Saw Nu Pharmacy

Saw Nu Pharmacy We are providing Free Pharmacist Consultation Service for our customers about health supplements, med

💙  50+ (275 tabs)🧓🏻👴🏻🌟 ဆရာဝန်တွေ pharmacist တွေထောက်ခံမှု အများဆုံးရထားပြီရောင်းအားအကောင်းဆုံး multivitamin brand ပါ✅အသက...
26/04/2026

💙 50+ (275 tabs)🧓🏻👴🏻
🌟 ဆရာဝန်တွေ pharmacist တွေထောက်ခံမှု အများဆုံးရထားပြီရောင်းအားအကောင်းဆုံး multivitamin brand ပါ
✅အသက်၅၀ကျော် အမျိုးသားများ အတွက်ပါ
✅ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ key nutrients များစွာ ပါဝင်ပါတယ်
➡️Vitamin D and B6 က ကြွက်သားလုပ်ဆောင်ချက်အတွက်အထောက်အကူပေးပါတယ်
✅Vitamin B ဓါတ်မျိုးစုံပါဝင်တာကြောင့် အားအင်ပြည့်ဖြိုးလန်းဆန်းစေပါတယ်
✅Vitamin D နဲ့ Calcium ကအရိုးများကိုသန်မာစေပါတယ်
✅Vitamin A,C,E နဲ့lutein က မျက်လုံးအားကောင်းစေပါတယ်
✅Vitamin B and zinc ဓါတ်ကဦးနှောက်နှင့်မှတ်ဉာဏ်ကိုအထောက်အကူဖြစ်​စေပါတယ်
✅Vitamin C,E, zinc တို့ပါဝင်လို့ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပါတယ်

💊အစာစားပြီး တနေ့ ၁လုံးသောက်သုံးနိုင်ပါသည်

🇺🇸
✅

💊Centrum Silver Men 50+ (275 tabs)
Exp date - 8/2027

✨( $Dollarစျေးပေါ်မူတည်၍ စျေးနှုန်းအပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်ရှင်)✨

မှာယူလိုပါက-
💁🏻‍♀️Onlineက မှာယူလိုတဲ့ Customer များအတွက် မှာပြီး ၂ရက်အတွင်း အိမ်အရောက်
🚚 𝙃𝙤𝙢𝙚 𝘿𝙚𝙡𝙞𝙫𝙚𝙧𝙮 𝙎𝙚𝙧𝙫𝙞𝙘𝙚 လေးလဲ ရှိလို့
📲Page ChatBox / Viber (+95 9761216137) ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ လိုအပ်သောဆေးဝါးနှင့်ကျန်းမာရေးပစည်းများ online order တင်နိုင်ပါတယ်ရှင်…
📦Deliveryပို့ဆောင်ခသက်သာစွာဖြင့်
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေ
Cash On Delivery ဆေးပို့ပေးသည့် ဝန်ဆောင်မှုပေးနေပါပြီရှင်💊📦🤩

💁🏻‍♀️ ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …
📌အမှတ် (၂၄ B)၊ ရန်အောင်လမ်းမ၊
(၃)ရန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်… ☺️❣️

📞ဖုန်း- 09 761216137 ၊ 09 786338328
📲(viber)+95 9761216137


💊
🇺🇸
✅
50+ 💪🏻 👨🏼 ゚ ゚viralシ

💊   50+ (275 tabs)🇺🇸👵🏻 💖✅ဆရာဝန်တွေ pharmacist တွေထောက်ခံမှု အများဆုံးရထားပြီရောင်းအားအကောင်းဆုံး multivitamin brand ပါ🇺🇸...
26/04/2026

💊 50+ (275 tabs)🇺🇸👵🏻 💖
✅ဆရာဝန်တွေ pharmacist တွေထောက်ခံမှု အများဆုံးရထားပြီရောင်းအားအကောင်းဆုံး multivitamin brand ပါ🇺🇸
✅အသက်၅၀ကျော် အမျိုးသမီးများ အတွက်ပါ။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ key nutrients များစွာပါဝင်ပါတယ်။
✅Vitamin B ဓါတ်မျိုးစုံပါဝင်တာကြောင့် အားအင်ပြည့်ဖြိုးလန်းဆန်းစေပါတယ်။
✅Vitamin D နဲ့ Calcium ကအရိုးများကိုသန်မာစေပါတယ်။
✅Vitamin A,C,E နဲ့lutein က မျက်လုံးအားကောင်းစေပါတယ်။
✅Vitamin B and zinc ဓါတ်ကဦးနှောက်နှင့်မှတ်ဉာဏ်ကိုအထောက်အကူဖြစ်​စေပါတယ်။။✅Vitamin C,E, zinc တို့ပါဝင်လို့ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပါတယ်။

💊နေ့စဥ် တနေ့ ၁လုံး အစာနှင့်တွဲဖက်၍ သောက်သုံးနိုင်ပါတယ်ရှင်…

✅ 50+👵🏻

👵🏻 50+ (275 tabs)🇺🇸
exp date 7/2027

(✨ $Dollarစျေးအတက်အလိုက် စျေးနှုန်းအပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်ရှင်)😊

👉🏻👉🏻မှာယူလိုပါက-
💁🏻‍♀️Onlineက မှာယူလိုတဲ့ Customer များအတွက် မှာပြီး ၂ရက်အတွင်း အိမ်အရောက်
🚚 𝙃𝙤𝙢𝙚 𝘿𝙚𝙡𝙞𝙫𝙚𝙧𝙮 𝙎𝙚𝙧𝙫𝙞𝙘𝙚 လေးလဲ ရှိလို့
📲Page ChatBox / Viber (+95 9761216137) ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ လိုအပ်သောဆေးဝါးနှင့်ကျန်းမာရေးပစည်းများ online order တင်နိုင်ပါတယ်ရှင်…
📦Deliveryပို့ဆောင်ခသက်သာစွာဖြင့်
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေ
Cash On Delivery ဆေးပို့ပေးသည့် ဝန်ဆောင်မှုပေးနေပါပြီရှင်💊📦🤩

💁🏻‍♀️ ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …
📌အမှတ် (၂၄ B)၊ ရန်အောင်လမ်းမ၊
(၃)ရန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်… ☺️❣️

📞ဖုန်း- 09 761216137 ၊ 09 786338328
📲(viber)+95 9761216137


💊
🇺🇸
✅
👵🏻💪🏻
silver

☀️အပူဒဏ်အန္တရာယ် သတိပြုရန် ☀️
30/03/2026

☀️အပူဒဏ်အန္တရာယ် သတိပြုရန် ☀️

အထူးသတိပြုကြရန် 🥵 ☀️
18/03/2026

အထူးသတိပြုကြရန် 🥵 ☀️

အထူးသတိထားပါ ဒီနေ့စပါပြီနော်

တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေ အားလျော့နည်းသွားပြီးနောက် မတ်လ (၁၆) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာတော့မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်သူများ၏ ခန့်မှန်းချက်အရ သိရသည်။

အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် လာမည့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်း၌ နေ့အပူချိန်များမှာ ၃၉ ဒီဂရီစင်တီဂရိတ် နှင့်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က သတိပေးထားသည်။

ယခုကဲ့သို့ အပူချိန်မြင့်တက်လာမှုနှင့်အတူ ခရမ်းလွန်ရောင်ခြည် (UV) အညွှန်းကိန်းများပါ မြင့်တက်လာနိုင်သဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာ အချက်များကို အထူးဂရုပြုကြရန် လိုအပ်ပါသည် -

ရေဓာတ်လျော့နည်းခြင်းနှင့် အပူလျှပ်ခြင်း (Heatstroke) တို့ကို သတိထားရန်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အပူလွန်ကဲခြင်းကို ဂရုစိုက်ရန်။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်။

မိုးရွာသွန်းနိုင်မှု အခြေအနေများ -
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မတ်လ (၂၂) ရက်အတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးရွာသွန်းမှုနှင့်အတူ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင်လည်း မတ်လ (၁၈) ရက်အထိ မိုးအနည်းငယ် ရွာသွန်းနိုင်သည့် အခြေအနေများ ဆက်ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ပြင်းထန်သောအပူရှိန်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🐠Fish Oil   🐠💕     🇺🇸        ✅📣 နှလုံး၊ ဦးနှောက် နှင့် ကိုယ်ခန္ဓာကျန်းမာစေဖို့ ငါးကြီးဆီကို သောက်ကြပါစို့ 📣 🐠ငါးကြီးဆီလိ...
10/03/2026

🐠Fish Oil 🐠💕 🇺🇸 ✅
📣 နှလုံး၊ ဦးနှောက် နှင့် ကိုယ်ခန္ဓာကျန်းမာစေဖို့ ငါးကြီးဆီကို သောက်ကြပါစို့ 📣

🐠ငါးကြီးဆီလို့ခေါ်တဲ့ Fish Oil_ omega3 ဟာ
ကျမတို့ရဲ့ နှလုံး, ဦးနှောက် နှင့် ကိုယ်ခန္ဓာအတွက်
အကျိုးကျေးဇူးများစွာရရှိတာမို့ အိမ်တိုင်းအတွက်မရှိမဖြစ်သောFish Oil supplementလေး တစ်မျိုးတောင်ဖြစ်နေပါပြီနော်🐠♥️

👤ငါးမစားဖြစ်တဲ့သူတွေ၊ ငါးစားရတာမကြိုက်သူတွေ အတွက် Fish Oil_ Omega3 ဟာ မရှိမဖြစ် supplementလေးတမျိုးပါ။ 🐠🐟😍

💕Fish Oil_ Omega3မှာ များစွာသော အကျိုးအာနိသင်ကောင်းတွေရှိပါတယ်...💕🐠🐟
💎 EPA ပါဝင်သောကြောင့် နှလုံးရောဂါဖြစ်ပွါးမှုကိုလျော့နည်းစေခြင်း
💎 DHA ပါဝင်တာကြောင့် အမြင်အာရုံ ၊ ဦးနှောက်မှတ်ဉာဏ်အားတိုးစေခြင်း

Heart ❤️
✅နှလုံးကျန်းမာရေးကို ကောင်းမွန်လာစေတယ်
✅Cholesterol(ကိုလတ်စရော)levelကျစေတာမို့ခန္ဓာကိုယ်ရဲ့မလိုအပ်တဲ့အဆီLDLကျစေပြီး၊ကောင်းသောအဆီ(HDL)ကို တက်စေပါတယ်..
ထို့ပြင် နှလုံး၊အသည်းအဆီဖုံးတာတွေအတွက် ကာကွယ်ပေးနိုင်ပါတယ်...
✅သွေးပျစ်သွေးခဲခြင်းကို လျော့နည်းစေပါတယ်
✅သွေးပေါင်ချိန်ကိုလည်း ပုံမှန်ဖြစ်အောင် အထောက်ကူပြုပေးပါတယ်

Brain 🧠
✅ဦးနှောက်နှင့် ဉာဏ်ရည် ဖွံ့ ဖြိုးတိုးတက်စေပါတယ်

Eyes 👀
✅အမြင်အာရုံစွမ်းအား တိုးတက်ကောင်းမွန်စေပါတယ်

Skin ✌🏻
✅အသားအရေကို ကြည်လင်စိုပြည်စေနိုင်တယ်

Reduce Inflammation
✅ယောင်ယမ်းမှုတွေ သက်သာစေနိုင်တယ်

Reduce Stress
✅စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တယ်

✅ထို့ပြင် လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်

🌟အထက်ပါ အကျိုးကျေးဇူးကောင်းများရရှိနိုင်ခြင်းကြောင့်Fish Oil _ Omega3 ကို လူကြီးလူငယ်မရွေး
နေ့စဉ် ပုံမှန်သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်ရှင်
🙏🏻😊

ဘယ်လိုသောက်ရမလဲ ❓❓
💊နေ့စဉ်ပုံမှန် တစ်နေ့ ၁လုံး-၂လုံး အစာစားပြီးတဲ့အချိန် သောက်ရင် ပိုကောင်းပါတယ်ရှင်...🙏🏻

🤰🏼🤱🏻ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လဲသောက်သုံးလို့အဆင်ပြေပါတယ်နော်....

👉🏻👉🏻မှာယူလိုပါက-

💁🏻‍♀️Onlineက မှာယူလိုတဲ့ Customer များအတွက် မှာပြီး ၂-၃ရက်အတွင်း အိမ်အရောက်
🚚 𝙃𝙤𝙢𝙚 𝘿𝙚𝙡𝙞𝙫𝙚𝙧𝙮 𝙎𝙚𝙧𝙫𝙞𝙘𝙚 လေးလဲ ရှိလို့
📲Page ChatBox / Viber (+95 9761216137) ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ လိုအပ်သောဆေးဝါးနှင့်ကျန်းမာရေးပစည်းများ online order တင်နိုင်ပါတယ်ရှင်…
📦Deliveryပို့ဆောင်ခသက်သာစွာဖြင့်
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေ
Cash On Delivery ဆေးပို့ပေးသည့် ဝန်ဆောင်မှုပေးနေပါပြီရှင်💊📦🤩

💁🏻‍♀️ ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …
📌အမှတ် (၂၄ B)၊ ရန်အောင်လမ်းမ၊
(၃)ရန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်… ☺️❣️

📞ဖုန်း- 09 761216137 ၊ 09 786338328
📲(viber)+95 9761216137

✅

🐠🐟

👩🏼 collagen ကောင်းကောင်း brand လဲကောင်းတာထဲက ဈေးလည်းသင့်ပြီး ရေရှည်စွဲသောက်ချင်တယ် ဆိုရင်တော့ youtheory collagen ရှိပါတယ...
10/03/2026

👩🏼 collagen ကောင်းကောင်း brand လဲကောင်းတာထဲက ဈေးလည်းသင့်ပြီး ရေရှည်စွဲသောက်ချင်တယ် ဆိုရင်တော့ youtheory collagen ရှိပါတယ်နော်... ✨🏮🙏🏻

❤Best of Supplement Award ရထားတဲ USA collagen လေးဖြစ်ပါတယ်ရှင်❤
🇺🇸
ရှိပါတယ်နော်😍

''Youtheory Collagen''က Collagen Type (1, 2 & 3 ) ၃မျိုးလုံးပါပြီး Hair, Skin & Nail formulaဆိုတော့ အသားအရေအတွက်သာမက ဆံပင်နဲ့ခြေသည်း လက်သည်းအတွက်ပါ အထောက်အကူပြုပါတယ်ရှင် 🌟🌟🌟

💕Collagenသောက်ခြင်း၏ အကျိုးကျေးဇူးများ💕

💎 အသားအရည်ကို နုပျိုစိုပြေစေပြီး အိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေခြင်း
💎 ဟိုမုန်းကို မျှတစေပြီး ဝက်ခြံထွက်ခြင်းမှ သက်သာပျောက်ကင်းစေခြင်း
💎 မွဲခြောက်ပျက်စီးပါးလွှာပြီး ကျွတ်လွယ်နေသော ဆံသားများကိုပြန်လည်အားဖြည့်ပေးခြင်း
💎 ခြေသည်းလက်သည်းများကို တောက်ပြောင်ကျန်းမာစေခြင်း
💎 အရိုးအဆစ်တွေကိုသန်မာစေခြင်း နှင့် အရိုးပွရောဂါကိုသက်သာစေခြင်း
💎 အဆစ်အမြစ်နာကျင်တာ သက်သာခြင်း၊
💎သွား နှင့် ခံတွင်း ကျန်းမာစေခြင်းစတဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်ရှင်✨✨✨
(Youtheory collagen ကတော့Collagen နံ့ကြီး ပါးစပ်ထဲမှာ အရမ်းစွဲမကျန်ခဲ့တဲ့အတွက် ပျို့အန်ချင်သလို မဖြစ်ပါဘူးနော်)

ဘယ်လိုသောက်သုံးရမလဲ❓❓
✅ အစာမရှိတဲ့ချိန်သောက်ပေးရပါမယ်
တနေ့ အနည်းဆုံး (3)လုံးမှ (6)လုံးထိ သောက်လို့ရပါတယ်။
ရေများများသောက်ဖို့တော့ အထူးသတိပေးပါရစေနော် ⚠️

🌟အသက်၂၅ နှစ်မှစပြီးသောက်သုံးလို့ရပါပြီနော်....
​ဒီအသက်အရွယ်လောက်ကစပြီးကြိုတင်သောက်သုံးထားမှသာ အသက်အရွယ်လေးရလာလျှင်လည်း
နုပျိုနေဆဲဖြစ်မှာပါနော်🤩😉😍

♥️(ရေရှည်လည်းစွဲသောက်လို့အဆင်ပြေအောင် အကြံပေးချင်တာက- ပထမဆုံး စသောက်တဲ့ တစ်ပတ်ကို အသားရည် repair ဖြစ်ဖို့ တရက် 6လုံး အပြည့် သောက်ပြီး နောက်ပိုင်းမှာ အနည်းဆုံး တနေ့ (4)လုံး မဖြစ်မနေသောက်ပေးသင့်ပါတယ်)

💎1လလောက်သောက်ပြီးရင် အသားအရည်ကြည်လင်လာတာ ဒူးနာတတ်တဲ့သူတွေ သက်သာလာတာ သိသိသာသာခံစားရပါလိမ့်မယ်နော်...✨
Dr.Phyo Mg Mg

✅
💝Youtheory Collagen +biotin 6000mg (390tabs)
Exp Date- 9/2026

( $စျေးအတက်အကျအလိုက် စျေးနှုန်းအပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်ရှင်)

မှာယူလိုပါက-

💁🏻‍♀️Onlineက မှာယူလိုတဲ့ Customer များအတွက် မှာပြီး ၂-၃ရက်အတွင်း အိမ်အရောက်
🚚 𝙃𝙤𝙢𝙚 𝘿𝙚𝙡𝙞𝙫𝙚𝙧𝙮 𝙎𝙚𝙧𝙫𝙞𝙘𝙚 လေးလဲ ရှိလို့
📲Page ChatBox / Viber (+95 9761216137) ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ လိုအပ်သောဆေးဝါးနှင့်ကျန်းမာရေးပစည်းများ online order တင်နိုင်ပါတယ်ရှင်…
📦Deliveryပို့ဆောင်ခသက်သာစွာဖြင့်
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေ
Cash On Delivery ဆေးပို့ပေးသည့် ဝန်ဆောင်မှုပေးနေပါပြီရှင်💊📦🤩

💁🏻‍♀️ ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …
📌အမှတ် (၂၄ B)၊ ရန်အောင်လမ်းမ၊
(၃)ရန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်… ☺️❣️

📞ဖုန်း- 09 761216137 ၊ 09 786338328
📲(viber)+95 9761216137





ကြိုတင် သတိပြုစရာပါ…
03/03/2026

ကြိုတင် သတိပြုစရာပါ…

သမိုင်းတလျောက် စံချိန်တင် အပူဆုံး နွေရာသီဖြစ်လာမယ့် ၂၀၂၆။

ဒီနှစ် ၂၀၂၆ ယခုနွေရာသီဟာ ကမ္ဘာတစ်ဝန်းမှာရော မြန်မာနိုင်ငံမှာပါ အလွန်ပူပြင်းတဲ့နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ စံချိန်တင်နိုင်ချေကတော့ ၂၀၂၆ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ် (၄) နှစ်စာရင်းထဲမှာ ပါဝင်လာဖို့ အလားအလာ အလွန်များနေပါတယ်။ ဒါကြောင့် ဒီနှစ်အပူဟာ ဘာကြောင့်ဖြစ်လာတာလဲ၊ ဒီနွေရာသီမှာ သက်တောင့်သက်သာနဲ့ ကျန်းမာကိုက်ညီအောင် ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာတွေ ပြောပြပေးပါမယ်။

၂၀၂၆ ခုနှစ်ရဲ့ တစ်နှစ်တာ ပျမ်းမျှအပူချိန်ဟာ စက်မှုခေတ်မတိုင်မီကထက် ၁.၄၄ ဒီဂရီ ဆဲလ်စီးယပ်စ် (+/- 0.09) ခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်ဟာ နောက်ဆုံး အလွန်ပူပြင်းထားတဲ့ ၂၀၂၃ ခုနှစ်ထက် ပိုမိုပူပြင်းဖို့ ရာနှုန်းပြည့်နီးပါး သေချာသလောက် ရှိနေပါတယ်။

ဒီလိုစံချိန်တင် ပူပြင်းလာရတဲ့အကြောင်းအရင်းကတော့ ၂၀၂၅ နှောင်းပိုင်းတုန်းက အယ်လ်နီညို (El Niño) အရှိန်ရဲ့ အကြွင်းအကျန်ကြောင့်လဲပါပါတယ်။ အယ်လ်နီညိုဆိုတာ အလွယ်ဆုံးပြောရရင် "သမုဒ္ဒရာရေပြင် ပုံမှန်ထက် ပူနွေးလာတဲ့ ဖြစ်စဉ်" ပါ။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကနေ စတင်ခဲ့တဲ့ အယ်လ်နီညိုအရှိန်ဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်ဝက် (နွေရာသီ) အထိ ရိုက်ခတ်မှုရှိနေတာပါ။ ဒီနှစ် အရမ်းပူမယ့် တခြားအကြောင်းတွေကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ Heat Dome (အပူလှိုင်းပိတ်မိခြင်း) ဖြစ်စဉ်တို့ကြောင့်လဲပါပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီဖြစ်စဉ်ကြောင့် နွေရာသီမှာ အပူဒဏ်ကို အဆမတန် ခံစားရတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေကို ဂရုတစိုက်နဲ့ ရာသီဥတုနဲ့ သဘာဝဖြစ်စဉ်တွေ ကြိုတင်ထုတ်ပြန်တာမရှိတဲ့ အတွက်
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တွက်ချက်ခန့်မှန်းမှုတွေကိုပဲ ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ နွေရာသီမှာ အပူချိန်ဟာ ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်မှ ၄၃ ဒီဂရီ အထိ မြင့်တက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နွေရာသီ အပူချိန်အပေါ်မှာလည်း အလားတူ သက်ရောက်မှု ရှိနိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းက ဆိုးဆိုးရွားရွား ပူပြင်းနိုင်ပြီး အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ် အထက်ကို ကျော်လွန်ဖို့ အလားအလာ ရှိပါတယ်။

ပုံမှန်အေးတဲ့ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်လဲ ဒီနှစ်ပုံမှန်ထက် သိသိသာသာပူလာနိုင်ပါတယ်။

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တို့ကတော့ အလယ်ပိုင်းလောက် အပူချိန်ဂဏန်း မများပေမဲ့ ပင်လယ်လေကြောင့် စိုထိုင်းဆ (Humidity) အရမ်းများပါတယ်။ အဲဒီအခါ လူ့ခန္ဓာကိုယ်က ခံစားရတဲ့အပူ (Feel Like Temperature) က တကယ့်အပူချိန်ထက် ပိုများနေပြီး မွမ်းကျပ်ပူအိုက်တာ မျိုးကို အဆိုးဆုံး ခံစားရမှာပါ။

ဘယ်လို ဂရုစိုက်နေထိုင်ရမလဲ?

-ရေဓာတ်ကို အဓိကထားပါ (Hydration)
ရေများများသောက်ပါ။ ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာ (သို့မဟုတ်) ဖန်ခွက် ၁၀ ခွက်ထက်မနည်း သောက်ပေးပါ။ ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်က ဆားဓာတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ ဓာတ်ဆားရည် (ORS) ကို ရံဖန်ရံခါ သောက်ပေးသင့်ပါတယ်။
အရက်သေစာ၊ ကဖင်းဓာတ်များတဲ့ ကော်ဖီနဲ့ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေကို ရှောင်ပါ။ သူတို့က ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။

-အပြင်ထွက်တဲ့အခါ သတိထားပါ (Outdoor Safety)
အချိန်ကို ရွေးချယ်ပါ၊ နေပူအရှိန်အပြင်းဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း အပြင်ထွက်တာနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ပါ။အကာအကွယ်ယူပါ၊ အပြင်ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် သုံးပါ။ အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိတဲ့ ချည်သား (Cotton) အင်္ကျီတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
နေရောင်တိုက်ရိုက်မထိပါစေနဲ့: အပြင်သွားရင် အရိပ်ရတဲ့နေရာကနေ လမ်းလျှောက်ပါ။

-အစားအသောက်နှင့် နေထိုင်မှု (Lifestyle)
အစာကြေလွယ်တာစားပါ၊ ပူအိုက်တဲ့အချိန်မှာ အသားဟင်းအလေးကြီးတွေထက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ (ဥပမာ - ဖရဲသီး၊ သခွားသီး) တွေကို ပိုစားပေးပါ။
ခန္ဓာကိုယ်ကို အေးမြအောင်ထားပါ၊ နေ့စဉ် ရေပုံမှန်ချိုးပါ။ အလွန်အမင်း ပူအိုက်နေချိန်မှာ ရေအေးဝတ်နဲ့ ပွတ်တိုက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
လေဝင်လေထွက်အတွက် အိမ်တွင်းမှာ လေဝင်လေထွက် ကောင်းမွန်အောင် ပြတင်းပေါက်တွေ ဖွင့်ထားပါ။ အခန်းအပူချိန် အရမ်းတက်နေရင် လျှပ်စစ်ပန်ကာကို လူနဲ့တိုက်ရိုက် မထိစေဘဲ လေလည်ပတ်အောင် ထားပေးပါ။

-အရေးပေါ်သတိပြုရန် - အပူလျှပ်ခြင်း (Heat Stroke)
ခန္ဓာကိုယ် အပူချိန် အရမ်းတက်ပြီး ချွေးမထွက်တော့ဘဲ သတိလစ်တာဟာ အသက်အန္တရာယ်ရှိတဲ့ Heat Stroke ဖြစ်နိုင်ပါတယ်။
ရှေ့ပြေးလက္ခဏာများ:
ခေါင်းအရမ်းကိုက်ခြင်း၊ မူးဝေခြင်း။
ပျို့အန်ခြင်း၊ ရင်တုန်ခြင်း။
အသားအရေ နီရဲပြီး ပူခြစ်နေခြင်း။
သတိလစ်ခြင်း (သို့မဟုတ်) စိတ်ကယောင်ကတမ်းဖြစ်ခြင်း။

ရှေးဦးသူနာပြုစုနည်း:
-လူနာကို အေးမြပြီး အရိပ်ရတဲ့နေရာကို ချက်ချင်းရွှေ့ပါ။
-အဝတ်အစားတွေကို ချွတ်ပေးပါ (သို့မဟုတ်) ပေါ့ပါးတာဝတ်ပေးပါ။
-ရေအေး (သို့မဟုတ်) ရေခဲရေဝတ်နဲ့ တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။
-သတိရှိနေရင် ရေအေးအေး တိုက်ပေးပါ။
-အခြေအနေ မထူးခြားရင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ။

နောက်ဆုံးတစ်ခုကတော့ မြန်မာနိုင်ငံမှာ အိမ်ခြေရာမဲ့ အလွန်ပေါကြောင့် ဒီလိုပူပြင်းတဲ့နှစ်တွေတိုင်း အပူဒဏ်ကြောင့် အိမ်ခြေရာမဲ့တွေ အသက်ဆုံးရှုံးရတာ အားလုံးအသိပါပဲ။
အခုလို စံချိန်တင် ပူပြင်းမယ့် ၂၀၂၆ နွေရာသီမှာမိတ်ဆွေတို့ ဆန္ဒရှိတယ်ဆို အိမ်ခြေရာမဲ့တွေအတွက် ဒီလိုလေးတွေကူညီနိုင်ပါတယ်။

ဒီနှစ်လို အပူချိန် ၄၀ ဒီဂရီကျော်တဲ့အခါ လမ်းပေါ်မှာ နေထိုင်သူတွေအတွက် အောက်ပါပစ္စည်းလေးတွေက အရမ်းအရေးကြီးပါတယ် -
သောက်ရေသန့်: ရေဘူးအေးအေးလေးတွေ ဒါမှမဟုတ် ရေဗူးအကြည်လေးတွေ လှူပါ။ (အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်တာ အသက်အန္တရာယ် ရှိနိုင်လို့ပါ)
ဓာတ်ဆားထုတ်: ရေထဲဖျော်သောက်ရုံပဲဆိုတော့ သူတို့အတွက် အင်အားဖြစ်စေပါတယ်။
ထီး သို့မဟုတ် ဦးထုပ်: နေရောင်တိုက်ရိုက်မထိအောင် အကာအကွယ်ပေးနိုင်ပါတယ်
ယပ်တောင်: လျှပ်စစ်မရှိတဲ့နေရာမှာ ဒါဟာ သူတို့အတွက် အသုံးအဝင်ဆုံးပါ။

-တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ (Hygiene Kits)
ရောဂါဘယ ကာကွယ်နိုင်ဖို့အတွက် အထုပ်သေးလေးတွေ လုပ်ပြီး လှူဒါန်းနိုင်ပါတယ် -
ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ။
တစ်ရှူးအစို (Wet Tissues) - ရေချိုးဖို့ ခက်ခဲတဲ့သူတွေအတွက် ကိုယ်လက်သန့်စင်ဖို့ အရမ်းအဆင်ပြေပါတယ်။
လက်သန့်ဆေးရည် (Sanitizer)။

-အစားအသောက် လှူဒါန်းခြင်း။
ပျက်စီးလွယ်တာမျိုး ရှောင်ပါ: ပူအိုက်တဲ့အချိန်မှာ ဟင်းတွေက မြန်မြန်သိုးလွယ်လို့ အသင့်စားလို့ရတဲ့ မုန့်ခြောက်၊ ပေါင်မုန့် ဒါမှမဟုတ် သစ်သီး (ငှက်ပျောသီး၊ လိမ္မော်သီး) တွေက ပိုကောင်းပါတယ်။
အစာကြေလွယ်တာမျိုး: သက်ကြီးရွယ်အို အိမ်ခြေရာမဲ့တွေအတွက် ဝါးရလွယ်ပြီး အစာကြေလွယ်တဲ့ အစားအစာကို ဦးစားပေးပါ။

မိုးနဲ့ ဆောင်းကို ဖြတ်ကျော်လာတဲ့ အိမ်ခြေရာမဲ့ အများစုဟာ အဝတ်ထူထူ တွေပဲရှိကြပါလိမ့်မယ်။ ဒီလိုပူပြင်းတဲ့ ရာသီရောက်တဲ့အခါလဲ ဝတ်စရာမရှိသူတို့ဟာ အဝတ်အထူတွေပဲ ဝတ်မြဲဝတ်နေနိုင်တာမို့ ကိုယ်မဝတ်တော့တဲ့ ပွပွချောင်ချောင် ချည်သားအင်္ကျီဟောင်းတွေကို သန့်သန့်ရှင်းရှင်း လျှော်ဖွတ်ပြီး ပေးကမ်းနိုင်ပါတယ်။

အားလုံး စိတ်ရော၊ လူရော ကျန်းမာစွာနဲ့ အပူဒဏ်ကို အန်တုနိုင်ကြပါစေ။ လူအများဖတ်ရှုလို့ရအောင် Shareလေးလုပ်သွားပေးဖို့ အကြံပြုပါတယ်။

-William Abramson

ကိုးကား : -WMO (World Meteorological Organization)
-NASA & NOAA
-TMD (Thai Meteorological Department)
-Climate Change Models


ုသုတ #အပူဒဏ်အန္တရာယ် #ကျန်းမာရေး #နွေရာသီ #ဗဟုသုတ

📣 ပစည်းလေး အနည်းငယ် ပြန်ဝင်ပါတယ်ရှင်📣 💕CENTRUM SILVER Adults 50+ 👴🏻👵🏻💕   ✅🌟🌟🌟ဆီးချိုသမားတွေလဲ သောက်သုံးနိုင်တဲ့ GMO & Gl...
06/02/2026

📣 ပစည်းလေး အနည်းငယ် ပြန်ဝင်ပါတယ်ရှင်📣
💕CENTRUM SILVER Adults 50+ 👴🏻👵🏻💕 ✅

🌟🌟🌟ဆီးချိုသမားတွေလဲ သောက်သုံးနိုင်တဲ့ GMO & Gluten မပါဝင်သော Centrum Silver 50+
Multivitamins ဖြည့်စွက်အားဆေးဖြစ်ပါတယ်ရှင်... 🙏🏻

💎 ဟာ အသက်၅၀ကျော် အမျိုးသား အမျိုးသမီး တို့အတွက် အဓိကလိုအပ်တဲ့vitamins နှင်​့ သတ္ထုဓာတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့ ထုတ်လုပ်ထားတဲ့ Top 1 Mulitivitamins Brand အနေနဲ့ပြောစရာမလိုအောင် လူသိများ၊လူကြိုက်များတဲ့ အားဆေးကောင်းတစ်လက်ဖြစ်ပါတယ်...😇💕

💎 50+ ရဲ့အကျိုးကျေးဇူးများ💎

✅VITAMINS D, B6 နဲ့ CALCIUM, MAGNESIUM တို့ပါဝင်သောကြောင့် ကြွက်သားကျန်းမာရေးနှင်​့ အရိုးများသန်မာစေခြင်း💪🏻

✅Vitamins B6, B12, VitC, E နဲ့ Folic Acid တို့ပါဝင်သောကြောင့် နှလုံးရဲ့လုပ်ဆောင်ချက်နှင့် သွေးလည်ပတ်မှုအတွက် အထူးအထောက်အကူပြုခြင်း...💓

✅Zinc, Vit C and B-VITAMINS တွေ ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားနှင့် ဦးနှောက်မှတ်ဉာဏ်စွမ်းအားကောင်းစေခြင်း...🧠💪🏻

✅မျက်လုံးကျန်းမာရေးအတွက်လိုအပ်သော Vitamins A,C,E and LUTEIN ပါဝင်ခြင်း...👁
စသော အကျိုးကျေးဇူးများစွာရရှိနိုင်သောကြောင့်
ထောက်ခံချက်အများဆုံး ဖြည့်စွက်စာ အားဆေး
တစ်ခုပါနော်...♥️😊

💊နေ့စဥ်ပုံမှန် တနေ့ ၁လုံး အစာစားပြီး သောက်သုံးနိုင်ပါတယ်ရှင်…

🇺🇸 50+
✅
💊Centrum Silver Adult 50+ (325 tabs)
exp date - 4/2027

( $ စျေးအတက်အကျအလိုက် စျေးနှုန်းအပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်ရှင်)

👉👉မှာယူလိုပါက

💁🏻‍♀️Onlineက မှာယူလိုတဲ့ Customer များအတွက် မှာပြီး ၂-၃ရက်အတွင်း အိမ်အရောက်
🚚 𝙃𝙤𝙢𝙚 𝘿𝙚𝙡𝙞𝙫𝙚𝙧𝙮 𝙎𝙚𝙧𝙫𝙞𝙘𝙚 လေးလဲ ရှိလို့
📲Page ChatBox / Viber (+95 9761216137) ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ လိုအပ်သောဆေးဝါးနှင့်ကျန်းမာရေးပစည်းများ online order တင်နိုင်ပါတယ်ရှင်…
📦Deliveryပို့ဆောင်ခသက်သာစွာဖြင့်
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေ
Cash On Delivery ဆေးပို့ပေးသည့် ဝန်ဆောင်မှုပေးနေပါပြီရှင်💊📦🤩

💁🏻‍♀️ ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …
📌အမှတ် (၂၄ B)၊ ရန်အောင်လမ်းမ၊
(၃)ရန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်… ☺️❣️

📞ဖုန်း- 09 761216137 ၊ 09 786338328
📲(viber)+95 9761216137

🇺🇸


🇺🇸
50+ 🧓🏻👵🏻
✅

08/12/2025

#နှာခေါင်းပွင့်ဆေးများ နှင့် သိထားသင့်သော အန္တရာယ်များ
(သုံးတတ်လျင် ဆေး - မသုံးတတ်လျင် ဘေး)
___________________________________

“နှာပိတ်ပျောက်ဆေး / နှာခေါင်းပွင့်ဆေး” ရည်ရှည်သုံးစွဲသူတိုင်း
မဖြစ်မနေ သိထားသင့်တယ်ထင်လို့ ဒီစာလေးရေးလိုက်ပါတယ်။

နှာခေါင်းပိတ်ခြင်း (Nasal blockage) ဆိုတာ နှာခေါင်းဓာတ်မတည့်ခြင်း (Allergic Rhinitis) ကနေ တုပ်ကွေးရာသီဖျား (Flu) အထိ နေ့စဉ်တွေ့ကြုံ ကုသပေးနေရတဲ့ အဖြစ်အများဆုံး ဝေဒနာတစ်ခုပါ။
လူအတော်များများက နှာခေါင်းပိတ်တာ ချက်ချင်းသက်သာစေဖို့ နှာခေါင်းပွင့်ဆေးရည် (Nasal Decongestant Sprays/Drops) တွေကို အားကိုးလေ့ရှိကြပါတယ်။

ဒါပေမဲ့... ဒီဆေးတွေကို လွဲမှားစွာ သုံးစွဲမိရင် "နာတာရှည် နှာခေါင်းပိတ်ရောဂါ" ဖြစ်စေနိုင်တယ်ဆိုတာ သိစေချင်ပါတယ်။

⸝

❍ Nasal Decongestants (နှာခေါင်းပွင့်ဆေးများ) ဆိုတာ ဘာလဲ?

အများဆုံးသုံးလေ့ရှိတဲ့ ဆေးဝါးတွေကတော့ -
• Oxymetazoline (ဥပမာ - Afrin)
• Xylometazoline (ဥပမာ - Otrivin)
• Phenylephrine

သူတို့က ရောင်ရမ်းနေတဲ့ နှာခေါင်းသွေးကြောလေးတွေကို ကျုံ့သွားစေပြီး (Vasoconstriction) လေလမ်းကြောင်း ပွင့်သွားအောင် လုပ်ဆောင်ပေးပါတယ်။

✔️ မိနစ်ပိုင်းအတွင်း သိသာတယ်
✔️ နှာခေါင်းပိတ်တာကို ထိထိရောက်ရောက် သက်သာစေတယ်
❌ ဒါပေမဲ့ ရေရှည်သုံးဖို့ ဖြေရှင်းနည်း "မဟုတ်ပါ"
⸝

❍ ဘယ်အချိန်မှာ သုံးသင့်သလဲ?

နှာခေါင်းပွင့်ဆေးတွေကို ရေတို (သို့) တိကျတဲ့ အခြေအနေတွေ(လက်တလောနှာခေါင်းခွဲထားတဲ့သူတွေ)အတွက်သာ သုံးသင့်ပါတယ် -

✔️ ၁။ ဗိုင်းရပ်စ် တုပ်ကွေးမိတဲ့အခါ (Common Cold)
နှာခေါင်းရောင်ရမ်းတာကို ခေတ္တလျော့ကျစေပြီး ကောင်းကောင်း အသက်ရှူနိုင်၊ အိပ်ပျော်နိုင်စေဖို့ သုံးနိုင်ပါတယ်။

✔️ ၂။ လေယာဉ် မစီးခင်အချိန်
နားလေပြွန် ပြဿနာရှိသူတွေမှာ လေယာဉ်စီးရင်ဖြစ်တတ်တဲ့ နားကိုက်တာနဲ့ နားအူ၊ နားလေဖိအားဒဏ်တွေကို လျှော့ချပေးဖို့ သုံးနိုင်ပါတယ်။

✔️ ၃။ နှာခေါင်းပိတ်လွန်းတဲ့အခါ
နှာခေါင်းဓာတ်မတည့်သူတွေ၊ ထိပ်ကပ်နာရှိသူတွေမှာ အခြားကုသမှုတွေ (ဥပမာ - နှာခေါင်းစတီးရွိုက်ဆေး) အာနိသင်မပြခင် ကြားကာလ ကုသမှုအနေနဲ့ ခေတ္တခဏ သုံးနိုင်ပါတယ်။

✔️ ၄။ နှာခေါင်းတွင်း ကုသမှုများ မပြုလုပ်ခင်
နား၊ နှာခေါင်း၊ လည်ချောင်း (ENT) ဆရာဝန်များက လူနာကို စမ်းသပ်စစ်ဆေးတဲ့အခါ သို့မဟုတ် ကုသမှုတွေမလုပ်ခင်မှာ သုံးလေ့ရှိပါတယ်။
⸝

❍ ရေရှည်စွဲသုံးခြင်းကို ဘာကြောင့် မဖြစ်မနေ ရှောင်ကြဉ်ရမလဲ

နှာခေါင်းပွင့်ဆေး တွေကို ၃-၅ ရက်ထက် ပိုသုံးမိရင် အောက်ပါဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ် -

❌ ၁။ Rhinitis Medicamentosa (ဆေးစွဲပြီး နှာခေါင်းပိတ်ခြင်း/ Rebound Congestion)

ဆေးကို ရက်ရှည်သုံးလိုက်တဲ့အခါ နှာခေါင်းက ဆေးပေါ်မှာ မှီခိုသွားတတ်ပါတယ်။ ဆေးရပ်လိုက်တာနဲ့ သွေးကြောတွေက အရင်ကထက် ပိုရောင်လာပြီး နှာခေါင်းပိတ်တာ ပိုဆိုးလာတတ်ပါတယ်။
ဒါက သံသရာလည်တဲ့ ဖြစ်စဉ် (Vicious cycle) ကို ဖြစ်စေပါတယ် -
➡️ ဆေးဖျန်းလျင် သက်သာသလို ခံစားရမယ်
➡️ ဆေးရပ်လိုက်လျင် နှာခေါင်းပြန်ပိတ်မယ်
➡️ ဆေးကိုတဖြည်းဖြည်း ပိုသုံးလာရပြီး အခြေအနေ ပိုဆိုးသွားတတ်ကြပါတယ်။

ဒါက အဖြစ်များပြီး ဆေးခန်းတွေကို ဒီပြဿနာနဲ့ လာပြကြတဲ့ လူနာတွေ အများကြီးရှိပါတယ်။
⸝
❌ ၂။ နှာခေါင်းအတွင်းမြှေးပါး နာတာရှည် ရောင်ရမ်းခြင်း (Chronic Inflammation)

ရေရှည်သုံးစွဲခြင်းက အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ် -
• နှာခေါင်းအတွင်းသား ရောင်ရမ်းခြင်း (Mucosal edema)
• ပူစပ်ပူလောင် ခံစားရခြင်း
• နှာခေါင်းခြောက်သွေ့ခြင်းနှင့် အနာဖေးတက်ခြင်း
• အနံ့ခံအာရုံ လျော့နည်းခြင်း (Hyposmia)
⸝
❌ ၃။ ခန္ဓာကိုယ်တွင်း ဘေးထွက်ဆိုးကျိုးများ (Systemic Side Effects)

ဒီဆေးတွေက သွေးကြောကျဉ်းစေတဲ့ အာနိသင်ရှိတာကြောင့် (အဖြစ်နည်းပေမဲ့) အောက်ပါတို့ ဖြစ်နိုင်ပါတယ် -
• သွေးဖိအား မြင့်တက်ခြင်း
• ရင်တုန်ခြင်း
• ခေါင်းကိုက်ခြင်း
• အိပ်မပျော်ခြင်း
• သွေးတိုးရောဂါဆေး (သို့) လည်ပင်းကြီးရောဂါဆေးများ၏ အာနိသင်ကို အနှောင့်အယှက်ဖြစ်စေခြင်း
သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ မျက်လုံးရေတိမ် နှင့် နှလုံးရောဂါရှိသူများ အထူးသတိထား သုံးစွဲသင့်ပါတယ်။
⸝

❍ အန္တရာယ်ကင်းစွာ သုံးစွဲဖို့ဆို

✔️ တစ်ဖက်ကို ၁-၂ ချက် (Sprays) သာ ဖျန်းပါ
✔️ အများဆုံး ၃-၅ ရက်သာ သုံးပါ
✔️ နေ့စဉ်ရက်ဆက် (သို့) အပတ်နဲ့ချီပြီး လုံးဝ (လုံးဝ) မသုံးပါနှင့်
✔️ နှာခေါင်းပိတ်တာ မပျောက်ရင် ENT ဆရာဝန်နဲ့ ပြသပါ
(ဓာတ်မတည့်တာ၊ ထိပ်ကပ်နာ၊ နှာခေါင်းအသားလုံးရှိတာ စတဲ့ အခြားအကြောင်းရင်းတွေ ဖြစ်နိုင်ခြေများလို့ပါ)
⸝

❍ နှာခေါင်းပွင့်ဆေး စွဲနေပြီဆိုရင် ဘာလုပ်မလဲ?

အကယ်၍ ရည်ရှည်အသုံးပြုလို့ ဆေးကြောင့်ပိုမို နှာခေါင်းပိတ်တဲ့ဒဏ် (Rebound congestion) ခံစားနေရပြီဆိုရင် ဖြေရှင်းနည်းကတော့ -
✔️ ဆေးသုံးတာကို တဖြည်းဖြည်း လျှော့ရပ်ပါ (Gradual withdrawal)
✔️ ရေရှည်သုံးလို့ စိတ်ချရတဲ့ နှာခေါင်းဖြန်း စတီးရွိုက်ဆေး (Intranasal corticosteroids) ပြောင်းသုံးပါ
✔️ ဆားရည်ဖြင့် နှာခေါင်းဆေးပါ (Saline irrigation)
✔️ အခြားရောဂါအခံ ရှိမရှိ သိရအောင် နားနှာခေါင်းလည်ချောင်းအထူးကုနဲ့သေချာပြပါ။
အများစုက လမ်းညွှန်မှုအတိုင်း ကုသရင် ၂-၃ပတ်အတွင်း ပြန်ကောင်းလာတတ်ပါတယ်။
⸝

🗣️ နောက်ဆုံးအနေနဲ့

Nasal decongestants (နှာခေါင်းပွင့်ဆေး) တွေက "မီးသတ်ဆေးဘူး" နဲ့ တူပါတယ်။ အရေးပေါ်အခြေအနေတွေအတွက်ပါပဲ။ အရမ်းကောင်းပေမဲ့ နေ့တိုင်းသုံးဖို့တော့ ဟုတ်မနေပါဘူးခင်ဗျာ။

မိမိသဘောဖြင့် ရည်ရှည်မသုံးသင့်ပါ။
မူးယစ်ဆေးလိုပဲ မသုံးပဲမနေနိုင်သည့် အဖြစ်မျိုး မဖြစ်စေချင်လို့ပါ။

ပိုမို လွယ်ကူအဆင်ပြေစွာ အသက်ရှူနိုင်ကြပါစေ။
(Breathe smarter, not harder!)
⸝
Disclaimer:
ဤပိုစ့်သည် ကျန်းမာရေး အသိပညာပေးရန်သာ ရည်ရွယ်ပြီး တစ်ဦးချင်းစီအတွက် ဆေးကုသမှု အကြံဉာဏ်များကို အစားထိုးရန် မဟုတ်ပါ။ အကယ်၍ နှာခေါင်းဝေဒနာများ မပျောက်ကင်းဘဲ ဖြစ်ပွားနေပါက နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် (ENT Specialist) နှင့် တိုင်ပင်ဆွေးနွေး ဖို့လိုပါတယ်ခင်ဗျာ။
⸝

မေတ္တာဖြင့်

ဒေါက်တာ အောင်ထက်ထွန်း
M.B.,B.S M.Med.Sc(ORL-HNS)
Dr.Med.Sc(ORL-HNS) M.R.C.S (ENT) Edinburgh
နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ပါရဂူ



စာကြွင်း: ကျန်းမာရေးဗဟုသုတအဖြစ်သာ ရေးသားခြင်း ဖြစ်ပါသည်။
သို့ပါ၍ လူနာတစ်ဦးတစ်ယောက်ခြင်းအတွက် ပြန်လည်ဖြေကြားမှုမပြုနိုင်တာ နားလည်ပေးစေလိုပါသည်။

လူတော်တော်များများက ကြက်ဥပြုတ် ကို ရိုးရိုးမနက်စာတစ်ခုလိုပဲ မြင်ကြပါတယ်။ ဒါပေမဲ့ ထိုင်းရိုးရာဆေးပညာအရ ကြက်ဥဟာ "မြေဓာတ်နဲ...
30/11/2025

လူတော်တော်များများက ကြက်ဥပြုတ် ကို ရိုးရိုးမနက်စာတစ်ခုလိုပဲ မြင်ကြပါတယ်။ ဒါပေမဲ့ ထိုင်းရိုးရာဆေးပညာအရ ကြက်ဥဟာ "မြေဓာတ်နဲ့ ရေဓာတ်" မျှတတဲ့ အစားအစာဖြစ်ပြီး စွမ်းအင်ပေးတယ်၊ သွေးအားကောင်းစေတယ်၊ အစာခြေမီးဓာတ် ကိုပါ ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မနက်ခင်း (၆:၀၀ နာရီမှ ၉:၀၀ နာရီ) အတွင်း စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ "အစာခြေမီး" အကောင်းဆုံး အလုပ်လုပ်တဲ့အချိန် ဖြစ်တာကြောင့် ကြက်ဥထဲက အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်ပြီး အညစ်အကြေး (အဆိပ်အတောက်) တွေလည်း ဖြစ်ခဲပါတယ်။

💛 ကြက်ဥပြုတ် စားသုံးခြင်းရဲ့ အဓိက အကျိုးကျေးဇူးများ
✅ ၁။ နှလုံးကျန်းမာရေးကို အားဖြည့်ပေးပြီး မကောင်းတဲ့ အဆီ (LDL) လျှော့ချခြင်း
ကြက်ဥထဲက ပရိုတင်းဓာတ်ဟာ နှလုံးကြွက်သားတွေကို သန်မာစေပါတယ်။ ကြက်ဥထဲက ကောင်းတဲ့အဆီ (HDL) က သွေးကြောတွေထဲက မကောင်းတဲ့အဆီ (LDL) တွေကို ဖယ်ရှားပေးတဲ့အတွက် သွေးလည်ပတ်မှု ကောင်းမွန်ပြီး နှလုံးရောဂါနဲ့ သွေးကြောပိတ်ဆို့ခြင်း အန္တရာယ်ကို လျှော့ချပေးပါတယ်။

✅ ၂။ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပြီး သွေးအားကောင်းစေခြင်း
ကြက်ဥမှာ ဗီတာမင် D, A, B12 နဲ့ ဆီလီနီယမ် (Selenium) တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို ဆန့်ကျင်ပေးပြီး သွေးဖြူဥကို အားဖြည့်ပေးပါတယ်။ ညဉ့်နက်တဲ့သူ ဒါမှမဟုတ် အလုပ်ပင်ပန်းတဲ့သူတွေအတွက် သွေးအား ပြန်လည်ဖြည့်တင်းပေးပါတယ်။

✅ ၃။ ကြွက်သားနဲ့ အရိုးအဆစ်များကို ထောက်ပံ့ခြင်း
ကြက်ဥမှာပါတဲ့ အမိုင်နိုအက်ဆစ် (Amino acids) တွေဟာ တစ်ရှူးတွေကို ပြန်လည်တည်ဆောက် ပြုပြင်ပေးပါတယ်။ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ် (Phosphorus) ကလည်း အရိုးနဲ့ သွားတွေကို ခိုင်မာစေပါတယ်။

✅ ၄။ မျက်စိနဲ့ ဦးနှောက်ကို အားဖြည့်ခြင်း
ကြက်ဥအနှစ်ထဲက လူတင် (Lutein) နဲ့ ဇီယာဇန်သင်း (Zeaxanthin) ဓာတ်တွေက မျက်စိအတွင်းပိုင်း အာရုံခံလွှာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကိုလင်း (Choline) ဓာတ်က ဦးနှောက်ကို အားဖြည့်ပေးပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

✅ ၅။ အတွင်းပိုင်းကနေ အလှအပကို မြှင့်တင်ပေးခြင်း
ကြက်ဥထဲက ပရိုတင်းနဲ့ ဘိုင်အိုတင် (Biotin) ဓာတ်တွေဟာ လက်သည်းနဲ့ ဆံပင်တွေကို သန်မာစေပါတယ်။ အသားအရေကို စိုပြေဝင်းပစေပြီး ဆဲလ်တွေ ယိုယွင်းပျက်စီးမှုကို နှေးကွေးစေပါတယ်။

"ကောင်းမွန်တဲ့ အစားအစာဆိုတာ ဈေးကြီးဖို့ မလိုပါဘူး။
မနက်တိုင်း စားသုံးတဲ့ ကြက်ဥပြုတ် တစ်လုံးဟာ
သွေးအား၊ နှလုံး၊ ဦးနှောက်နဲ့ ဆံပင်တို့ကို အားဖြည့်ပေးပြီး
ကျန်းမာရေးကို အခြေခံကနေ စောင့်ရှောက်ပေးခြင်းပဲ ဖြစ်ပါတယ်!"
ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏

#မေတ္တာဖြင့် #ပြန်လည်မျှဝေသည် #ကျန်းမာရေး #ဗဟုသုတ

💊   50+ (275 tabs)🇺🇸👵🏻 💖✅ဆရာဝန်တွေ pharmacist တွေထောက်ခံမှု အများဆုံးရထားပြီရောင်းအားအကောင်းဆုံး multivitamin brand ပါ🇺🇸...
30/11/2025

💊 50+ (275 tabs)🇺🇸👵🏻 💖
✅ဆရာဝန်တွေ pharmacist တွေထောက်ခံမှု အများဆုံးရထားပြီရောင်းအားအကောင်းဆုံး multivitamin brand ပါ🇺🇸
✅အသက်၅၀ကျော် အမျိုးသမီးများ အတွက်ပါ။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ key nutrients များစွာပါဝင်ပါတယ်။
✅Vitamin B ဓါတ်မျိုးစုံပါဝင်တာကြောင့် အားအင်ပြည့်ဖြိုးလန်းဆန်းစေပါတယ်။
✅Vitamin D နဲ့ Calcium ကအရိုးများကိုသန်မာစေပါတယ်။
✅Vitamin A,C,E နဲ့lutein က မျက်လုံးအားကောင်းစေပါတယ်။
✅Vitamin B and zinc ဓါတ်ကဦးနှောက်နှင့်မှတ်ဉာဏ်ကိုအထောက်အကူဖြစ်​စေပါတယ်။။✅Vitamin C,E, zinc တို့ပါဝင်လို့ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပါတယ်။

💊နေ့စဥ် တနေ့ ၁လုံး အစာနှင့်တွဲဖက်၍ သောက်သုံးနိုင်ပါတယ်ရှင်…

✅ 50+👵🏻

👵🏻 50+ (275 tabs)🇺🇸
exp date1/2027

(✨ $Dollarစျေးအတက်အလိုက် စျေးနှုန်းအပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်ရှင်)😊

👉🏻👉🏻မှာယူလိုပါက-
💁🏻‍♀️Onlineက မှာယူလိုတဲ့ Customer များအတွက် မှာပြီး ၂ရက်အတွင်း အိမ်အရောက်
🚚 𝙃𝙤𝙢𝙚 𝘿𝙚𝙡𝙞𝙫𝙚𝙧𝙮 𝙎𝙚𝙧𝙫𝙞𝙘𝙚 လေးလဲ ရှိလို့
📲Page ChatBox / Viber (+95 9761216137) ကဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ လိုအပ်သောဆေးဝါးနှင့်ကျန်းမာရေးပစည်းများ online order တင်နိုင်ပါတယ်ရှင်…
📦Deliveryပို့ဆောင်ခသက်သာစွာဖြင့်
မြန်မာပြည်အနှံ့ အိမ်အရောက်ငွေချေ
Cash On Delivery ဆေးပို့ပေးသည့် ဝန်ဆောင်မှုပေးနေပါပြီရှင်💊📦🤩

💁🏻‍♀️ ဆိုင်မှာလာရောက်အားပေးလိုတဲ့ Customer များအတွက် …
📌အမှတ် (၂၄ B)၊ ရန်အောင်လမ်းမ၊
(၃)ရန်ပြေရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
သို့ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်… ☺️❣️

📞ဖုန်း- 09 761216137 ၊ 09 786338328
📲(viber)+95 9761216137


💊
🇺🇸
✅
👵🏻💪🏻
silver

Address

Yan Aung Street, Thaketa Township
Yangon
11231

Telephone

+959786338328

Website

Alerts

Be the first to know and let us send you an email when Saw Nu Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Saw Nu Pharmacy:

Share