မြတ် အထူးကု ဆေးခန်း

မြတ် အထူးကု ဆေးခန်း လိပ်ခေါင်းရောဂါ၊ အမျိုးသားရောဂါများ၊ အဆစ်မြစ် နာကျင် ကိုက်ခဲခြင်းနှင့် ပတ်သက်သော ရောဂါများ

လိင်တံထိပ်အရေပြားရှည်နေပြီဆိုလျင်လိင်တံထိပ်ကို ဖုံးအုပ်ထားတဲ့ အရေပြား (fo****in) ကို နောက်ဘက်သို့ ဆွဲမရတာဟာ အမျိုးသားတချ...
11/09/2026

လိင်တံထိပ်အရေပြားရှည်နေပြီဆိုလျင်

လိင်တံထိပ်ကို ဖုံးအုပ်ထားတဲ့ အရေပြား (fo****in) ကို နောက်ဘက်သို့ ဆွဲမရတာဟာ အမျိုးသားတချို့မှာ တွေ့ရတတ်တဲ့ အခြေအနေတစ်ခုပါ။
ဒီလိုဖြစ်တာကို ရှက်ပြီး မပြောရဲတာ၊ မကုသဘဲထားတာကြောင့် နေ့စဉ်သန့်ရှင်းရေးကအစ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

အရေပြားတင်းလွန်းနေရင်
🔹 လိင်တံထိပ်ကို သန့်ရှင်းရေးလုပ်ရခက်ခြင်း
🔹 ဆီးသွားချိန် မသက်မသာဖြစ်ခြင်း
🔹 လိင်ဆက်ဆံချိန် နာကျင်ခြင်း
🔹 အရေပြားရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း
🔹 တချို့အခြေအနေတွေမှာ အရေပြားနောက်ဆွဲပြီး ပြန်မတင်နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် “ရှက်စရာကိစ္စ” လို့ မမြင်ဘဲ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် သိရှိထားဖို့ အရေးကြီးပါတယ်။
အထူးသဖြင့် အရေပြားကို အတင်းဆွဲတာ၊ ကိုယ့်ဘာသာကိုယ် ကုသဖို့ ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးသွားရခက်ခြင်း စတဲ့ လက္ခဏာတွေရှိလာရင် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူသင့်ပါတယ်။
ရှက်လို့ ဖုံးကွယ်ထားရမယ့် ပြဿနာမဟုတ်ပဲ သိထားပြီး မှန်ကန်စွာ ဂရုစိုက်ရမယ့် ကျန်းမာရေးကိစ္စတစ်ခုဖြစ်တာကြောင့် လိင်တံထိပ်အရေပြားကျန်းမာရေးကို ဂရုစိုက်ဖို့‌မမေ့ပါနဲ့နော်။
လိင်တံထိပ်အရေပြားဖြတ်တောက်ဖို့လိုအပ်တဲ့သူများအတွက် ကျွန်မတို့ ဆေးခန်းမှာဆိုရင်
ကုန်ကျစရိတ်သက်သာစွာဖြင့်ဆောင်ရွက်ပေးနေသလို လာရောက်ကုသသူများအတွက်
ဆေးသွင်းခ(၃)ရက်စာအခမဲ့နှင့်
ဆေးလဲခ(၃)ရက်အခမဲ့ဖြင့်ဆောင်ရွက်ပေးနေပါပြီ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#လိင်တံထိပ်အရေပြားဖြတ်

“စအိုကွဲနာဖြစ်စေတဲ့ မထင်မှတ်ထားတဲ့ အကြောင်းရင်းများ”စအိုကွဲနာဆိုတာ ဝမ်းချုပ်ပြီး ဝမ်းမာမာသွားတာကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူ...
10/09/2026

“စအိုကွဲနာဖြစ်စေတဲ့ မထင်မှတ်ထားတဲ့ အကြောင်းရင်းများ”

စအိုကွဲနာဆိုတာ ဝမ်းချုပ်ပြီး ဝမ်းမာမာသွားတာကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူး။ တချို့အချိန်‌ေတွမှာ နေ့စဉ်အလေ့အကျင့်တွေနဲ့ ကျန်းမာရေးအခြေအနေတွေကလည်း စအိုအဝမှာ အနာကွဲလာစေနိုင်ပါတယ်။
စအိုကွဲနာကိုဖြစ်စေတဲ့အဓိကအကြောင်းအရာတွေက
ဝမ်းမကြာခဏ‌ေလျှာခြင်း
ဝမ်းသွားအကြိမ်များပြီး စအိုဝကို ထပ်ခါတလဲလဲ ထိခိုက်စေတဲ့အခါစအိုကွဲနာဖြစ်လာနိုင်ပါတယ်။

အိမ်သာတက်တဲ့အခါ အားစိုက်ညှစ်ခြင်း
ဝမ်းသွားတဲ့အခါ အလွန်အကျွံညှစ်ရတာက စအိုဝအပေါ် ကသွေးကြောလေးတွေအပေါ်ဖိအားများစေပြီး အနာကိုကွဲစေနိုင်ပါတယ်။

အိမ်သာတက်ချင်စိတ်ကို အမြဲအောင့်ထားခြင်း
ဝမ်းကို အချိန်ကြာကြာအောင့်ထားခြင်းက နောက်ပိုင်းမှာ ဝမ်းမာလာစေပြီး စအိုကွဲနာဖြစ်နိုင်ခြေကို မြင့်စေနိုင်ပါတယ်။

စအိုဝကို ထိခိုက်ဒဏ်ရာရခြင်း
စအိုဝကို ထိခိုက်စေတဲ့ အခြေအနေတွေကြောင့်လည်း အသားအရေကွဲအက်ပြီး အနာဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စအိုကွဲနာကို “ဝမ်းချုပ်တာကြောင့်ပဲ” လို့ မယူဆသင့်ပါဘူး။
ဝမ်းသွားချိန် စူးစူးရှရှနာခြင်း၊ ဝမ်းသွားပြီးနောက် နာကျင်မှုဆက်ရှိခြင်း သို့မဟုတ် သွေးနီနီထွက်ခြင်းတွေရှိရင် အကြောင်းရင်းကို သေချာစစ်ဆေးသင့်ပါတယ်။
စအိုကွဲနာကြောင့်နေ့စဉ်ဘဝမှာ ဝေဒနာကိုခံစားနေတယ်ဆိုလျင် ဆေးကုသကုန်ကျစရိတ်ကို ၄၇%သက်သာစွာဖြင့် စမ်းသပ်ခ၊ ဆွေးနွေးတိုင်ပင်ခ အခမဲ့ဖြင့် ကုသလို့ရနေပါပြီ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#စအိုကွဲနာ

လိင်အင်္ဂါနားမှာ အသားပိုလေးတွေတွေ့ရင် ပေါ့ပေါ့ဆဆ မထားပါနဲ့!လိင်အင်္ဂါ၊ စအိုဝန်းကျင်မှာ အသားပိုလေးတွေ၊ အဖုလေးတွေ ပေါ်လာတာ...
09/09/2026

လိင်အင်္ဂါနားမှာ အသားပိုလေးတွေတွေ့ရင် ပေါ့ပေါ့ဆဆ မထားပါနဲ့!

လိင်အင်္ဂါ၊ စအိုဝန်းကျင်မှာ အသားပိုလေးတွေ၊ အဖုလေးတွေ ပေါ်လာတာကို ရိုးရိုးအသားပိုလို့ ထင်မိတတ်ပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေမှာ ဒိအဖုလေးတွေ လိင်အင်္ဂါကြွက်နို့ဖြစ်နိုင်ပါတယ်။
လိင်အင်္ဂါကြွက်နို့ဟာ အများအားဖြင့် HPVကူးစက်မှုကြောင့် ဖြစ်တတ်ပြီး လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
လိင်အင်္ဂါကြွက်နို့ဖြစ်လျင်တွေ့ရတတ်တဲ့ လက္ခဏာတွေက
• လိင်အင်္ဂါတဝိုက်မှာ အသားပို/အဖုလေးများ ပေါ်လာတာ
• အဖုတွေ တစ်လုံးတည်းမဟုတ်ဘဲ အစုလိုက်ပေါ်လာတာ
• ပန်းပွင့်ပုံစံ၊ မျက်နှာပြင်မညီတဲ့ အဖုမျိုး ဖြစ်လာတာနှင့်
• ယားယံခြင်း၊ မအီမသာဖြစ်ခြင်းတို့ ရှိနိုင်တာတို့ပဲဖြစ်ပါတယ်။
အရေးကြီးတာက အဖုတစ်ခုတွေ့ရုံနဲ့ လိင်အင်္ဂါကြွက်နို့လို့ ကိုယ်တိုင်ဆုံးဖြတ်လို့ မရပါဘူး။ အခြားအရေပြားပြဿနာတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် ဆရာဝန်နဲ့ ေသချာစစ်‌‌ေဆးသင့်ပါတယ်။
ကြွက်နို့ကို ကိုယ်တိုင်ဖြတ်ထုတ်ခြင်း၊ မသေချာတဲ့ဆေးလိမ်းခြင်းတွေ မပြုလုပ်ဘဲ သင့်တော်တဲ့ကုသမှုကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

မရှက်ပါနဲ့။ မပေါ့ဆပါနဲ့။ စောစောသိလေ သင့်တော်တဲ့ကုသမှုကို စောစောစတင်နိုင်လေဖြစ်တာကြောင့် ၄၇%လျော့ဈေးဖြင့် စမ်းသပ်ခ၊စစ်ဆေးခမပါပဲ အခုပဲကုသလိုက်ပါ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#လိင်အင်္ဂါကြွက်နိ့

လိပ်ခေါင်းအကြောင်း သိကောင်းစရာနှင့် သတိထားရမယ့် လက္ခဏာ (၅) ရပ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် တချို့ရောဂါတွေက လူတွေကြားထဲမှာ အ...
08/09/2026

လိပ်ခေါင်းအကြောင်း သိကောင်းစရာနှင့် သတိထားရမယ့် လက္ခဏာ (၅) ရပ်

ကျန်းမာရေးနဲ့ ပတ်သက်လာရင် တချို့ရောဂါတွေက လူတွေကြားထဲမှာ အဖြစ်များပေမယ့် ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ရှက်တတ်ကြပါတယ်။ အဲဒီအထဲမှာ "လိပ်ခေါင်းရောဂါ" လည်း အပါအဝင်ပါပဲ။ တကယ်တော့ လိပ်ခေါင်းဆိုတာ စအိုဝတစ်ဝိုက်နဲ့ အူမကြီးအောက်ပိုင်းက သွေးကြောလေးတွေ ဖိအားများပြီး ရောင်ရမ်းလာရာကနေ ဖြစ်ပေါ်လာတဲ့ သာမန်ကျန်းမာရေး ပြဿနာတစ်ခုသာ ဖြစ်ပါတယ်။
ရောဂါကို ခံစားရပြီဆိုလျင် ကြုံတွေ့ရနိုင်တဲ့ အောက်ပါ အဓိကလက္ခဏာ (၅) ရပ်ကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
၁။ ဝမ်းသွားစဉ် သွေးပါခြင်း
လိပ်ခေါင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဝမ်းသွားတဲ့အခါ နာကျင်မှု သိပ်မရှိဘဲ သွေးစက်လေးတွေ ပါလာတာ၊ ဒါမှမဟုတ် သန့်စင်တဲ့အခါ သွေးအနီရောင်ရဲရဲလေးတွေ ကပ်ပါလာတာမျိုး တွေ့ရတတ်ပါတယ်။
၂။ စအိုဝတစ်ဝိုက် ယားယံခြင်း
ရောင်ရမ်းနေတဲ့ သွေးကြောတွေကြောင့် စအိုဝတစ်ဝိုက်မှာ အမြဲလိုလို စိတ်အနှောင့်အယှက်ဖြစ်စရာ ယားယံမှုတွေ ခံစားရတတ်ပါတယ်။
၃။ နာကျင်ခြင်း နှင့် နေမထိထိုင်မသာဖြစ်ခြင်း
အထူးသဖြင့် အပြင်လိပ်ခေါင်းဖြစ်တဲ့အခါမျိုးမှာ ထိုင်ရတာ ခက်ခဲလာပါတယ်။ ဝမ်းသွားချိန်မှာဖြစ်စေ၊ အကြာကြီး ထိုင်ရတဲ့အခါမှာဖြစ်စေ အောင့်သက်သက်နဲ့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။
၄။ အသားပို/အဖုအကျိတ် စမ်းမိခြင်း
စအိုဝမှာ အသားပိုလိုမျိုး အဖုအကျိတ်လေးတွေ ထွက်နေတာကို ကိုယ်တိုင် စမ်းသပ်သိရှိနိုင်ပါတယ်။ ဒီအဖုလေးတွေက ပွတ်တိုက်မိတဲ့အခါ နာကျင်တတ်ပြီး တချို့အခြေအနေတွေမှာ အတွင်းထဲကို ပြန်သွင်းလို့ မရတာမျိုးထိ ဖြစ်တတ်ပါတယ်။
၅။ စအိုဝတစ်ဝိုက် ရောင်ရမ်းခြင်းများ
သွေးကြောတွေ ဖောင်းကြွလာတဲ့အခါ စအိုဝတစ်ဝိုက်မှာ ပုံမှန်မဟုတ်ဘဲ ရောင်ရမ်းနေတတ်ပါတယ်။ ဒါက လှုပ်ရှားသွားလာရာမှာ ပိုပြီး အဆင်မပြေ ဖြစ်စေသလို နေ့စဉ်ဘဝမှာလဲ ပိုပြီးခက်ခဲလာတတ်ပါတယါ။

အဓိကအားဖြင့် ဝမ်းချုပ်ခြင်း၊ အိမ်သာထဲတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း၊ အလေးအပင်များ မ,ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း နှင့် အထိုင်များခြင်း တို့ကြောင့် စအိုဝသွေးကြောများကို ဖိအားများစေပြီး လိပ်ခေါင်းဖြစ်ပေါ်စေပါတယ်။
ဒါကြောင့်မလို့ ရောဂါလက္ခဏာတွေခံစားနေရပြီဆိုလျင် စောစွာ အလေ့အကျင့် ကိုပြင်ပါ ဝမ်းသွားလိုစိတ်ဖြစ်ပေါ်ပါက အောင့်မထားပါနဲ့။ ထို့ပြင် အိမ်သာထဲတွင် ဖုန်းသုံးခြင်း၊ စာဖတ်ခြင်းစသည့် အကြာကြီးထိုင်ခြင်းများကို ရှောင်ကြဉ်‌ေပးပါ။
ကျန်းမာရေးပြဿနာတိုင်းက ရှက်စရာမဟုတ်ပါဘူး။ ရောဂါလက္ခဏာ‌ေတွ ပြင်းထန်လာတာ သို့မဟုတ် ဝမ်းထဲတွင် သွေးအများအပြား ပါလာပြီဆိုလျင် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် မဖြစ်မနေ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ဒီအချက်အလက်လေးတွေက သင့်အတွက် အကျိုးရှိမယ်ဆို တခြားသူတွေပါ သိရှိနိုင်အောင် Knowledge Sharing အနေနဲ့ ထပ်ဆင့် မျှဝေပေးလိုက်ပါအုံးနော်။
လူသားအားလုံး လိပ်ခေါင်းရောဂါက ကင်းဝေးပြီးသာယာလှပသော နေ့ရက်တိုင်းကို ပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အကယ်၍ လိပ်ခေါင်းရောဂါကို တိတ်တဆိတ်ကုသချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ Myat အထူးကုဆေးခန်း ကို ဆက်သွယ်ပြီး ‌ကုသမယ်ဆိုရင်
ဆရာဝန်‌ေဆွး‌ေနွးခအခမဲ့
ကွန်ပျူတာစမ်းသပ်ခအခမဲ့စတဲ့ အခွင့်အရေးတွေကိုရရှိနိုင်မှာဖြစ်သလို
ခေတ်မှီကုသမှုနည်းလမ်း‌ေတွနဲ့ကုသ‌ေပး‌ေနတာကြောင့် အချိန်ဆွဲမနေပဲ အမြန်ဆုံးလှမ်းလာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#လိပ်ခေါင်း

အိမ်သာသွားတိုင်း နာကျင်တာ၊ သွေးစက်လေးတွေ တွေ့ရတာ၊ စအိုဝမှာ ယားယံမအီမသာဖြစ်တာတွေကို“ခဏနေရင် ပျောက်သွားမှာပါ” ဆိုပြီး တိတ်...
07/09/2026

အိမ်သာသွားတိုင်း နာကျင်တာ၊ သွေးစက်လေးတွေ တွေ့ရတာ၊ စအိုဝမှာ ယားယံမအီမသာဖြစ်တာတွေကို
“ခဏနေရင် ပျောက်သွားမှာပါ” ဆိုပြီး တိတ်တိတ်လေး ခံစားနေကြသူတွေ ရှိပါတယ်။
တချို့ကတော့ ကိုယ့်ပြဿနာကို ပြောပြဖို့ရှက်တာကြောင့်
အနီးကပ်လူတွေကိုတောင် မပြောဖြစ်ဘဲ နေ့စဉ်ဘဝမှာ မအီမသာဖြစ်နေရတတ်ပါတယ်။
ဒါပေမယ့်… နာကျင်နေတဲ့အရာကို ရှက်လို့ ဖုံးကွယ်ထားစရာ မလိုပါဘူး။ 🤍
လိပ်ခေါင်းပြဿနာတွေဟာ လူအများမှာ ဖြစ်နိုင်တဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
အစောပိုင်းကတည်းက ဂရုစိုက်ပြီး သင့်တော်တဲ့ကုသမှုကို ရှာဖွေမယ်ဆိုရင် နေ့စဉ်ဘဝကို ပိုမိုသက်သာစွာ ဖြတ်သန်းနိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်က ပြောနေတဲ့ “အဆင်မပြေဘူး” ဆိုတဲ့ အချက်တွေကို လျစ်လျူမရှုပါနဲ့။
ရှက်တာထက် ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ပေးဖို့လိုအပ်တာကြောင့် မပြောဖြစ်ခဲ့တာတွေရှိရင်လည်း အခုချိန်ကစပြီး ကိုယ့်အတွက် အကူအညီရှာဖို့ မနောက်ကျသေးပါဘူး။ 🌿
လိပ်ခေါင်းကို ရှက်စရာပြဿနာတစ်ခုအဖြစ် မမြင်ဘဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ့် အရာတစ်ခုအဖြစ် မြင်ပေးဖို့ပဲလိုပါတယ်။
လိပ်ခေါင်းရောဂါကိုကုသဖို့အတွက်ကုန်ကျစရိတ်အများကြီမလိုပဲ ကွန်ပျူတာစမ်းသပ်ခနှင့် ဆရာဝန်ဆွေးနွေးခ အခမဲ့ဖြင့်ကုသလို့ရနေပါပြီ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#လိပ်ခေါင်း

“နာကျင်မှုက အချက်ပေးနေပြီလား?”စအိုနားမှာ နာကျင်မှုတစ်ခုက… ပုံမှန်မဟုတ်တဲ့ အချက်ပေးသံ ဖြစ်နိုင်ပါတယ်။စအိုပြည်တည်နာဆိုတာ ရ...
05/09/2026

“နာကျင်မှုက အချက်ပေးနေပြီလား?”

စအိုနားမှာ နာကျင်မှုတစ်ခုက… ပုံမှန်မဟုတ်တဲ့ အချက်ပေးသံ ဖြစ်နိုင်ပါတယ်။

စအိုပြည်တည်နာဆိုတာ ရုတ်တရက်ပေါ်လာတဲ့ နာကျင်မှုတစ်ခုတည်းနဲ့ အဆုံးသတ်သွားတဲ့ ပြဿနာမဟုတ်ပါဘူး။

စအိုပတ်ဝန်းကျင်မှာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူခြင်း၊ အဖုအပိန့်ဖြစ်ခြင်း နဲ့ တစ်ခါတစ်ရံ ပြည်ထွက်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

အထူးသဖြင့် “ပြည်ထွက်သွားပြီဆိုတော့ သက်သာသွားပြီ” လို့ ယူဆပြီး ပေါ့ဆထားတာမျိုး မလုပ်သင့်ပါဘူး။ အတွင်းပိုင်းမှာ ပြဿနာဆက်လက်ရှိနေနိုင်တာကြောင့် သေချာစစ်ဆေးပြီး သင့်တော်တဲ့ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

မသက်မသာဖြစ်မှုကို ဖုံးကွယ်ထားခြင်းထက်
အကြောင်းရင်းကို သိရှိပြီး အချိန်မီဖြေရှင်းခြင်းက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုပါ။

ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတိုင်းကို ပေါ့ဆမထားဘဲ
စောစီးစွာ စစ်ဆေးခြင်းက ကိုယ့်ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။
စအိုပြည်တည်နာကိုသက်သာပျောက်ကင်းစေဖို့ ပိုက်ဆံအများကြီးကုန်ကျဖို့မလိုပဲ ၄၇%သက်သာစွာနှင့် ဆရာဝန်ဆွေးနွေးခ၊ ကွန်ပျူတာစမ်းသပ်ခ အခမဲ့ဖြင့်ကုသလို့ရနေပါပြီ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#စအိုပြည်တည်နာ

လိပ်ခေါင်းဆိုတာ ပြောရမှာရှက်စရာကောင်းတဲ့ ပြဿနာတစ်ခုမဟုတ်ပါဘူး။အိမ်သာသွားတိုင်း နာကျင်တာ၊ သွေးစက်လေးတွေ တွေ့ရတာ၊ စအိုဝမှာ...
04/09/2026

လိပ်ခေါင်းဆိုတာ ပြောရမှာရှက်စရာကောင်းတဲ့ ပြဿနာတစ်ခုမဟုတ်ပါဘူး။

အိမ်သာသွားတိုင်း နာကျင်တာ၊ သွေးစက်လေးတွေ တွေ့ရတာ၊ စအိုဝမှာ ယားယံမအီမသာဖြစ်တာတွေကို
“ခဏနေရင် ပျောက်သွားမှာပါ” ဆိုပြီး တိတ်တိတ်လေး ခံစားနေကြသူတွေ ရှိပါတယ်။
တချို့ကတော့ ကိုယ့်ပြဿနာကို ပြောပြဖို့ရှက်တာကြောင့်
အနီးကပ်လူတွေကိုတောင် မပြောဖြစ်ဘဲ နေ့စဉ်ဘဝမှာ မအီမသာဖြစ်နေရတတ်ပါတယ်။
ဒါပေမယ့်… နာကျင်နေတဲ့အရာကို ရှက်လို့ ဖုံးကွယ်ထားစရာ မလိုပါဘူး။ 🤍
လိပ်ခေါင်းပြဿနာတွေဟာ လူအများမှာ ဖြစ်နိုင်တဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
အစောပိုင်းကတည်းက ဂရုစိုက်ပြီး သင့်တော်တဲ့ကုသမှုကို ရှာဖွေမယ်ဆိုရင် နေ့စဉ်ဘဝကို ပိုမိုသက်သာစွာ ဖြတ်သန်းနိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်က ပြောနေတဲ့ “အဆင်မပြေဘူး” ဆိုတဲ့ အချက်တွေကို လျစ်လျူမရှုပါနဲ့။
ရှက်တာထက် ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ပေးဖို့လိုအပ်တာကြောင့် မပြောဖြစ်ခဲ့တာတွေရှိရင်လည်း အခုချိန်ကစပြီး ကိုယ့်အတွက် အကူအညီရှာဖို့ မနောက်ကျသေးပါဘူး။ 🌿
လိပ်ခေါင်းကို ရှက်စရာပြဿနာတစ်ခုအဖြစ် မမြင်ဘဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ့် အရာတစ်ခုအဖြစ် မြင်ပေးဖို့ပဲလိုပါတယ်။
လိပ်ခေါင်းရောဂါကိုကုသဖို့အတွက်ကုန်ကျစရိတ်အများကြီမလိုပဲ ကွန်ပျူတာစမ်းသပ်ခနှင့် ဆရာဝန်ဆွေးနွေးခ အခမဲ့ဖြင့်ကုသလို့ရနေပါပြီ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#လိပ်ခေါင်း

ဆီးသွားတိုင်း "ဓားနဲ့လှီး" နေသလို စပ်ပြီး နာကျင်နေပြီလား? 🔪🔥ဆီးသွားတာက အိမ်သာထဲမှာ မျက်ရည်ကျရတဲ့အထိ ဒုက္ခပေးနေပြီလား? အပ...
03/09/2026

ဆီးသွားတိုင်း "ဓားနဲ့လှီး" နေသလို စပ်ပြီး နာကျင်နေပြီလား? 🔪🔥

ဆီးသွားတာက အိမ်သာထဲမှာ မျက်ရည်ကျရတဲ့အထိ ဒုက္ခပေးနေပြီလား?
အပြင်ပန်းကြည့်ရင် ရိုးရိုးဆီးအောင့်တာလိုလို ထင်ရပေမဲ့...
တကယ်တမ်း ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် ပူစပ်ပူလောင်ဖြစ်တာ၊ စအိုဝ ဒါမှမဟုတ် လိင်အင်္ဂါကနေ ပြည်လိုလို အရည်တွေ ဆင်းလာတာမျိုး ဖြစ်နေပြီဆိုရင်တော့... ဝမ်းနည်းပါတယ်။ ဒါဟာ "ဆီးပူညောင်းကျ လို့ခေါ်တဲ့ ကူးစက်ရောဂါပါ။
ဒီလိုအချိန်မှာ လူတော်တော်များများ လုပ်တတ်တဲ့ အမှားတစ်ခု ရှိပါတယ်။
"ရှက်လို့ ဆေးဆိုင်ကနေ ကြုံရာ ပဋိဇီဝဆေး တွေ ဝယ်သောက်လိုက်မယ်" ဆိုတဲ့ အတွေးပါပဲ။ ဒီအတွေးတွေကို လုံးဝ ရပ်လိုက်ပါ!
အခုခေတ် ဆီးပူညောင်းကျပိုးတွေက တော်ရုံဆေးကို ယဉ်ပါးနေပါပြီ။ ဆရာဝန် မညွှန်ကြားဘဲ ဆေးကို ပတ်လည်အောင် မသောက်ရင် ခဏလေး သက်သာသွားသယောင် ပြတတ်ပြီး၊ နောက်ပိုင်း ပိုဆိုးတဲ့ နောက်ဆက်တွဲ ပြဿနာတွေ (ဥပမာ - သားသမီးရနိုင်စွမ်း ကျဆင်းတာ) အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင်...
ရှက်မနေဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပါ။ အရေးကြီးဆုံး နောက်တစ်ချက်က ကိုယ့်ရဲ့ ပါတနာ (Partner) ကိုပါ တစ်ခါတည်း ဆေးကုသမှု ခံယူဖို့ ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။ 🤝
ဒိလိုမျိုးမဖြစ်ရလေအောင် အမြန်ဆူံးနှင့် အသက်သာဆ‌ံုးဖြင့်ကုသနိုင်ဖို့ ၄၇%လျော့ဈေးဖြင့် စမ်းသပ်ခ၊‌ေဆွးနွေးခမယူပဲ ကျွန်မတို့ Myat အထူးကုဆေးခန်းမှာ အခုပဲကုသလို့ရနေပါပြီ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#ဂနို

“လိပ်ခေါင်းနဲ့ စအိုကွဲနာကို ကိုယ်တိုင်ခွဲခြားနိုင်လား?”စအိုနားမှာ နာလာပြီဆိုတာနဲ့“လိပ်ခေါင်းဖြစ်ပြီထင်တယ်…” ဆိုပြီး ကိုယ...
31/08/2026

“လိပ်ခေါင်းနဲ့ စအိုကွဲနာကို ကိုယ်တိုင်ခွဲခြားနိုင်လား?”စအိုနားမှာ နာလာပြီဆိုတာနဲ့
“လိပ်ခေါင်းဖြစ်ပြီထင်တယ်…” ဆိုပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်မိတတ်ပါတယ်။
ဒါပေမယ့် လိပ်ခေါင်းနဲ့ စအိုကွဲနာက လက္ခဏာတချို့ ဆင်တူနေတာကြောင့် ကိုယ်တိုင်ခွဲခြားရခက်နိုင်ပါတယ်။
လိပ်ခေါင်း ဖြစ်တဲ့အခါ ဝမ်းသွားပြီးတဲ့အခါ သွေးထွက်တာ၊ စအိုနားမှာ ဖုသလို၊ အသားပိုရှိသလို ခံစားရတာ၊ ယားယံတာ၊ မအီမသာဖြစ်တာတွေ ရှိနိုင်ပါတယ်။
စအိုကွဲနာ ဖြစ်တဲ့အခါတော့ ဝမ်းသွားချိန်မှာ စအိုအတွင်းပိုင်းက စူးစူးရှရှ နာကျင်သလို ခံစားရပြီး ဝမ်းသွားပြီးနောက်မှာတောင် နာကျင်မှု ဆက်ရှိနေနိုင်ပါတယ်။ သွေးစက်လေးတွေ တွေ့ရတာလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် “သွေးထွက်တယ်ရင် လိပ်ခေါင်း” လို့ တစ်ခါတည်း သတ်မှတ်လိုက်တာမျိုး၊ “နာတယ်ဆိုရင် စအိုကွဲနာ” လို့ ကိုယ်တိုင်ဆုံးဖြတ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။
ဘယ်ဟာကိုခံစားနေရပါစေ မသက်သာပဲကြာလာတာ၊ ပိုဆိုးလာတယ်ဆိုရင် အကြောင်းရင်းကို သေချာသိရှိနိုင်ဖို့ ကျန်းမာရေးပညာရှင်နဲ့ စစ်ဆေးတိုင်ပင်တာက အကောင်းဆုံးပါ။
လိပ်‌ေခါင်းနှင့်စအိုကွဲနာမှာ တူတယ်လိုထင်ရတဲ့ လက္ခဏာတွေရှိပေမယ့် ကုသနည်းကတော့ မတူပါဘူး။
ကိုယ့်ဘာသာ ခန့်မှန်းပြီး ကုသနေမည့်အစား အကြောင်းရင်းမှန်ကို သိအောင် စစ်ဆေးလိုက်ပါ။ ❤️
အကယ်၍ သင့်အနေနှင့် လိပ်ခေါင်းရောဂါကိုခံစားနေရတယ်ဆိုလျင် ကုန်ကျစရိတ်အများကြီးကုန်ကျဖို့မလိုပဲ စမ်းသပ်ခနှင့် ဆွေးနွေးခ အခမဲ့ဖြင့်ကုသလို့ရနေပါပြီ။
ဒါကြောင့်မလို့ နေ့စဉ်ဘဝမှာတွေဝေနာကျင်မနာကျင်ရအောင် အခုပဲလာရောက်ကုသလိုက်ပါ။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#လိပ်ခေါင်း

ဝမ်းသွားရင် နာရုံတင်မကဘဲ... စအိုဝနားမှာ အနာပေါက်ပြီး ပြည်တွေ၊ သွေးတွေ ခဏခဏ စိမ့်ထွက်နေလို့ စိတ်ညစ်ဖူးလား? ဒါဆိုရင် 'ဂရင်...
31/08/2026

ဝမ်းသွားရင် နာရုံတင်မကဘဲ... စအိုဝနားမှာ အနာပေါက်ပြီး ပြည်တွေ၊ သွေးတွေ ခဏခဏ စိမ့်ထွက်နေလို့ စိတ်ညစ်ဖူးလား? ဒါဆိုရင် 'ဂရင်ဂျီနာ' ဖြစ်နေပါပြီ။"
ဂရင်ဂျီနာဆိုတာ လွယ်လွယ်ပြောရရင် စအိုဝနားမှာ ပြည်တည်နာ ဖြစ်ရာကနေ အထဲအထိ 'လိုဏ်ခေါင်းလမ်းကြောင်းအပို' တစ်ခု ဖြစ်သွားတာပါ။ အဲဒီလမ်းကြောင်းထဲကနေ ပြည်တွေ၊ အနံ့ဆိုးတွေ ခဏခဏ ထွက်နေတတ်တာပေါ့။"
"လူတော်တော်များများက ဒါကို 'လိပ်ခေါင်း' ဒါမှမဟုတ် 'ရိုးရိုးအနာစိမ်း' ထင်ပြီး ဆေးပူတွေ လျှောက်ထည့်၊ ကြိတ်ခံစားနေတတ်ကြပါတယ်။ အဲဒီလို လျှောက်လုပ်လေ အထဲက လမ်းကြောင်းက ပိုရှည်ပြီး ပိုဆိုးလာလေပါပဲ။"
"ဒီရောဂါက ရိုးရိုးဆေးသောက်ရုံ၊ လိမ်းရုံနဲ့ မပျောက်ပါဘူး။ အထဲက အပေါက်နဲ့ လမ်းကြောင်းကို ပိတ်ပစ်ဖို့ ခွဲစိတ်ကုသမှု (သို့) လေဆာနည်းလမ်းတစ်ခုပဲ ရှိပါတယ်။"
ရှက်လို့ ကြိတ်ခံစားနေရတဲ့ စိတ်ဒုက္ခက ဆရာဝန်နဲ့ သွားပြလိုက်ရတဲ့ ခဏတာထက် ပိုပြီး ကြီးမားပါတယ်ဗျာ။"
ဂရင်ဂျီနာကြောင့်ခံစားရတဲ့ဝေဒနာတွေကိုသက်သာစေဖို့ ကုစရိတ် ၄၇သက်သာစွာဖြင့် စမ်းသပ်ခ၊ ဆွေးနွေးခ အခမဲ့ဖြင့်ကုသလို့ရနေပါပြီ။
သင့်ပတ်ဝန်းကျင်က ဂရင်ဂျီနာဝေဒနာရှင်များကိုလဲ ဒိသတင်းကို မျှဝေပေးလိုက်ဖို့မမေ့ပါနဲ့နော်။
မြတ်အထူးကုဆေးခန်း
📞-09 686 351 852
📍လိပ်စာ - အမှတ်(138/139)၊ ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#မြတ်အထူးကုဆေးခန်း
#အမျိူးသားရောဂါ
#ဂရင်ဂျီနာ

Address

Innsein
Yangon
11061

Alerts

Be the first to know and let us send you an email when မြတ် အထူးကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မြတ် အထူးကု ဆေးခန်း:

Shortcuts

Share