Top Star Maung Maung

Top Star Maung Maung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Top Star Maung Maung, Vitamins/Supplements, No. 483B, Aung Thapyae (1)Street, Kyee Pwar Yae Quarter, Thingangyam Township, Yangon.

Team အသစ် အတွက် အောက်ပါ ဝန်ထမ်းများ လိုအပ်လျှက်ရှိနေပါသည်။
24/07/2026

Team အသစ် အတွက် အောက်ပါ ဝန်ထမ်းများ လိုအပ်လျှက်ရှိနေပါသည်။

12/06/2026
Team အသစ်တွက် အောက်ပါ ဝန်ထမ်းများ လိုအပ်နေပါတယ်နော်......
18/06/2025

Team အသစ်တွက် အောက်ပါ ဝန်ထမ်းများ လိုအပ်နေပါတယ်နော်......

အောက်ပါ ဝန်ထမ်းများ လိုအပ်လျှက်ရှိနေပါတယ်နော်။
08/05/2025

အောက်ပါ ဝန်ထမ်းများ လိုအပ်လျှက်ရှိနေပါတယ်နော်။

မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။  အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။=========================...
30/03/2025

မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။ အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။
======================================

ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ်
တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။

သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။

မြန်မာကျောင်း စနစ်ဆိုရင်တော့
စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။ တကယ်ကမြန်မာကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာ သာဖြစ်ပါတယ်။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု
လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။
စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်မှုကိုဆိုလိုပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊
သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊
ဒါတွေအားလုံးက..
ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။
ဥပမာ သူတပါး personal ကိစ္စဆိုလဲ လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။
ကိုယ်နှုတ်ကိုမနိုင်တာ
စောင့်စည်းပေးရမှန်းမသိတာတွေ တွေ့ရပါတယ်။

ကိုယ့်ပြောခံရပီဆိုလဲထစ်ခနဲဆို ဒေါသထွက်လွယ်တယ် ပြသနာရှာတယ်။ ကိုယ်စိတ်ကိုယ်မထိမ်း နိုငိကြတာ
အများကြီးပါဘဲ။ ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်လိုက်သွားကြတဲ့သဘောပါ။

အသက်သာကြီးလာပြီး ကိုယ်နှုတ်စောင့်စည်းနိုင်မှု
နည်းသူ၊ စိတ်ဓါတ်ရင့်ကျက်မှုနည်းသူတွေကို
EQ နည်းတယ်လို့ပြောလို့ရတယ်။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..
ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့..
ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊
ဒါတွေကို.. တိုင်းတာနိုင်တာက..
ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

မြန်မာတွေပြောလေ့ပြောထရှိတဲ့
ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုကိရမှာလဲ နဲ့ ……ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုငိဖွင့်ရင်
သူ့ပတ်ဝန်းကျငိ Society အတွက်
သူ့ဆိုငိကဘာအကျိုးပြုနိုငိမလဲဆိုတဲ့အတွေးအခေါ် ကိုနှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါဘဲ။

SQ ဆိုတာအပေါင်းအသင်းဆံ့တာတစိခုထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲလဲပါပါတယ်။ မိတ်ဆွေကောင်း ပေါသူ၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ
ဘာလုပ်လုပ်အဆင်ပြေကြတာများပါတယ်။

4) The Adversity Quotient (AQ): ------------------------------
အရေးအကြီးဆုံး အေကျူ ဆိုတာက..ဘဝမှာ
တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့
ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့..
စွမ်းရည်လယ်ဗယ်တဲ့..။
အဲ့ဒါ.. AQ level တဲ့..။

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။
အေကျူလယ်ဗယ် နိမ့်သူတွေက..
ပြသနာ တို့ ဒုက္ခတို့ကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။
တနည်း သတ္တိကြောင်သူတွေပေါ့။

မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင်
ကံကိုဘဲ ပုံချတတ်ကြပီး ၊ အခွင့်အရေးရှိနေပါရဲ့နဲ့
ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြငိးတစ်မျိုးဘဲ။

IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
- - - - - - - - - - - - - - - - - - - - - - - -

လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့
ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့..
EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက..စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို
တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက်
ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (တိုးတက်နေတဲ့နိုင်ငံက သူတို့ဆီက ကျောင်းတွေမှာတောင်နော်) မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးဘဲ။

တကယ်တော့.. EQ က
ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..

SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့
အောင်မြင်လာပီဘဲဆိုပါစို့ လောကဓံရဲ့ အထုအထောင်း
မခံရတဲ့သူမရှိပါဘူး။

ကိုယ်အမှားမပြုသော်လဲ ကိုယ့်ဆီလာတဲ့
လောကဓံတွေရှိပါတယ်။ ဥပမာ စက်ရုံ မီးလောင်သွားတယ်။ အစိုးရဥပဒေအပြောင်းအလဲကြောင့်လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။

အဲဒီနေရာမှာ AQ ကအရေးပါလာပါပီ။
ပြန်ပီးကြိုးစားမယ်။ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်။ လဲရင်ပြန်ထ ဒါဘဝဘဲဆိုတာ AQ ပါဘဲ။

အောင်မြင်မှုခိုငိမာနေတဲ့သူတွေ၊
ထိပ်ဆုံးမှာတည်မြဲနေသူတွေ အကုန်ကြည့်ပါ။

လောကဓံရဲ့ ထုထောင်းမှုကနေ
ရုံးထလာကြသူတွေများပါတယိ။
အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။

=====================================
မြန်မာမိဘတွေကိုအကြံပြုချင်တာလေးက

မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်..
အလုပ်ကြမ်းတွေကိုလည်း
လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။

IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပီ။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က..
ပို အရေးကြီးပါတယ်။

ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊
ဘဝအခက်အခဲ ဒုက္ခတွေကို..
ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

မူရင်း ရေးသားသူရဲ့ အကြံပြုချက်က

"သားသမီးတွေကို..
သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။
သူတို့ကိုယ်တိုင် လမ်းခင်းပြီး..
လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

ကျွနိတော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင်
သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပီး
စိတ်ဓါတ်ကောင်းရှိသူတွေဖြစ်အောင်
ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းရင်း………

—————————————
original writer

ဖတ်လို့ကောင်းအောင်
ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ထားပါသည်။

မေတ္တာဖြင့်
ဦးဦးရဲသွေး

ကလေး မိခင်များအတွက် အထူးရွေးချယ်စရာ Super Star Multi Kid Drop, 30ml ရောက်ရှိနေပါပြီနော်။
11/02/2025

ကလေး မိခင်များအတွက် အထူးရွေးချယ်စရာ Super Star Multi Kid Drop, 30ml ရောက်ရှိနေပါပြီနော်။

Products list
22/01/2025

Products list

Team သစ်အတွက်  လျှောက်ထားနိုင်ပါတယ်။
22/01/2025

Team သစ်အတွက် လျှောက်ထားနိုင်ပါတယ်။

ခေါင်းဆောင်ကောင်းဆိုတာ ခေါင်းဆောင်မှု (Leadership) ဆိုတဲ့အကြောင်းအရာကို ခုနောက်ပိုင်းမှာအတော်များများစိတ်၀င်စားလာကြ သလို...
14/12/2024

ခေါင်းဆောင်ကောင်းဆိုတာ

ခေါင်းဆောင်မှု (Leadership) ဆိုတဲ့အကြောင်းအရာကို ခုနောက်ပိုင်းမှာအတော်များများစိတ်၀င်စားလာကြ သလို သင်တန်းတွေလည်းအများကြီးဖွင့်လာကြပါတယ်။

လုပ်ငန်းခွင်မှာလည်း ခေါင်းဆောင်မှုအကြောင်း အရာဟာ အရမ်းကိုရေးပန်းစားလာပါတယ်။ ခေါင်းဆောင်မှုအတတ်ပညာဟာ လူတိုင်းအတွက်မရှိမဖြစ် လိုအပ်တဲ့ပညာရပ်တစ်ခုပါ။ သင်ယူလေ့လာလေ့ကျင့်ယူမှရမဲ့အတတ်ပညာတစ်ခုလည်းဖြစ်ပါတယ်။

Laura လည်း ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပကစာရေးဆရာတွေရဲ့စာအုပ်တွေဖတ်ဖူးသလို နိုင်ငံတကာကခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့သင်တန်းတွေလည်း တက်ရောက်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်လည်း ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး မန်နေဂျာတွေကအစ ခေါင်းဆောင်ဖြစ်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေအထိ သင်တန်းပေးဖြစ်ပါတယ်။

အရင်နှစ်ပတ်လောက်က ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုလုပ်ဖြစ် ရင်း ဒီစာမျက်နှာလေးမှာလည်း ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို မျှဝေပေးမယ်လို့ စဉ်းစားမိတာနဲ့ ကိုယ့်အတွေ့အကြုံ နဲ့ သင်ယူလေ့လာထားတဲ့အထဲက ကောက်နှုတ်ပြီးမျှဝေပေးချင်ပါတယ်။

ခေါင်းဆောင်ဆိုတာဘယ်သူလဲ?

အရင်ဆုံးခေါင်းဆောင်ကောင်းဆိုတာကို မပြောခင် ခေါင်းဆောင်ဆိုတာဘယ်သူတွေကို ပြောတာလဲဆိုတာ သိဖို့လိုပါတယ်။ “ခေါင်းဆောင်ဆိုတာ လူတစ်စုကိုလွှမ်းမိုးနိုင်ပြီး ရည်မှန်းချက်တစ်ခုကိုရရှိအောင်လုပ် ဆောင်နိုင်သူ” လို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် တစ်ချို့တွေအသိမှားနေတဲ့ ရာထူးရှိမှခေါင်းဆောင်ဖြစ်တာ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ပတ်၀န်းကျင်ကလူတွေကို လွှမ်းမိုးနိုင်ပြီးသူလုပ်ချင်တာတွေကို နောက်ကလူတွေကလည်း သဘောတူညီစွာလိုက်လုပ်ဆောင်ပေးအောင် လုပ်ဆောင်နိုင်သူတိုင်းကို ခေါင်းဆောင်လို့သတ်မှတ်လို့ရပါတယ်။ အရေးအကြီးဆုံးက ခေါင်းဆောင်ဆိုတာ နောက်လိုက်ရှိမှ ခေါင်းဆောင်ဖြစ်မှာပါ။ ကိုယ့်ဟာကိုယ်ခေါင်းဆောင်လို့သတ်မှတ်ပြီး နောက်လိုက်မရှိရင် ခေါင်းဆောင် မဖြစ်ပါဘူး။

ခေါင်းဆောင်ကောင်းဆိုတာ

ခေါင်းဆောင်ဆိုတိုင်း ခေါင်းဆောင်ကောင်းဖြစ်ချင်မှဖြစ်တာပါ။ ဒါကြောင့်ခေါင်းဆောင်ကောင်းဆိုတာ လူအများကဘယ်လိုလူမျိုးတွေကို သတ်မှတ်လေ့ရှိသလဲ။ ဘယ်အချက်တွေနဲ့ပြည့်စုံတဲ့သူတွေကို ခေါင်းဆောင်ကောင်းလို့သတ်မှတ်လေ့ရှိသလဲ ဆိုတာကို သင်တန်းတွေမှာဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေကို မျှဝေပေးချင်ပါတယ်။

(၁) ရိုးသားမှု

“ရိုးသားမှုဟာ အကောင်းဆုံးမူဝါဒ” လို့ဆိုရိုးစကားရှိပါတယ်။ ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာ အမှားလုပ်မိရင် (သို့မဟုတ်) ကိုယ်မသိ

Address

No. 483B, Aung Thapyae (1)Street, Kyee Pwar Yae Quarter, Thingangyam Township
Yangon
HTTPS://MAPS.APP.GOO.GL/W2BCBMNQLWDJRDHJ6

Website

Alerts

Be the first to know and let us send you an email when Top Star Maung Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share