02/04/2026
ယတြာတွေနဲ့ပတ်သက်ပြီးပြောချင်တာလေးရှိလို့ပါ။ Sandi စီမှာတားရော့ဗေဒင်မေးတဲ့သူတိုင်းကို ယတြာအခမဲ့ပေးပါတယ်။ ယတြာကြေးထပ်ပေးစရာမလိုပါဘူးရှင့်။
ဒါပေမယ့် ကိုယ်ကတားရော့ဗေဒင်မေးဖို့အဆင်မပြေတာမျိုး ဒါမှမဟုတ် ယတြာသီးသန့်ပဲလိုချင်တာဆိုရင်တော့ စေတနာကြေးဖြင့်ယတြာသီးသန့်လာမေးနိုင်ပါတယ်။
ယတြာပေးတဲ့အခါလည်း ငွေကြေးအခက်ခဲဖြစ်နေလို့ပါဆိုတာနဲ့အဲ့ဒီလူတိုင်းကိုတူညီတဲ့ယတြာပေးလိုက်လို့မဖြစ်ပါဘူး။ Sandi အနေနဲ့ နေ့နံအလိုက် သင့်လျော်ခြင်းရှိမရှိကြည့်ရပါတယ်။ တစ်ခါတစ်လေသက်ရောက်ဂြိုလ်ကိုလည်းပြန်ကြည့်ပြီး ပေးမှသာ ပြုလုပ်သူအတွက်အမှန်တကယ်အကျိုးရှိတဲ့ယတြာကောင်းတစ်ခုဖြစ်စေမှာပါရှင်🍀