ဗဟုသုတ

ဗဟုသုတ မင်္ဂလာပါ

နှလုံးသားကို ဖယ်ပြီး ဦးနှောက်နဲ့ရွေးချယ်တဲ့အခါ ယောက်ကျားတွေကပိုဆရာကျတယ်။ပိုလက်တွေ့ ဆန်တယ်။ဘာအရည်အချင်းမှ မရှိ။ဘာမက်မောစရ...
06/06/2026

နှလုံးသားကို ဖယ်ပြီး ဦးနှောက်နဲ့
ရွေးချယ်တဲ့အခါ ယောက်ကျားတွေက
ပိုဆရာကျတယ်။ပိုလက်တွေ့ ဆန်တယ်။

ဘာအရည်အချင်းမှ မရှိ။
ဘာမက်မောစရာမှ မရှိတဲ့မိန်းကလေးကို ယောက်ျားတွေဟာ
ရေရှည်အတွက် မစဉ်းစားဘူး။
သူတို့ဟာ ချစ်သူမဖြစ်ခင်ကတည်း
စတွက်ချက်ထားပြီးသား။ယောက်ျားတွေရဲ့အချစ်ဟာ စီးပွါးရေးဆန်ပါတယ်။သူတို့အတွက် ဘာအကျိုးမှ မရှိရင် သူတို့ အချိန်ကုန်ခံမှာ မဟုတ်ဘူး။ဒါယောက်ျားတွေရဲ့ သဘာဝပဲ။အားလုံးမဟုတ်ရင်တောင် အများစုက ဒီပုံစံပါပဲ။

မိန်းကလေးတွေ ထက်မြက်တဲ့သူ ဖြစ်အောင် ကြိုးစာ:ရမယ်။
ပညာလည်း တတ်ရမယ်။
ငွေလည်း ရှာတတ်ရမယ်။
ထမင်းဟင်းလည်း ချက်တတ်ရမယ်။
လှလည်း လှရမယ်။
အရည်အချင်းရှိပြီး High Value ဖြစ်အောင် ကြိုးစာ:ရမယ်။Life style တစ်ခုရှိတဲ့အထိ
ကြိုးစာ:ရမယ်။မိမိအပေါ်
ရင်းနှီးမြှုပ်နှံရမယ်။တက်ကြွရမယ်။သန်မာရမယ်။

ဒါဖြင့် မေးစရာရှိလာတယ်။
ဒါတွေ ကြိုးစားခိုင်းတာ ယောက်ကျားတွေအတွက်လား ဆိုရင် လုံးဝ
မဟုတ်ရပါ။
ကိုယ့်ကို ထားသွားတဲ့အခါ၊မရွေးချယ်တဲ့အခါ မရွေးချယ်လည်း
ဘာအရေးလဲဆိုပြီး ခပ်ချေချေ နေဖို့ပဲ။သိမ်ငယ်မှုတွေ၊အလိုမကျမှုတွေ၊ဝမ်းနည်းခြင်းတွေ ခံစာ:ရမှာကို မလိုလားပါဘူး။
တကယ်လို့ ကိုယ့်မှာ ဘာအရည်အချင်းမှ မရှိရင် ယောက်ကျားတစ်ယောက် ထားသွားကြည့်ပါလား
အရူးတစ်ပိုင်းလို ဖြစ်လိမ့်မယ်။
ဗုန်းဗုန်းလဲကျ သွားလိမ့်မယ်။

ဒါကြောင့် Independent အမျိုးသမီး
ဖြစ်ခိုင်းတယ်ဆိုတာ အလကား မဟုတ်ပါ။လှပပြီး ထက်မြက်ရမယ်။အရည်အချင်းပြည့်မီတဲ့
အမျိုးသမီးတစ်ယောက် ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ဒီအချက်က အမြဲ ကိုယ့်ကို ကာကွယ်ဖို့ပါပဲ။

#နူးနူးအောင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share