Royal Idol Myanmar

Directions Website Contact the practice

Royal Idol Myanmar ပစ္စည်းမှန် စျေးတန်တဲ့ ROYAL IDOL PHARMACY 🥰

06/09/2026

📢 လုံခြုံရေး (လင်မယားအတွဲ) အလိုရှိသည်။

🔶 တာဝန်များ

- ဆိုက်သို့ လူအဝင်/အထွက်များကို အချိန်နှင့်တကွ မှတ်တမ်းတင်ရမည်။
- ဆိုက်တွင်ရှိသော ပစ္စည်းများ အပျောက်အပျက်မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်။
- ဆိုက်တွင် ဖြစ်ပေါ်လာသော အရေးကြီးကိစ္စများအား ရုံးသို့ချက်ချင်း အကြောင်းကြားရမည်။

🔶 လိုအပ်ချက်များ

- လင်မယားအတွဲဖြစ်ရမည်။
- ယုံကြည်စိတ်ချရပြီး တာဝန်ယူမှုရှိသူများဖြစ်ရမည်။
- ဆိုက်တွင် နေထိုင်နိုင်သူများဖြစ်ရမည်။

🔶 အကျိုးခံစားခွင့်

- နေရာထိုင်ခင်း စီစဉ်ပေးမည်။
- ရေ၊ မီး၊ Wi-Fi အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။
- Phone Bill

🔷လစာ

- ညှိနှိုင်းပေးမည်။

📍 တာဝန်ထမ်းဆောင်ရမည့်နေရာ

- သာကေတမြို့နယ် / ဒေါပုံမြို့နယ်ရှိ ဆိုက်များ

❗တာဝန်ယူမှုရှိပြီး ရေရှည်လုပ်ကိုင်လိုသူများ လျှောက်ထားရန်ဖိတ်ခေါ်ပါသည်။❗

စိတ်ဝင်စားပါက Viber 09-765413236 သို့ CV ပေးပို့၍ လျှောက်ထားနိုင်ပါသည်။


31/08/2026

One Lion King construction မှအောက်ပါဝန်ထမ်းများအလိုရှိသည်။

Civil Office Engineer (Female) – 1 ဦး / Site Engineer M / F – 2 ဦး အလိုရှိသည်။

Viber no. 09-5413236 / 09-765413236 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

❗(ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုလျှင်ရုံးချိန်အတွင်းသာဆက်သွယ်ပေးပါရန်။)❗

🔷Office Engineer (Female) – 1ဦး🔷

🔹Responsibilities
-ဆိုက်နှင့်ဆိုင်သော ရုံးလုပ်ငန်းကိစ္စအဝဝကို စနစ်တကျ စီမံခန့်ခွဲပေးရမည်။
-လိုအပ်ပါက လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးနိုင်ရမည်။
-လုပ်ငန်းအရည်အသွေးနှင့် တိုးတက်မှုများကို အမြဲစောင့်ကြည့်ထိန်းသိမ်းရမည်။
🔹Job Requirements
-လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိရမည်။
-AGTI / B.E (Civil) ဘွဲ့ရရှိထားသူဖြစ်ရမည်။
-တာဝန်ယူမှုရှိပြီး စည်းကမ်းတကျ အလုပ်လုပ်နိုင်ရမည်။
🔹Benefits & Salary
-လစာ: အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းပေးမည်။
-Attendance Bonus provided
-Performance ပေါ်မူတည်၍ (၃) လတစ်ခါ လစာတိုးရှိသည်။
🔺ရုံးချိန်: ( 8:30 am မှ 5:30 pm )

🔶Site Engineer M / F - (2) ဦး🔶

🔸Responsibilities
-ဆိုက်တွင် နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲပြီး Daily Report တင်ရမည်။
-ဆိုက်တွင်ရှိသော စက်ပစ္စည်းများနှင့် ပစ္စည်းအသုံးပြုမှုများကို စနစ်တကျ ထိန်းသိမ်းပေးရမည်။
-ဆိုက်အတွင်း လုပ်ငန်းတိုးတက်မှုနှင့် အရည်အသွေးကို စောင့်ကြည့်စစ်ဆေးပေးရမည်။
🔸Job Requirements
-လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိရမည်။
-AGTI / B.E (Civil) ဘွဲ့ရရှိထားသူဖြစ်ရမည်။
-တာဝန်ယူမှုရှိပြီး စည်းကမ်းတကျ အလုပ်လုပ်နိုင်ရမည်။
🔸Benefits & Salary
-အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ Salary ညှိနှိုင်းပေးမည်။
-Performance ပေါ်မူတည်၍ (၃) လတစ်ခါ လစာတိုးရှိသည်။




26/08/2026

One Lion King construction မှအောက်ပါဝန်ထမ်းများအလိုရှိသည်။

Civil Office Engineer (Female) – 1 ဦး / Site Engineer M / F – 2 ဦး အလိုရှိသည်။

Viber no. 09-5413236 / 09-765413236 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

❗(ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုလျှင်ရုံးချိန်အတွင်းသာဆက်သွယ်ပေးပါရန်။)❗

🔷Office Engineer (Female) – 1ဦး🔷

🔹Responsibilities
-ဆိုက်နှင့်ဆိုင်သော ရုံးလုပ်ငန်းကိစ္စအဝဝကို စနစ်တကျ စီမံခန့်ခွဲပေးရမည်။
-လိုအပ်ပါက လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးနိုင်ရမည်။
-လုပ်ငန်းအရည်အသွေးနှင့် တိုးတက်မှုများကို အမြဲစောင့်ကြည့်ထိန်းသိမ်းရမည်။
🔹Job Requirements
-လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိရမည်။
-AGTI / B.E (Civil) ဘွဲ့ရရှိထားသူဖြစ်ရမည်။
-တာဝန်ယူမှုရှိပြီး စည်းကမ်းတကျ အလုပ်လုပ်နိုင်ရမည်။
🔹Benefits & Salary
-လစာ: အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းပေးမည်။
-Attendance Bonus provided
-Performance ပေါ်မူတည်၍ (၃) လတစ်ခါ လစာတိုးရှိသည်။
🔺ရုံးချိန်: ( 8:30 am မှ 5:30 pm )

🔶Site Engineer M / F - (2) ဦး🔶

🔸Responsibilities
-ဆိုက်တွင် နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲပြီး Daily Report တင်ရမည်။
-ဆိုက်တွင်ရှိသော စက်ပစ္စည်းများနှင့် ပစ္စည်းအသုံးပြုမှုများကို စနစ်တကျ ထိန်းသိမ်းပေးရမည်။
-ဆိုက်အတွင်း လုပ်ငန်းတိုးတက်မှုနှင့် အရည်အသွေးကို စောင့်ကြည့်စစ်ဆေးပေးရမည်။
🔸Job Requirements
-လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိရမည်။
-AGTI / B.E (Civil) ဘွဲ့ရရှိထားသူဖြစ်ရမည်။
-တာဝန်ယူမှုရှိပြီး စည်းကမ်းတကျ အလုပ်လုပ်နိုင်ရမည်။
🔸Benefits & Salary
-အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ Salary ညှိနှိုင်းပေးမည်။
-Performance ပေါ်မူတည်၍ (၃) လတစ်ခါ လစာတိုးရှိသည်။




Call now to connect with business.

18/02/2026

Diaper လက်ကား၀ယ်ယူလိုသူများအတွက် တန်❗တန်❗တန်❗အခွင့်အ‌ရေးကြီးလာပြီနော်‼️Idol diaper လေးတွေကို မိုးရာသီ PROMOTION ဘယ်မှာမှ...
05/07/2025

Diaper လက်ကား၀ယ်ယူလိုသူများအတွက် တန်❗တန်❗တန်❗အခွင့်အ‌ရေးကြီးလာပြီနော်‼️

Idol diaper လေးတွေကို မိုးရာသီ PROMOTION ဘယ်မှာမှမရနိုင်တဲ့လက်ကားစျေးနဲ့ရရှိနိုင်မယ့်အပြင် လက်ကားသမားတွေအတွက်များများ၀ယ်လေ save✅ဖြစ်လေနော်🎉Instock ရှိတဲ့ထဲကဘယ် Size ယူယူတစ်ထုတ်ယူရုံနဲ့ SAVE (1,500)❗ ရရှိနိုင်မယ့်အခွင့်အရေး😍 ရရှိနိုင်မယ့် stock လေးတွေသိပ်မကျန်တော့တာမို့ အခုပဲအမြန်လာ၀ယ်လိုက်တော့နော်🥰
Viber no.09-765413236 က်ိုအခုပဲဆက်သွယ်မှာယူနိုင်ပါပြီ




Coffee☕ ကြိုက်သူများအတွက်Coffee သောက်ရင်သိထားသင့်သောအကြောင်းအရာလေးများကိုဒီနေ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။☕ကဖင်းဓာတ်...
26/05/2025

Coffee☕ ကြိုက်သူများအတွက်Coffee သောက်ရင်သိထားသင့်သောအကြောင်းအရာလေးများကိုဒီနေ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။

☕ကဖင်းဓာတ်ပါဝင်မှုကြောင့် ကော်ဖီသောက်ရင် လူတွေဟာ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာလေ့ ရှိပါတယ်။

ဦးနှောက်ထဲမှာ အဒီနိုဆိုင်း (Adenosine) ဆိုတဲ့ ဟော်မုန်းတစ်မျိုးရှိပါတယ်။ သူဟာ လူတွေကို အနားယူဖို့ လှုံဆော်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ တစ်နေကုန် အလုပ်တွေလုပ်ပြီးရင် ညနေစောင်းတာနဲ့ လူကို အနားယူဖို့ ဒီဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေ များလာရင် လူဟာ အိပ်ငိုက်လာမယ်။ အိပ်ချင်လာပါမယ်။

ကော်ဖီကိုသောက်လိုက်ရင်ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်အူနံရံကနေ တခဏချင်း စုပ်ယူပြီး သွေးထဲကို ရောက်သွားပါတယ်။ ပြီးတော့ ဦးနှောက်မှာရှိတဲ့ သွေးကြောတွေကတဆင့် Blood Brain Barrier ကိုဖြတ်ပြီး ဦးနှောက်ဆဲလ်တွေဆီကို ရောက်ပါတယ်။ကော်ဖီသောက်လိုက်ရင် ပါဝင်တဲ့ ကဖင်းတွေဟာ အဒီနိုဆိုင်းတွေကို နှောင့်ယှက်ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် အိပ်ငိုက်ခြင်းဆိုတာ မဖြစ်တော့ပါဘူး။ ဒါ့အပြင် သူ့မှာပါတဲ့ဂလူတမိတ် (Glutamate) နဲ့ အက်စပါတိတ် (Aspartate) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် (၂)မျိုးဟာလဲ အာရုံကြောတွေကို လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီတွေကနေ စွမ်းအင်ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အစာမစားပဲနဲ့ ကော်ဖီသောက်ရင် စွမ်းအင်ရလို့ နေနိုင်တာဖြစ်ပြီး ဝတဲ့သူတွေဟာလဲ အဆီကျသွားတတ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကော်ဖီ၊ ရေနွေးကြမ်း၊ လက်ဖက်သုပ် စတာတွေ တစ်ညလုံးစားလိုက်သောက်လိုက်လုပ်ရင် မအိပ်ချင်တဲ့အတွက် ဦးနှောက်ဟာ နားရမဲ့အချိန်မှာ စာတွေထပ်မှတ်ရတဲ့အလုပ်ကို လုပ်ရလို့ Overload ဖြစ်လာပါတယ်။ ဒါကြောင့် ညဖက်အိပ်ရေးဝဝမအိပ်ထားသူတစ်ယောက်ဟာ နောက်တစ်နေ့မှာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သာမန်အခြေအနေမှာထက် ပိုလျော့နည်းနေမှာ ဖြစ်ပါတယ်။ နဂိုကျက်ပြီးသားစာတွေမေ့တာတို့ ဖြေတဲ့အခါမှ အလွဲလွဲအချော်အချော်ဖြစ်တာတို့ ဖြစ်ဖို့အလားအလာ အလွန်များပါတယ်။

ဒါ့ကြောင့် ကော်ဖီသောက်ရင် နံနက်ပိုင်းကနေ ညဦးပိုင်းအထိပဲ သောက်သင့်ပြီး သိပ်ညဥ့်နက်ရင်တော့ မသောက်သင့်ပါ။ ဥပမာ ၁၀ နာရီနောက်ပိုင်းဆို မသောက်သင့်တော့ပါ။

ကော်ဖီဟာ ကျန်းမာရေးအတွက်တော့ မရှိမဖြစ် လိုအပ်ချက်ထဲမှာ မပါပါဘူး။ ဒါပေမဲ့ နိစ္စဓူဝသောက်သုံးလေ့ရှိတော့ တစ်နေ့ဘယ်လောက်သောက်သင့်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပညာရှင်များလေ့လာတဲ့အခါမှာ သူ့မှာပါဝင်တဲ့ ကဖင်းပေါ် မူတည်ပြီး သတ်မှတ်ပါတယ်။ ကဖင်းဓာတ်ဟာ တစ်နေ့ကို ၃၀၀ မီလီဂရမ်အထိ စိတ်ချလက်ချသောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။အနေတော် ကော်ဖီတစ်ခွက်မှာ ကဖင်းဓာတ်ဟာ ၁၀၀ မီလီဂရမ်ပါတာမို့ တစ်နေ့ကို ကော်ဖီ ၃ ခွက်အထိ စိတ်ချလက်ချသောက်နိုင်တယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်တို့လူမျိုးရဲ့ဓလေ့မှာတော့ ၃ ခွက်ထက်ပိုသောက်တဲ့လူဟာအတော်ပဲနည်းတာမို့ ကော်ဖီကြောင့်မို့တော့ ကျန်းမာရေးပြဿနာဟာ ကျွန်တော်တို့ဆီမှာတော့ ပြောပလောက်အောင် မရှိပါ။

အရက်နဲ့ ကဖင်းဓာတ်ဟာ မည်သို့မှ တုန့်ပြန်မှုမရှိပါ။ သီးခြားစီသာ ဖြစ်ပါတယ်။ အရက်ဟာ ကဖင်းထက် ပိုမို အစွမ်းထက်ပါတယ်။ အရက်ရဲ့ လုပ်ငန်းဆောင်တာအာနိသင်တွေကို ကဖင်းဟာ မည်သို့မှ ဟန့်တားနိုင်ခြင်း၊ ဆန့်ကျင်တားဆီးနိုင်ခြင်း မရှိပါ။ အရက်သောက်လို့မူးရင် ဆက်မူးနေမှာဖြစ်ပြီး ကော်ဖီ သောက်ရင်လဲ ဘာမှမထူးပါ။ အချို့ အရက်သောက်ပြီး ကားမောင်းတဲ့သူတွေဟာ ကော်ဖီထပ်သောက်ပြီးမောင်းတာမျိုးဟာ ဘာမှမထူးပါ။ အန္တရာယ်ရှိမြဲရှိမှာ ဖြစ်ပါတယ်။

ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖင်းကြောင့် အမျိုးသားတွေမှာ S***m တွေရွေ့လျားမှုကို နည်းစေပါတယ်။ ဆိုလိုတာက အဖိုမျိုးစေ့ဖြစ်တဲ့ S***m တွေဟာ လှုပ်ရှားမှု နှေးကွေးလေးလံသွားတဲ့အတွက် မမျိုးဥဆီကို ထိတွေ့ဝင်ရောက်မှုအတွက် သွားရာမှာ ကောင်းစွာ မသွားနိုင်လို့ သန္ဓေမအောင်နိုင်ဘူး ဖြစ်တာပါ။ အမျိုးသမီးတွေသောက်ရင်လည်း သန္ဓေသားမျိုးအောင်ဖို့ကို ဟန့်တားတာတွေဖြစ်စေပါတယ်။

ဟိုးအရင်တုန်းကတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကော်ဖီမသောက်ရဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါကလဲ ကိုယ်ဝန်ပျက်ကျတာတို့၊ ကလေးကြီးထွားမှုကိုထိခိုက်တတ်လို့ ပေါင်မပြည့်ကလေးလေးတွေ မွေးလာမှာစိုးလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက အမျိုးသမီးကိုယ်ဝန်သည်တွေကတော့ သိပ်ပြဿနာမဟုတ်ပါဘူး။ ကော်ဖီမသောက်ရဘူးလို့ ဆရာဝန်ကပြောလိုက်ရင် လိုက်နာဖို့ ဝန်မလေးကြပါဘူး။ အနောက်ဥရောပနိုင်ငံတွေမှာတော့ ဒီလိုမဟုတ်ဘူးလေ။ ကော်ဖီဟာ သူတို့ရဲ့နေထိုင်မှုပုံစံမှာ မရှိမဖြစ် အခန်းကဏ္ဍကနေ ပါနေတာဖြစ်တော့ ကိုယ်ဝန်ရှိလို့မသောက်ရရင် မဖြစ်ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဆောင် ၄၂၀၀၀ ကျော်ကို (၇)နှစ်ကြာ လေ့လာသုတေသနပြုလုပ်ချက်အရ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေကို တစ်နေ့ ကဖင်းဓာတ် ၃၀၀ မီလီဂရမ် တစ်နည်းအားဖြင့် တစ်နေ့ ကော်ဖီ အနေတော် (၃)ခွက်သောက်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နေ့(၁၀)ခွက်ထက်ပိုရင် သန္ဓေသားကြီးထွားမှုကို ထိခိုက်ပြီးပေါင်မပြည်တဲ့ကလေးလေးတွေမွေးတာတို့၊ ကလေးရဲ့နှလုံးခုန်နှုန်းတွေ မွေးခါစမှာ ပုံမှန်မဖြစ်တာတို့ ကိုယ်ဝန်ပျက်ကျတာတို့ ဖြစ်နိုင်ကြောင်းလဲ တဆက်တည်း သတိပေးထားပါတယ်။

တကယ်တော့ ကဖင်းဓာတ်ဆိုတာ ကော်ဖီတစ်ခုထဲမှာသာ ပါတာမဟုတ်ပါဘူ့။ ကျန်တဲ့အစားအစာတွေဖြစ်တဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ ချောကလက်၊ ကိုကာကိုလာဖျော်ရည်စတဲ့ နေ့စဥ်စားသောက်လေ့ရှိတဲ့ အစားအစာတွေအပြင် အချို့ဆေးဝါးတွေမှာလဲပါလေ့ရှိပါတယ်။ဥပမာ အအေးမိ၊ တုတ်ကွေးရောဂါမှာ သောက်လေ့ရှိတဲ့ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေမှာလဲ ပါလေ့ရှိတော့ တစ်နေ့တာ ကော်ဖီရော ဒီအစားအသောက်တွေ ဆေးတွေပါ စုစုပေါင်း ၃၀၀ မီလီဂရမ်ကို ဆိုလိုပါတယ်။ ကျန်တာတွေ စားသုံးမှုရှိခဲ့ရင် ကော်ဖီကို ထပ်လျော့သောက်ရမှာ ဖြစ်ပါတယ်။

အသက်ကြီးလာတဲ့အခါမှာ Free radical တွေရဲ့ တိုက်ခိုက်မှုကြောင့် ဦးနှောက်မှာရှိတဲ့ဆဲလ်တွေဟာ တဖြည်းဖြည်းနဲ့ ပျက်ဆီးလာပါတယ်။ အဲဒီအထဲမှာ Hydroxy radical တွေဟာ အဆိုးဆုံးဖြစ်ပါတယ်။ ကော်ဖီသောက်ရင် ကော်ဖီမှာပါတဲ့ Coffeeoyl-quinic acid ဟာ hydroxy radical တွေကို ဖျက်ဆီးပေးတဲ့အတွက်ဦးနှောက်မှာရှိတဲ့ဆဲလ်တွေ ပျက်ဆီးခြင်းမဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် Dementia လို့ခေါ်တဲ့ သတိမေ့တာတို့ မှတ်ဥာဏ်ချို့ယွင်းတာတို့ကအစ အော်ဇိုင်းမားရောဂါလိုမျိုးအထိ ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်။ အတိုချုပ်ပြောရရင် ကော်ဖီတစ်နေ့ ၂ ခွက် ၃ ခွက်သောက်တာဟာ အသက်ကြီးသူတွေအတွက် အကျိုးရှိပါတယ်။

🙋ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဗဟုသုတတွေကိုစဉ်ဆက်မပြတ်မျှဝေပေးသွားမှာမို့ Page လေးကို Like & Follow လေးလုပ်ပေးသွားကြပါအုံးရှင့်🥰

ေါက်တာခင်မောင်လွင် (FAME)




Follower အားလုံးပဲမင်္ဂလာပါရှင့်🙏ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကဘာတွေလဲဆိုတာကိုဒီနေ့ Royal Idol ...
05/05/2025

Follower အားလုံးပဲမင်္ဂလာပါရှင့်🙏ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကဘာတွေလဲဆိုတာကိုဒီနေ့ Royal Idol Myanmar page ကနေမျှဝေပေးချင်ပါတယ်။

⚡ခြေလက်တွေ မှာ ထုံကျဉ် တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့) အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။

ဒါပေမယ့် ပြန်ပြီး အနေအထားပြင်လိုက်မယ်၊ မဖိမိအောင် နေလိုက်မယ်ဆိုရင် ပြန်ပြီး အလိုလို သက်သာသွားမှာပါ။ ဒါပေမယ့် တချို့တွေမှာတော့ ထုံ၊ ကျဉ်တဲ့ ပြသနာက ပိုပြီးဆိုးရွားတာ၊ အချိန်အကြာကြီးဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထုံကျဉ်တဲ့ လက္ခဏာအပြင် နာကျင်ခြင်း၊ ယားယံခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း စတဲ့ အခြားလက္ခဏာတွေပါ တွဲပြီးဖြစ်လာပြီဆိုရင်တော့ အာရုံကြောလေးတွေ ပျက်စီးတာကြောင့် ဖြစ်တဲ့ ထုံကျဉ်ခြင်းဖြစ်နိုင်ပါတယ်။

ခြေလက် ထုံကျဉ် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလေးတွေကတော့

၁။ ဆီးချိုရောဂါ

ဆီးချိုရောဂါဟာ ခြေလက်ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်။ ခြေလက်ထုံကျဉ်ခြင်းကို လူတော်တော်များများမှာ ဆီးချိုရောဂါရဲ့ ပထမဆုံးရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေလက် ထုံကျဉ်တာတွေကို မကြာခဏ ခံစားနေရပြီး သင့်မိသားစုမှာ ဆီးချိုမျိုးရိုးရှိတယ် (သို့) အချိုတွေ ကြိုက်တတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီး ဆီးချိုရောဂါကို စစ်ဆေးကြည့်သင့်ပါတယ်။

၂။ ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိနေတဲ့အချိန်မှာလည်း ကလေးလေးကြီးထွားလာခြင်း၊ ခန္ဓာကိုယ်အတွင်း အရည်တွေ ပိုများလာခြင်းကြောင့် အာရုံကြောလေးတွေကို ဖိမိနိုင်တဲ့အတွက် ထုံကျဉ်တဲ့ ခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ သက်သာသွားနိုင်တာကြောင့် စိတ်ပူစရာမရှိပါဘူး။

၃။ ဗီတာမင် လုံလုံလောက်လောက်မရရှိခြင်း။

အဓိကအားဖြင့် ဗီတာမင် B နဲ့ ဗီတာမင် E ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မရတဲ့အခါ ခြေလက်တွေ ထုံကျဉ်နိုင်ပါတယ်။ ဒါ့ကြောင့် ခြေတွေလက်တွေ ထုံကျဉ်တဲ့ ပြသနာဖြစ်လာပြီဆိုရင် မိမိနေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်ကြွယ်ဝတာတွေ ပါရဲ့လားဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်ရင် ဗီတာမင် ဖြည့်စွက်ဆေးတွေ သောက်နိုင်ပြီး နေ့စဉ် အစားအစာတွေထဲမှာ ဗီတာမင် B နဲ့ E ပါဝင်တဲ့ ဆန်၊ဂျုံ ၊ နို့ နှင့် နို့ထွက်ပစ္စည်းမျာ၊ ပဲ၊ ဥ၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သဘာဝသစ်သီးတွေကိုလည်း စားပေးဖို့ မမေ့ကြပါနဲ့နော်။

၄။ အချို့သောဆေးဝါးများ သောက်သုံးနေခြင်း။

အချို့သော ကင်ဆာကုဆေးတွေ၊ TB ဆေးတွေ၊ သွေးပေါင်ချိန်ကို ထိန်းညှိတဲ့ဆေးတွေ နဲ့ အချို့သောရောဂါပိုးဝင်တဲ့ အခါမှာ အသုံးပြုတဲ့ဆေးတွေကြောင့်လည်း ထုံကျဉ်ခြင်းပြသနာတွေ ဖြစ်နိုင်ပါတယ်။

၅။ အရက် အလွန်အကျွံသောက်သုံးခြင်း။

အရက်အများကြီးသောက်ခြင်းက အာရုံကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အရက်သောက်တာများတဲ့သူတွေမှာ ဗီတာမင် B12 နဲ့ folic acid တွေကိုလည်း လျော့နည်းနေနိုင်တာကြောင့် ခြေ၊လက် ထုံကျဉ် ခြင်း ကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် အရက်ကိုလည်း တတ်နိုင်သမျှရှောင်ဖို့ လိုအပ်ပါတယ်။

၆။ Nerve entrapment syndromes ( အာရုံကြောလေးတွေကို ပိမိစေတဲ့ ရောဂါများ)

အာရုံကြောလေးတွေကို ပိမိနေစေတဲ့ ရောဂါတွေ ဖြစ်တဲ့ carpal tunnel syndrome လို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ အာရုံကြောလေးများ ပိမိနေတဲ့ရောဂါ၊ nerve palsy စတဲ့ အာရုံကြောရောဂါတွေမှာလည်း ထုံကျဉ်တာကို ဖြစ်စေပါတယ်။

၇။ အခြားရောဂါများ။

HIV နဲ့ အသည်းရောင် အသားဝါ Bပိုး၊ C ပိုးဝင်ခြင်း၊ အလုံးအကျိတ် ဖြစ်ပြီး အာရုံကြောလေးတွေကို ပိမိခြင်း၊ ကျောက်ကပ်၊ အသည်းရောဂါတွေနဲ့ အချို့သော သွေးရောဂါတွေမှာလည်း ခြေလက်ထုံကျဉ်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ခြေလက် အဖျားလေးတင်မကဘဲ တစ်ခုလုံး ထုံကျဉ် လာတယ်၊ ရုတ်တရက်၊ ခေါင်းကိုက်လာတယ်၊ မကြာခင်က ခေါင်းကို ထိခိုက်မိထားတယ်၊ ရင်ဘတ်အောင့်လာတယ်၊ အသက်ရှုရ ခက်ခဲလာတယ်၊ ခြေထောက်၊လက် တစ်ဖက်ဖက် လှုပ်ရှားရခက်ခဲလာတယ်၊ သတိမကောင်းဖြစ်လာတယ်၊ စကားပြောရတာ ခက်ခဲလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာကြပါစေ။




Follower အားလုံးပဲမင်္ဂလာပါရှင့်🙏Royal Idol Myanmar page ကနေပြီးဒီနေ့မျှဝေပေးချင်တာကတော့ကြက်သွန်ဖြူ🧄အကြောင်းပဲဖြစ်ပါတယ်။...
03/05/2025

Follower အားလုံးပဲမင်္ဂလာပါရှင့်🙏Royal Idol Myanmar page ကနေပြီးဒီနေ့မျှဝေပေးချင်တာကတော့ကြက်သွန်ဖြူ🧄အကြောင်းပဲဖြစ်ပါတယ်။ကြက်သွန်ဖြူ🧄ကိုဘယ်လိုလူတွေမစားသင့်ဘူးလဲဆိုတာကိုပြောပြပေးသွားပါမယ်ရှင့်။🥰

🧄ကြက်သွန်ဖြူ မှာကောင်းကျိူးတွေရှိသလို ဆိုးကျိူးတွေလည်းရှိပါတယ်။ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါ အမျိုးမျိုး ကုသဖို့ အတွက် ရိုးရာ ဆေး အဖြစ် အသုံးပြုခဲ့ကြတာပါ ။

🧄သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေး စီးဆင်းမှု လျှော့နည်းတာတွေ အတွက် အသုံးပြုခဲ့ကြတာပါ။

🧄ကြက်သွန်ဖြူဟာ အကျိုးကျေးဇူး အများဆုံး အစားအစာ တစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစာ ဖြစ်တယ် လို့တော့ မဆိုနိုင်ပါဘူး။

🧄ကြက်သွန်ဖြူ ကို စားရင် ဘယ်သူ မဆို ဘယ်လို အခြေအနေမျိုးမှာ မဆို စားသုံးလို့ ရသလား ဆိုတော့ အခုဖော်ပြမဲ့ အခြေအနေမျိုး ဆိုရင်တော့ မစား သင့်ပါဘူး။

🧄ကြက်သွန်ဖြူ ကို လုံး၀ စားလို့ မရဘူးလား ဆိုတာတော့ မဟုတ်ပါဘူး။ ဆေးဖြစ် ဝါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ဝါးစားတာ တို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့ နေရာမှာတော့ ထည့်ချက်လို့ရပါတယ်။

သွေး ဖိအားနည်းခြင်း 🩸
=============

ကြက်သွန်ဖြူ ကို အစိမ်းလိုက် စားတာဟာ သွေးတိုး ကျစေလို့ သွေးဖိအား နည်းတတ်သူတွေ အတွက်ကြက်သွန်ဖြူ ကို အစိမ်းလိုက် မစားသင့်ပါဘူး။

သွေးကျဲဆေး အမျိုးမျိုး မှီဝဲနေရရင်💊
======================

သင်ဟာ ဝေဒနာ တစ်ခုခုကြောင့် သွေးကျဲဆေး တစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ဆရာ ဝန် နဲ့ တိုင်ပင်သင့်ပါတယ် ။ ကြက်သွန်ဖြူ ဟာ သွေးကိုကျဲစေတဲ့အတွက် ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

အသည်း နဲ့ ဆိုင်တဲ့ ပြဿနာ ရှိရင်🍂
====================

ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေရဲ့ အဆို အရ အသည်းနဲ့ ဆိုင်ရာ ရောဂါ တစ်ခုခု ရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ ဆေးဝါးတွေ ရဲ့ အာနိသင်ကို လျှော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်🤱
===========

ကိုယ်ဝန်ဆောင်စဉ်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် စားသုံးတာကို ရှောင်ကျဉ်ကြပါတယ်။ကြက်သွန်ဖြူ ကို အများကြီး မဟုတ်ဘဲ အနေတော် စားသုံးတာဟာ နို့တိုက်ကျွေးချိန် နဲ့ ကိုယ်ဝန်ဆောင်စဉ် မှာ လုံခြုံ စိတ်ချရတယ်လို့ ပြောဆိုကြပေမဲ့ ကိုယ်ဝန်နုစဥ်မှာကြက်သွန်ဖြူ ကို စားသုံးဖို့ဆေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံ မပေးကြပါဘူး။






27/03/2025

ဆေးဆိုင်ဝန်ထမ်းအလိုရှိသည်❗

- ဆေးအကြောင်းနားလည်တတ်ကျွမ်းပြီးအနည်းဆုံးလုပ်သက်အတွေ့ကြုံ(2)နှစ်ရှိရမည်။
- post software အသုံးပြုနိုင်ရမည်။
- ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းထားပြီးသူ
- ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- ရိုးသားကြိုးစားပြီးသင်ယူလိုစိတ်ရှိသူ
- နေစရာစီစဉ်ပေးမည်။

လစာ/ပိတ်ရက် - (ညှိနှိုင်း)

❗Viber no.09-765413236သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
❗အသေးစိတ်သိရှိလို့ပါက 09-765413236သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။




27/02/2025

🔰One Lion King Co.,Ltd မှ ဝန်ထမ်း position(၃)မျိုး အလိုရှိသည်။

1. Idol Pharmacy အတွက်ဆေးဝါးကျွမ်းကျင်ပြီး ကွန်ပျူတာဖြင့် စာရင်းသွင်းနိုင်သူဖြစ်ရမည်။ လုပ်သက်အနည်းဆုံး(၂)နှစ်ဖြစ်ရမည်။ ဆေးဝါးကျွမ်းကျင်၊ ကွန်ပျူတာတတ်ပြီး Software ပိုင်းနားမလည်ပါက သင်ကြားပေးပါမည်။ ကျား/မ၊ အသက်အရွယ်၊ ပညာအရည်အချင်း မကန့်သတ်ထားပါ။ (မိန်းကလေးဖြစ်ပါက နေစရာစီစဉ်ပေးမည်။)
လစာ-ညှိနှိုင်း

2. ဆောက်လုပ်ရေးအတွက် (၂၄)နာရီ အစောင့်ဇနီးမောင်နှံအတွဲ အလိုရှိသည်။
လစာ-ညှိနှိုင်း

3. လူသုံးကုန်ပစ္စည်းများအတွက် Sale & Marketing ကျား/မ (၂)ဦးအလိုရှိသည်။ လျှပ်စစ်ပစ္စည်းများအတွက် Sale & Marketing ကျား/မ (၂)ဦးအလိုရှိသည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၂)နှစ်ရှိရမည်။ပညာအရည်အချင်း၊ အသက်အကန့်အသတ်မထားပါ။
လစာ-ညှိနှိုင်း

အထက်ဖော်ပြပါ positionများအတွက် အလုပ်လျှောက်ထားလိုပါက- viber-09765413236, 09400866233သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။အသေးစိတ်သိရှိလိုပါက- 09765413236,09765205232 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရုံးလိပ်စာ-အမှတ်(4)ပိတောက်လမ်း၊ ၁၀/တောင်(၁၃)ရပ်ကွက်၊ သန်လျင်တံတားအိမ်ရာဝန်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။





Address

No. 7 အခန်း A1 မြေညီထပ် ၇စျေးလမ်း ၆/နောက်
Yangon
11221

Alerts

Be the first to know and let us send you an email when Royal Idol Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Idol Myanmar:

Shortcuts

Share