Pyae Sone USA Supplement

Pyae Sone USA Supplement USA Supplement

02/06/2026

Electrolytes

02/06/2026

COq 10

01/06/2026

Multivitamins

Lung Bronchial & sinus health🫁 အဆုတ်ရောင်ရောဂါပိုးကူးစက်ခံရသဖြင့် အဆုတ်ရောင်သူများ၊ အဆုတ်တွင် အမာရွတ်ရှိသူများ၊ အဆုတ်တွင...
01/06/2026

Lung Bronchial & sinus health

🫁 အဆုတ်ရောင်ရောဂါပိုးကူးစက်ခံရသဖြင့် အဆုတ်ရောင်သူများ၊ အဆုတ်တွင် အမာရွတ်ရှိသူများ၊ အဆုတ်တွင် ဒဏ်ဖြစ်သူများ

🫁 သက်ဆိုင်ရာ လုပ်ငန်းခွင်မှ ထွက်ပေါ်လာသော အမှုန်အမွှား၊ ဓာတ်ငွေ့ များနှင့် ညစ်ညမ်းသော လေထုကို ရှုနေရသူများ၊ အဆုတ်အားနည်းသူ၊ အဆုတ်ရောဂါအခံရှိသူ နှင့် အဆုတ်မကောင်းခြင်းကြောင့် မောပန်းလွယ်သူများ၊

🫁 အဆုတ်အား ထိခိုက်စေသော ဆေးလိပ်၊ Vape၊ ဆေးရွက်ကြီးကို ရေရည် သောက်သုံးသူများ၊
အသက်ရှူရခက်သော ရောဂါအခံရှိသူများနှင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ အားနည်းသူတွေ အတွက် အထူးပင်လိုအပ်ပါတယ်။

💁🏻‍♀️ အဓိက ပါဝင်သော ဆေးဘက်ဝင် ပစ္စည်းများနှင့် အကျိုးအာနိသင်များ

🍀 Bromelain ကို ထည့်သွင်းဖော်စပ်ထားသောကြောင့် အစာရေမျိုပြွန်နှင့် အူးလမ်းကြောင်းကို ကောင်းစေပါတယ်။
☘️ Ivy leaf herbal extract ကိုပါ ထည့်သွင်းဖော်စပ်ထားသောကြောင့် ချွဲသလိပ်များကို ပျော်ဝင်စေပြီး ချောင်းဆိုးခြင်းကို အထူးပင် သက်သာစေပါတယ်။
🍄 Mullein ပါဝင်လို့ အာရုံကြောများကိုဖြေလျှော့ပေးပြီး relax ဖြစ်စေပါတယ်
🌿 Marshmallow ဆေးပင်လည်း ပါဝင်တာကြောင့် နှာရည်ယို နှာပိတ်ခြင်းနှင့် အဆုတ်အတွင်းရှိ ချွဲသလိပ်များကို အမြန်ဆုံးပျော်ဝင်စေနိုင်တာကြောင့် ချောင်းဆိုးခြင်းကိုလဲ အမြန်ဆုံးပျောက်ကင်းစေပြီး ချောင်းဆိုးခြင်းကြောင့် မောပန်းမှု အသက်ရှုမဝမှုကိုပါ သက်သာစေပါတယ်။
🍒 wild cherry ကို ထည့်သွင်းဖော်စပ်ထားတာကြောင့် အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း နှင့် အဆုတ်ကင်ဆာ၊ အဆုတ်ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။
🧬 Lung Bronchial & sinus health supplements မှာ ပါဝင်သော NAC ဟာ antioxidants များဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ body cells များပျက်စီးခြင်းကို လျော့ချပေးပြီး ၊ လေထုညစ်ညစ်ခြင်းကြောင့်ဖြစ် အဆုတ်ကို ဆိုးရွားစွာပျက်စီး ထိခိုက်စေခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများရန်မှ ကာကွယ်ပေးပါတယ်။

naturalfactors
life seasons
lybrate
Dr. Axe
StyleCraze

01/06/2026

ဖြည့်စွက်စာလေးများ

Multivitamin🥙🥙 ခန္ဓာကိုယ်မှာက အရေပြား၊ ကြွက်သား၊ တစ်ရှူး၊ ဆဲလ် စတဲ့ အစိတ်အပိုင်းတွေအားလုံးပြောင်းလဲမှု၊ အသစ်ဖြစ်ပေါ်မှုတ...
31/05/2026

Multivitamin

🥙🥙 ခန္ဓာကိုယ်မှာက အရေပြား၊ ကြွက်သား၊ တစ်ရှူး၊ ဆဲလ် စတဲ့ အစိတ်အပိုင်းတွေအားလုံးပြောင်းလဲမှု၊ အသစ်ဖြစ်ပေါ်မှုတွေရှိနေပါတယ်။ မှန်ကန်တဲ့သွေးလည်ပတ်မှုနဲ့ လုပ်ဆောင်ချက်တွေနဲ့မှ ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်မှာပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေဖြစ်လို့ ဗီတာမင် သို့မဟုတ် သတ္တုဓါတ်တစ်မျိုးမျိုး ချို့တဲ့တာနဲ့ ကျန်းမာရေးမှာပြဿနာရှိလာနိုင်ပါတယ်။

🥗🥗 ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အရိုးအဆစ်တွေကြံ့ခိုင်စေဖို့၊ အနာတွေကျက်စေဖို့၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ထောက်ကူပေးသလို အစာကနေ ခွန်အားဖြစ်အောင်ပြောင်းလဲပေး၊ ဆဲလ်တွေထိခိုက်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးတာတွေအထိ အကျိုးပြုနေတာဖြစ်ပါတယ်။

💁🏻‍♀️ ဗီတာမင်နဲ့သတ္တုဓါတ်များစွာရှိတဲ့အထဲက ခန္ဓာကိုယ်အတွက် အကျိုးပြုပုံတွေတော့

❣️ Vitamin A – ဗီတာမင် A က အမြင်အာရုံနဲ့ ကိုယ်ခံအားစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်ကိုကောင်းမွန်စေဖို့ အကျိုးပြုပါတယ်။

❣️ Vitamin B1 (Thiamine) – ဗီတာမင် B1 က ခန္ဓါကိုယ်အတွင်း ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းကိုချေဖျက်အသုံးချရာမှာ အကူအညီပေးပါတယ်။

❣️ Vitamin B2 (Riboflavin) – ဗီတာမင် B2 က အစားအစာကို အားအဖြစ်ပြောင်းလဲပေးတာအပါအဝင် ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်အတော်များများကို အထောက်အကူပေးတဲ့အပြင်သွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုကို အားပေးပါတယ်။

❣️ Vitamin B3(Niacin) – ဗီတာမင် B3 က အစာချေဖျက်မှုနဲ့ အစာကနေ ခွန်အားအဖြစ်ပြောင်းလဲမှုကို ကူညီပေးပါတယ်။

❣️ Vitamin B12 – ဗီတာမင် B12 က ဆဲလ်ကွဲပွားခြင်းနဲ့သွေးနီဥဆဲလ်ဖြစ်ပေါ်ခြင်းကိုလည်း အထောက်အကူပေးပါတယ်။

❣️ Vitamin C (Ascorbic Acid) – ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီးအရေပြား၊သွေးကြော၊အရွတ်တို့အတွက် အရေးပါတဲ့ collagen ထွက်ရှိမှုကို အားပေးပါတယ်။ ခန္ဓါကိုယ်အနှံ့က တစ်ရှူးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ပြန်လည်ကောင်းမွန်စေဖို့၊ အနာကျက်စေဖို့၊ အရိုးနဲ့သွားတွေ ကျန်းမာစေဖို့ ကူညီပါတယ်။

❣️ Vitamin D – ဗီတာမင် D က အရိုးကျန်းမာရေးနဲ့ ခန္ဓါကိုယ်တွင်း ကယ်လ်စီယမ်ချေဖျက်အသုံးချမှုကို ထိန်းညှိကူညီပေးတဲ့အပြင် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် အရေးပါတဲ့ဓါတ်ဖြစ်ပါတယ်။

❣️ Vitamin E – ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တဲ့ ဗီတာမင် E က ဆဲလ်တွေကို ထိခိုက်မှုအန္တရာယ်မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

❣️ Folate (Folic Acid) – Folic acid က ဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုကိုမြှင့်တင်အားပေးပြီး ကလေးကျန်းမာစွာမွေးဖွားနိုင်ဖို့ အားဖြည့်ပေးတဲ့အပြင် နှလုံးကျန်းမာရေးကိုကောင်းစေတယ်။သွေးအားကောင်းစေတယ်။

❣️ Biotin (Vitamin B7) - အိုတင်ဟာ အရေပြား၊ ဆံပင်၊ မျက်လုံး၊ အသည်းနဲ့ အာရုံကြောအဖွဲ့အစည်းတွေကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားလောင်း ဖွံ့ဖြိုးကြီးထွားရေးအတွက် ဘိုင်အိုတင်ကို မဖြစ်မနေလိုအပ်ပါတယ်။

❣️ Calcium –ကယ်လ်စီယမ်က အရိုးနဲ့သွားကြံ့ခိုင်စေဖို့ အထောက်အကူပေးပြီး ကြွက်သားအားကောင်းစေတယ်။

❣️ Phosphorus –Phosphorus က ဆဲလ်တွေရဲ့လုပ်ဆောင်ချက်နဲ့သွေးလည်ပတ်မှုကိုကောင်းစေတယ်၊အရိုးကိုကျန်းမာစေတယ်။

❣️ Magnesium –ကြွက်သားနဲ့အာရုံကြောတွေရဲ့လုပ်ဆောင်ချက်ကိုကောင်းစေတယ်။ နှလုံးခုန်နှုန်းမှန်စေတယ်၊ အရိုးကြံ့ခိုင်မှုကို ထိန်းသိမ်းပေးတယ်။

❣️ Copper – ခန္ဓါကိုယ်ထဲမှာသံဓါတ်ကိုချေဖျက်အသုံးချမှုအတွက် အထောက်အကူပေးပြီး ဆဲလ်တွေအတွက် အကျိုးပြုပါတယ်။ အရိုးနဲ့ တွယ်ဆက်တစ်ရှူး၊သွေးကြောတွေကိုလည်း ကျန်းမာစေပါတယ်။

❣️ Manganese – အရိုးကျန်းမာရေးနဲ့အနာကျက်ခြင်းအတွက် အပြင် ပရိုတင်း၊ကိုလက်စထရောနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓါကိုယ်တွင်း ချက်လုပ်မှုကို အားပေးပါတယ်။

❣️ Iodine –အိုင်အိုဒင်းကတော့ သိုင်းရွိုက်ဟော်မုန်းတွေဖြစ်ပေါ်မှုအတွက် အကျိုးပြုပါတယ်။

❣️ Potassium –ပိုတက်စီယမ်က အာရုံကြောစနစ်နဲ့ကြွက်သားတွေအတွက်ကောင်းကျိုးပြုသလိုရေဓါတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။

❣️ Chromium –သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

❣️ Selenium – ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပြီး သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်ပြီး ထိန်းညှိပေးပါတယ်။

❣️ Zinc – ဇင့်က ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး မျိုးပွားစနစ်နဲ့ အာရုံကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။

❣️ Iron – သံဓါတ်က သွေးအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

❣️Inositol ဟာ အဓိကအားဖြင့် ကင်ဆာဆဲလ်များကို တိုက်ထုတ်နိုင်ရန်အတွက် ခန္ဓာကိုယ်ရှိ Immune System ကို မြှင့်တင်ပေးပါတယ်။

💁🏻‍♀️ အပေါ်မှာဖော်ပြခဲ့တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေ တစ်စုတည်းရရှိချင်ရင်တော့ Multivitamin ဖြည့်စွက်စာများ ကိုရွေးချယ်နိုင်ပါတယ်။ Multivitamin ကို တစ်နေ့တစ်လုံးသောက်ရုံနဲ့ မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေကို ကူညီဖြည့်တင်းပေးနိုင်မှာပါ။

Yun Sandi Nan Mon (hellosayawon)
Veglife
Unilab

31/05/2026

USA Supplement

31/05/2026

Magnesium Glycinate

24/05/2026

Milk Thistle

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pyae Sone USA Supplement posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share