Health365 Myanmar

Health365 Myanmar Health & beauty retailer provide trustworthy products to look good, live well & healthy being.We are committed to deliver you the best products and service

Blackmores ငါးကြီးဆီဆိုတာဘာလဲ? ငါးကြီးဆီဆိုသည်မှာ Omega-3 triglycerides, EPA နှင့် DHA တို့နှင့်ပေါင်းစပ်ဖွဲ့စည်းထားပါသည...
24/02/2017

Blackmores ငါးကြီးဆီဆိုတာဘာလဲ?

ငါးကြီးဆီဆိုသည်မှာ Omega-3 triglycerides, EPA နှင့် DHA တို့နှင့်ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ Blackmores ငါးကြီးဆီကိုပင်လယ်မှရသောသဘာဝ ဆယ်လ်မွန်နှင့် တူနာငါးများမှထုတ်လုပ်ထားသည့်အတွက်အရေအသွေးမှီငါးကြီးဆီစစ်စစ်မှီဝဲသောက်သုံးလိုသူများအတွက်သတင်းကောင်းပါနော်။

Omega-3 triglycerides - ခန္ဓာကိုယ်အတွင်းအဆစ်အမြစ်ရောင်တာကိုတင်္ဒဂအတွင်းသက်သာစေသည့်အတွက်အဆစ်ရောင်ပြီးနာခြင်းကိုလျှော့ကျစေနိုင်ခြင်း,အသားအရေခြောက်သွေ့ပြီးကွဲခြင်း, အရေခွံကွာခြင်း(ဥပမာ လက်ဖဝါး,လက်ချောင်း, ခြေဖနောင့်) နှင့် နှင်းခူအနုစားဖြစ်ခြင်းကိုပျောက်ကင်းစေခြင်း

EPA- နှလုံးအားကောင်းစေခြင်း, စိတ်ကျရောဂါနှင့် အရွယ်မတိုင်ခက်အိုမင်းရင့်ရော်မှုကိုဟန့်တားပေးခြင်း,

DHA- မျက်လုံးအားကောင်းစေခြင်း, ဦးနှောက်အားဖြည့်ခြင်း, ဦးနှောက်ဆဲလ်များပျက်စီးမှုကိုဟန့်တားပေးခြင်း။
ထိုဓာတ်များပါဝင်ဖြည့်ဆည်းပေးသောငါးကြီးဆီသည်ခန္ဓာကိုယ်အတွင်းကောင်းသောကိုလက်စ်ထရော HDL ကိုမြှင့်တင်ပေးပြီးကိုလက်စ်ထရောlevel ကိုကျစေခြင်းဖြင့်မိမိနှလုံးကိုကာကွယ်လိုက်ပါ။

အသက်၁၂နှစ်မှစတင်သောက်သုံးနိုင်ပြီးအသက်၇၀-၈၀အထိလည်းသောက်နိုင်ပါတယ်နော်။

တစ်ရက်၁ကြိမ်မှ၃ကြိမ် ၁ခါသောက်၁လုံး ကိုအစာစားပြီးတိုင်းသောက်နိုင်ပြီနော်
ဆေးလုံးကြီးကြီးကြောက်သူများအတွက် ပုံမှန်ငါးကြီးဆီ size ထက်တစ်ဝက်သေးပြီးအာနိသင်တူဖြစ်တဲ့ mini capsules လဲရှိပါတယ်, ပုံမှန် size လဲရရှိနိုင်ပါတယ်

ဒါ့အပြင် ငါးကြီှးဆီအနံ့ကြောက်သူများအတွက်လည်း အနံ့ပျောက် ထပ်ရှိပါသေးတယ်။ အားလုံးပေါင်း၎မျိုးပါ။

Price as below ( တစ်ဘူးတွင်အလုံး၄၀၀ပါသည်)
ပုံမှန် size အနံ့ပါ - 39000 Kyats
ပုံမှန် size အနံ့ပျောက် - 45000 Kyats
Size သေး အနံ့ပါ - 42000 Kyats
Size သေး အနံ့ပျောက် - 48000 Kyats
More information via cb

ဘာမှ မတင်တော့ဘူးလား မေးနေကြတဲ့ ချစ် customer များရှင့်Admin တွေ ပြီးခဲ့တဲ့လက မ အားလို့ ပါခု ပြန်လာပါပြီနော်မကြာမီ အရည်အေ...
23/02/2017

ဘာမှ မတင်တော့ဘူးလား မေးနေကြတဲ့ ချစ် customer များရှင့်
Admin တွေ ပြီးခဲ့တဲ့လက မ အားလို့ ပါ
ခု ပြန်လာပါပြီနော်
မကြာမီ အရည်အသွေးမီ ပစ္စည်းလေးများ ရောင်းပေးဦးမှာဖြစ်လို့ 
အားပေးကြပါဦးလို့ 

We are back!
😘😘😘

Matte နှုတ်ခမ်းနီ ဆိုးသော မမ များ ညီမလေးများ အတွက်  lucas papawMatte နှုတ်ခမ်းနီ ဆိုးပြီး နှုတ်ခမ်းသားခြောက်သွေ့ ပျက်စီး...
04/01/2017

Matte နှုတ်ခမ်းနီ ဆိုးသော မမ များ ညီမလေးများ အတွက် lucas papaw
Matte နှုတ်ခမ်းနီ ဆိုးပြီး နှုတ်ခမ်းသားခြောက်သွေ့ ပျက်စီးသူများ နှင့် နှုတ်ခမ်းသားကို ကြိုတင်ကာကွယ်လို သူများ lucas papaw ကိုသုံးကြည့်နော်
ညအိပ်ယာ ဝင်ခါနီးတိုင်း နှုတ်ခမ်းသားကို အလွှာပါးပါးလေး လိမ်းအိပ်ပြီး မနက်အိပ်ယာထရင် နှုတ်ခမ်းသားကိုပေါင်းတင်ပြီးသားဖြစ်သည့် အတွက် နူးညံ့စိုမွတ်သော နှုတ်ခမ်းသားလေး ၁စုံ ပိုင်ဆိုင်နိုင်ပါပြီ
အနံ့ လည်းသင်းသင်းလေးဖြစ်လို့ စိတ်ကျေနပ်မှုရရှိစေမှာပါ
သဘာဝ သင်္ဘောသီး မှ ထုတ်လုပ်ထားလို့ organic ပစ္စည်းဖြစ်၍့ ရေရှည် စွဲသုံးနိုင်ကြောင်း အာမခံပါသည်။

နာမည်ကျော် beauty blogger Michelle Phan လဲသုံးလို့ အရည်အသွေး ပိုင်းကပြောစရာ မလိုအောင် ကောင်းတယ်နော်

အခြားအသုံးပြုနိုင်သည့်နေရာများ
ကလေး- nappy ကြောင့်ဖြစ်သော အရေပြားပွန်းပဲ့ နီရမ်းခြင်း ၊ ထိခိုက်ရှနာများ ၊ ခြင်ကိုက်ဖုများ ၊ ပိုးမွှားကိုက်ဖုများ ၊ အသေးစား အရေပြားနာများ

လူကြီး- ဝက်ခြံဖုများ ၊ နှုတ်ခမ်းကွဲ ၊ နှုတ်ခမ်းခြောက် ၊ အသားခြောက် ၊ ခြေဖနောင့်ကွဲ ၊ အသားပတ် ၊ ပြည်တည်နာ ၊ မီးလောင်နာ ၊ နေလောင်ကွက်
များတွင် အသုံးပြုနိုင်ပါသည်။

Preorder type
Price- 7000 Ks

More information via cb.

Centrum မှဝါးစားနိုင်သောကလေး Omega-3 Plus အားဆေးသားသားမီးမီးတို့ ကျန်းမာဖွံ့ ဖြိုးဥာဏ်ရည် တိုးစေသော ငါးကြီးဆီ ပါဝင် သည့်...
02/01/2017

Centrum မှဝါးစားနိုင်သောကလေး Omega-3 Plus အားဆေး
သားသားမီးမီးတို့ ကျန်းမာဖွံ့ ဖြိုးဥာဏ်ရည် တိုးစေသော ငါးကြီးဆီ ပါဝင် သည့် Omega-3 plus
-DHA ပါဝင်သောကြောင့် ဦးနောက်ဖွံ့ ဖြိုးပြီး ဥာဏ်ရည်ထက်မြက်မှု ကို အားပေးခြင်း မျက်လုံးအားကောင်းစေခြင်း၊ငယ်ရွယ်စဉ်မှ စ၍ နှလုံးနှင့် ပတ်သက်သော ရောဂါများ ကာကွယ်ပေးခြင်း
-Calcium နှင့် Vitamin D ပါဝင်သောကြောင့် ခန္ဓာကိုယ် ကြီးထွားမှု ၊ အရိုးသန်မာမှုကို အထောက်အကူပြုခြင်း
-ဝါးစားနိုင်သောဆေးလုံးဖြစ်ပြီးစတော်ဘယ်ရီအရသာဖြစ်၍အရသာရှိသောကြောင့်မစားမှာစိတ်မပူရပါဘူး
- ဆေးလုံးကိုဖောက်ပြီး ထမင်းထဲထည့်ကျွေးလို့လည်းရပါတယ်။

Centrum Kids Omega-3 Plus is the first Children's Vitamin with the scientific combination of Omega-3 plus Calcium and Vitamin D to do more to help in the development of a Healthy Brain and Strong Body.
With:
-A good source of Omega 3 that supports in the healthy brain development�-Calcium & Vitamin D assist in strong skeletal development
-All in one delicious Strawberry flavored chewable capsule, which is great and convenient for mothers with children 5 years and over.

Preorder type
Price-16500 ks

More information via cb.

ဆံပင်ကျွတ်ခြင်း ကင်းဝေးအောင်တရက်က အွန်လိုင်းအမေး၊အဖြေကဏ္ဍတခုမှာ အမျိုးသမီးတယောက်က မေးထားပါတယ်။ ဆံပင်တွေ ပျက်ဆီးတာ (၂)နှစ်ေ...
01/01/2017

ဆံပင်ကျွတ်ခြင်း ကင်းဝေးအောင်

တရက်က အွန်လိုင်းအမေး၊အဖြေကဏ္ဍတခုမှာ အမျိုးသမီးတယောက်က မေးထားပါတယ်။ ဆံပင်တွေ ပျက်ဆီးတာ (၂)နှစ်လောက် ရှိပြီ။ ခေါင်းဖီးလိုက်ရင် ဆံပင်တွေ ကျွတ်ကျ၊ပြတ်ကျလာပါသတဲ့။ ဆေးတွေ သုံးတာလဲ စုံနေပြီ။ အခု ဘာဆေးသောက်သင့်လဲ။ ဘာဆက်လုပ်ရမှာလဲ။ ဆောင်ရန်၊ရှောင်ရန် မေးထားပါတယ်။

ဟုတ်ပါပြီ။ ဒီတော့ ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း သီအိုရီများစွာရှိပါတယ်။ မျိုးရိုး၊ဟော်မုန်း၊စိတ်ဖိစီးမှု၊အာဟာရချို့တဲ့မှု၊အသက်အရွယ်၊ဆေးဝါးစသည်ဖြင့် မာတိကာများစွာတွေ့ရပါမယ်။ အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။ အမျိုးသမီးတွေဟာ အလှအပရေးရာ ကရိကထများသလို ပြုပြင်ပြောင်းလဲချင်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။ တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူးရင် ဆံပင်ကို ကိုင်ကြ၊လိမ်ကြသေးတယ်။
အမျိုးသားတွေမှာတော့ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာ၊ထိပ်ကွက်တာမျိုး အဖြစ်များတယ်။ androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတမျိုးကြောင့်ပါ။ androgenic alopeciaလို့လည်းခေါ်ပါတယ်။ အသက်(၄၀)အရွယ်တွေမှာ စတွေ့ရတယ်။ အမျိုးသမီးတွေကျတော့ အပျိုဝင်ပြီဆိုကတည်းက ဆံပင်ကျွတ်တာ၊ဆံသားပါးတာရှိပါတယ်။ စိတ်ဖိစီးမှု၊သွေးသားအပြောင်းအလဲ အမျိုးသမီးတွေမှာ ပိုများတယ်။ chemical ဓာတုဆေးဝါးတွေ သုံးတာလဲ သူတို့ပဲ။ ဆံပင်ချေးချွတ်၊ဆံနွယ်ပြုပြင် လှချင်သူများစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ လူတိုင်း သူ့မျိုးရိုး၊သူ့ဗီဇနဲ့သူ ဆံပင်ကောက်တာ၊ဆံပင်တွန့်တာမျိုး ရှိပါတယ်။

ဆံပင်တွေကို ယေဘုယျ သုံးသပ်ရရင် သုံးမျိုး ဖြစ်နိုင်တယ်။ ဆံလုံး(ဆံပင်)ဝိုင်းတဲ့သူက ဆံပင်ဖြောင့်တယ်။ ဆံလုံးက ဘဲဥပုံဖြစ်ရင် လှိုင်းတွန့်ပုံ(wave) ရှိတယ်။ အကယ်၍ ဆံပင်လုံးက ပြားတယ်(flat)ဆိုရင် ကပ္ပလီဆံပင်၊စပရိန်လို တွန့်ချိတ်နေမယ်။ ဒီထဲမှာ ဆံလုံး ဝိုင်းသူနဲ့ ဘဲဥပုံ ဆံနွယ်တွေက ပိုကျွတ်လွယ်တယ်။ ဆံပင်ဖြောင့်လေ ဆံပင်ကျွတ်ဖို့လွယ်ကူလေ ဖြစ်ပါတယ်။ ဒီတော့ မိမိဆံပင်ကို ပြန်သုံးသပ်ကြည့်ပါ။ ဆံပင်ဖြောင့်သူလား၊ကောက်သူလားပေါ့။ ဒီနေရာမှာတော့ သိပ်ဖြောင့်လွန်းရင် မကောင်းပြန်ဘူး။

နောက်အရေးကြီးတဲ့အချက်တခုက ဆေးဝါးတွေ၊ဓာတုပစ္စည်းတွေ စဉ်ဆက်မပြတ် သုံးစွဲတတ်သူလား။ ဒါလည်း အရေးကြီးတယ်။ အလှအပကို ပြုပြင်ရတဲ့အခါ ဆိုးကျိုးတွေ ရှိနိုင်တယ်။ အထူးသဖြင့် ဓာတုဆေးဝါးတွေ အသုံးပြုရသူတွေမှာပေါ့။ ဒီနေ့ခေတ်မှာ ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူ၊ကုသသူတွေ အများအပြားတွေ့ရတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်သူတွေ အထူးဂရုစိုက်သင့်တယ်။ နောက်အရေးပါတာက အာဟာရဓာတ်ပါ။ အာဟာရဓာတ်ချို့တဲ့သူတွေမှာ ဆံပင်ကျွတ်လွယ်တယ်။ ဗီတာမင်၊သတ္တုဓာတ် မျှတဖို့ လိုအပ်တယ်။ vitamin A,B5,B6,B7,B12,folic acid,iron,zinc စတဲ့ဓာတ်တွေက ဆံပင်အတွက် အရေးပါတယ်။ ဗီတာမင် စီက ဆံပင်ဖြူခြင်းကို တားဆီးပေးမယ်။ ဆံပင်ကျွတ်လွယ်တဲ့အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ သံဓာတ်ချို့တဲ့တာမျိုး တွေ့ရတယ်။ ဒါ့ပြင် မဂ္ဂနီစီယမ်၊သွပ်ဓာတ်တွေကလည်း ဆံပင်ရဲ့အခန်းကဏ္ဍအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။ ဆံပင်ဆိုတာ ပရိုတင်းဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သူ့ရဲ့ အရေးပါမှုကိုလည်း မမေ့အပ်ဘူး။

ဆံပင်အကြောင်း ပြောရင် hair follicleခေါ်တဲ့ ဆံနွယ်ပေါက်စေတဲ့ မွေးညှင်းပေါက်တွေကို ချန်ထားလို့မရဘူး။ ဆံပင်ပါးတာ၊ကျဲတာ၊ထူတာကို သူက ဆုံးဖြတ်ပေးတယ်။ ဆံပင်ပေါက်မလာတော့ဘူးဆိုရင် hair follicleပျက်ဆီးနေလား စတင်စဉ်းစားရတယ်။ ဥပမာ နှစ်လ၊သုံးလကြာပြီ ပေါက်မလာတော့ဘူးဆိုရင် အကြောင်းရင်းက follicleမှာ ဖြစ်ဖို့များတယ်။ ဘာ့ကြောင့်လဲဆိုတော့ သီအိုရီအရ တစ်လမှာ ဆံပင် လက်မဝက်လောက် ရှည်ထွက်တယ်။ ဒီလိုရှည်ထွက်မလာရင် ဆံပင်အခြေအရင်းကို စစ်ကြည့်သင့်တယ်။ အရင်းကမပေါက်ရင် အဖျားကို ကြည့်လို့မရနိုင်တော့ဘူး။ နောက်အရေးပါတဲ့အချက်က ဆံသားတွေ ခြောက်သွေ့နေလား ဆိုတာပါ။ အရာဝတ္တုတိုင်းမှာ ခြောက်သွေ့တယ်ဆိုရင် ဘာမှမကောင်းဘူး။ဥပမာ သစ်ပင်တစ်ပင် ခြောက်သွေ့နေရင် ဆက်လက်ကြီးထွားမလာတော့ဘူး။ ပျက်ဆီးသွားတယ်။ မြို့ကြီး၊ပြကြီးတွေမှာလည်း ခြောက်ကပ်တယ်ဆိုတာ တိုးတက်မှုမရှိတာကို ဆိုလိုတယ်။ အလားတူ ဆံပင်တွေကိုလည်း ခြောက်သွေ့အောင် မထားသင့်ဘူး။ ပျက်ဆီးလွယ်လို့ ဖြစ်တယ်။ ကောင်းတာက မိမိဆံနွယ်ကို ဆီလိမ်းတာ၊သပ်ရပ်သန့်ရှင်းအောင် အမြဲဖီးလိမ်းတာမျိုး လုပ်ပေးသင့်တယ်။ ပိုအရေးကြီးတာက ဆံသားတွေကို ဆွဲတာ၊လိမ်တာ၊ကိုင်တာ ဘာမှမပြုလုပ်သင့်ဘူး။ ဆံပင်ကို အမြဲကလိနေသူတွေဟာ ဆံပင်ပျက်ဆီးဖို့ ပိုလွယ်ကူတယ်။ ဆံသဆိုင်တွေ၊beauty spaတွေမှာ ဆံပင်ဆွဲတာ၊လိမ်တာ ပြုလုပ်တတ်ကြတယ်။ ကောင်းတာပြောရရင် ဦးရေပြားကို နှိပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆွဲသူ၊လိမ်သူ၊အကြမ်းပတမ်းကိုင်တွယ်သူများကို ဝေးဝေးက ရှောင်ပါ။ အကိုင်အတွယ်ညံ့သူတွေ ဖြစ်ရင် သတိထားပါ။

ဒီတော့ ပါးလွှာတဲ့ဆံပင်၊ဆံသားတွေကို မကျွတ်အောင်၊ပြတ်ကျမလာအောင် ဘယ်လိုကာကွယ်လုပ်ဆောင်နိုင်မလဲ။ အလွယ်ဆုံးနည်းက အုန်းဆီသုံးပါ။ အုန်းဆီမှာ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ ဆံသားကျွတ်တာ၊ပြတ်တာမျိုးကို သက်သာစေတယ်။ ရှားစောင်းလက်ပက် အသုံးပြုကြည့်ပါ။ ဒီဖက်ခေတ် ဝင်လာတဲ့ shampooတွေ၊gelလိမ်းဆေးတွေမှာ ရှားစောင်းလက်ပက်ကို အသုံးပြုလာကြတယ်။ အစိုဓာတ်ထိန်းပြီး ဦးရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးတယ်။ရှားစောင်းလက်ပက်သုံးပြီး ဦးရေပြားကို နှိပ်ပေးပါ။ နာရီဝက်လောက်နေတဲ့အခါ ရေနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းက ဦးရေပြားခြောက်သွေ့၊ယားယံခြင်းအတွက် သင့်တော်ပါတယ်။ ခေါင်းလျှော်တဲ့အခါ တမာရွက်သုံးပြီး ခေါင်းလျှော်တာကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း လက်ခံလာကြပါပြီ။ တမာရွက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြုတ်ပါ။ ရေတဝက်လောက်ခမ်းတဲ့အခါ အအေးခံပါ။ ပြီးရင် ခေါင်းကိုလောင်း၍ သေချာလျှော်ပါ။ တပတ်ကို တကြိမ်လောက် လျှော်သင့်တယ်လို့ အကြံပေးထားတယ်။

ဆံပင်ကျွတ်တဲ့အခါ လက်ဖက်စိမ်းနဲ့ ကြက်ဥအနှစ်ရောပြီး လိမ်းပေးနိုင်တယ်။လက်ဖက်စိမ်းက ဆံသားတွေကို နူးညံ့ပျော့ပျောင်းစေတယ်။ ကြက်ဥအနှစ်က ဆံပင်တွေ ကျန်းမာသန်စွမ်းစေတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သုံးပြီး ဦးရေပြားကို နှိပ်ပေးနိုင်တယ်။ဗောက်ပျောက်ချင်ရင် jojoba oilကို အသုံးပြုသင့်တယ်။ အာယုဗေဒဆေးကျမ်းမှာ ဆီးဖြူသီးကို အုန်းဆီနဲ့ရော၊ကြိုချက်ပြီး လိမ်းရင် ဆံသားတွေကို အထူးကောင်းမွန်စေတယ်လို့ ဖတ်ရတယ်။ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးမယ်လို့ဆိုထားတယ်။

ဆံနွယ်ကျွတ်ခြင်း၊ပါးခြင်းအတွက် အမှန်တကယ်သောက်သုံးနိုင်တဲ့ ဆေးဝါးမျိုးမရှိသေးပါဘူး။ လိမ်းဆေးလာတာတော့ ရှိပါတယ်။ ထိပ်ပြောင်သူ၊ဆံပင်ပါးသူအတွက် minoxidil 2% လိမ်းဆေးကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဆေးပြန်ဖြတ်တဲ့အခါ ၆လ အတွင်း ဆံနွယ်တွေဟာ နဂိုအတိုင်း ပြန်ကျွတ်ကြတာမို့ ယာယီဆေးပေးပြီး အချိုသတ်ထားသလို ဖြစ်နေပြန်တယ်။ မရှိတာထက်စာရင် တော်လှပြီ အောက်မေ့နေရတယ်။ နောက်ပိုင်းမှာ ရေရှည်အာနိသင်ရှိတဲ့၊အာမခံနိုင်တဲ့ ဆေးမျိုး ပေါ်ပါက်လာနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မပေါ်ခင်စပ်ကြားမှာ ဆံကျွတ်သူတို့ သတိထားရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။ ဆံပင်ဆိုးဆေးသုံးတဲ့အခါ သတိထားပါ။ Chemicalပါဝင်တဲ့ လိမ်းဆေး၊ဆိုးဆေးတွေက ဆံသားကို ပိုမိုပျက်ဆီးစေတယ်။ အမျိုးသမီးတွေ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊လိမ်တာ ဘယ်ဟာမှ အားမပေးချင်ဘူး။ သဘာဝအတိုင်းပဲကောင်းတယ်။ အညစ်အကြေး၊ဖုန်၊ဗောက်ကင်းစင်ပြီး ဦးရေပြားသန့်ရှင်းအောင် ၃ရက်တကြိမ် ခေါင်းလျှော်ပေးသင့်တယ်။ ဆံပင်စိုစွတ်နေစဉ်မှာ ခေါင်းမဖီးပါနဲ့။ ခြောက်သွေ့မှဖီးပါ။ ခေါင်းလျှော်ပြီးနောက် ကျဲတဲ့ဘီးစိတ်နဲ့အရင်ဖီးပါ။ ပြီးမှ ပုံမှန်ဘီးနဲ့ပုံသွင်းပါ။ ရေသုတ်တဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိမသုတ်ပါနဲ့။ ဖွဖွလေးသုတ်ပါ။ ဆံပင်ကို အလွန်အကျွံ တင်းကျပ်နေအောင် ဆွဲစုမထားပါနဲ့။ ဆံသားတွေ ပျက်ဆီးနိုင်တယ်။ ဆံနွယ်တွေ ကျန်းမာသန်စွမ်းအောင် ဆီတမျိုးမျိုး လိမ်းပါ။ သဘာဝခေါင်းလိမ်းဆီ တမျိုးမျိုး(coconut, olive, canola, jojoba, sesame oil) ကို တပတ်မှာ နှစ်ကြိမ်လောက် လိမ်းပေးသင့်တယ်။

အစားအသောက်တွေထဲမှာ အဆီများတဲ့အစားအစာ၊ကြော်ချက်စာတွေက ဦးရေပြားကို ပျက်ဆီးစေတယ်။အလွယ်တကူစားသုံးနိုင်တဲ့ junk food၊ခေါက်ဆွဲခြောက်တွေက ဆံပင်အတွက် အာဟာရမဖြစ်ဘူး။ ဒီနေရာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံတွေ စားပေးသင့်တယ်။ ပန်းသီးတလုံးကို ခွဲထားပြီး နောက်ရက်မှစားတာမျိုးကို လတ်ဆတ်တယ်လို့ မခေါ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လေထဲကအောက်ဆီဂျင်နဲ့ပေါင်းပြီး ဓာတ်တိုးသွားလို့ ဖြစ်တယ်။ ကြည့်လိုက်ရင်လတ်ဆက်မနေဘဲ အညိုရောင်သမ်းနေမယ်။ ဒီအစားအစာမျိုးကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်တယ်။ ကြော်ချက်ထားတဲ့အစားအစာတွေကို စားသုံးတဲ့အခါ နှစ်ပြန်ကြော်တာလည်း မကောင်းဘူး။ ထပ်နွေးတာ၊ပြန်ကြော်တာကအာဟာရဓာတ်ကို ပိုမိုပျက်ဆီးစေတယ်။ ဆံပင်ကျွတ်သူတွေ စားအပ်တဲ့ super food ထိပ်တန်း အစားအစာ ဆိုတာလည်း ရှိသေးတယ်။ အမဲသား၊ငါး၊ကြက်ဥ၊ပဲ၊ဟင်းနုနွယ်၊စပျစ်သီးခြောက်၊ပဲနီလေးစတာတွေ ဖြစ်ပါတယ်။ဆံပင်ကျွတ်တာ၊ပါးတာကို ကာကွယ်ဖို့ ဗီတာမင်အားဆေး သောက်ပေး၊ဖြည့်ပေးနိုင်တယ်။ ပါဝင်သင့်တဲ့ဓာတ်တွေက vitamin A,B6,Biotin,C,E, iron,zinc,magnesium, omega 3 စတာတွေ ဖြစ်ပါတယ်။

အကြံပြုချက်များ
-လေ့ကျင့်ခန်းလုပ်ပါ။
-အိပ်ရေးဝဝ အိပ်ပါ။
-စိတ်ဖိစီးမှုလျှော့ချပါ။
-ရေများများသောက်ပါ။
-အသားဓာတ်များများစားပါ။
-အဆီလျှော့စားပါ။
-အသီးအရွက် ပုံမှန်ထက်ပိုစားသင့်တယ်။
-သစ်သီးဖျော်ရည် သောက်ပေးနိုင်တယ်။

Credit to ဒေါက်တာ အေးမင်းထူး

Happy New Year 2017!2017 နှစ်သစ်အခါသမယ မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော် ကျွန်မတို့  Health365 Myanmar မ...
01/01/2017

Happy New Year 2017!
2017 နှစ်သစ်အခါသမယ မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော် ကျွန်မတို့  Health365 Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။
တစ်နှစ်ပတ်လုံး ကံကောင်းခြင်း ၊ ပျော်ရွှင်ခြင်း ၊ ကျန်းမာခြင်း တွေနဲ့ ပြည့်စုံ ကြပါစေ ။

May your prosperous year filled with happiness,joy,luck,health and wealth.
Happy new year to you everyone and our beloved customers.

🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

သန်မာလှပ အရှည်မြန်သောဆံပင် ၊ ထူထူလှလှ လက်သည်းလေးနဲ့  ကြည်လင်ကျန်းမာ သော အသားအရေ လေးကို မိန်းကလေးတိုင်း အလိုရှိကြ မှာပါနေ...
29/12/2016

သန်မာလှပ အရှည်မြန်သောဆံပင် ၊ ထူထူလှလှ လက်သည်းလေးနဲ့  ကြည်လင်ကျန်းမာ သော အသားအရေ လေးကို မိန်းကလေးတိုင်း အလိုရှိကြ မှာပါနော်
Health365 Myanmar မှ beauty products လေးတွေနဲ့ မိတ်ဆက်ပေးပါရစေနော်
ပါဝင်သော အာဟာရတွေက collagen ဖြစ်ပေါ်မှုကိုအားပေးသောကြောင့် ကျန်းမာကြည်လင်သော အသားရေ ၊ သန်မာသောဆံပင် ၊ ကျန်းမာလှပသော လက်သည်းတို့ကို သင့်ထံယူဆောင်လာ ပေးမှာပါ
Gummy ပုံစံ tablet ပုံစံ နဲ့  brand ၃မျိုးထဲမှ ကြိုက်နှစ်သက်ရာ ရွေးချယ် ဝယ်ယူနိုင်ပါပြီ။

Wouldn't it be great if we could have strong and healthy hair, skin and nails all the time? These products contain a combination of important nutrients designed to help strengthen hair, maintain healthy skin and strengthen soft brittle nails. This formulation can provide you elasticity and strength to hair and nails and assist connective tissue and collagen formation which is also helpful to maintain healthy skin. The formulation also helps to strengthen soft brittle nails from breaking and splitting.

Preorder type

More information via cb.

နောက်ထပ်အရမ်းကောင်းမွန်တဲ့ကလေးအားဆေးနဲ့ငါးကြီးဆီနှစ်မျိုးပေါင်း Nautre's way မှထုပ်ထားတဲ့ Multi Vitamin & Fish Oil ကိုမိ...
27/12/2016

နောက်ထပ်အရမ်းကောင်းမွန်တဲ့ကလေးအားဆေးနဲ့ငါးကြီးဆီနှစ်မျိုးပေါင်း Nautre's way မှထုပ်ထားတဲ့ Multi Vitamin & Fish Oil ကိုမိတ်ဆက်ပေးပါရစေ။
သားသားမီးမီးတို ဦးနှောက်ဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေမည့် ဗိုက်တာမင်ပေါင်းများစွာနှင့် ငါးကြီးဆီ နှစ်မျိုးပေါင်းစပ်ထုတ်လုပ်ထားပြီး ပုံမှန်နေ့စဉ်စားသောက်နေထိုင်နေသောအာပာာရများတွင်မရရှိနိုင်မည့် အရေးပါသောမျိုးစုံသော ပစ္စည်းများနှင့်ဖော်ထုတ်ထားသောဆေးကိုကလေးများအား နေ့စဉ်သောက်သုံးရန် အထူးသင့်တော်ကြောင်းသတင်းကောင်းပါးပါရစေ။
ပုံမှန်အသုံးပြုခြင်းဖြင့်အောက်ပါအချက်များ ကလေးများအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါသည်။
-ကျန်းမာသောဦးနှောက်ဖွံ့ဖြိုးမှု
-သင်ကြားစွမ်းရည်မြင့်မားမှု
-မျက်လုံးအားကောင်းခြင်း
-ကိုယ်ခန္ဓာရောဂါတိုက်ဖျက်ရေးအားပေးမှု
-ကျန်းမာသော နေထိုင်မှု
-ကျန်းမာသော သဘာဝ

အရသာရှိသောဆေးလုံးများဖြစ်၍တိုက်ကျွေးရန်အထူးလွယ်ကူပြီးကလေးများ ဝါးစား၍သော်လည်းကောင်း ရေဖြင့်တိုက်၍သော်လည်းကောင်း သောက်သုံးနိုင်ပါသည်။
ပစ္စည်းလည်းစစ်မှန် အရည်အသွေးလည်းကောင်းလို့  သားသားမီးမီး တို့ ရဲ့ လှပကျန်းမာသော အနာဂတ် အတွက် အခုပဲ မှာလိုက် ကြရအောင်နော်။
-အသက် ၃ နှစ်အရွယ်မှစတင်သောက်သုံးနိုင်ပါသည်။

General Information
Multivitamins for the brain, Fish Oil for the body. Combining the goodness of Vitamins and minerals with brain boosting fish Oil.
Getting your kids to eat a healthy diet is not always easy. Nature’s Way Kids Smart Complete combines the power of Fish Oil with a multivitamin to help them maintain adequate levels of essential nutrients as they grow and develop
Common Uses
KIDS SMART Complete provides essential nutrients for kids healthy growth and development. It may support and assist
* Healthy brain function
* Learning
* Healthy behaviour
* Healthy temperament
* Eye health
* Healthy immune system�

Directions
Children from 3 years Take 1-2 soft capsules (chewable burstlets) per day
Or as recommended by your healthcare professional.
Can be chewed and swallowed.

Preorder type
Price-18900ks

More information via cb.

သင့်ကလေး နှာခေါင်းပိတ် အသက်ရှူကြပ် ချွဲပိတ်လို့ စိတ်ညစ်နေပါသလားကလေးရှိတဲ့ အိမ်တိုင်း ဆောင်ထားသင့် သည့် Flo baby nasal sp...
27/12/2016

သင့်ကလေး နှာခေါင်းပိတ် အသက်ရှူကြပ် ချွဲပိတ်လို့ စိတ်ညစ်နေပါသလား
ကလေးရှိတဲ့ အိမ်တိုင်း ဆောင်ထားသင့် သည့် Flo baby nasal spray
-သုံးရတာ လွယ်ကူုပြီး spray ကိုကလေးနှာခေါင်းဝ ဖြန်းလိုက်ရုံဖြင့် နှာပိတ်တာတွေ နှာခေါင်းမှာ အရည်တွေ အချွဲတွေ ပိတ်တာကို အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေပါသည်။
-မွေးကင်းစမှ စ၍ အသုံးပြုနိုင်ပါသည်။
-ဓာတုပစ္စည်း ဆိုးဆေးလုံးဝ မပါဝင်သောကြောင့် ယုံကြည် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

Flo baby saline spray helps to clear a baby's congested nose quickly and gently.It is a sterile,preservative free and non medicated nasal solution for newborn babies and toddlers.1-2 sprays per nostrils as often as needed.

Preorder type
Price-12000 ks

More information via cb.

Address

Bo Myat Tun Street
Yangon
095

Website

Alerts

Be the first to know and let us send you an email when Health365 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category