Macy Wholesales

Macy Wholesales Premium Quality ထိုင်းနိုင်ငံမှ ဘုရားကျောင်း​ဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး။ Customize and Inst

🙏🏻🙏🏻🙏🏻 အ လှူ မ င်္ဂ လာ ရေ စက် ချ ခွက် 🙏🏻🙏🏻🙏🏻ရွှေရောင် Aladdin ရေစက်ချခွက် ( ခွက်ဝိုင်း ဒီဇိုင်းသစ် )ငွေရောင် Aladdin ရေစ...
10/06/2026

🙏🏻🙏🏻🙏🏻 အ လှူ မ င်္ဂ လာ ရေ စက် ချ ခွက် 🙏🏻🙏🏻🙏🏻

ရွှေရောင် Aladdin ရေစက်ချခွက် ( ခွက်ဝိုင်း ဒီဇိုင်းသစ် )
ငွေရောင် Aladdin ရေစက်ချခွက် ( ခွက်ဝိုင်း ဒီဇိုင်းသစ် )

အလှူ မင်္ဂလာပွဲ၊ အိမ်သစ်တက်ပွဲများအတွက်
ခမ်းနားတင့်တယ်ပြီးရေစက်ချခွက်ပုံစံဆန်းဆန်းလေးထဲက
ရှာနေပါလားရှင်‼️
Macy Wholesales သို့ လှမ်းလာခဲ့ပါရှင့် 💁🏻‍♀️💁🏻‍♀️💁🏻‍♀️

အလှူမင်္ဂလာပွဲသုံး ရေစက်ချခွက်များ လိုအပ်လို့
မှာယူချင်တယ်ဆိုရင်
- 𝑴𝒂𝒄𝒚 𝑾𝒉𝒐𝒍𝒆𝒔𝒂𝒍𝒆𝒔 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့်
မှာယူနိုင်သလိုရန်ကုန် Showroom မှာကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့်

Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Restaurant မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့် ☎️ 09 676 122 408
#ရေစက်ချခွက် ေစက်ချခွက်
#နေတိုးရေစက်ချခွက်

24k gold Premium grade နွေ ၊ မိုး ၊ ဆောင်း မြဘုရားဥာဏ်တော်အမြင့် 18” ဥာဏ်တော်အမြင့်နွေမိုးဆောင်း မြဘုရား Quality ကောင်းက...
10/06/2026

24k gold Premium grade နွေ ၊ မိုး ၊ ဆောင်း မြဘုရား
ဥာဏ်တော်အမြင့် 18” ဥာဏ်တော်အမြင့်နွေမိုးဆောင်း
မြဘုရား Quality ကောင်းကောင်းထဲက ပူဇော်ချင်တယ်
ဆိုတဲ့ Customer တွေအတွက်🌸 Macy Wholesales 🌸မှာ မှာယူ ပင့်ဆောင် ပူဇော်နိုင်ပါတယ်ရှင့်🙏🙏🙏🍀

ထိုင်းနွေမြဘုရား ၊ ထိုင်းမိုးမြဘုရား ဥာဏ်တော် ၁၈ လက်မ
✅တစ်ဆူစီ အသင့်ပင့်ဆောင်ပူဇော်နိုင်ပါတယ်

ဆက်သွယ်မှာယူရန် 🗯🗯🗯
☎️ 09676122408 (သို့)
Page Chatbox မှတဆင့် ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့် #နွေမိုးဆောင်းမြဘုရား
#ထိုင်းမြဘုရား #ဘုရားဆင်းတုတော်

ချမ်းသာတာလည်း ခဏတဖြုတ်ပဲ။ ဆင်းရဲတာလည်း ခဏတဖြုတ်ပဲ။ ဘယ်ခံစားချက်မှ ဒီခန္ဓာကိုယ်ပေါ်မှာ အမြဲတမ်း ရပ်တည်မနေဘူး။ အဲ့ဒါကို ဘု...
10/06/2026

ချမ်းသာတာလည်း ခဏတဖြုတ်ပဲ။
ဆင်းရဲတာလည်း ခဏတဖြုတ်ပဲ။

ဘယ်ခံစားချက်မှ ဒီခန္ဓာကိုယ်ပေါ်မှာ
အမြဲတမ်း ရပ်တည်မနေဘူး။

အဲ့ဒါကို ဘုန်းဘုန်းတို့ မြင်ဖို့လိုတယ်။

အဲ့ဒီ အနိစ္စဆိုတဲ့ အမှန်တရားကို
မြင်လို့ရှိရင် သူက အလွန်မှ
အစွမ်းထက်တဲ့ ဉာဏ်ပညာကို ရစေတယ်။

(သစ္စာရွှေစည်)

10/06/2026

မိမိရဲ့ နေ့စဉ်ဘဝမှာ စိတ်နှလုံးအေးချမ်းစွာ…
ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက် ဘာလုပ်ရမလည်း…
#ပါချုပ်ဆရာတော်

 #စိတ်ချမ်းသာအောင်နေကြမယ်~~~~~~~~~~~~~~~~စိတ်ချမ်းသာချင်ရင်၁။ အတွေးတွေကို သတိထားပါ၂။ ဖြစ်တည်မှုကို လက်ခံပါ၃။ ကိုယ့်စိတ်က...
10/06/2026

#စိတ်ချမ်းသာအောင်နေကြမယ်
~~~~~~~~~~~~~~~~
စိတ်ချမ်းသာချင်ရင်
၁။ အတွေးတွေကို သတိထားပါ
၂။ ဖြစ်တည်မှုကို လက်ခံပါ
၃။ ကိုယ့်စိတ်ကိုယ် ကောင်းစွာစောင့်ရှောက်ပါ

~ စိတ်ချမ်းသာချင် ဘဝတွင် အတွေးတွေကို သတိယှဉ်
အဆိုးမှန်သမျှ မတွေးမှ နေရထိုင်ရ စိတ်ချမ်းသာရ။
~ စိတ်ချမ်းသာချင် ဘဝတွင် ဘဝအရှိကို သတိယှဉ်
ကောင်းဆိုးမှန်သမျှ မခံစားမှ နေရထိုင်ရ စိတ်ချမ်းသာရ။
~ စိတ်ချမ်းသာချင် ဘဝတွင် မိမိစိတ်ကို သတိယှဉ်
ကိလေသာမှန်သမျှ မဖြစ်မှ နေရထိုင်ရ စိတ်ချမ်းသာရ။

*အတိတ်ကိုတွေး မပူဆွေးနဲ့၊
အတိတ်ဆိုတာ ပြန်မလာဘူး။

*အနာဂတ်ကိုတွေး ကြိုမဆွေးနဲ့၊
အနာဂတ်ဆိုတာ မသေချာဘူး။

* ပစ္စုပ္ပန်မှာ ဖြစ်တည်ရာကို
မှန်စွာကျန လက်ခံကြ၍
ပညာသတိ မပြတ်ညှိကာ
စိတ်ချမ်းသာစွာ နေကြပါလော့။

‘‘အတီတံ နာနုသောစာမိ, နပ္ပဇပ္ပါမိနာဂတံ၊
ပစ္စုပ္ပန္နေန ယာပေမိ, တေန ဝဏ္ဏော ပသီဒတိ။ (တေမိဇာတ်)

#မနာပ_ဒါယီ_ကိုရီးယားဆရာတော်

 #တောင်တန်းသာသနာပြု ဆရာတော်ထံမှ "ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ပူဇော်နည်း🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း...
10/06/2026

#တောင်တန်းသာသနာပြု ဆရာတော်ထံမှ "
ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ပူဇော်နည်း
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ဖြင့်
ပူဇော်ရန်အတွက်ပြင်ဆင်ခြင်း
----------------------------------------------------------

(၁) ရေဖန်ခွက် (၂၄) ခွက်
(၂) ဆီမီးတိုင် (၂၄) တိုင်
(၃) ဆူးမပါသော ပန်း / ပွင့်ဖတ် များ

- သင့်တော်ရာစားပွဲတွင်
ရေဖန်ခွက် ၂၄ ခွက်ကို မိမိနှစ်သက်သလိုစီပြီး
ကြားထဲတွင် ပန်းလေးများ/ပွင့်ဖတ်များ လှပအောင်စီ
ပူဇော်ပါ 🙏

- ဆီမီး ၂၄ တိုင်ကိုလည်း အဆင်ပြေသလို
ကြည်ညိုဖွယ် ထွန်းပါ 🙏

- ရေဖန်ခွက်ထဲ ရေသွန်းလောင်းထည့်ချိန်
မိမိစိတ်တွင်းရွတ်ရွတ် နှုတ်တက်ရွတ်ရွတ်
ပဋ္ဌာန်း၂၄ပစ္စည်းကို တစ်ခွက်ချင်းပေါ်
ရေသွန်းလောင်း ထည့်ရင်း
(ဟေတုပစ္စယော မှ အဝိဂတပစ္စယော) ထိ ပူဇော်ပါ 🙏

-ပဋ္ဌာန်း(၂၄)ပစ္စည်းနှင့် ဖန်ခွက် ၂၄ခွက်
အတိအကျစစ်ပြီးသလို
ပဋ္ဌာန်းအကျဉ်း ၂၄ ကြိမ်ပူဇော်ပြီး ဖြစ်ပါမယ် 🙏

***ရွတ်ဖတ် ပူဇော်ရန်အတွက် ***

(၁) နတ်ပင့်
(၂) ပဋ္ဌာန်း ၂၄ ခေါက် အကျဉ်း (ရေသွန်းလောင်း ထည့်စဉ်)
(၃) "ပစ္စယနိဒ္ဒေသ'' အကျယ် ၁ ခေါက်
(၄) "သံဗုဒ္ဓေ" ၂၄ ခေါက်
(၅) မေတ္တာသုတ် ၁ ခေါက်
(၆) မေတ္တာပို့
(၇) လိုရာဆုတောင်း
(၈) အ​မျှဝေ
(၉) နတ်ပို့

*** နတ်ပင့်ရန် ***

#လောကစောင့်ကြပ် နတ်များအပေါင်းတို့၊
(အရပ်ဋ္ဌာန-မိမိပူဇော်သောနေရာ)သို့ ပဋ္ဌာန်းရေလမ်း ပန်းလမ်း အလင်းလမ်း လှူဒါန်းရန် လာကြပါကုန်လော့ 🙏

#တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်း၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်အပေါင်း၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး နတ်အပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏

#မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀ဠာဟကနတ်၊ ပဇ္ဇုန်မိုးနတ် စတုလောကပါလနတ်၊ သိကြား၊ ဗြဟ္မာ၊ အသုရာ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့၊ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော 🙏

#နဂါး ၊ ဂဠုန် ၊ ဂုမ်ဘာန်၊ ယက္ခက် အစရှိသော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏

#၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အစရှိကုန်သော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏

#လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်း၊ အပါယ်လေးပါး သတ္တဝါအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် ဖိတ်ခေါ်ပါကုန်၏🙏

နတ်ပို့ရန်
******
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။

သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။

ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။

ဧတ္တာဝတာ စ – သဒ္ဓါစေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက်ဝေစေကြောင်းဖြစ်သော ဤဓမ္မဒေသနာတော်အပေါင်းတို့အား ရွတ်ပွားသရဇ္ဈာယ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ရခြင်းဖြင့်၊

အမှေဟိ – အကျွန်ုပ်တို့သည်၊

သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ – အလုံးစုံကုန်သော စည်းစိမ်ချမ်းသာ မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံခြင်းငှာ၊

သမ္ဘတံ – ကောင်းစွာမပြတ် ဆည်းပူးအပ်သော၊

ပုညသမ္ပဒံ – ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ပြည့်စုံခြင်းကို၊

သဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊

ဒေဝါ – စကြဝဠာအဖြာဖြာမှ ကြွလာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊

အနုမောဒန္တု – ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။

ဒါနံ – ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊

သဒ္ဓါယ – ကံ, ကံ၏အကျိုးကို ယုံကြည်လျက်၊

ဒဒန္တု – ဘဝဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း။

သီလံ – စာရိတ္တ ဝါရိတ္တ မြတ်သီလကို၊

ရက္ခန္တု – မကျိုးမပေါက် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။

ဘာဝနာဘိရတာ – သမထဝိပဿနာ ဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက် ချီးမွမ်းမွေ့လျော်ကြကုန်သည်၊

ဟောန္တု – ဖြစ်ကြပါစေကုန်သတည်း။

အာဂတာ – စကြဝဠာ ကမ္ဘာလောကဓာတ်အရပ်ရပ်မှ ဆိုက်ကပ်ညီညာ ရောက်လာကြကုန်သော၊

ဒေဝတာ – နတ်ဗြဟ္မာအပေါင်းတို့သည်၊

ဂစ္ဆန္တု – သာဓုအနုမောဒနာ ဝမ်းမြောက်စွာလျှင် နှုတ်လျာသံညီး ပြုပြီးလေဘိ မိမိတို့နေရာ ပျော်ဖွယ်ရာရိပ်ခန်း ဘုံဗိမာန်နန်းသို့ စံမြန်းတော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
----------------------------------------------------------------=

-မြတ်စွာဘုရား ပူဇော်ပြီး လှူဒါန်းပြီး ပြန်စွန့်ချိန်တွင်
ပဋ္ဌာန်းပူဇော်ပြီး ရေများ, ပန်းများအား မိမိ အလိုရှိသလို အသုံးပြုနိုင်ပါတယ်....

(သတ္တဝါအများဝေနေယျာအတွက် ပြန်လှူသလို မိသားစု သောက်သုံးတဲ့ရေအိုးထဲထည့် ပြီး ဘေးအန္တရာယ်ကင်းရန်
အလို့ဌာ သောက်သုံးနိုင်ပါတယ်...
မိသားစုသုံးရေကန်ထဲ ဆပွားရန် အနည်းငယ်ထည့် သုံးစွဲနိုင်ပါတယ်)

😇 အချိန် သိပ်မပေးနိုင်ပါက ရေ ပန်း မီး ပြင်ဆင်နေစဉ်
ပဋ္ဌာန်းအကျဉ်း ကိုမပြတ်ရွတ်ပါ

😇 ပဋ္ဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ခင်းခြင်း
ပဋ္ဌာန်းအရှိန်တန်ခိုးနှင့် ဘဝခရီးလမ်း ရေလိုကြည်လင်အေးချမ်းပြီး ဉာဏ်ရည်ထက်မြက်, သာယာတဲ့ဘဝ ခရီးလမ်းကို နေ့စဉ် ဘဝ နေစဉ် ခဏမှာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်

နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြ ပါ စေ...

မူရင်းရေးသားသူအားလေးစားလျက်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်🙏

10/06/2026
🐦‍🔥 Phoenix  & Dragon 🐉 Crystal ဖန်ကလပ် အရမ်းကိုမှ ခမ်းနားလှပသော အသွင်အပြင်နှင့်လှပကျက်သရေဆောင် ဧည့်ခန်း၊ရုံးခန်းမှာ dec...
10/06/2026

🐦‍🔥 Phoenix & Dragon 🐉 Crystal ဖန်ကလပ်
အရမ်းကိုမှ ခမ်းနားလှပသော အသွင်အပြင်နှင့်လှပ
ကျက်သရေဆောင် ဧည့်ခန်း၊ရုံးခန်းမှာ decoration အဖြစ်
အလှထားရှိနိုင်ပါတယ်ရှင့် ❣️❣️❣️
#ပစ္စည်းအသစ်အဆန်းလေးတွေရောက်ထားပါတယ်ရှင့်

သစ်သီး ၉မျိုး/၅မျိုး ဆွမ်းတော်တင် ရွှေပုလဲဖောက်ကလပ် ဒေါက်ပါ ဒီဇိုင်းအသစ် ဆိုဒ် ၂ ဆိုဒ် ရောက်ထားပါတယ်ရှင်  အသင့်မှာယူအားပ...
10/06/2026

သစ်သီး ၉မျိုး/၅မျိုး ဆွမ်းတော်တင် ရွှေပုလဲဖောက်ကလပ် ဒေါက်ပါ ဒီဇိုင်းအသစ် ဆိုဒ် ၂ ဆိုဒ် ရောက်ထားပါတယ်ရှင်
အသင့်မှာယူအားပေးနိုင်ပါတယ် 💁🏻‍♀️💁🏻‍♀️💁🏻‍♀️

🍀🌷 နေ့တိုင်း_ကုသိုလ်စုပါ 🌷🍀

ကုသိုလ်အားကြီးလာရင်✨✨✨
အားလုံးကအဆင်ပြေသွားမှာပါ အမှန်ပါပဲ
ကုသိုလ် အမြဲလုပ်ပါ။ 🙏🙏🙏🌿
ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသိုလ်ကောင်းမှုကို ပိုပြီးပြုလုပ်ပေးပါ။🙏🙏🙏

ကြွေဖြူရွှေနားကွပ် ကြွေထည်ဒေါက်ဗန်းကလပ်
သစ်သီးဆွမ်းကပ် ကလပ်လေးများ Collection ✨
ဆိုဒ် ၆လက်မ ၊ ၈လက််မ၊ ၁၀ လက်မ၊ ၁၂ လက််မ
ဒီဇိုင်းရှင်းရှင်းလေးနဲ့ အမြင်မှာ အရမ်းကိုမှလှပါတယ်ရှင့်

အိမ်တစ်အိမ်ရဲ့ကျက်သရေဆောင်ဖြစ်သော
ဘုရားကျောင်းဆောင်လေးမှာ ကြွေထည်ဖြူဖြူသန့်သန့်လေးများဖြစ်သော ကြွေထည် ဘုရားကျောင်းဆောင်သုံး
🪷 ဘုရားပန်းအိုး
🪷 အောင်သပြေထိုး အောင်အိုး
🪷 ဘုရားသောက်တော်ရေခွက်
🪷 ဘုရားဆွမ်းသစ်သီးကလပ် များကို
တစ်နေရာထဲမှာ ရရှိပါတယ်ရှင့်💁🏻‍♀️

အိမ်တစ်အိမ်ရဲ့ ကျက်သရေဆောင်ဖြစ်သော
ဘုရားကျောင်းဆောင်လေးကို တင့်တယ်လှပစေဖို့ ✨
ဆိုင်လေးသို့ လှမ်းလာခဲ့ပါရှင့်💁🏻‍♀️

🏠 ရန်ကုန်𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦
Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Restaurant မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့်
☎️ 09 676 122 408 or 409

#သစ်သီးကလပ်

 #မင်္ဂလာနံနက်ခင်း မေတ္တာပို့ ဆုတောင်း 🙏🙏🙏🌷ကောင်းသော အတိတ်ကောင်းသောနိမိတ်ကောင်းသောစကားတို့ကိုသာ မြင်ရ၊ကြားရ၊ပြောရပါစေကပ်...
10/06/2026

#မင်္ဂလာနံနက်ခင်း မေတ္တာပို့ ဆုတောင်း 🙏🙏🙏🌷

ကောင်းသော အတိတ်

ကောင်းသောနိမိတ်

ကောင်းသောစကား
တို့ကိုသာ မြင်ရ၊ကြားရ၊ပြောရပါစေ

ကပ်ကြီးသုံးပါး၊ ရန်သူမျိုး ငါးပါးတို့မှ
ကင်းဝေးကြပါစေ

ခလုတ်မထိ ဆူးမငြိပဲသွားလမ်းသာ၍
လာလမ်းဖြောင့်ဖြူးနိုင်ကြပါစေ

နေအထွက်မှာ ရွှေခွက်နှင့်
ရွှေငွေအပြည့်ခပ်နိုင်ကြပါစေ 🙏🙏🙏🌷

Address

No. 42/A, Inya Myaing Road, Bahan Township
Yangon

Telephone

+959676122408

Website

Alerts

Be the first to know and let us send you an email when Macy Wholesales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Macy Wholesales:

Share

Category