Myanmar Federation of PWDs

Myanmar Federation of PWDs Official National Organization of Myanmar The Myanmar Federation of Persons with Disabilities (MFPD) is a national association of Persons with Disabilities.

MFPD ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရန်အတွက် စိတ်ပါဝင်စားသူများ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နိုင်ရန် ကြေငြာခြင်း
12/04/2026

MFPD ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရန်အတွက် စိတ်ပါဝင်စားသူများ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နိုင်ရန် ကြေငြာခြင်း

02/03/2026

I got over 500 reactions on my posts last week! Thanks everyone for your support! 🎉

02/03/2026

မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်စိတ် နှစ်ဖြာ ချမ်းသာစေကြောင်း ဆုတောင်းပါတယ်။

၂၇.၂.၂၀၂၆ က ပြုလုပ်ခဲ့တဲ့ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ သတင်းကို ရုပ်သံဖိုင်ဖြင့် တင်ပြလိုက်ပါတယ်။

ပါဝင်ဆွေးနွေးခဲ့ကြတဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အော်တစ်ဇင်အသင်း၊ အနာကြီးရောဂါ ခံစားရသူများအသင်းတို့မှ တာဝန်ရှိသူများ၊

တက်ရောက်ခဲ့ကြတဲ့ MPHA. ရခိုင်ပြည်နယ်အသင်း၊ TLMM. နားမကြားသူများအသင်း၊ မသန်စွမ်းအားကစား လေ့ကျင့်ရေးစခန်း၊ မသန်စွမ်းမှု အကျုံးဝင် ရန်ပုံငွေအဖွဲ့၊ ပေါင်းစည်းဖောင်ဒေးရှင်း၊ ရွှေမင်းသားတို့မှ ကိုယ်စားလှယ်များ၊

ကြွရောက်အားပေးသော (အမြင်အာရုံ မသန်စွမ်းသူများ/ ဉာဏ်ရည်မသန်စွမ်းသူများ/ ကိုယ်အင်္ဂါမသန်စွမ်းသူများ/အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ ရွေးချယ်စေလွှတ်သည့်) မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူ၊

တက်ရောက်၍ ပြန်လည်ဆွေးနွေးကြသော ရုပ်ရှင်၊ သဘင်၊ ဟာသ အစည်းအရုံးမှ ကိုယ်စားလှယ်များ၊

တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဖြေရှင်းတောင်းပန်သော
မင်းသား အောင်ဇဗ္ဗူနှင့်

MRTV. MWD. မြဝတီသတင်းစာတို့မှ Crew များကို မှတမ်းတင်ပါကြောင်း ဖော်ပြအပ်ပါတယ်။

အသင်းချုပ်သတင်းစဉ် ၂.၃.၂၀၂၆

ရန်ကုန် ၂၈.၂.၂၀၂၆ရုပ်ရှင်နှင့် ဇာတ်သဘင်အနုပညာရှင်များသို့ မသန်စွမ်းမှု၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပ...
28/02/2026

ရန်ကုန် ၂၈.၂.၂၀၂၆

ရုပ်ရှင်နှင့် ဇာတ်သဘင်အနုပညာရှင်များသို့ မသန်စွမ်းမှု၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြီးစီး။

မသန်စွမ်းသူများ အခွင့်အရေးနှင့်ပတ်သက်၍ အမျိုးသားလူ့အခွင့်အရေးကော်ရှင်မှလည်း တက်ရောက် ပါဝင်ကာ အသိပညာ မျှဝေခဲ့ပါသည်။

ရုပ်ရှင်နှင့် ဇာတ်သဘင်အနုပညာရှင်များဖြစ်သည့်
ဦးသိန်းအောင်၊ အတွင်းရေးမှူး-၃၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ဒေါ်အေးအေးမော်၊ စာရင်းစစ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ ဦးအေးမင်းဦး (ခေါ်) အောင်ဇဗ္ဗူ၊ အောင်ဇဗ္ဗူဇာတ်အဖွဲ့။ ဦးငြိမ်းချမ်း၊ ဒုတိယဥက္ကဌ၊ ဟာသအစည်းအရုံး။ ဦးသော်သော်၊ ဗဟိုပြန်ကြားရေး၊ ဟာသအစည်းအရုံး တို့ တက်ရောက်ဆွေးနွေး။

ဇာတ်သဘင်မင်းသား အောင်ဇဗ္ဗူက "မသန်စွမ်းသူများနှင့် မိဘအား သူ၏ သရုပ်ဆောင်ခဲ့မှုအတွက် စိတ်မကောင်းကြောင်း၊ မရည်ရွယ်ပဲ ဖြစ်ခဲ့၍ တောင်းပန်၊ အောင်ဇဗ္ဗူဇာတ်အဖွဲ့သားများအကြား အသိပညာပေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက်မည်၊ အလားတူဖြစ်ရပ် မျိုး အောင်ဇဗ္ဗူဇာတ်သဘင်တွင် ထပ်မံမဖြစ်စေရန် စီမံဆောင်ရွက်မည်၊ မသန်စွမ်းသူများအခွင့်အရေးနှင့် မသန်စွမ်းသူများအရေးအတွက် အနာဂတ်တွင် အတူလက်တွဲဆောင်ရွက်မည်" ပြောကြားပါသည်။

ရုပ်ရှင်၊ ဇာတ်သဘင်အနုပညာရှင်များနှင့်
မသန်စွမ်းသူအသင်းအဖွဲ့များအကြား အပြန်အလှန် ကိုယ်ချင်းစာစိတ်၊ ကိုယ်ချင်းစာတရား တစ်ဦးအပေါ် တစ်ဦး ထားရှိကာ လက်တွဲဆောင်ရွက်သွားကြမည်။

မသန်စွမ်းသူများနှင့် မိဘပြည်သူများ သိသာနိုင်ပါရန် ပြန်ကြားအပ်ပါသည်။

သတင်းစဉ် (အသင်းချုပ်)

မသန်စွမ်းမှုနှင့် မသန်စွမ်းသူများနှင့် ပတ်သက်၍ အနုပညာရှင်များသို့ အသိပညာပေးမည်။ ဖိတ်ကြားမည့် အဖွဲ့အစည်းများမှာ ရုပ်ရှင်အ...
25/02/2026

မသန်စွမ်းမှုနှင့် မသန်စွမ်းသူများနှင့် ပတ်သက်၍ အနုပညာရှင်များသို့ အသိပညာပေးမည်။ ဖိတ်ကြားမည့် အဖွဲ့အစည်းများမှာ ရုပ်ရှင်အစည်းအရုံး၊ သဘင် (ဗဟို)၊ ဟာသပညာရှင်များအစည်းအရုံး။
စိတ်ပါဝင်စားသူများ ကြိုတင်မှတ်ပုံတင်၍ အတည်ပြုပါက အခမဲ့ တက်ရောက်နိုင်ပါသည်။

အသိပေးထုတ်ပြန်ခြင်း။သက်ဆိုင်ရာ အနုပညာရှင်များ သိသာနိုင်ပါရန်။
21/02/2026

အသိပေးထုတ်ပြန်ခြင်း။
သက်ဆိုင်ရာ အနုပညာရှင်များ သိသာနိုင်ပါရန်။

မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၏ဉက္ကဌဦးစောအောင်သိန်းတင်22,12,2025 ည ၉:၃၀အချိန်တွင်ကွယ်လွန်အနိစ္စရောက်ရှိပါကြောင်း မသန်စွ...
23/12/2025

မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၏ဉက္ကဌ
ဦးစောအောင်သိန်းတင်
22,12,2025 ည ၉:၃၀
အချိန်တွင်ကွယ်လွန်အနိစ္စရောက်ရှိပါကြောင်း မသန်စွမ်းလုပ်ဖော်ဆောင်ဖက်များ အား အသိပေးအပ်ပါသည်။

မန္တလေး (၂၄.၅.၂၀၂၅)"မသန်စွမ်းကလေးများကို ကျောင်းအပ်လက်ခံစေရေးအတွက် ကူညီဆောင်ရွက်။""Helping children with disabilities en...
01/06/2025

မန္တလေး (၂၄.၅.၂၀၂၅)

"မသန်စွမ်းကလေးများကို ကျောင်းအပ်လက်ခံစေရေးအတွက် ကူညီဆောင်ရွက်။"

"Helping children with disabilities enroll in school."

မန္တလေးတိုင်းအသင်းမှ တာဝန်ရှိသူများသည် ကျောင်းအပ်ရာတွင် အခက်အခဲရှိနေကြသည့် မသန်စွမ်းကလေးငယ်များအား ကျောင်းအပ်နိုင်ရေး လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း။
Responsible persons from the Mandalay Region Association have been assisting disabled children who are having difficulty enrolling in school.

ဖော်ပြထားသည့် ဗီဒီယိုဖိုင်တွင် မသန်စွမ်းသူ မေသဇင်မြင့်အားကျောင်းအပ်လက်ခံရန် ကြိုးစားပေးခဲ့ခြင်းကို ဖော်ပြထားကြောင်း။

The video clip shows an attempt to enroll May Thazin Myint, a disabled person, in school.

ယခုအခါ ကလေးကို အမက ၁၀ မန္တလေးတွင် ကျောင်းအပ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း။

Now, the child has been enrolled in Basic Education Primary School No. 10 Mandalay.

အလားတူ မသန်စွမ်းကလေး မောင်အောင်သူရလွင်အား ကျောင်းအပ်နှံနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အထက ၃၃ အောင်မြေသာဇံတွင် အပ်နှံနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Similarly, it was reported that arrangements were made to enroll a disabled child, Maung Aung Thura Lwin, in school, and he was enrolled in Aung Myay Thar Zan, N0. 33, Basic Education High School.

မသန်စွမ်းကလေးများကို ကျောင်းအပ်ရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ တိုင်း/ပြည်နယ်/ နေပြည်တော်အသင်းများသို့လည်းကောင်း၊ ဤ ဖေ့စ်ဘုတ်၊ မက်ဆင်ဂျာမှလည်းကောင်း ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

If you have any difficulty enrolling children with disabilities, please contact the relevant regional/state/Nay Pyi Taw associations, or through this Facebook or Messenger to request assistance.
အသခ၊ သတင်းစဉ်

ရန်ကုန်၊ ၁၄.၅.၂၀၂၅"ပဲခူးတိုင်းအသင်း ပြုပြင်ဖွဲ့စည်းရေး အစည်းအဝေးကျင်းပ။""Bego Region Association Reorganization Meeting ...
01/06/2025

ရန်ကုန်၊ ၁၄.၅.၂၀၂၅

"ပဲခူးတိုင်းအသင်း ပြုပြင်ဖွဲ့စည်းရေး အစည်းအဝေးကျင်းပ။"

"Bego Region Association Reorganization Meeting Held."

၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေအရပ်ရပ်ကြောင့် တိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးရာတွင် အားနည်းချက်များရှိခဲ့သည်။

Due to various circumstances after 2021, there have been weaknesses in addressing issues related to the rights of persons with disabilities in the region.

သို့ဖြစ်၍ တိုးတက်လာသည့် တည်ငြိမ်မှုအရ အသင်း၏ လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လစ်လပ်နေသည့် အသင်းအမှုဆောင်နေရာများကို ဖြည့်တင်းခြင်း၊ ခေါင်းဆောင်မှုအပိုင်းတွင်လည်း အပြောင်းအလဲများ လုပ်ဆောင်နိုင်ရန် ပြုပြင်ဖွဲ့စည်းရခြင်း ဖြစ်ပါသည်။

Therefore, in light of the improved stability, the organization has been restructured to fill vacant executive positions and make changes in leadership in order to carry out the organization's activities more effectively.

အစည်းအဝေးသို့ အသင်းချုပ် ဥက္ကဌ၊ ဒုဥက္ကဌ-၁၊ အတွင်းရေးမှုးနှင့် ပဲခူးတိုင်းအသင်းမှ အမှုဆောင်များ တက်ရောက်ကြသည်။

The meeting was attended by the Federation President, Vice President-1, Secretary, and executives from the Bago Region Association.

အသခ၊ သတင်းစဉ်

ပဲခူး (၂၃.၅.၂၀၂၅)"ဖားအံခြေတုလက်တုဌာနနှင့်ပဲခူးတိုင်းအသင်းတို့ ပူးပေါင်းဆောင်ရွက်။""Collaboration between the Pa-An Prost...
01/06/2025

ပဲခူး (၂၃.၅.၂၀၂၅)

"ဖားအံခြေတုလက်တုဌာနနှင့်ပဲခူးတိုင်းအသင်းတို့ ပူးပေါင်းဆောင်ရွက်။"

"Collaboration between the Pa-An Prosthetics Department and the Bago Region Association."

ဖားအံအခြေစိုက် ICRC ခြေတုလက်တုဌာနနှင့် ပဲခူးတိုင်းမသန်စွမ်းသူများအသင်းတို့အကြား ပူးပေါင်းမှုဖြင့် မသန်စွမ်းကလေးငယ်များ ဘီးတပ်ကုလားထိုင်ရရှိရေး၊ ခြေတုလိုအပ်သူများ ရရှိရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

It is reported that the Hpa-an-based ICRC Prosthetics Department and the Bago Region Disabled Persons Association are working together to provide wheelchairs to disabled children and prosthetic limbs to those in need.

အသခ၊ သတင်းစဉ်

ကျိုက်ထို (၂၀.၅.၂၀၂၅)ကျိုက်ထိုမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှမွန်ပြည်နယ်မသန်စွမ်းသူများအတွက် အလှူတော်ငွေကျပ်(၅၀...
01/06/2025

ကျိုက်ထို (၂၀.၅.၂၀၂၅)

ကျိုက်ထိုမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှမွန်ပြည်နယ်မသန်စွမ်းသူများအတွက် အလှူတော်ငွေကျပ်(၅၀၀,၀၀ဝိ/)ငါးသိန်းကျပ်တိတိအား လှူဒါန်းပကြောင်း သတင်းရရှိသည်။

အသခ၊ သတင်းစဉ်

နေပြည်တော် (၁၇.၅.၂၀၂၅)"မသန်စွမ်းကလေးများအတွက် ဘီးတပ်ကုလားထိုင်များ လက်ခံရရှိ။""Receive wheelchairs for disabled children...
01/06/2025

နေပြည်တော် (၁၇.၅.၂၀၂၅)

"မသန်စွမ်းကလေးများအတွက် ဘီးတပ်ကုလားထိုင်များ လက်ခံရရှိ။"
"Receive wheelchairs for disabled children."
ရန်ကုန်တိုင်းမသန်စွမ်းအသင်း၏ ချိတ်ဆက်မှုဖြင့် ပြည်ပအလှူရှင်အဖွဲ့အစည်းများက လှုဒါန်းသော မသန်စွမ်းကလေးငယ်များအတွက် ဘီးတပ်ကုလားထိုင်များအား နေပြည်တော်အသင်းမှ လက်ခံရရှိခဲ့သည်။

The Nay Pyi Taw Association received wheelchairs for disabled children donated by foreign donor organizations through the Yangon Region Disabled Association.

ရန်ကုန်တိုင်းမသန်စွမ်းအသင်းနှင့် နေပြည်တော်အသင်းတို့၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုတစ်ရပ်ဖြစ်သည်။

It is a joint initiative of the Yangon Region OPD and the Nay Pyi Taw OPD.

ဘီးတပ်ကုလားထိုင်လိုအပ်သော မသန်စွမ်းကလေများအား နေပြည်တော်အသင်းက စိစစ်ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

It is reported that the Nay Pyi Taw Association will screen and issue wheelchairs to disabled athletes who need them.

အသခ၊ သတင်းစဉ်

Address

Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959769811451

Alerts

Be the first to know and let us send you an email when Myanmar Federation of PWDs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myanmar Federation of PWDs:

Share