AyeMyat Talks about Brain

AyeMyat Talks about Brain Knowledge sharing about Brain and its diseases

Dementia ရောဂါရှိသူများနဲ့မိသားစုဝင်တွေ ပြုစုစောင့်ရှောက်သူတွေအတွက်အကြံပေးချက်လေးတွေကို ဆရာမကြီး ဒေါက်တာစိမ်းမြမြအေး ရေး...
02/11/2020

Dementia ရောဂါရှိသူများနဲ့မိသားစုဝင်တွေ ပြုစုစောင့်ရှောက်သူတွေအတွက်အကြံပေးချက်လေးတွေကို ဆရာမကြီး ဒေါက်တာစိမ်းမြမြအေး ရေးတဲ့ဆောင်းပါးလေးမျှဝေပေးလိုက်ပါတယ်

ချစ်ခြင်းများစွာဖြင့်
Dr Thazin


 #သီတင်းကျွတ်မီးထွန်းပွဲတော်  31 October 2020
31/10/2020

#သီတင်းကျွတ်မီးထွန်းပွဲတော်


31 October 2020

လေဖြတ်ရောဂါအကြောင်း အကျဉ်းချုပ်လေးပါ..Join The Movement “လူလေးယောက်မှာတစ်ယောက်သည် သူတို့၏ဘဝသက်တမ်းတလျှောက်တွင် လေဖြတ်ခြင...
28/10/2020

လေဖြတ်ရောဂါအကြောင်း အကျဉ်းချုပ်လေးပါ..
Join The Movement
“လူလေးယောက်မှာတစ်ယောက်သည် သူတို့၏ဘဝသက်တမ်းတလျှောက်တွင် လေဖြတ်ခြင်းဖြစ်နိုင်ပါသည်။” ဒါကြောင့် “လေဖြတ်ရောဂါကာကွယ်ရေး ကိုယ်လက်လှုပ်ရှားကစားပေး” ဆောင်ပုဒ်ကဲ့သို့အားလုံးညီတူလုပ်ဆောင်ဖို့တိုက်တွန်းရင်း

ချစ်ခြင်းများစွာဖြင့်
Dr Thazin




health education panflat

World stroke day 2020 October special Part -1လေဖြတ်ရောဂါနှင့်သွေးတိုးလေဖြတ်ရောဂါဟာ ကမ္ဘာပေါ်မှာသေဆုံးရတဲ့အကြောင်းအရင်းထဲ...
22/10/2020

World stroke day 2020 October special
Part -1
လေဖြတ်ရောဂါနှင့်သွေးတိုး
လေဖြတ်ရောဂါဟာ ကမ္ဘာပေါ်မှာသေဆုံးရတဲ့အကြောင်းအရင်းထဲမှာဒုတိယအများဆုံးပါ။ ဒါပေမယ့်လေဖြတ်ရောဂါကိုအားပေးတဲ့အချက်လေးတွေကိုဆင်ခြင်လိုက်ရင် လေဖြတ်ခြင်းကို များသောအားဖြင့်ကာကွယ်နိုင်ပါတယ်။ အဲဒီအချက်ထဲကအရေးကြီးဆုံးတစ်ခုကတော့ သွေးတိုးရောဂါပါ။

ကမ္ဘာ့လူဦးရေတစ်ဝက်လောက်ကသွေးတိုးရောဂါဖြစ်နေပါတယ်။တချို့တွေမှာတော့ဘာလက္ခဏာမှမပြတာတွေရှိပါတယ်။ ဒါပေမယ့်မကုသပဲနေမယ်ဆိုရင်သွေးကြောတွေပျက်စီးပြီးဒီထက်ပိုကြီးတဲ့ရောဂါတွေ ဥပမာ-လေဖြတ်ရောဂါတွေအထိဖြစ်နိုင်ပါတယ်။

✅သွေးတိုးရှိမရှိဘယ်လိုသိမလဲ?
သွေးပေါင်ချိန်ကြည့်မှသေချာသိမှာပါ။တချို့တွေပြောပါတယ် ခေါင်းကတဆစ်ဆစ်နဲ့ထိုးနေပြီ၊ ဇက်ကြောတွေထိုးနေတယ်သွေးတိုးနေပြီ ဆိုပြီးပြောကြပါတယ်။ အဲလိုနဲ့သွေးတိုးလို့ဆုံးဖြတ်လို့မရပါဘူး။ သွေးပေါင်ချိန် အပေါ်သွေး140/အောက်သွေး90mmHg အနည်းဆုံးနှစ်ကြိမ်ဖြစ်နေပြီဆိုမှသွေးတိုးရောဂါရှိပြီလို့သတ်မှတ်ပါတယ်။

✅သွေးတိုးတာနဲ့ လေဖြတ်တာဘယ်လိုဆက်စပ်နေသလဲ?
သွေးဖိအား/သွေးပေါင်ချိန်အမြဲတက်နေမယ်ဆိုရင် ခန္တာကိုယ်အနှံ့ကသွေးကြောတွေကpressure(ဖိအား)နဲ့တွန်းတဲ့ဒဏ်ကြောင့်သွေးကြောနံရံတွေပျက်စီးလာပါတယ်။ သွေးကြောနံရံတွေထူကျစ်မာလာပြီးတော့သွေးသွားနည်းလာပါတယ်။ အဲဒါကို Atherosclerosis လို့ခေါ်ပါတယ်။ အဲဒီအခါမှာ ဦးနှောက်ထဲကသွေးကြောတွေလည်းကျဉ်းလာပြီးနောက်ဆုံးသွေးကြောပိတ်တဲ့အထိဖြစ်လာတဲ့အခါလေဖြတ်တာကိုဖြစ်စေတာပါ။

နောက်တစ်မျိုးကတော့ Atherosclerosis ဖြစ်နေတဲ့သွေးကြောအတွင်းသွေးဖိအားများများနဲ့သွေးတွေဖြတ်ရင်းသွေးကြောပေါက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အဲဒါလည်းသွေးကြောပေါက်လို့လေဖြတ်ခြင်းဖြစ်စေတာပါပဲ။

ဒါကြောင့်ဦးနှောက်သွေးကြောပိတ်လို့လေဖြတ်တာနဲ့ ဦးနှောက်သွေးကြောပေါက်လို့လေဖြတ်တာနှစ်မျိုးလုံးက သွေးတိုးရောဂါနဲ့ဆက်စပ်နေပါတယ်။

✅ဘာတွေကသွေးတိုးဖြစ်စေသလဲ? ဘယ်လိုကာကွယ်မလဲ?
၁။ Age - အသက် ၆၅နှစ်ကျော်ရင် သွေးတိုးဖြစ်နိုင်ချေများပါတယ်။ (၅၀% ကျော်လောက်ကိုများတာပါ)
၂။ မျိုးရိုး - မျိုးရိုးထဲမှာသွေးတိုးရောဂါရှိရင် ကိုယ့်မှာလည်းသွေးတိုးဖြစ်နိုင်ချေများပါတယ်။
၃။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သွေးတိုးနိုင်ပြီးလေဖြတ်နိုင်ချေရှိပါတယ်။
၄။ သွေးချို/ဆီးချိုရောဂါရှိသူတွေမှာလည်း သွေးတိုးရောဂါတွဲရှိနေနိုင်ပါတယ်။
အဲဒါကြောင့်သွေးပေါင်ချိန်ကို အနည်းဆုံးတစ်ပတ်တစ်ခါလောက်ချိန်ပေးသင့်ပါတယ်။

ပြီးတော့ကျန်းမာတဲ့နေထိုင်မှုပုံစံ(healthy style) နဲ့နေထိုင်မယ်ဆိုရင် သွေးတိုးရောဂါကိုလည်းထိန်းချုပ်နိုင်သလို လေဖြတ်ရောဂါဖြစ်မှာကိုလည်းလျှော့ချနိုင်ပါတယ်။
* လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ (တစ်နေ့ကိုမိနစ်၃၀ လောက် သွက်သွက်လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါးပြေးတာ၊ တခြားကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးတာမျိုးကိုတစ်ပတ်၅ ကြိမ်လောက်လုပ်ပေးပါ)
* အဝလွန်တာနဲ့ကိုယ်အလေးချိန်များတာကိုလျှော့ချပါ။ အဆီတွေများနေရင် နှလုံးနဲ့အခြားကလီစာတွေမှာအလုပ်လုပ်ရတာဝန်ပိစေပါတယ်။ အဲဒါကတစ်ဆင့်သွေးပေါင်ချိန်တက်မယ်၊ နှလုံးရောဂါ၊လေဖြတ်တာတွေဆက်ဖြစ်နိုင်ပါတယ်။
* စားတဲ့အစားအသောက်မှာ ဆား၊ သကြား နဲ့အဆီတွေများနေမယ်ဆိုရင်သွေးတိုး၊ဆီးချို နဲ့အဝလွန်တာတွေဖြစ်လာပါမယ်။ ဒါကြောင့်လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်သစ်သီးဝလံ၊ ကျန်းမာရေးညီညွတ်တဲ့အဆီကို သင့်တင့်စွာစားသုံးပြီး ဆားကိုလျှော့သုံးပေးရပါမယ်။
* အရက်သောက်သုံးခြင်းနဲ့ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ရပါမယ်။ အရက်နဲ့ဆေးလိပ်ကသွေးတိုးရောဂါအပြင်နောက်ဆက်တွဲနှလုံးရောဂါ၊လေဖြတ်ရောဂါနဲ့အခြားရောဂါတွေကိုဖြစ်နိုင်ပါတယ်။
* နောက်ဆုံးတစ်ခုကတော့ Stress ပါ။ စိတ်ဖိစီးမှုများတာကလည်းသွေးတိုးခြင်းဖြစ်စေဖို့တွန်းအားပေးပါတယ်။ ပြီးတော့စားချိန်မမှန်တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာကလည်းရောဂါဖြစ်စေဖို့မကောင်းတဲ့အပြုအမူတွေပါ။ စိတ်ဖိစီးမှုလျော့အောင်ပျော်ပျော်နေမယ်။ တရားထိုင်၊ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပေးမယ်ဆိုရင်ကျန်းမာရေးကောင်းဖို့အထောက်အကူဖြစ်ပါတယ်။

🧠Stroke organization မှာပြောထားတာတစ်ခုရှိပါတယ်။ “1 in 4 of us” ဘဝတစ်လျှောက်မှာလူ၄ယောက်မှာ၁ယောက် လေဖြတ်နိုင်ချေရှိပါတယ်။ ဒါကြောင့်လေဖြတ်ခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်နေထိုင်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်။
Dr Thazin


AyeMyat Talks about Brain page စာဖတ်သူများအားလုံးမဂ်လာပါ.. ဒီလထဲမှာ world stroke day ကမ္ဘာ့လေဖြတ်ရောဂါနေ့ရှိပါတယ်..Octob...
10/10/2020

AyeMyat Talks about Brain page စာဖတ်သူများအားလုံးမဂ်လာပါ.. ဒီလထဲမှာ world stroke day ကမ္ဘာ့လေဖြတ်ရောဂါနေ့ရှိပါတယ်..October 29နေ့ပါ.. အဲဒီနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လေဖြတ်ရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ၊ လေဖြတ်ရောဂါကိုတွန်းအားပေးစေတဲ့ အချက်လေးတွေကိုဘယ်လိုကာကွယ်ဆင်ခြင်ရမလဲဆိုတာဒီလတစ်လလုံးပြောပြပေးသွားပါမယ်.. အခုဒီနေ့မှာတော့ ဦးနှောက်အာရုံကြောအထူးကုဆရာမကြီးတစ်ယောက်ရေးသားတဲ့ Covidကာလအတွင်းလေဖြတ်သူများနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတလေးကို share ပေးလိုက်ပါတယ်..
ချစ်ခြင်းများစွာဖြင့်
Dr Thazin


crd: ကြေးမုံသတင်းစာ

Talk-6 Bell’s palsy မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း ဒီရောဂါက တော်တော်များများလေဖြတ်တာနဲ့မှားတတ်ကြပါတယ်။ ဆေးခန်းကိုလာပြကြတဲ့...
14/09/2020

Talk-6 Bell’s palsy မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း

ဒီရောဂါက တော်တော်များများလေဖြတ်တာနဲ့မှားတတ်ကြပါတယ်။ ဆေးခန်းကိုလာပြကြတဲ့ဒီလိုလူနာတွေကလည်းလေဖြတ်သွားတယ်လို့စိုးရိမ်ပြီးလာပြကြတဲ့ရောဂါပါ။

ဒီရောဂါရဲ့လက္ခဏာတွေကတော့ ရုတ်တရတ် (ဥပမာ ညအိပ်ပြီးမနက်မိုးလင်း ၊ နေ့လည်ဘက်ခဏအိပ်ပြီး)
၁။ ပါးတစ်ခြမ်းရွဲ့နေမယ်
၂။ နဖူးတစ်ခြမ်းအတွန့်တွေမရှိပဲပြားနေမယ်
၃။ မျက်ခုံးတစ်ဖက်အောက်ကျနေမယ်
၄။ မျက်နှာတစ်ခြမ်းထုံနေမယ်။ ခံစားမှုမရှိတော့ဘူး။ တချို့ကတော့နားတစ်ဝိုက်မှာကိုက်တာခံစားရပါတယ်
၅။ လျှာအရသာတွေပျောက်နေမယ်
၆။ ထမင်းတွေအစာတွေပါးစောင်မှာကျန်နေမယ်
၇။ ရေသောက်ရင်ရေတွေတစ်ဖက်ကနေထွက်ကျတတ်တယ်။ တံတွေးတွေထွက်ကျမယ်
၈။ သွားစိကြည့်ရင်တစ်ခြမ်းရွဲ့နေမယ်
၉။ ဖြစ်တဲ့ဘက်မျက်လုံးကပိတ်လို့မလုံတော့မျက်လုံးခြောက်မယ်

ဒီရောဂါက အာရုံကြောနံပါတ်(၇) (မျက်နှာအာရုံကြော) ပျက်စီးတာကြောင့်ဖြစ်တာ။
ဘာကြောင့်ဖြစ်တာလဲဆိုတော့ အကြောင်းအရင်းမရှိဘူးလို့ပဲပြောရမှာပါ။ တချို့မှာတော့ နားထဲမှာဖြစ်တဲ့ ရေယုံဗိုင်းရပ်စ်အမျိုးအစား 🦠 နဲ့လည်းဆက်စပ်တတ်ပါတယ်။
အဲဒါကြောင့်အရင်ဆုံး တခြားရောဂါတွေ (ဥပမာ လေဖြတ်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဆီးချိုကြောင့်ဖြစ်တဲ့အာရုံကြောရောဂါ၊ နားထဲ ဦးနှောက်ထဲကအကြိတ်ရောဂါစတာတွေ) ကို ဆရာဝန်နဲ့ပြသပြီးအရင်စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။ အဲဒါတွေမဟုတ်တော့မှ အခုပြောတဲ့ရောဂါလို့သတ်မှတ်လို့ရပါတယ်။

ဒီရောဂါကပျောက်လားဆိုရင် အများစုကပျောက်ပါတယ်။ ဆေးသောက်ပြီး တပတ်လောက်မှာ ရောဂါသက်သာလာပါတယ်။ ၃-၄လောက်မှာလုံးဝအရှင်းပျောက်ကင်းပါတယ်။ တချို့လူနာတွေမှာ ရောဂါဖြစ်တာများရင်တော့ လနဲ့ချီပြီးကြာတတ်ပါတယ်။

ဒီရောဂါမှာမျက်နှာရွဲ့တဲ့လက္ခဏာတွေပျောက်ဖို့က အဓိကကတော့ မျက်နှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ပါ။ ဆရာဝန်ညွှန်ကြားတဲ့မျက်နှာလေ့ကျင့်ခန်းကို အိမ်မှာကိုယ့်ဟာကိုတိတိကျကျသေသေချာချာလုပ်မယ် (သို့)လေ့ကျင့်ခန်းဌာန (Physiotherapy) မှာ သေချာလုပ်မယ်ဆိုရင် မျက်နှာရွဲ့တာမညီတာတွေ မျက်နှာကြွက်သားအားယုတ်တာတွေ လုံးဝပြန်ကောင်းပါတယ်။

နောက်တစ်ခုအရေးကြီးတာက မျက်လုံးခြောက်ရင် မျက်ရည်တုမျက်စဉ်း ခတ်ပေးဖို့နဲ့ ညဘက်အိပ်ရင်မလုံတဲ့မျက်စိကို တိတ်ပ် (tape) ကပ်ပြီးပိတ်အိပ်၊ ဒါမှမဟုတ် မျက်လုံးအကာအုပ်ပြီး အိပ်ဖို့လိုပါတယ်။ မျက်လုံးပိတ်လို့မလုံတဲ့အတွက်မျက်လုံးထဲရောဂါပိုးမဝင်အောင်လို့ပါ။
ဒီလောက်ဆိုရင်ဒီရောဂါနဲ့ပတ်သက်ပြီးဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်။
ဒီ COVID ကာလမှာလူတွေအားလုံးလည်းရောဂါဘယကင်းဝေးပြီးဒီကပ်ဆိုးကြီးမှမြန်မြန်လွတ်မြောက်ပါစေလို့ဆုတောင်းရင်း
ချစ်ခြင်းများစွာဖြင့်
Dr Thazin

“သန္ဓေ၊တောထွက်၊ဓမ္မစက်၊ဟောမြွက် သံချို၊လဝါဆို”ဒီနေ့ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ COVID ကာလကြောင့် ဘုရားစေတီပုထိုးတွေ...
03/08/2020

“သန္ဓေ၊တောထွက်၊ဓမ္မစက်၊ဟောမြွက် သံချို၊လဝါဆို”

ဒီနေ့ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ COVID ကာလကြောင့် ဘုရားစေတီပုထိုးတွေ သွားခွင့်မရပေမယ့်လည်း ကောင်းမှုကုသိုလ်များပွါးများပြီး ကိုယ်စိတ်နှလုံး အေးချမ်းသာယာကြပါစေလို့ AyeMyat Talks about Brain page မှဆုတောင်းမေတ္တာပို့သပါတယ်..

Dr Thazin

Talk-5 : ကလေးဘဝ Brain အစAyeMyat Talks about Brain page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တော့ ဗဟုသုတအနေနဲ့လူခန္တာကိုယ်ကို...
03/08/2020

Talk-5 : ကလေးဘဝ Brain အစ
AyeMyat Talks about Brain page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီနေ့တော့ ဗဟုသုတအနေနဲ့လူခန္တာကိုယ်ကိုဦးဆောင်နေတဲ့ ဦးနှောက်ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုဖွံ့ဖြိုးလာတယ်၊ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးဖို့ဘာတွေလိုအပ်လဲဆိုတာတွေကိုပြောပြပေးချင်ပါတယ်။ ပြင်ပကမ္ဘာကိုမရောက်မီသန္ဓေသားဘဝမှာကတည်းက ဦးနှောက်ဘယ်လိုဖြစ်တည်လာခဲ့သလဲ? ဘယ်လိုဦးနှောက်အစိတ်အပိုင်းတွေဖွံ့ဖြိုးလာခဲ့သလဲ ? ကလေးဘဝအရွယ်မှာ ဘယ်လိုဥာဏ်ရည်တွေလေ့ကျင့်ပေးရမလဲဆိုတာကို ပုံလေးတွေနဲ့ပုံအောက်စာတွေမှာဖတ်ပေးပါဦးနော်..
Dr Thazin


Talk -4 အတက်ရောဂါ ဂရုပြုစရာ👉ဝက်ရူးပြန်ရောဂါဆို အရူးရောဂါလိုပဲရှောင်ဖယ်တဲ့သူတွေရှိတယ်.. 👉ဟိုမှာလူတယောက်တက်နေပြီခြေမချိုးပ...
11/07/2020

Talk -4 အတက်ရောဂါ ဂရုပြုစရာ
👉ဝက်ရူးပြန်ရောဂါဆို အရူးရောဂါလိုပဲရှောင်ဖယ်တဲ့သူတွေရှိတယ်..
👉ဟိုမှာလူတယောက်တက်နေပြီခြေမချိုးပါဦးလုပ်တဲ့သူတွေရှိတယ်..
👉ဝက်ရူးပြန်ရောဂါရှိလို့သော့လည်ပင်းဆွဲထားလို့ပြောတဲ့သူရှိတယ်..
ဒီလိုမျိုးတွေပတ်ဝန်းကျင်မှာမြင်နေကြားနေရပါတယ်။ တကယ်ကောအဲလိုတွေလုပ်ရမလားဆိုတာ ဆွေးနွေးပေးသွားပါမယ်။
☝️အတက်ရောဂါဟာ seizures လို့ခေါ်တဲ့တက်တဲ့အခြေအနေ, ပုံမှန်မဟုတ်တဲ့ခံစားမှုမျိုးဖြစ်စေတဲ့ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါတမျိုးပါ။
☝️ကူးစက်ရောဂါမဟုတ်သလို ကုသလို့မရတဲ့ရောဂါလည်းမဟုတ်ပါဘူး။ ညွှန်ကြားထားတဲ့ဆေးဝါးတွေကို ပမာဏမှန်မှန် အချိန်မှန်မှန်သောက်ပေးမယ်ဆိုရင် သာမန်လူတယောက်လို နေထိုင်နိုင်ပါတယ်။
🖐အတက်ရောဂါလူနာတွေကိုတက်နေစဉ်မှာ မလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။
🔸လူနာ ခြေချောင်းလက်ချောင်းတွေကို မချိုးရပါဘူး။
🔸လူနာတက်နေတဲ့အချိန်မှာ လူနာပါးစပ်ထဲကို ပစ္စည်းတွေထိုးထည့်တာမလုပ်ရပါဘူး (အများစုက သော့၊ဇွန်း၊ လက်ချောင်းတွေထိုးထည့်တာလုပ်ကြပါတယ်။ လုံးဝမလုပ်ရပါဘူး။ ဘာလို့လဲဆိုတော့ လူနာကထိုးထည့်ထားတဲ့အရာဝတ္ထုကိုကိုက်မိတော့သွားပဲ့တာ ပါးစပ်ထဲအနာတရဖြစ်တာရနိုင်လို့ပါ)
🔸လူနာကိုဖိထားတာ တုပ်နှောင်ထားတာတွေမလုပ်ရပါဘူး (တခါကဆေးရုံကိုရောက်လာတဲ့လူနာမှာတွေ့ဖူးပါတယ်..တက်နေလို့လူနာဗိုက်ကိုတက်ဖိထားကြတာဆေးရုံရောက်တော့လူနာကဗိုက်တွေနာပြီးတောင့်တင်းနေပါတယ်)
🔸တက်နေတဲ့လူနာတွေ့ရင်လူနာကိုတယောက်တည်းမထားခဲ့ပါနဲ့။ ဖြစ်နိုင်ရင် တက်နေတဲ့ပုံစံ၊အချိန်ဘယ်လောက်ကြာကြာတက်နေလည်းမှတ်ထားပေးပါ (မိသားစု၊သူငယ်ချင်းတွေဆိုရင် video ရိုက်ထားပေးပါ ဆရာဝန်ကိုပြန်ပြပြီးရောဂါအခြေအနေကိုသိအောင်ပါ။ social media တင်ဖို့မဟုတ်ဘူးနော်)
👉လူနာတက်နေစဉ်လုပ်ပေးရမယ့်အချက်လေးတွေလည်းပြောပြပေးပါမယ်။
🔸လူနာကိုအန္တရာယ်ရှိတဲ့နေရာကနေဖယ်ပေးပါ(ဥပမာ ရေကန် မြစ်ချောင်း၊ လှေကား၊ပြုတ်ကျနိုင်တဲ့အမြင့်နေရာတွေ၊ စက်မှုလုပ်ငန်းခွင်)
🔸လူနာဘေးမှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေရှိရင် ဖယ်ပေးပါ ( ဥပမာ ကုလားထိုင်၊ ချွန်ထက်တဲ့အရာတွေ၊ မီး) လူနာထိခိုက်မိနိုင်လို့ပါ။
🔸လူနာကို ဘေးတစောင်းအနေအထားနဲ့ လည်ပင်းအောက်မှာ ပျော့ပြောင်းတဲ့ အဝတ်ခပ်ပါးပါးလေးခုထားပေးပါ။ အသက်ရူရလွယ်အောင်နဲ့ သရေတွေကျမယ်ဆိုလည်းလေပြွန်ထဲမရောက်အောင်ပါ။
🔸လူနာတက်နေတာ ၅မိနစ်ကျော်သွားမယ်ဆိုရင်တော့ဆေးရုံကိုချက်ချင်းပို့ပေးပါ။
👉တက်နေတဲ့လူနာတွေနေ့စဉ်ဘဝမှာဘာတွေရှောင်ရမလဲဆိုတာလည်းအရေးကြီးပါတယ်။
အတက်ရောဂါလူနာတွေဟာ ဘယ်အချိန်တက်မှန်းမသိနိုင်တော့ အန္တရယ်ဖြစ်နိုင်တဲ့လုပ်ဆောင်မှုတွေကိုရှောင်ကျဉ်ရပါတယ်
🔸အမြင့်တက်တာတွေ၊ အမြင့်တက်ပြီးလုပ်ရတဲ့အလုပ်တွေ
🔸မီးနဲ့ချက်ပြုတ်တာတွေ၊ မီးနဲ့လုပ်ရတဲ့အလုပ်တွေ (သံဂဟေဆက်တာ၊ သံရည်ကျိုတာ၊မီးပူတိုက်တာ)၊ heavy machines (စက်ယန္တရား) တွေအသုံးပြုတာ
🔸တယောက်တည်းရေကူးတာတွေမလုပ်ရပါဘူး
🔸နောက်ဆုံးသိချင်ကြမယ့်အချက်ကတော့ အတက်ရောဂါလူနာတွေကားမောင်းလို့ရလားဆိုတာပါ။
👉အတက်ရောဂါလူနာတွေကားမောင်းရမရကို အတက်အခြေအနေလုံးဝမဖြစ်တော့တာ (seizure free period)ဘယ်လောက်ကြာပြီဆိုတာပေါ်မူတည်ပြီးဆုံးဖြတ်ပေးပါတယ်။
🔸မြန်မာနိုင်ငံမှာတော့ ယာဉ်မောင်းစည်းကမ်းချက်တွေမှာ စိတ်(သို့) ကိုယ်အခြေအနေမှာယာဉ်မောင်းရန်သင့်တော်ခြင်းမရှိတဲ့အခြေအနေမှာမောင်းနှင်ခြင်းမပြုရပါဘူးလို့တားမြစ်ထားပါတယ်။
🔸တခြားနိုင်ငံတွေမှာတော့ seizure free period ၆လကနေနှစ်နှစ်အထိရှိမှ ကားမောင်းခွင့်ပေးပါတယ်။ တချို့နိုင်ငံ(တရုတ်၊အိန္ဒိယ) တွေမှာဆိုအတက်ရောဂါလူနာတွေယာဉ်မောင်းတာကိုလုံးဝတားမြစ်ထားပါတယ်။
ဒီလောက်ဆိုရင်တော့အတက်ရောဂါနဲ့ပတ်သက်ပြီးအထင်မှားနေတာလေးတွေသိလောက်ပြီလို့မျှော်လင့်ပါတယ်။


Talk -3 ထပ်တလဲလဲအဆိုးမြင်တတ်ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါ(Repetitive negative thinking (RNT) and Alzheimer’s disease) 🔸ထပ...
18/06/2020

Talk -3 ထပ်တလဲလဲအဆိုးမြင်တတ်ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါ
(Repetitive negative thinking (RNT) and Alzheimer’s disease)

🔸ထပ်တလဲလဲအဆိုးမြင်တတ်ခြင်းဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်စေဖို့တွန်းအားပေးတဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းအချက်တရပ်ဖြစ်တယ်လို့ မကြာသေးခင်က သုတေသနစာတမ်းတွေမှာ ပြောလာကြပါတယ်။

သူတို့ရဲ့တွေ့ရှိချက်တွေကိုတချက်လေ့လာကြည့်ရအောင်

🔸ထပ်တလဲလဲအဆိုးမြင်တတ်ခြင်း(RNT) ဟာ cognition လို့ခေါ်တဲ့ အသိဥာဏ် ကျဆင်းခြင်းနဲ့ အယ်လ်ဇိုင်းမားဖြစ်စေတဲ့ amyloid နဲ့ tau protein ဦးနှောက်မှာ စုပုံခြင်းတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။

🔸တခြားစိတ်ပိုင်းဆိုင်ရာလက္ခဏာဖြစ်တဲ့ စိတ်ဓါတ်ကျခြင်း စိတ်ပူပန်ခြင်းတွေက အသိဥာဏ်ကျဆင်းမှုနဲ့ ဆက်စပ်နေပေမယ့် amyloid နဲ့ tau protein တို့စုပုံမှုနဲ့တော့မဆက်စပ်တာတွေ့ရပါတယ်။ ဒါကြောင့် RNTရှိနေခြင်းဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေကိုပိုပြီးခန့်မှန်းနိုင်တယ်လို့ဆိုပါတယ်။

🔸ဒါတွေအပြင် RNT ဟာသွေးပေါင်ချိန်တက်တာ သွေးခုန်နှုန်းမြန်တာတွေပါဖြစ်နိုင်တာကိုတွေ့ရပါတယ်။

🔸အကောင်းမြင်တတ်ခြင်းဟာ ခန္တာကိုယ်ရော မိမိရဲ့ ဦးနှောက်ကိုပါ ကောင်းကျိုးဖြစ်စေပါတယ်။ မကောင်းမြင်တဲ့စိတ်ဟာ ဆိုးကျိုးရလဒ်တွေကိုပဲဖြစ်စေပါတယ်။

🔸အဆိုးမြင်တဲ့စိတ်ကြောင့် စိတ်ဖိစီးမှု stress တွေများပြီး stress hormone တမျိုးဖြစ်တဲ့ cortisol ထုတ်လုပ်မှုများစေပါတယ်။ အဲဒါကတဆင့် ဦးနှောက်မှာအန္တရာယ်ဖြစ်ပြီး အယ်လ်ဇိုင်းမားဖြစ်စေတဲ့ protein တွေစုပုံစေတယ်လို့ယူဆထားပါတယ်။

အဆိုးမြင်တဲ့စိတ်ဟာ စိတ်ရောဂါတွေနဲ့ဆက်စပ်နေသလို အယ်လ်ဇိုင်းမားရောဂါနဲ့ဘယ်လောက်ထိဆက်စပ်နေဦးမလဲဆိုတာ ဆက်ရှာဖွေရဦးမှာပါ။
အဆိုးမြင်ခြင်းကင်းပြီး ကောင်းမွန်တဲ့အတွေးများစိတ်များထားနိုင်ကြပါစေ။
Crd RNT research articles

Talk - 2 : အသက်ကြီးလို့မေ့တတ်ခြင်း နှင့် သူငယ်ပြန်ရောဂါ အပိုင်း(၂)ပထမနေ့ကအကြောင်းလေးမှာတခြားဘာအချက်တွေကကွဲပြားသေးတယ်ဆိုတ...
06/06/2020

Talk - 2 : အသက်ကြီးလို့မေ့တတ်ခြင်း နှင့် သူငယ်ပြန်ရောဂါ အပိုင်း(၂)

ပထမနေ့ကအကြောင်းလေးမှာတခြားဘာအချက်တွေကကွဲပြားသေးတယ်ဆိုတာဒီနေ့ဆက်ပြောပြမယ်နော်..

သူငယ်ပြန်တဲ့လူနာတွေဟာ မှတ်ဥာဏ်အပြင် အခြားဦးနှောက်လုပ်ဆောင်မှုတွေ စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်နိုင်ပါတယ်။

(၆) မျက်နှာတွေကိုမမှတ်မိတာ၊ ရုပ်ပုံနဲ့စာလုံးတွေကိုနာမည်မပြောတတ်တာ
🤦‍♂️တချို့ပြောပြောနေကြတယ် အဖေကသားသမီးတွေကိုမသိတော့ဘူး သူငယ်ချင်းတွေကိုမသိတော့ဘူးဆိုပြီး၊ သူငယ်ပြန်တဲ့သူတွေဟာ မျက်နှာကိုမမှတ်မိလို့ဘယ်သူဘယ်ဝါဆိုတာမပြောပြတတ်ပါဘူး၊ အဆိုးဆုံးကိုယ့်မျက်နှာကိုယ်မှန်ထဲတွေ့တာတောင်ဘယ်သူလဲမသိတော့ပါဘူး။ ပြီးတော့ရုပ်ပုံအမည်ဖော်တာတွေလည်းမရတတ်ပါဘူး။
🙍အသက်ကြီးတဲ့သူ​တွေမေ့တတ်တာမှာတော့အဲလိုမဖြစ်ပါဘူး။

(၇) စကားပြောတာမှာခက်ခဲတာ၊ နာမည်တွေမခေါ်တတ်တာ
🤦‍♂️သူငယ်ပြန်သူတွေနဲ့စကားပြောရင်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့တွေဟာ စကားပြောနေရင်းဘယ်လိုဆက်ပြောရမှန်းမသိဖြစ်တတ်ပါတယ်။ လွယ်လွယ်ပြောရရင်စကားလုံးတွေရှာမရတာပေါ့။အဲဒါကြောင့်ပြောပြီးသားကိုပဲထပ်ခါထပ်ခါပြောနေတာမျိုးတွေ့ရတတ်ပါတယ်။ စကားလုံးအဆန်းတွေလိုမျိုးလည်းပြောတတ်ပါသေးတယ်။ ဥပမာ’ခရင်း’ကို’ထိုးစားတဲ့ဇွန်း’လိုမျိုးတွေပြောတတ်ပါတယ်။
🙍ပုံမှန်အသက်ကြီးသူတွေမှာတော့စကားပြောမချောမွေ့တာတွေတော့တခါတရံတွေ့ရပါတယ်။

(၈) ဆုံးဖြတ်ချက်ချရာမှာအားနည်းတာ
🤦‍♂️ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ခြင်းဟာနေ့စဉ်နေထိုင်မှုဘဝမှာလည်းအရေးကြီးပါတယ်။ တနည်းပြောရရင် ငွေကြေးကိုင်တွယ်ဖြေရှင်းရာမှာ မှန်ကန်ဖို့ပါ။ သူငယ်ပြန်သူတွေဟာ ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေ၊ တခုခုဆောင်ရွက်ဆုံးဖြတ်တာတွေမှာ အားနည်းတတ်ပါတယ်။ ဥပမာ ကားမောင်းတာမှာအမှားအယွင်းတွေဖြစ်တာ၊ စားသောက်ဆိုင်မှာပိုက်ဆံရှင်းတာမှားယွင်းတာ၊ တခြားသူတွေဆွဲဆောင်လို့ရှယ်ယာတွေဝယ်မိတာ၊ ပိုဆိုးတာကလောင်းကစားအလွန်အကျွံလုပ်မိတာတွေပါဖြစ်တတ်ပါတယ်။
🙍ပုံမှန်အသက်ကြီးသူတွေမှာလည်းတခါတရံဆုံးဖြတ်ချက်မှားတာတွေရှိတတ်ပါတယ်။ ငယ်တဲ့သူတွေမှာတောင်မှားတတ်သေးတာပါ။ ☺️☺️

(၉) လူမှုရေးကိစ္စတွေ အလုပ်တွေမှာရှောင်ဖယ်တာ
🤦‍♂️သူငယ်ပြန်တဲ့သူတွေမှာ သနားကောင်းတာတခုက သူတို့ကိုယ်သူတို့ ပြောင်းလဲလာတာသိလာတော့လူ့အဖွဲ့အစည်းကနေရှောင်ဖယ်လာပါတယ်။ ကိုယ်ကြိုက်တဲ့ဝါသနာ၊ အဖွဲ့အစည်းလိုက်လှုပ်ရှားမှုတွေ၊အားကစားမျိုးတွေကိုတောင်ရှောင်လာကြပါတယ်။ အဲလိုလုပ်တဲ့အခြားအကြောင်းအရင်းတချက်ကတော့ နံပါတ် (၃) အချက်မှာပြောထားသလို အရင်ကလုပ်တတ်တာတွေတောင်မလုပ်တတ်တော့တာတွေကြောင့်လည်းဖြစ်ပါတယ်။
🙍ပုံမှန်အသက်ကြီးသူတွေမှာတော့အဲလိုလက္ခဏာမရှိတတ်ပါဘူး။ သူတို့ဘာသာငြီးငွေ့လို့မလုပ်တာမျိုးတွေပဲရှိနိုင်ပါတယ်။

(၁၀) စိတ်အခြေအနေနဲ့အမူအကျင့်တွေပြောင်းလဲလာတာ
🤦‍♂️သူငယ်ပြန်သူတွေဟာအဲလိုအပေါ်ကအချက်တွေကြောင့်စိတ်ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ စိတ်ရှုပ်လာတာ၊ စိတ်ဓါတ်ကျတာ၊ ကြောက်ရွံ့တာ၊ စိတ်ပူပန်တာတွေဖြစ်တတ်ပါတယ်။ အိမ်သားတွေ၊ သူငယ်ချင်းတွေနဲ့ တခါတရံသူတို့နဲ့စိမ်းတဲ့နေရာရောက်သွားရင် တစိမ်းတွေကိုပါစိတ်တိုတာ၊အလိုမကျတာတွေဖြစ်တတ်ပါတယ်။
🙍စိတ်အလိုမကျတာတွေ၊စိတ်ပြောင်းလဲမှုတွေကတခြားစိတ်ရောဂါတွေမှာလည်းဖြစ်တတ်တာမို့သာမန်အသက်ကြီးတဲ့သူတွေမှာတွေ့ရင်လည်း ဂရုစိုက်ပြီးဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပါနော်။

ဒီအချက်တွေက အသက်ကြီးလို့မေ့လာတဲ့သူနဲ့ သူငယ်ပြန်ရောဂါကြားမှာ ကွဲပြားတဲ့အချက်တွေပါ။
အခုလိုအဆုံးထိဖတ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက် post တွေမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့ ဦးနှောက်ဆိုင်ရာအကြောင်းအရာတွေကိုပြောပြပါဦးမယ်။
စာဖတ်သူတွေအားလုံးလည်း ကျန်းမာပျော်ရွှင်စွာနဲ့အသက်ကြီးလာကြပါစေနော်။

စာကြွင်း - အရှေ့က (၅)ချက်ကိုဖတ်ချင်ရင်ဒီlinkကနေလည်းသွားနိုင်ပါတယ်။

https://www.facebook.com/111422750592858/posts/115616613506805/?d=n

- Alzheimer’s Association, relevant research articles

Talk - 1 : အသက်ကြီးလို့မေ့တတ်ခြင်း နှင့် သူငယ်ပြန်ရောဂါအခုပထမဦးဆုံး post လေးမှာ ပြောပြချင်တာက လူကြီးတွေကိုပြောပြောနေကြတဲ...
04/06/2020

Talk - 1 : အသက်ကြီးလို့မေ့တတ်ခြင်း နှင့် သူငယ်ပြန်ရောဂါ

အခုပထမဦးဆုံး post လေးမှာ ပြောပြချင်တာက လူကြီးတွေကိုပြောပြောနေကြတဲ့ရောဂါလေးတမျိုးပါ။

❓ခေါင်းစဉ်မှာပြောထားတဲ့ အသက်ကြီးလို့ သတိမေ့တတ်တာနဲ့သူငယ်ပြန်တာ တူတူပဲလား ပေါ့နော်

တူမတူကိုမပြောခင် သူငယ်ပြန်ရောဂါဆိုတာဘာလဲ ဘာရောဂါလဲ လူတွေပြောနေကြတဲ့ Dementia လား အယ်လ်ဇိုင်းမား လား Parkinson လား

👉သူငယ်ပြန်တယ်ဆိုတာ Dementia ရောဂါကိုပြောတာပါ။ အကြမ်းမျဉ်းပြောရရင် မှတ်ဥာဏ်တွေတဖြည်းဖြည်းလျော့နည်းလာတဲ့ရောဂါပါ။ Dementia အုပ်စုထဲမှာရောဂါအမျိုးပေါင်းအများကြီးရှိပါတယ်။ အဲဒီထဲမှာမှ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ကအတွေ့ရအများဆုံးပါ။ Parkinson လို့ပြောနေကြတဲ့ရောဂါကတော့တခြားဦးနှောက်ဆိုင်ရာရောဂါတမျိုးပါ။ ဒါပေမယ့်Dementia နဲ့လည်းတွဲဖြစ်တတ်ပါသေးတယ်။

ဒါဆိုရင်သူငယ်ပြန်တာနဲ့ အသက်ကြီးလို့မေ့တတ်တာတူတူပဲလားဆိုတော့ တကယ်ကမတူပါဘူးနော် ဘာလို့လဲဆိုတော့

(၁) မှတ်ဥာဏ်လျော့နည်းတာ (သို့) မှတ်ဥာဏ်ပျောက်ဆုံးတာ
🤦‍♂️ဒါလက္ခဏာက သူငယ်ပြန်တဲ့သူတွေမှာအစောဆုံးတွေ့ရတတ်တဲ့လက္ခဏာပါ။ Dementia လူနာတွေက လက်တလောကိစ္စတွေကိုမမှတ်မိပါဘူး။
ဥပမာ ထမင်းအခုပဲစားထားတာကိုမေ့နေတာမျိုးပါ။ နောက်ပြီးတော့ ကိစ္စတခုကိုပဲထပ်ခါထပ်ခါမေးတာပါ။ စျေးကပန်းဝယ်လာခဲ့လားကိုပဲထပ်ခါမေးနေတာမျိုးလိုပေါ့။
🙍အသက်ကြီးလို့မေ့တာမျိုးကြတော့ လုပ်စရာတွေ၊ချိန်းထားတာတွေမေ့တတ်တာပါ။ ဒါပေမယ့် နောက်တော့ပြန်သတိရပါတယ်။ တနည်းပြောရရင် နေ့စဉ်နေထိုင်မှုဘဝကိုမထိခိုက်ပါဘူး။

(၂) ကိစ္စတွေကိုမစီမံတတ်တော့တာ
🤦‍♂️Dementia ရသူတွေဟာ ကိန်းဂဏန်းတွေတွက်ချက်တာမျိုးမှာပြဿနာဖြစ်လာပါတယ်။ စျေးသွားဝယ်လို့ငွေရှင်းတဲ့အခါမှာ ပိုက်ဆံဘယ်လောက်ပေးရမလဲမတွက်တတ်တော့ပါဘူး။
🙍အသက်ကြီးတဲ့သူတွေမှာလည်းတခါတရံဖြစ်တတ်ပါတယ်။ အမြဲဖြစ်နေရင်တော့ Dementia ကိုသတိပြုပေးပါနော်

(၃) လုပ်နေကျရင်းနှီးပြီးသားအလုပ်တွေကို လုပ်ဖို့အခက်တွေ့တာ
🤦‍♂️Dementia ရသူတွေဟာ နေ့စဉ်အလုပ်တွေတောင်လုပ်ဖို့ခက်ခဲနေတတ်ပါတယ်။ င်္အကျီကိုမှန်အောင်မဝတ်တော့တာ၊ လုပ်နေကျထမင်းပွဲပြင်ဆင်တာတွေကိုတောင်မလုပ်တတ်တာတွေတွေ့ရလေ့ရှိပါတယ်။
🙍ပုံမှန်အသက်ကြီးသူမှာတော့ အဝတ်လျှော်စက်ခလုတ်နှိပ်တာတွေ၊ တီဗီခလုတ်နှိပ်တာတွေကိုကူလုပ်ပေးရတာမျိုး တခါတရံဖြစ်တတ်ပါတယ်။

(၄) အချိန် နဲ့နေရာတွေမေ့လျော့ခြင်း
🤦‍♂️နေ့ရက်၊လ၊နှစ်တွေကိုမမှတ်မိတာမျိုးက Dementia ရသူတွေမှာဖြစ်လေ့ရှိပါတယ်။ တခါတရံသူတို့ဘယ်ရောက်နေတယ်၊ ဒီနေရာကိုသူတို့ဘယ်လိုရောက်လာလဲဆိုတာပါမေ့သွားပါတယ်။
🙍အသက်ကြီးတဲ့သူတွေကလည်း ဒီနေ့ဘယ်နေ့လဲ တနင်္လာလားသောကြာလား မေ့တတ်ပါတယ်။ ဒါပေမယ့်ပြန်စဉ်းစားဖြေရင်မှတ်မိလာပါတယ်။

(၅) ပစ္စည်းအထားမှားခြင်း
🤦‍♂️Dementia ရသူတွေဟာအချိန်တွေနေရာတွေမေ့သလို ပစ္စည်းတွေဘယ်မှာထားမိလဲဆိုတာမေ့တတ်ပါတယ်။ ပစ္စည်းကိုထားနေကျမဟုတ်တဲ့နေရာမှာထားမိတာ၊ ထားပြီးရင်လည်းဘယ်မှာထားမိတယ်ဆိုတာကိုပါနည်းနည်းမှအစဖော်မရတာပါ။
🙍အသက်ကြီးလို့ဖြစ်တာမျိုးကျတော့ နောက်အချိန်တခုကြာရင်ပြန်သတိရတတ်ပါတယ်။

စာတွေများနေမှာစိုးလို့ကျန်တဲ့အချက်လေးတွေကိုနောက်နေ့တင်မယ့်post မှာဆက်ပြောပြပေးပါမယ်နော်။
ဖတ်ပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးပါ။

🤝ကိုယ့်ပတ်ဝန်းကျင်မှာလည်း အခုရေးထားတဲ့အချက်တွေလိုမျိုးတွေ့ရင် comments မှာရေးပြီးတခြားသူတွေသိအောင်မျှဝေပေးဦးနော်။

Address

Yangon

Telephone

+9595096248

Website

Alerts

Be the first to know and let us send you an email when AyeMyat Talks about Brain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AyeMyat Talks about Brain:

Share

Category