်အန္တရာယ် ကိုစိုးရိမ်ရတဲ့ ရောဂါတစ်ခုပါ။

ဆီး နှင့် ကျောက်ကပ် ကို သံသယရှိသည်ဖြစ်စေ ရောဂါခံစားနေရပြီဆိုတာ သေချာပြီဖြစ်စေ တတ်ကျွမ်းတဲ့ ဆီး နှင့် ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးနဲ့ သေချာ ဆွေးနွေးတိုင်ပင်ကုသမှုကို အမြန်ဆုံးစတင်သင့်ပါတယ်။

သို့ဖြစ်ပါ၍ အာယုပါလ အထူးကုဆေးခန်း မှာ ဆီး နှင့်ကျောက်ကပ်ဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်းများ၊ သတ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ နှင့် လာရောက်၍ ဆွေးနွေးတိုင်ပင်ကုသမှုများကိုအထူးဝန်ဆောင်မှုများ အနေဖြင့် ရယူနိုင်ပါတယ်။

ထို့ပြင် ဆီး နှင့် ကျောက်ကပ် အထူးကုဆရာဝန်ကြီးများရဲ့ ဆေးခန်းထိုင်ချိန်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အာယုပါလ Specialist Clinic Page တွင်၊ သက်ဆိုင်ရာရောဂါအမျိုးအစားအလိုက်၊ ရရှိနိုင်သော ဝန်ဆောင်မှုများ၊ ကျန်းမာရေးစစ်ဆေးခြင်းများအတွက် Package များ၊ Promotion အစီစဉ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ရဖွယ်ရာများကို မျှဝေပေးသွားမှာ ဖြစ်ပါ၍၊ ArYu PaLa Specialist Clinic Page ကို Like လုပ်ပေးထားရန် အကြံပြုလိုက်ရပါတယ်။

❝Excellent Health Care Center For Your Meaningful Life❞

#အာယုပါလအထူးကုဆေးခန်း
📌 အမှတ် (၉၁), မြေညီထပ် (B), မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

‪09 444 072 204‬ (Viber), ‪09 762 505 922‬/ 933
📧 [email protected]

 #စနစ်တကျ_ထိမ်းသိမ်းနိုင်သော_ဆီးချိုရောဂါဆီးချိုရောဂါကို ကိုယ်တိုင်ဆင်ခြင်မှုနဲ့ နိုင်နင်းစွာထိန်းသိမ်းမယ်ဆိုလျှင်၊ နေ့စ...
04/01/2021

#စနစ်တကျ_ထိမ်းသိမ်းနိုင်သော_ဆီးချိုရောဂါ
ဆီးချိုရောဂါကို ကိုယ်တိုင်ဆင်ခြင်မှုနဲ့ နိုင်နင်းစွာထိန်းသိမ်းမယ်ဆိုလျှင်၊ နေ့စဉ်ပုံမှန်ဖြတ်သန်းမှုနှင့် အသက်ရှည်စွာ နေသွားနိုင်တဲ့ ရောဂါတစ်မျိုးဘဲဖြစ်ပါတယ်။ ဆင်ခြင်ထိန်းသိမ်းမှုမရှိလျှင်တော့၊ အချိန်ကြာလာ သည်နှင့်အမျှ၊ နောက်ဆက်တွဲရှပ်ထွေးမှုများဖြစ်သည့် မျက်စိအမြင်အာရုံထိခိုက်နိုင်ခြင်း၊ ကျောက်ကပ်ကိုပျက်စီးစေခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် အာရုံကြောများအားနည်းလာခြင်းတွေဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါကိုထိန်းသိမ်းနိုင်မည့်နည်းလမ်းတွေကတော့ ဆီးချိုရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပုံမှန်ဆွေးနွေးတိုင်ပင်စစ်ဆေးကုသခြင်း၊ လိုအပ်သည့် သွေး၊ဆီးစစ်ဆေးမှုများပြုလုပ်ခြင်း (Blood Sugar LeveL, HbA1c,Urinary Albumin Creatinine Ratio) ဆီးချိုအထူးကုဆရာဝန်များ၏ညွှန်ကြားချက်အတိုင်း၊ အစားအသောက်အနေအထိုင်ဆင်ခြင်ခြင်း၊ ဆေးဝါးများပုံမှန်သောက်သုံးခြင်းစသည်တို့ဖြင့် ဘဝကိုပုံမှန်၊ ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။

ဆီးချိုဝေဒနာရှင်အားလုံးအတွက် အစားအသောက်သက်မှတ်ချက်ကို တစ်ပြေးညီမထားသင့်ဘဲ၊ တစ်ဦးနှင့်တစ်ဦးမတူညီသော Blood Sugar Level၊ နေ့စဉ်လှုပ်ရှားမှုနှင့်အသက်အရွယ်ကွာခြားမှု စသည့်အချက်များအလိုက်၊ လိုအပ်သောDiet Plan များကိုထိန်းညှိပေးနေရမည်ဖြစ်ပါသည်။ ထို့အပြင် အသက်အရွယ်နှင့်လူနေမှု ပုံစံအလိုက်လည်း လိုအပ်သောလေ့ကျင့်ခန်းများပြုလုပ်ရန်အတွက်၊ ခေတ်မှီနည်းစနစ်ကျသောအကြံဉာဏ်များကိုလည်း၊ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံမှရယူရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အာယုပါလ အထူးကုဆေးခန်း မှာ ဆီးချိုနှင့်ပါတ်သက်သော ကျန်းမာရေးစစ်ဆေးခြင်းများ၊ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ နှင့် လာရောက်၍ ဆွေးနွေးတိုင်ပင်ကုသမှုများကိုအထူးဝန်ဆောင်မှုများ အနေဖြင့် ရယူနိုင်ပါတယ်။

ဆီးချိုရောဂါအထူးကုဆရာဝန်ကြီးများရဲ့ ဆေးခန်းထိုင်ချိန်များကိုလည်းအောက်ပါအတိုင်းဖော်ပြပေး လိုက်ပါတယ်။

အာယုပါလ Specialist Clinic Page တွင်၊ သက်ဆိုင်ရာရောဂါအမျိုးအစားအလိုက်၊ ရရှိနိုင်သော ဝန်ဆောင်မှုများ၊ ကျန်းမာရေးစစ်ဆေးခြင်းများအတွက် Package များ၊ Promotion အစီစဉ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ရဖွယ်ရာများကို မျှဝေပေးသွားမှာ ဖြစ်ပါ၍၊ ArYu PaLa Specialist Clinic Page ကို Like လုပ်ပေးထားရန် အကြံပြုလိုက်ရပါတယ်။

❝Excellent Health Care Center For Your Meaningful Life❞

#အာယုပါလအထူးကုဆေးခန်း
📌 အမှတ် (၉၁), မြေညီထပ် (B), မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

‪09 444 072 204‬ (Viber), ‪09 762 505 922‬/ 933
📧 [email protected]

ဦးနှောက်နဲ့အာရုံကြောစနစ်တွေမှာ ပြဿနာတစ်ခုခုရှိလာတဲ့အခါ ❔❓❔💠သက်ရှိလူသားတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှု၊ တွေးခေါ်စဉ်းစားမှ...
26/12/2020

ဦးနှောက်နဲ့အာရုံကြောစနစ်တွေမှာ ပြဿနာတစ်ခုခုရှိလာတဲ့အခါ ❔❓❔

💠သက်ရှိလူသားတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှု၊ တွေးခေါ်စဉ်းစားမှုဆိုင်ရာ ကဏ္ဍအသွယ်သွယ်ကို ဦးနှောက်က ထိန်းချုပ်စေခိုင်းပါတယ်။ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများတဲ့အခါ (ဥပမာ - အာရုံစူးစိုက်မူများတဲ့အခါ၊ စဉ်းစား ရတာများတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါမျိုးမှာ) ဦးနှောက်ကိုသိသိသာသာ ဖိအားဖြစ်စေပြီးခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိကိုက်ခြင်းအပြင် အခြားအာရုံကြောနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာ တွေအဆက်မပြတ်ခံစားရလာနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့အလျင်မှီဆေးကုသမှုခံယူခြင်းမပြုတဲ့အခါမှာ ဦးနှောက်ချို့ယွင်းခြင်း၊ လေဖြတ်ခြင်း၊ သတိခဏခဏမေ့ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ အတက်ရောဂါ၊ သက်ကြီး သတိမေ့ရာဂါ၊ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease) တွေဖြစ်လာနိုင်ပြီးဘ၀ကိုအချိန်တို အတွင်းနိဂုံးချုပ်ရမလိုတောင်ဖြစ်သွားနိုင်ပါတယ်။
💠ဦးနှောက်သွေးလည်ပတ်မှုပုံမှန်မဟုတ်ခြင်းကြောင့် လေဖြတ်နိုင်ပါတယ်။ လေဖြတ်ဖို့လမ်းစပြုတဲ့လက္ခဏာတွေ ကတော့ မျက်နှာ၊ ခြေလက်များထုံကျင်ခြင်း၊ မလှုပ်ရှားနိုင်တော့ခြင်း၊ ထိတွေ့မှုနှင့်အမြင်အာရုံတဖြေးဖြေးအားနည်း လာခြင်း၊ မှတ်ဥာဏ်ချို့ယွင်းအားနည်းခြင်းများအပြင် ဆီး/၀မ်းမထိန်းနိုင်ခြင်းစတာတွေဖြစ်ပါတယ်။ အိပ်ရာထဲကနေ မထနိုင်ဘဲအချိန်ကုန်ရမယ့်အဖြစ်ဆိုးမျိုးကြုံတွေ့ရမှာမို့ တကယ့်ကိုကြောက်စရာကောင်းတဲ့ရောဂါလို့ဆိုနိုင်ပါတယ်။
_အသက်အရွယ်ကြီးသူတွေမှာဆိုရင် မကြာသေးခင်ကမှပြောထားတဲ့စကားကိုမမှတ်မိတော့ဘူး၊ နာမည်တွေမမှတ်မိ တော့ဘူး၊ နောက်ဆုံးဘာကိုမှသတိမရတော့ဘူးဆိုတဲ့အခြေအနေဟာ သတိမေ့ရောဂါ (Dementia) ဖြစ်ပွားနိုင်ချေ များတဲ့လက္ခဏာဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါ (Alzheimers disease) ပါဖြစ်ပွားနိုင်တာကြောင့် ဆရာ၀န်နဲ့ပြပြီး ထိထိရောက်ရောက်ကုသမှုခံယူသင့်တာအသေအချာပါဘဲ။
💠အာရုံကြောဆိုင်ရာရောဂါတွေဟာ ဒီနေ့လိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ လူကြီးလူငယ်မရွေးအဖြစ်များလာ ပါတယ်။ ဖုန်းတွေ/ကွန်ပျူတာတွေသုံးတာများလာပြီး ဂိမ်းဆော့တယ်၊ ဗီဒီယိုကြည့်တယ်စတဲ့ Phone Screen နဲ့ မျက်နှာနဲ့အပ်တဲ့အချိန်တိုးမြင့်လာပြီး ဦးနှောက်နဲ့မျက်လုံးရဲ့အနားယူချိန်ဟာ နည်းသထက်နည်းလာပြီးနောက် အာရုံကြောဆိုင်ရာရောဂါတွေ စတင်ဖြစ်ပွားလာနိုင်ပါတယ်။ အသက်ငယ်စဉ်အချိန်ကတည်းက စနစ်တကျဆေး မကုသဘူးဆိုရင် အသက်ကြီးလာတဲ့အခါမှာ ပိုမိုဆိုးရွားတဲ့ရလဒ်ကိုရရှိနိုင်တာကြောင့်အထူးအလေးပေးသင့်ကိစ္စ ရပ်ဖြစ်ပါတယ်။
💠ဦးနှောက်နဲ့အာရုံကြောစနစ်တွေဟာ ပုံမှန်မဟုတ်တော့ဘဲ ခန္ဒာကိုယ်သွေးလည်ပတ်မှုကစဉ့်ကလျားဖြစ်မယ်၊ ခြေတွေလက်တွေတောင့်တင်းပြီး ပါးစပ်ကနေအမြှုပ်တွေထွက်တက်တဲ့လက္ခဏာနဲ့အတက်ရောဂါကလည်း အချိန်မှီ ဆေးကုသမမခံယူရင် အသက်ဆုံးရှံးစေနိုင်ပါတယ်။
💠ဒီအပြင်အာရုံကြောဆိုင်ရာရောဂါတစ်ခုဖြစ်တဲ့ Parkisonism ရောဂါဟာလည်းလူကိုလှုပ်ရှားရခက်ခဲစေပြီး ကိုယ်တစ်ခြမ်းသေသလိုဖြစ်ခြင်း၊ လမ်းလျှောက်ရ/ ထသွားထလာပြုရခက်ခဲခြင်း၊ ခြေလက်တောင့်တင်းပြီးအကြော သေခြင်းစတဲ့ဝေဒနာအထွေထွေကိုခံစားရနိုင်တာကြောင့် လျင်မြန်စောစီးစွာကုသမှုခံယူသင့်တဲ့ရောဂါတစ်ရပ် ဖြစ်ပါတယ်။
💠ဦးနှောက်နဲ့အာရုံကြောရောဂါတွေခံစားနေရပြီဆိုရင်တော့ “အာယုပါလအထူးကုဆေးခန်း”က ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာ၀န်ကြီးများနဲ့တွေ့ဆုံပြီး အနာနဲ့ဆေးကွက်တိကုသပေးမှုကိုခံယူသင့်ပါတယ်။
💠ဆေးပစ္စည်းအစုံအလင်ရှိတဲ့အပြင် ရောဂါနဲ့ပတ်သက်ပြီးမှန်မှန်ကန်ကန်၊ ထိထိရောက်ရောက်အကြံပေးကုသနိုင်တဲ့ ဆရာ၀န်ကြီးတွေရှိတာကြောင့် လူနာတိုင်းစိတ်အေးချမ်းသာမှုအပြည့်နဲ့ ဆေးကုသနိုင်မှာဖြစ်တာမို့ “အာယုပါလအထူးကုဆေးခန်း” ကို လှမ်းလာခဲ့ဖို့အကြံပြုလိုက်ရပါတယ်။

အသေးစိတ် သိရှိလိုပါက _

အာယုပါလအထူးကုဆေးခန်း
လိပ်စာ🏥 - အမှတ် (၉၁/ခ)၊ မြေညီထပ်၊ မြယာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone☎️: 09 762 505 922 , 09 762 505 933
Viber 📱 : 09 444 072 204
Email📠 : [email protected]
💠Appointment, Registration, Pharmacy, Laboratory and Home Care Service များအတွက်ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

No (91), Ground Floor (B), Mya Yar Kone Street, Tha Pyay Gone Ward, Mingalar Taung Nyunt
Yangon
11222

Telephone

+959444072204

Website

Alerts

Be the first to know and let us send you an email when ArYu PaLa Specialist Clinic - အာယုပါလ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ArYu PaLa Specialist Clinic - အာယုပါလ အထူးကုဆေးခန်း:

Shortcuts

Share

Category