Dr Nyi

Dr Nyi Health Knowledge

မျက်လုံးတဝိုက်က ဒီလိုအဝါရောင်အဖတ်လေးတွေဟာ အဆီခဲလေးတွေဖြစ်ပြီး ဆေးပညာအရ   လို့ခေါ်ပါတယ်လူကိုအန္တရာယ်ဖြစ်စေတဲ့  #ကိုလက်စထရ...
08/03/2025

မျက်လုံးတဝိုက်က ဒီလိုအဝါရောင်အဖတ်လေးတွေဟာ အဆီခဲလေးတွေဖြစ်ပြီး ဆေးပညာအရ လို့ခေါ်ပါတယ်

လူကိုအန္တရာယ်ဖြစ်စေတဲ့ #ကိုလက်စထရောအဆီ တွေစုနေတာလို့ ပြောလို့ရပါတယ်

အမျိုးသမီးတွေမှာ ပိုမိုတွေ့ရလေ့ရှိပါတယ်

နောက်ပြီး သွေးတွင်းအဆီများတဲ့သူတွေ ၊ ကိုယ်ခန္ဓာဝတဲ့သူတွေ ၊ သွေးတိုးရောဂါရှိသူတွေ ၊ သွေးချိုဆီးချိုရောဂါရှိသူတွေ ၊ သိုင်းရွိုက်‌ဟော်မုန်းနည်းရောဂါရှိသူတွေ ၊ ဆေးလိပ်အရက်သောက်သုံးသူတွေနဲ့ အသည်းရောဂါရှိသူတွေမှာလည်း အတွေ့များပါတယ်

📌သုတေသနလေ့လာချက်များအရ အဆိုပါ Xanthelasma ရှိသူများဟာ နှလုံးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ ၊ လေဖြတ်ရောဂါ စသည်တို့ခံစားရနိုင်ခြေများတာကို တွေ့ရှိထားပါတယ်

သင့်မျက်လုံးတဝိုက်မှာ ယခုလိုအဆီခဲလေးတွေစုနေတာကို သတိထားမိပြီဆို နီးစပ်ရာဆရာဝန်နဲ့ပြသတိုင်ပင်ပြီး သွေးတွင်းအဆီစစ်ဆေးခြင်း ၊ သွေးချိုစစ်ဆေးခြင်း ၊ အသည်းစစ်ဆေးခြင်း ၊ သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခြင်း စသဖြင့် လိုအပ်သော စစ်ဆေးမှုများကိုပြုလုပ်သင့်ပါတယ်

ဆီလျှော့စားပါ

ဆီကြော်နှင့် တိရစ္ဆာန်အဆီများကို ရှောင်ပါ

ဟင်းသီးဟင်းရွက် များများစားပါ

ချွေးစို့သည်အထိ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ဆေးလိပ် အရက် ရှောင်ပါ

ဆရာဝန်ညွှန်ကြားချက်အတိုင်း (Cholesterol Lowering Drug) #သွေးတွင်းအဆီချဆေး ကို မှီဝဲပါ

Dr Nyi
M.B.,B.S
M.Med.Sc (Preventive & Tropical Medicine)

ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဟာ တီဘီရောဂါပိုးကူးစက်ခံထားရပြီး ၊ အဆိုပါကူးစက်ခံထားရသူတွေရဲ့ ၁၀% ခန့်ကသာ တီဘီရောဂါဖြစ်တ...
04/09/2024

ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဟာ တီဘီရောဂါပိုးကူးစက်ခံထားရပြီး ၊ အဆိုပါကူးစက်ခံထားရသူတွေရဲ့ ၁၀% ခန့်ကသာ တီဘီရောဂါဖြစ်တဲ့အဆင့်ကိုရောက်ရှိကြတယ်ဆိုတာကို သင်သိပါသလား။

တီဘီရောဂါရဲ့ဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုပါက ရောဂါပိုးပါသောလေကို ရှူသွင်းမိရာကစလို့ တီဘီရောဂါပိုးဟာ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာပါတယ်။
လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး

(၁) တီဘီရောဂါပိုးကို ကိုယ်ခံအားစနစ်ကဖယ်ထုတ်ပစ်နိုင်ခြင်း (Innate Immunity)

(၂) လက္ခဏာမပြသေးသောတီဘီ (Latent TB Infection)

(၃) တီဘီရောဂါ (TB Disease)

ဆိုပြီး အခြေအနေသုံးမျိုးကွဲပြားသွားပါတယ်။

Latent TB Infection (LTBI) ဆိုတာ တီဘီရောဂါပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသေးသောအခြေအနေကို ဆိုလိုပါတယ်။
📌 LTBI ကို ယခင်ကတော့ ငုပ်လျှိုးတီဘီလို့ခေါ်ခဲ့ကြပေမယ့် ယခုအခါမှာတော့ လက္ခဏာမပြသေးသောတီဘီလို့ ပြောင်းလဲခေါ်နေပြီဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့သလို တီဘီရောဂါပိုးကူးစက်ခံထားရသူတွေထဲကမှ ၁၀% ခန့်ကသာ တီဘီရောဂါလက္ခဏာတွေပြတဲ့အတွက် လက္ခဏာမပြသေးသောတီဘီ (LTBI) လူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူကောင်းအတိုင်းရှိနေကြကာ အဲသည်လူဟာ ကျွန်တော်တို့ကိုယ်တိုင်လည်းဖြစ်နေနိုင်သေးတယ်ဆိုတာ သတိပြုရပါမယ်။

LTBI များသည် တီဘီရောဂါပိုးကူးစက်ခံထားရသော်လည်း တစ်ခြားသူများကို ရောဂါပိုးကူးစက်စေနိုင်ခြင်းတော့မရှိပါဘူး။ သို့ပေမယ့် ထိုလူများဟာ တီဘီရောဂါဖြစ်တဲ့အခြေအနေကို တစ်ချိန်ချိန်မှာ ရောက်ရှိလာကြပြီး ပတ်ဝန်းကျင်ကလူများကို တီဘီရောဂါပိုး ကူးစက်စေမှာပဲဖြစ်ပါတယ်။

ဒါကြောင့် တီဘီရောဂါကို မိမိတို့ပတ်ဝန်းကျင်ကနေ လုံးဝကင်းစင်ပပျောက်သွားဖို့ဆို တီဘီရောဂါဖြစ်နေတဲ့လူနာများကိုသာ ကုသမှုပေးနေရုံနဲ့မလုံလောက်တော့ဘဲ လက္ခဏာမပြသေးသောတီဘီ (LTBI) ဖြစ်နေသူများကိုပါ လူထုထဲမှာ ရှာဖွေပြီး ကာကွယ်ကုသမှုပေးဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်။

LTBI ကရောဂါလက္ခဏာမပြတဲ့အတွက် ဘယ်လိုသိနိုင်မလဲဆိုလျှင်တော့ အရေပြားမှာစမ်းတဲ့ Tuberculin Skin Test (TST) နှင့် သွေးဖောက်ပြီးစစ်တဲ့ Interferon Gamma Release Assay (IGRA): QuantiFERON-TB Gold Test (QFT) တို့စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ သွေးဖောက်ပြီးစစ်ရတဲ့ IGRA test ကပိုကောင်းတယ်လို့ပြောရပါမယ်။
📌(တတ်ကျွမ်းနားလည်သော ဆရာဝန်/တီဘီရောဂါကုဆရာဝန်များနဲ့တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်)

ဒီနေရာမှာ ထပ်မံပြောပြလိုတာက TB Preventive Therapy (TPT) လို့ခေါ်တဲ့ တီဘီရောဂါကာကွယ်ကုထုံးအကြောင်းပဲဖြစ်ပါတယ်။

TPT ကုထုံးကို တီဘီရောဂါကူးစက်ခံရဖို့ အလားအလာများတဲ့သူများနဲ့ လက္ခဏာမပြသေးသောတီဘီ (LTBI) ဖြစ်နေသူများကို ပေးပါတယ်။

📌 အထူးအားဖြင့် HIV ပိုးကူးစက်ခံထားရသူများနဲ့ တီဘီရောဂါဖြစ်နေသူနဲ့ အတူနေအိမ်သားထဲက အသက်ငါးနှစ်အောက်ကလေးများကို ဦးစားပေးအနေနဲ့ TPT ကုထုံးကိုပေးနေပါတယ်။
(အခြားသော တီဘီရောဂါပိုးကူးစက်ခံရဖို့ အလားအလာများတဲ့သူများကိုလည်း တတ်ကျွမ်းသောဆရာဝန်များ/တီဘီရောဂါကုဆရာဝန်များက စိစစ်ပြီး TPT ကုထုံးကိုပေးလျှက်ရှိပါတယ်)

TPT ကုထုံးပေးရာမှာလည်း အသက်အရွယ်နဲ့ လူတစ်ဦးချင်းစီကိုမူတည်ပြီး ဆေးတစ်မျိုး သို့မဟုတ် ဆေးနှစ်မျိုးပေါင်းပေးသလို ၊ ကုသမှုကလည်း ၃ လ သို့မဟုတ် ၆လ ဆိုပြီး ကွာခြားပါတယ်။

TPT ကုထုံးကိုပေးခြင်းအားဖြင့် တီဘီရောဂါပိုးကူးစက်မှုကို သိသိသာသာလျော့ကျသွားနိုင်ပြီး ၊ တီဘီရောဂါရဲ့ဆိုးရွားသောနောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချကာကွယ်သွားနိုင်မှာပဲဖြစ်ပါတယ်။

📌 တီဘီရောဂါကိုကြောက်ပါ။

📌 တီဘီရောဂါဖြစ်နေလျှင် ထိရောက်မှန်ကန်တဲ့ စစ်ဆေးကုသမှုများကိုလက်ခံပါ။ တီဘီဆေးကို သတ်မှတ်အလုံးရေနဲ့ သတ်မှတ်ကာလအတိုင်းပြည့်အောင်သောက်ပါ။

📌 တီဘီရောဂါကာကွယ်ကုထုံး (TPT) ကို သောက်ဖို့/တိုက်ဖို့ မကြောက်ကြပါနဲ့။ အထူးသဖြင့် အသက်ငါးနှစ်အောက်ကလေးများရဲ့ ဖေဖေ မေမေများ မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို ဆရာဝန်က TPT တိုက်ဖို့ပြောလာပြီဆို အလွန်အမင်းစိုးရိမ်တာတွေ ကြောက်တာတွေမဖြစ်ကြဖို့ပြောလိုပါတယ်။

Dr Nyi
M.B.,B.S
M.Med.Sc (Preventive & Tropical Medicine)

မျောက်ကျောက်ဗိုင်းရပ်စ် (M-Pox Virus) ဘယ်လိုကူးစက်ပါသလဲ🦠🦠🦠🦠🦠🦠🦠🦠🦠🦠တိုက်ရိုက်ထိတွေ့မှုတွေကနေကူးစက်ပါတယ်။ရောဂါဖြစ်နေတဲ့လူရဲ...
20/08/2024

မျောက်ကျောက်ဗိုင်းရပ်စ် (M-Pox Virus) ဘယ်လိုကူးစက်ပါသလဲ

🦠🦠🦠🦠🦠🦠🦠🦠🦠🦠

တိုက်ရိုက်ထိတွေ့မှုတွေကနေကူးစက်ပါတယ်။

ရောဂါဖြစ်နေတဲ့လူရဲ့ အရေပြား‌ပေါ်ကအနာဖုတွေ ၊ ပါးစပ်နဲ့ လိင်အင်္ဂါတဝိုက်က အနာဖုတွေကို ထိတွေ့မိရာက ကူးစက်နိုင်ပါတယ်။ သို့တည်းမဟုတ် ရောဂါခံစားနေရသူရဲ့အနာနဲ့ ထိတွေ့ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ၊ အဝတ်အစားတွေကို ကိုင်တွယ်မိရာကလည်း ကူးစက်နိုင်ပါတယ်။

ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်များကို ကိုင်တွယ်မိရာကလည်းကောင်း ၊ သေချာမချက်ပြုတ်ဘဲ စားသုံးမိရာကလည်းကောင်း ကူးစက်နိုင်ပါတယ်။

လိင်ဆက်ဆံရာကတစ်ဆင့်လည်း ကူးစက်နိုင်သလို ဗိုင်းရပ်စ်ပိုးကပ်တွယ်နေတဲ့ ဓား ၊ အပ် ကဲ့သို့ချွန်ထက်သောအရာများနဲ့ အရေပြားကို ထိုးစိုက်မိရာကလည်း ကူးစက်နိုင်ပါသေးတယ်။

ဒီလိုတွေထိတွေ့မိရင် ကူးစက်နိုင်တယ်ဆိုတာ မှတ်ထားပေးပါ။

Face to Face
တစ်ယောက်အသက်ရှူတဲ့‌လေ တစ်ယောက်မျက်နှာထိလောက်တဲ့ အနေအထားနဲ့ မျက်နှာချင်းစုံနေမိကြတာ (တိုးတိုးလေးကပ်ပြောတာမျိုးလည်းပါပါတယ်)

Skin to Skin
အသားချင်းထိမိ ကိုင်မိကြတာ (အပြင်သားထိရာက အားမရလို့ အတွင်းသားချင်းပါထိမိတာမျိုးလည်းပါပါတယ်)

Mouth to Mouth
နှုတ်ခမ်းချင်းထိမိကြတာ (နမ်းတာပေါ့)

Mouth to Skin
ပါးစပ်နဲ့ အရေပြားထိမိတာ (နုတ်ခမ်းချင်းနမ်းတာထက်လွန်ပြီး ပါးစပ်ကတစ်ခြားနေရာတွေကို ရောက်သွားတာမျိုး)

Droplets or Short-range Aerosol
ဒါကတော့ လေထဲကအမှုန်အမွှားတွေကို ရှူမိပြီး အသက်ရှူလမ်းကြောင်းကတစ်ဆင့်ကူးစက်တာပါ။

‌မျောက်ကျောက်ရောဂါဖြစ်ရင် ခံစားရမယ့် လက္ခဏာတွေကတော့

ဖျားမယ် ၊ ကိုယ်လက်တွေ ကြွက်သားတွေနာကျင်ကိုက်ခဲမယ် ၊ လည်ချောင်းနာမယ် ၊ မျက်နှာကစပြီး အနီစက်တွေထွက်လာမယ် ၊ လက်ဖဝါး ခြေဖဝါး ပါးစပ်နဲ့ လိင်အင်္ဂါတဝိုက်မှာ အရည်ကြည်ဖုတွေထွက်လာမယ် ၊ အားအင်ချိနဲ့မယ် ၊ ပြန်ရည်ကြိတ်တွေရောင်ရမ်းမယ် စတာတွေအဓိက ခံစားရပါမယ်။

ကာကွယ်ဖို့အနေနဲ့ကတော့

ရောဂါဖြစ်နေသူ/ရောဂါသံသယရှိသူ/အသုံးအဆောင်ပစ္စည်းများကို မလွဲမရှောင်သာ ထိတွေ့ကိုင်တွယ်ရမည်ဆိုပါက လက်အိတ်စွတ်ပြီးမှ ကိုင်တွယ်ပါ။
ဆပ်ပြာ‌ + ရေ ဖြင့်လက်ဆေးပါ။
လက်သန့်ဆေးရည်သုံးပါ။
နှာခေါင်းစည်း Mask သုံးပါ။

အကာအကွယ်သုံးပြီး လိင်ဆက်‌ဆံပါ။

Dr Nyi
M.B.,B.S
M.Med.Sc (Preventive & Tropical Medicine)

ဆေးပညာအရ Ingrown Toenail လို့ခေါ်တဲ့ ခြေစွယ်ငုတ်ခြင်းဟာ အတွေ့များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် ခြေမမှာအဖြစ်များပါတယ်...
31/01/2022

ဆေးပညာအရ Ingrown Toenail လို့ခေါ်တဲ့ ခြေစွယ်ငုတ်ခြင်းဟာ အတွေ့များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် ခြေမမှာအဖြစ်များပါတယ်။

ခြေသည်းကို အရမ်းတိုအောင်ညှပ်တဲ့သူတွေ ၊ ခြေသည်းထောင့်တွေကို နှိုက်ပြီးညှပ်ထားသူတွေ ၊ ခြေချောင်းလေးတွေကို အရမ်းတင်းကြပ်စေတဲ့ ဖိနပ်စီးသူတွေမှာ အဖြစ်များပါတယ်။

Ingrown Toenail ပြဿနာကို သက်သာစေမယ့် နည်းလမ်းတစ်ချို့ကို အောက်မှာပုံလေးတွေနဲ့တွဲပြီး ပြထားပေးပါတယ်။ ပုံအောက်မှာလည်း စာရေးပေးထားပါတယ်။

📌 ဆီးချိုရောဂါအခံရှိသူများနှင့် အလွန်အမင်း ရောင်ရမ်းနာကျဉ်နေသောသူများ ဆရာဝန်နှင့်ပြသတိုင်ပင်ပြီး လိုအပ်ပါက ခွဲစိတ်ကုသမှုခံယူပါ။

Dr Nyi
M.B.,B.S
M.Med.Sc (Preventive & Tropical Medicine)

COVID-19 ရဲ့ ပဉ္စမမြောက်မျိုးစိတ်သစ် (Variant of Concern)ဖြစ်တဲ့ B.1.1.529လောလောဆယ်တော့ Omicron အွန်မီခရွန် လို့ခေါ်နေကြ...
27/11/2021

COVID-19 ရဲ့ ပဉ္စမမြောက်မျိုးစိတ်သစ် (Variant of Concern)ဖြစ်တဲ့ B.1.1.529

လောလောဆယ်တော့ Omicron အွန်မီခရွန် လို့ခေါ်နေကြပါတယ်

အာဖရိက ၊ ဘယ်လဂျီယံနဲ့ ဟောင်ကောင်နိုင်ငံတွေမှာတွေ့နေရပါပြီ

သူ့ရဲ့ဗီဇပြောင်းမှုဟာ ရှေ့ကဖြစ်ခဲ့တဲ့ Variants of Concern မျိုးစိတ်လေးခုဖြစ်တဲ့ Alpha, Beta, Gamma, Delta တို့ထက်ပိုများပါတယ် (ဗီဇပြောင်းမှု ၃၀ကျော်ရှိတဲ့အတွက် တွေ့ဖူးသမျှထဲမှာ ဗီဇပြောင်းမှုအများဆုံးလို့လည်းပြောလို့ရပါတယ်)

Omicron ဗီဇပြောင်းမျိုးစိတ်သစ်ဟာ ပိုပြီးကူးစက်ပြန့်ပွားလွယ်မယ် ၊ ပိုပြီးပြင်းထန်မယ်လို့ ပညာရှင်များကခန့်မှန်းကြပေမယ့် အတည်ပြုဖို့ ရက်သတ္တပတ်အနည်းငယ်စောင့်ကြည့်ရပါဦးမယ်

ကာကွယ်ဆေးထိုးထား၍သော်လည်းကောင်း ၊ ရောဂါဖြစ်ဖူး၍သော်လည်းကောင်း ထွက်ရှိလာတဲ့ Antibody ကရော အဆိုပါမျိုးစိတ်သစ်ကို ခုခံကာကွယ်ပေးနိုင်မလားဆိုတာကလည်း မသေချာသေးတဲ့အနေအထားဖြစ်ပါတယ်

ဉာဏ်နှင့်ယှဥ်၍ လမ်းညွှန် ကာကွယ်ကြဖို့လိုပါတယ်

Dr Nyi
M.B.B.,S
M.Med.Sc (Preventive & Tropical Medicine)

ဓာတ်ဆား အပြာထုပ်က သာမန်လူတွေအတွက်ဖြစ်ပြီးဓာတ်ဆား အစိမ်းထုပ်က ဆီးချိုသမားတွေအတွက်တဲ့😂😂😂ဘယ်လိုပညာရိကြီးတွေကများ ပြောထားတာပ...
02/09/2021

ဓာတ်ဆား အပြာထုပ်က သာမန်လူတွေအတွက်ဖြစ်ပြီး
ဓာတ်ဆား အစိမ်းထုပ်က ဆီးချိုသမားတွေအတွက်တဲ့

😂😂😂

ဘယ်လိုပညာရိကြီးတွေကများ ပြောထားတာပါလိမ့်

ကိုယ်သိထားတာက ဓာတ်ဆားဆို WHO Old Formula နဲ့ WHO New Formula ၂မျိုးပါပဲ (အချိုရည်ဆန်ဆန်ထုတ်ထားတဲ့ ဓာတ်ဆားဖျော်ရည်တွေမပါ)။

Old formula မှာ Sodium Chloride နဲ့ Dextrose ပါဝင်မှုပိုများတဲ့အတွက် Osmolarity ပြင်းအားပိုပါတယ် (3.5 g and 20 g ဖြစ်ပါတယ်)။ ပြင်းအားများတာကြောင့် အထူးသဖြင့် ကလေးတွေမှာ ဝမ်းသွားတာ ရပ်သင့်သလောက် မြန်မြန်မရပ်တာကို တွေ့ရပါတယ်။

ဒါကြောင့်လည်း New Formula မှာ Sodium Chloride နဲ့ Dextrose ပါဝင်မှုကို 2.6 g and 13.5 g အသီးသီးထားရှိပြီး ပြင်းအားကိုလျှော့ချထားပါတယ်။ WHO New Formula ဓာတ်ဆားတိုက်တဲ့ ကလေးတွေမှာ ဝမ်းသွားတဲ့ အကြိမ်ရေနဲ့ ပမာဏ ပိုလျော့နည်းသွားပါတယ်။

အခုနောက်ပိုင်းထုတ်တဲ့ ဓာတ်ဆားတော်တော်များများက WHO New Formula ကိုပဲသုံးပြီးထုတ်ထားကြတာပါ။

New Formula ဆို Sodium Chloride 2.6 နဲ့ Dextrose 13.5 ဖြစ်နေရမယ်။ ဒါကိုမှတ်ထားရင် ရပါပြီ။

Double MaskingPhoto - internet
29/06/2021

Double Masking

Photo - internet

ကိုဗစ်တတိယလှိုင်းက စနေပြီဆိုတော့ကိုယ်ခံအားကောင်းအောင်နေထိုင်ကြပါ💪 💪 💪 🔋 🔋 🔋လတ်ဆတ်သော ဟင်းသီးဟင်းရွက် များများစားပါ🥦 🍅 🧄 ...
29/06/2021

ကိုဗစ်တတိယလှိုင်းက စနေပြီဆိုတော့

ကိုယ်ခံအားကောင်းအောင်နေထိုင်ကြပါ
💪 💪 💪 🔋 🔋 🔋

လတ်ဆတ်သော ဟင်းသီးဟင်းရွက် များများစားပါ
🥦 🍅 🧄 🥕 🍋 🥔

နို့သောက်ပါ
🥛 🥛 🥛 🥛 🥛 🥛

ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ
🏃 🏃‍♀️ 🚴‍♂️ 🚴‍♀️ 🧘‍♂️ 🧘‍♀️

ရေဓာတ်ဖြည့်တင်းထားပါ
💧 💧 💧 💧 💧 💧

Mask တပ်ပါ လက်ဆေးပါ ခပ်ခွာခွာနေပါ
😷 💦🤲 🧍‍♂️___6ft___🧍‍♀️

Dr Nyi
MBBS, MMedSc(Preventive & Tropical Medicine)

တစ်ချို့က COVISHIELD ထိုးပြီး ၄၅ ရက် အရက်မ​ေသာက်သင့်ဘူးလို့ ပြောတယ်(ဒီလိုဆို ဆေးရုံတွေမှာ Alcohol Withdrawal Patients တွ...
25/01/2021

တစ်ချို့က COVISHIELD ထိုးပြီး ၄၅ ရက် အရက်မ​ေသာက်သင့်ဘူးလို့ ပြောတယ်
(ဒီလိုဆို ဆေးရုံတွေမှာ Alcohol Withdrawal Patients တွေများလာဖို့ရှိတယ် 🤪)

တစ်ချို့ကျပြန်တော့ ထိုးတဲ့ရက္တစ်ရက်ပဲ အရက်မသောက်သင့်တာတဲ့

တစ်ချို့ကလည်း မထိုးခင်တစ်ရက်နဲ့ ထိုးပြီး ၃ ရက်တဲ့ (ဒါလေးက မဆိုးဘူး 😁)

ဘာကြောင့် အရက်ကိုရှောင်ဖို့ပြောနေလဲဆိုတော့ အရက် (Alcohol) က လူ့ကိုယ်ခံအားစနစ်ကို လျော့ကျစေလို့ပါပဲ
ဆိုလိုတာက ကိုယ်ခံအားလျော့ကျရင် Antibody ကောင်းကောင်းမထွက်ဘူး။ ဒါဆိုဆေးမအောင်ဘူးပေါ့။

အဓိကပြောချင်တာက အရက်ကိုအလွန်အကျွံသောက်တဲ့သူတွေ (Heavy Drinkers) တွေကိုပါ။

ဆိုတော့ကာ အရက်အလွန်အကျွံသောက်နေတဲ့သူတွေ၊ နေ့တိုင်းနီးပါးသောက်နေတဲ့သူတွေ ဆေးအောင်ချင်ရင် အခုတည်းက လျှော့ထားကြပါ။ ဆေးထိုးပြီး ၃ ရက်လောက်ထိလည်း တောင့်ခံထားကြပါလို့။ 😆

Dr Nyi
M.B.,B.S.
M.Med.Sc (Preventive & Tropical Medicine)

2021 အတွက် New normal lifestyle Avoid touching MEN   🤭Follow WOMEN   🤩
20/01/2021

2021 အတွက် New normal lifestyle

Avoid touching MEN 🤭

Follow WOMEN 🤩

14/01/2021

အစာခြေစနစ်အလုပ်လုပ်ပုံ
How Human Digestive System Works

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Nyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category