Dr. Mario

Dr. Mario တော်လှန်ရေးခရီးတ‌ေလျှာက် ဘဝဇာတ်ဖုံအစုံစုံအား မှတ်တမ်းတင်ရန် ရည်ရွယ်ထားပါသည်။

ကလေးတယောက် အလုပ်လုပ်နေရင်း ဝါးရှသွားတာတဲ့ တော်သေးတယ် tendonတွေ မပြတ်တာ။
19/06/2022

ကလေးတယောက် အလုပ်လုပ်နေရင်း ဝါးရှသွားတာတဲ့ တော်သေးတယ် tendonတွေ မပြတ်တာ။

16/06/2022

တောခြင်တွေတအားသောင်းကျန်းလွန်းလို့ Mosquito Repellent တောင် မနိုင်ဘူး။ နေထွက်နေဝင်ဆိုတော့ ခြင်ထောင်ကြီး တချိန်လုံး ထောင်နေရမယ့်ပုံပဲ။ ကိုက်ပြီးရင်လဲ တရက်နှစ်ရက်ထိ ယားတာ မပြေဘူး နာတောင်နာတယ်။ Calamine မနိုင်လို့ သနပ်ခါးလူးပြီး Cetrizine ပါ သောက်အိပ်နေရတဲ့ ဘဝ။ ခြင်ကိုက်လို့ ဆေးခန်းလာပြတဲ့ သူတွေလဲ အများသား။ အဲ့ဒါ Diagnosis ဘယ်လိုပေးရမယ်မသိတာနဲ့ Mosquito Bite လို့ပဲ ရေးလိုက်တော့တယ်။ 😂😂😂 ‌ဪတောဆရာဝန် တောဆရာဝန်

Catalogue နဲ့ သေချာလုပ်ထားတဲ့ ကျနော်တို့ ဆေးခန်းက ဆေးစတိုလေး။ဆေးဈေး‌ေတွက အဆမတန်တက်‌ေနတဲ့ကာလ၊ ပြည်သူတွေလှူဒါန်းထားတဲ့၊ လမ...
07/06/2022

Catalogue နဲ့ သေချာလုပ်ထားတဲ့ ကျနော်တို့ ဆေးခန်းက ဆေးစတိုလေး။

ဆေးဈေး‌ေတွက အဆမတန်တက်‌ေနတဲ့ကာလ၊ ပြည်သူတွေလှူဒါန်းထားတဲ့၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးအန္တရာယ် အခက်အခဲ ‌တွေကြားက သယ်ယူထားရတဲ့၊ ဆေးတွေကို မိုး၊ ခြ၊ ကြွက် ဒဏ်မခံရလေအောင် သေချာလေး စီမံ သိမ်းဆည်းစုဆောင်းရပါတယ်။

တော်လှန်ရေးဆရာဝန်တယောက်အတွက် ဘယ်အရာမဆို ready made အရံသင့်ဖြစ်မနေတော့ အဘက်ဘက်က စိမ်‌‌ေခါ်မှုများစွာနဲ့ ဘဝသမိုင်းမှာ အရုန်းကန်ရဆုံး အချိန်တွေလို့ ရေးမှတ်ထားပါရစေ။

06/06/2022

အာဏာ မသိမ်းခင်လေးကမှ ကျောင်းပြန်ပြီး basic science field တခုခုမှာ Demonstrator ဝင်လျှောက်ရင် ကောင်းမယ်ဆိုပြီး လျှောက်မလို့လုပ်သေးတယ်။ တော်လှန်ရေးနဲ့လဲ ကြုံလာရော ဖြစ်သွားပါတယ် Demonstrator လေး၊ Medic တွေကို Train နေတဲ့ တောထဲက ဆေးကျောင်းကလေးတခုမှာပေါ့။

09/04/2022

အင်တာနက် တစ်ပတ်မှ တစ်ခါ တနာရီလောက်တောနင်းပြီး သွားသုံးရလို့ page ‌active မဖြစ်ပါ။

20/03/2022

"သက်ပြင်း"

အခြေအနေက
သူ့လည်ပင်း ကိုယ်ညှစ်
ကိုယ့်လည်ပင်းသူညှစ်
နှစ်ဖက်စလုံး လည်ပင်းအစ်နေတဲ့
အခြေအနေ။

သန်းခေါင့်ထက်
ညမနက်တော့ပါဘူးလို့
ကိုယ့်ကိုယ်ကို အားပေးရင်း
မိုးမလင်းတော့တဲ့
နက်ဆဲ နက်မြဲ ညတွေ။

မသယ်နိုင်တာတွေ များလွန်းတော့
တခါတလေ လွှတ်ချလိုက်ချင်ရဲ့။
မခံစားနိုင်တာတွေ များလွန်းတော့
တခါတလေ ပျံသန်းသွားလိုက်ချင်ရဲ့။

မဖြစ်သေးပါဘူးလေ မဖြစ်သေးဘူး။
ငါ့ရှေ့မှာ....
အသက်ပေးသွားရသည့်တိုင်
သာဓု မခေါ်သေးတဲ့ ဝိဉာဥ်တွေ ရှိတယ်။
မျက်စိ ခြေလက် ပေးသွားရသည့်တိုင် လက်နက်မချသေးတဲ့ ရဲဘော်တွေရှိတယ်။

ငါသက်ပြင်ချလို့ မဖြစ်သေးပါဘူး။

ဝိ (မြက်ရိုင်း)

17/03/2022

တခြားသော တိုင်းရင်းသားဒေသတွေကို ရောက်လာတော့။ ထူးထူးခြားခြားတွေရတာလေးတွေရှိတယ်။

နှစ်ပေါင်းများစွာ စစ်‌ေဘးဒဏ်ခံလာရတဲ့ တိုင်းရင်းသား‌လူမျိုးစုတွေဟာ အိမ်မှာ ဘာပစ္စည်းပစ္စယမှ များများစားစားမထားဘူး။ ရိုးရိုးရှင်းရှင်းနေကြတာကိုတွေ့ရတယ်။ စစ်ဖြစ်ရင် ထပြေးနေရ လေယာဉ်လာကျဲရင်ထပြေးနေရတော့ ဝယ်ထားလဲ စွန်ထားခဲ့ရပါများတော့ minimalism နဲ့ ကျင့်သားရနေကြတယ်။

နောက်တခုက တော်တော်များများသော ဒုက္ခသည်စခန်းကနေ စစ်အေးနေတဲ့ နေရာဆို တဖြည်းဖြည်း ကြာလာတဲ့အခါ ရွာတွေ ဖြစ်လာကြတယ်။

လယ်ယာလုပ်ငန်းကိုလဲ နှစ်ရှည် လရှည်စိုက်ရတဲ့ လုပ်ငန်းထက်၊ ရေတို အပင်လေးတွေ လောက်ပဲ စိုက်တယ်။များသောအားဖြင့် ရွေ့လျားသွားလာလို့ရတဲ့ မွေးမြူရေး၊ အမဲလိုက်၊ သစ်ဥ သစ်ဖုရှာတာ၊ သစ်ခုတ်တာ၊ အင်ဖက်မိုးယှက်တာနဲ့ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စတာတွေနဲ့ပဲ အသက်မွေးကြရတယ်။

အသက်ဘေး (survival mode) အမြဲနေရတော့ ‌ကျောက်ခေတ်ဦးကလို harvesting နဲ့ hunting ပေါ်မှာပဲ migrating lifestyle တနေရာကနေ တနေရာ ရွေ့လျားသွားလာနေထိုင်ရတဲ့ လူနေမှုပုံစံနဲ့ နေနေရတယ်။

ဒီကြားထဲကနေ လူ့စွမ်းအားအရင်းအမြစ်ကို ရသလို ဖြစ်တဲ့နည်းနဲ့ မွေးထုတ်နေကြတာက လေးစားစရာကောင်းတယ်။ ဆေးဘက်ဆိုင်ရာ လူစွမ်းအားအရင်းအမြစ်တွေ၊ ပညာသင်ကြားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ကိုယ့်နည်းကိုယ့်ဟန် လည်ပတ်နေကြတယ်။ ဒါပေမဲ့လဲ survival mode နဲ့ပဲနေနေရတော့ trival ဘက်ကို အားစိုက်လိုက်တိုင်း ပြန်ပြန်ပြိုလဲနေကြရတယ်။

ဆေးရုံတွေ ကျောင်းတွေဆိုတာလဲ ဆောက်လိုက် ဗုံးကျဲခံလိုက်ရလိုက်။ ရွှေ့လိုက်ရနဲ့ အခြေခံ အဆောက်အအုံတွေဟာ ဆောက်ပြေး ဘဝ ဖြစ်နေရတယ်။ ဒီဒုက္ခကို ကျနော်ကိုယ်တိုင် စစ်ပွဲကာလမှာတုန်းက တော်တော်ခံခဲ့ရတယ်။ လူနာကုဖို့ ဆေးခန်းလေး ဆောက်လိုက်၊ (တဲလေးထိုးတာပါ) ဆေးလေးတွေ စီထားလိုက်။ ပစ္စည်းလေးတွေ နေရာချလိုက်။ တရက်နှစ်ရက်နေ သယ်နိုင်တာ သယ်ပြီး ထပြေးလိုက်ရ။ ကျနော်တို့ အဖွဲ့ကို ပြောတယ် "ဆောက်ပြေး အဖွဲ့" တဲ့ ဆောက်‌ပြီးရင် ပြေးပြေးနေရလို့။

လူနာတွေကို ရတဲ့ ‌နည်းနဲ့တော့ ကယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး စံနှုန်းအတိုင်း မလုပ်နိုင်တော့ ရလာဒ်ကောင်း သိပ်မရဘူးပေါ့။ လူနာတွေလဲ ပြေးနေရတာနဲ့တင် ဆေးကောင်းကောင်း မရပဲ အနာတွေ ပိုးဝင်၊ မသေဘူးဆိုပေမဲ့ အပ်နဲ့ ထွင်းရမယ့်အနာဟာ ပုဆိန်နဲ့ ထွင်းရတဲ့ အခြေအနေတွေ စိုက်ကုန်တယ်။

လူနာလွှဲတဲ့ လမ်းကြောင်းကလဲ တခါတလေ ကွေ့ပတ်သွားရတာ တောလမ်းခရီး ရေလမ်းခရီးတွေ ဖြတ်ရတာရှိတော့။ ရွာလည်ပြီး မကြာသင့်ပဲကြာကုန်တာပေါ့။

မျက်စိထိတဲ့ လူနာတ‌ေယာက်ဆို အဲ့လို ခရီးလမ်းနဲ့ သယ်ပို့ရ ပိုးသတ်ဆေးလဲ ကောင်းကောင်း မရတဲ့အခါ မျက်လုံးနှစ်လုံးလုံး ထုတ်ပစ်ရတဲ့ အထိ ဆိုးသွားတော့ တော်တော်စိတ်မကောင်းဖြစ်ရနယ်။

ဒီလိုပါပဲ စစ်‌ဆိုတာ ဖြစ်တဲ့ေမြတိုင်းဟာ မြေဇာပင်ဖြစ်ပြီး အပင်မသန် မရှင်သန်ပဲနေကြရတယ်။ ဒါ့ထက် စစ်အာဏာရှင် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး စစ်ဟာ ငြိမ်းမှာ မဟုတ်ဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းမှသာလျှင် ဒီမြေကြီးမှာ ပန်းတွေ ရောင်စုံ ပွင့်လန်းပြီး လှပနိုင်လိမ့်မယ်။

14/03/2022

လက်နက်မရှိ ကျည်ဆံမရှိပဲ တိုက်နေရတဲ့ တော်လှန်ရေးတပ်သား။
ဆေးမရှိ ဆေးပစ္စည်းမရှိပဲ
ကုနေရတဲ့ ဆရာဝန်။

တစ်နေ့ပြီး တ‌စ်နေ့ ကြပ်လာတဲ့
လမ်းကြောင်းတွေ
လက်နက်တွေရော
ဆေး၊ ဆေးပစ္စည်းတွေရော။

ဖြစ်သလို တိုက်နေရတဲ့ တိုက်ပွဲတွေ
ရသလို ကုနေရတဲ့ လူနာတွေ

နဂိုစိတ်နဲ့သာဆို လက်လျော့ပြီး
လုပ်ချင်ကိုင်ချင်စိတ်ရှိတော့မှာ မဟုတ်။

ထောင်ထဲမှာ ငါတို့ နိုင်မှ ထွက်ရမယ့် ငါတို့ညီ အကိုတွေ ရှိတယ်။
‌အသက်နှင့် ခန္ဓာ စတေးသွားကြတဲ့ ရဲဘော်တွေ အတွက် ထိုက်တန်တဲ့ ရလာဒ်တခုတော့ ရရမယ်။

ဒီလိုနဲ့ စိတ်တင်းရင်း တော်လှန်ရင်း သန်မာလာခဲ့တယ်။

13/03/2022

ဒရုန်းနဲ့ ဗုံးကျဲတာ အားရစရာကောင်းပါတယ်။
ဒါပေမဲ့ ကလေးတွေဟာ အန္တာရာယ်များနဲ့ လုပ်ကြရတယ်။
မလွှတ်ခင် လက်ထဲတင် ပေါက်ကွဲတဲ့ လူနာနဲ့။
Auto return စနစ်ကြောင့် errorတက်ပြီး မကွဲပဲ ပြန်ရောက်လာတဲ့ ဗုံးက ကိုယ့်ဆီမှာလာ ကွဲတဲ့ လူနာတွေ။
၂၀ အစိတ် လူငယ်လေးတွေ လက်ပြတ်။ ခြေထိ။ မျက်လုံးထိ။
တကယ့် လူငယ်ပညာတတ်လေးတွေကို ခင်းပြီး လျှောက်နေရတဲ့ တော်လှန်ရေးခရီးကြမ်းကြီးပါ။
ဒါကြောင့် မအောင်လို့မဖြစ်ပါ။

10/03/2022

တော်လှန်ရေးအတွက် ထွက်လာတော့ အိမ်ကို ဘာမှ အသိမပေးခဲ့ဘူး။ ကြားထဲလဲ သိပ် အ‌ကျိုးအကြောင်းမပြောဖြစ်ပါဘူး။ အထူးသဖြင့် အဖေနဲ့ စကားကြာကြာမပြောဖြစ်တာဆို တနှစ်လောက်တောင် ရှိပြီ ထင်တယ်။
ဒီနေ့မှ အဖေနဲ့ ဖုန်းပြောဖြစ်တယ်။
"တခြားလူတွေ မလုပ်နိုင်တဲ့ အလုပ်ကိုလုပ်တဲ့အတွက် သားအစား အဖေဂုဏ်ယူတယ်" တဲ့။ အဖေတို့က ကျနော့်ကို စိတ်ပူနေမယ် မလုပ်စေချင်ဘူးလို့ပဲ ထင်ခဲ့တာ။ အဖေရဲ့ ဒီစကားလေးတခွန်းက ‌ကျနော့် အတွက် အများကြီး ခွန်အားဖြစ်စေတယ်။
သားရွှေအိုးထမ်းလာတာ မြင်ချင်တဲ့ အဖေတွေ အမေတွေ အတွက် ငါတို့ ဒီပွဲကို နိုင်အောင်ဆက်တိုက်ရမယ်။
အိမ်မပြန်နိုင်တော့တဲ့ သားတွေ သမီးတွေ အတွက် ကမ္ဘာပျက်နေတဲ့ အဖေတွေ အမေတွေပေးဆပ်ရတာ တန်အောင် ငါတို့ အရေးတော်ပုံဟာ အောင်ကိုအောင်မှ ဖြစ်လိမ့်မယ်။

06/03/2022

"အသက်ရှုကြပ်နေတဲ့ ကဗျာတစ်ပုဒ်"

အသက်ရှူကြပ်နေပြီ
ကူသူမရှိ ကယ်သူမရှိ

အသက်ရှူကြပ်နေတဲ့ လမ်းမတွေ
မွန်းကြပ်‌ေလာင်မြှိုက်နေတဲ့ ရွာတွေ မြို့တွေ
အသက်ငင်နေတဲ့ တောတွေ တောင်တွေ
ပိတ်‌ေလှာင်နေတဲ့ သံတိုင်တွေ နံရံတွေ
အပြင်မှာလဲ မဲလို့ မှောင်လို့

ကယ်ပါ ယူပါ တဆာဆာ အော်ညည်းနေတဲ့
လူငယ်တွေ အနာဂါတ်တွေ ကလေးသူငယ်တွေ။

ဟိုးကမ္ဘာ မြောက်ဘက်မှာ
နျူးကလီးယားတဲ့
ကမ္ဘာစစ်တဲ့
ငါတို့ သိပ် ရင်မခုန်တော့
ငါတို့ ရင်ဘတ်ထဲမှာ ပူစရာနေရာ မရှိတော့။
နေရာလွှတ်မကျန်တော့။

ငါ့သားလေး ငါ့သားလေး ငါ့သားလေးလို့
ဘယ်နှခေါက် မနားတမ်း ရေရွှတ်နိုင်သလဲ
ဒါမှ မဟုတ် ဘယ်လောက်ကြာကြာ ဆက်တိုက် နားထောင်နိုင်လဲ။

မင်း အသက်ဘယ်လောက် အောင့်နိုင်လဲတဲ့
ငါတို့ တစ်နှစ်လောက် အသက်အောင့်နိုင်တယ်။
ငါတို့ အားလုံး ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ ယဉ်ပါးနေကြပြီ။
ဒါမဖြစ်သင့်ဘူး။ အောက်ဆီဂျင်ကို မေ့လို့ မဖြစ်ဘူး။

တစ်ယောက်ရှူထုတ်လိုက်တဲ့ လေက
နောက်တစ်ယောက်ကို ကယ်ဖို့ အတွက်လုံ လောက်တယ်တဲ့။
ဒီလိုနဲ့ ငါတို့ အသက်ဆက်နေရတယ်။
တကယ့်ဟာပဲ ငါတို့မှာ ငါတို့‌ေလးပဲ ရှိတယ်။

စုံးစုံးမြုပ်တော့မယ့်
‌သ‌င်္ဘောပျက်ကြီးကို ဖက်တွယ်ရင်း
မီးခိုးခေါင်းတိုင် နားက အလံတော်အတွက်
ကမ္ဘာမကြေ ဆိုဖို့ အသံမထွက်တော့ဘူး။

အရှင်လတ်လတ် မြေမြှုပ်ခံရတဲ့
မံမီ ရုပ်အလောင်းတွေဆီကနေ
အသံလွန် အော်သံတွေကို
ရှုံ့ကြုံ့‌ေနတဲ့ မျက်လုံးတွေ
အသားကုန်ဖွင့်ထားတဲ့ ပါးစပ်ပေါက်တွေကနေ ကြားနေရတုန်းပဲ။

သန်းခေါင်ထက်နက်တဲ့ ညတွေ
နိုးမရတဲ့ ခြောက်အိပ်မက်တွေ
မသေဆုံးနိုင်တဲ့ အသက်ငင်ခြင်းတွေ။
ထွက်ပေါက်မရှိတဲ့ ကဗျာတွေ။

ဝိ

လွန်ခဲ့တဲ့လက လေယာဉ်ဗုံးကျဲခံရတဲ့ ဆေးရုံတရုံကို သွားကြည့်တယ်။ မြင်ယောင်လာတယ်....လေယာဉ်ဗုံးလာကျဲမှာစိုးလို့ ဆလိုင်းပုလင်း ...
04/03/2022

လွန်ခဲ့တဲ့လက လေယာဉ်ဗုံးကျဲခံရတဲ့ ဆေးရုံတရုံကို သွားကြည့်တယ်။
မြင်ယောင်လာတယ်....

လေယာဉ်ဗုံးလာကျဲမှာစိုးလို့ ဆလိုင်းပုလင်း တန်းလန်းနဲ့ ထွက်ပြေးခဲ့ရတဲ့ လူနာတွေ။

ဆေးထိုးဖို့ ပြင်နေရင်း ထပြေးရတဲ့ ဆရာမ‌တွေ။

မင်းတို့ရဲ့ စိတ်ရိုင်း စိတ်ယုတ်မာတွေကို ငါနားမလည်နိုင်ဘူး။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Mario posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mario:

Share

Category