ISEC Eye Centre Myanmar

Directions Website Contact the practice

ISEC Eye Centre Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ISEC Eye Centre Myanmar, Hospital, A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St. John City Mall, Lanmadaw Township, Yangon.

Our vision is to be the national and regional centre of excellence for both comprehensive and subspecialty ophthalmology in development of ophthalmological practice in Myanmar, focusing on quality eye care services to clients to get better healthy living

14/08/2026

ရေတိမ်ရောဂါ (Glaucoma) နဲ့ အတူယှဉ်တွဲပြီး စိတ်အေးချမ်းစွာနေထိုင်နည်းများကို သိရှိနိုင်ဖို့ APGS (Asia-Pacific Glaucoma Society) ရဲ့ "Living with Glaucoma" Episode 6! 👁️💚

ရေတိမ်ရောဂါခံစားနေရသူတွေအနေနဲ့ နေ့စဉ်လူနေမှုဘဝမှာ ဘာတွေကို သတိပြုရမလဲ၊ ဘယ်လိုပုံမှန်ဘဝကို ပိုင်ဆိုင်နိုင်မလဲဆိုတာတွေကိုသိရှိနားလည်နိုင်အောင် ISEC Eye Centre Myanmar က ပြန်လည်မျှဝေပေးလိုက်ပါတယ်💡🎥

မိမိကိုယ်တိုင်နဲ့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေရဲ့ မျက်လုံးကျန်းမာရေးအတွက် ကြည့်ရှုလေ့လာပြီး ဗဟုသုတယူနိုင်ကြပါတယ်နော်...ℹ

မျက်စိနဲ့ ပတ်သက်ပြီး စမ်းသပ်စစ်ဆေးချင်တာပဲဖြစ်ဖြစ်၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုတာပဲဖြစ်ဖြစ် ဖုန်းဆက်ပီးသော်လည်းကောင်း Messenger ကနေသော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ် 📩
📞​ 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🌐 www.isecmyanmar.com.mm

ရေတိမ်လား၊ အတွင်းတိမ်လား❓ ဘယ်လိုကုသမလဲ ❓🤔မျက်စိမှုန်လာပြီဆိုရင် လူတော်တော်များများ ပြေးမြင်လေ့ရှိတာက “တိမ်” ပါပဲ 👁️‍🗨️ဒါ...
13/08/2026

ရေတိမ်လား၊ အတွင်းတိမ်လား❓ ဘယ်လိုကုသမလဲ ❓🤔

မျက်စိမှုန်လာပြီဆိုရင် လူတော်တော်များများ ပြေးမြင်လေ့ရှိတာက “တိမ်” ပါပဲ 👁️‍🗨️

ဒါပေမဲ့ ကိုယ့်မှာဖြစ်နေတာက ရေတိမ်လား၊ အတွင်းတိမ်လားဆိုတာ မခွဲခြားတတ်ဘဲ ရောထွေးနေတတ်ကြပါတယ်😵‍💫

ရေတိမ်နဲ့အတွင်းတိမ်က နာမည်ချင်းဆင်ပေမဲ့ ကုသပုံရော၊ အမြင်အာရုံအပေါ် ထိခိုက်နိုင်ခြေပါ လုံးဝမတူပါဘူး! တကယ်လို့ လွဲမှားပြီး ပေါ့ဆလိုက်ရင် အမြင်အာရုံကွယ်ပျောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်⚠️

တိမ်နှစ်ခုရဲ့ ကွာခြားချက် ~
🟦 အတွင်းတိမ် (Cataract) ဆိုတာ ဘာလဲ?
အတွင်းတိမ်ကတော့ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးထဲကသဘာဝမှန်ဘီလူးလေး နောက်ကျိလာတာပါ။ မှန်ချပ် ဝါးနေသလိုမျိုး မှုန်ဝါးဝါးကြီး မြင်နေရတတ်ပါတယ်။

🔻အဓိကလက္ခဏာအနေနဲ့ မျက်စိတဖြည်းဖြည်း မှုန်လာမယ်၊ အရောင်တွေ မှိန်လာမယ်၊ ညဘက် ကားမောင်းရင် မီးရောင်တွေ ပြန့်နေမယ်

✨ ခွဲစိတ်ပြီးနောက်ကျိနေတဲ့ မှန်ဘီလူးအတုစားထိုးခြင်းဖြင့် ရာနှုန်းပြည့်နီးပါး ပြန်လည်ကြည်လင်အောင် ကုသလို့ရပါတယ်။

🟩 ရေတိမ် (Glaucoma) ဆိုတာ ဘာလဲ?
ရေတိမ်ကတော့ တကယ့် “အသံတိတ် အမြင်အာရုံခိုးယူသူ” ပါပဲ။ မျက်လုံးတွင်း ရေဖိအား (Intraocular Pressure) မြင့်တက်လာပြီး အမြင်အာရုံကြောကို တဖြည်းဖြည်း ပျက်စီးစေတာ ဖြစ်ပါတယ်။

🔻 ကြောက်စရာကောင်းတာက အစောပိုင်းမှာ ဘာလက္ခဏာမှမပြဘဲ လူမသိသူမသိ ဘေးဘောင်အမြင်တွေကနေ စပြီး ကွယ်လာတတ်ပါတယ်။ နောက်ကျမှ သိရတဲ့အခါမျိုးမှာ အမြင်အာရုံ တော်တော်များများ ဆုံးရှုံးနေတတ်ပါတယ်။

✨ ရေတိမ်ကြောင့် ပျက်စီးသွားတဲ့ အမြင်အာရုံကို ပြန်ကောင်းအောင် လုပ်လို့မရပါဘူး။ ကုသမှုရဲ့ ရည်ရွယ်ချက်က ရှိပြီးသား အမြင်အာရုံ ပိုမဆိုးသွားအောင် ထိန်းရုံ (မျက်စဉ်းခတ်ခြင်း၊ လေဆာပစ်ခြင်း သို့မဟုတ် ခွဲစိတ်ခြင်း) ပဲ ရပါတယ်။

💡 အသက် (၄၀) ကျော်လာပြီဆိုရင် သင့်မျက်လုံးမှာ ဘာလက္ခဏာမှမပြရင်တောင် တစ်နှစ်တစ်ကြိမ် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မပျက်မကွက် ပြသပြီး ရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ အတွင်းတိမ်ပဲဖြစ်ဖြစ်၊ ရေတိမ်ပဲဖြစ်ဖြစ် အချိန်မီသိရှိပြီး တိကျသေချာတဲ့ နိုင်ငံတကာအဆင့်မီ နည်းပညာတွေနဲ့ ကုသဖို့က အရေးကြီးဆုံးပါ။

ယုံကြည်စိတ်ချရပြီး ကမ္ဘာ့အဆင့်မီ စောင့်ရှောက်မှုတွေအတွက် ISEC Eye Centre မှာ လူကြီးမင်းတို့ရဲ့ မျက်စိကျန်းမာရေးကို လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်🏥
📞​ 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🌐 www.isecmyanmar.com.mm

ISEC နိုင်ငံတကာအထူးကု မျက်စိဆေးရုံကြီးမှာ ဆန်းသစ် Idea တွေနဲ့ မတူညီတဲ့ Marketing Plan တွေချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော...
12/08/2026

ISEC နိုင်ငံတကာအထူးကု မျက်စိဆေးရုံကြီးမှာ ဆန်းသစ် Idea တွေနဲ့ မတူညီတဲ့ Marketing Plan တွေချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ Marketing Team နဲ့ Sales Team အတွက် အောက်ပါ Positions များကိုခေါ်ယူနေပါတယ်။

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 (Male/Female)
📌 Key Responsibilities:
✅ Help develop and carry out marketing plans and campaigns.
✅ Manage social media accounts, create posts, and engage with followers.
✅ Check market trends and competitor activities to find new ideas.
✅ Collect and analyze data from campaigns to see what worked and what didn't.
✅ Work closely with the sales team to support their goals.
✅ Prepare reports on marketing activities and results.

📌Job Requirements :
☑️ A Bachelor's degree in Marketing or Diploma a related field
☑️ At least 1 year of experience in a marketing executive role
☑️ Strong writing and communication skills
☑️ Creative thinking and attention to detail
☑️ Able to work well in a team
☑️ Proficient in Microsoft Office (Word, Excel, PowerPoint)

Sales Executive (Male/Female)
📌 Key Responsibilities:
✅လူနာသစ်များနှင့် B2B မိတ်ဖက်များ ရှာဖွေချိတ်ဆက်ခြင်း။
✅မျက်စိကျန်းမာရေး ဝန်ဆောင်မှုများကို စိတ်ဝင်စားလာစေရန် ဆွဲဆောင်ပြောဆိုခြင်း။
✅သတ်မှတ်ထားသော Sales Target များပြည့်မီအောင် ဆောင်ရွက်ခြင်း။

📌Job Requirements :
☑️အရောင်းပိုင်းတွင် အတွေ့အကြုံ (၁) နှစ်အထက် ရှိသူဖြစ်ရမည်။
☑️ဆက်ဆံရေးပြေပြစ်ပြီး လူအများရှေ့ စကားပြောရဲသူ ဖြစ်ရမည်။
☑️မျက်စိကျန်းမာရေးနှင့် ဆေးရုံဝန်ဆောင်မှုလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ရမည်။

👉လျှောက်ထားရန်…
စိတ်ပါဝင်စားသူများသည် ကိုယ်ရေးအကျဉ်း (CV) နှင့် လျှောက်ထားလိုသည့် ရာထူးအမည်ကို [email protected] သို့ mail ပို့ပြီးလျှောက်ထားနိုင်သလို
Viber Number 09 458282133 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း Shopping Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။

11/08/2026

မျက်လုံးခြောက်တာ၊ စပ်ဖျင်းဖျင်းဖြစ်တာနဲ့ မျက်လုံးယားယံတဲ့ ဒုက္ခတွေကို ခံစားနေရပါသလား 👁️❓

ဒါဆိုရင်တော့ APGS (Asia-Pacific Glaucoma Society) က တင်ဆက်ထားတဲ့ OSD (Ocular Surface Disease - မျက်လုံးမျက်နှာပြင်ဆိုင်ရာရောဂါများ) အကြောင်း Episode 5 ဗီဒီယိုလေးက သင့်အတွက် အများကြီး အထောက်အကူပြုမှာပါ!💡

မျက်လုံးကျန်းမာရေးအတွက် အရေးပါတဲ့ အချက်အလက်တွေကို အလွယ်တကူ နားလည်နိုင်အောင် ISEC Eye Centre Myanmar က ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်❤

LASIK နဲ့ မကိုက်ညီလို့ စိတ်ညစ်နေပါသလား‼ ICL နည်းပညာဖြင့် မျက်မှန်ကို အပြီးတိုင် နှုတ်ဆက်လိုက်ပါ👓👋မျက်မှန်မတပ်ချင်လို့ LA...
10/08/2026

LASIK နဲ့ မကိုက်ညီလို့ စိတ်ညစ်နေပါသလား‼ ICL နည်းပညာဖြင့် မျက်မှန်ကို အပြီးတိုင် နှုတ်ဆက်လိုက်ပါ👓👋

မျက်မှန်မတပ်ချင်လို့ LASIK လုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်...
❌ မျက်ကြည်လွှာ ပါးလို့ ❌ အဝေးမှုန်/ဆလင်ဒါပါဝါ အရမ်းများလို့ LASIK လုပ်ဖို့ မကိုက်ညီဘူးဆိုတဲ့ အဖြေကြောင့် စိတ်ပျက်အားငယ်နေစရာမလိုတော့ပါဘူး...🙅

🏥 ISEC မှာမျက်စိပါဝါကိုလေဆာနဲ့ဖျောက်တဲ့နည်းလမ်းတွေအပြင် သင့်အမြင်တွက် ပိုမိုစိတ်ချရပြီး ထိရောက်မှုရှိတဲ့ နောက်ဆုံးပေါ် EVO ICL (Implantable Collamer Lens) နည်းဖြင့်ပါဝါဖျောက်လို့ရနေပါပြီ… 💁

💡 ICLဆိုတာ ဘာလဲ?
👉 ICL ဆိုတာ မျက်ကြည်လွှာကို လေဆာနဲ့ မပြုပြင်ဘဲ သင့်မျက်လုံးထဲကို အလွန်နူးညံ့ပြီး အထူးထုတ်လုပ်ထားတဲ့ Lens တစ်ခုကို ထည့်သွင်းပေးတဲ့ နည်းပညာဖြစ်ပါတယ်။ သဘာဝမျက်ကြည်လွှာကို ထိခိုက်ပျက်စီးမှု လုံးဝမရှိစေဘဲ အမြင်အာရုံကို ပြန်လည်ကောင်းမွန်စေပါတယ်။

💡 ဘယ်လိုလူတွေအတွက် ICL က အသင့်တော်ဆုံးလဲ?
👉 မျက်ကြည်လွှာအလွန်ပါးသူများ၊ LASIK လုပ်ရန် မသင့်တော်သူများ
👉 အဝေးမှုန်/ဆလင်ဒါပါဝါအလွန်များသူများ
👉 မျက်စိခြောက်သွေ့တတ်သူများ

💙 ISEC Myanmar မှာ နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ်နည်းပညာနှင့် စက်ပစ္စည်းများ၊ မျက်စိအထူးကုကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် စနစ်တကျစစ်ဆေးစမ်းသပ်ပြီးမှ တိကျသေချာစွာ ခွဲစိတ်ကုသပေးနေတာကြောင့် သင့်အမြင်အာရုံအတွက် ယုံကြည်စိတ်ချမှု ရာနှုန်းပြည့်ရရှိစေမှာပါ 💯

မျက်မှန်ထူထူတွေရဲ့ နောက်ကကိုယ့်မျက်ဝန်းရဲ့အလှတရားကိုဖော်ထုတ်ပြီး ကြည်လင်ပြတ်သားတဲ့ ကမ္ဘာကြီးကိုမြင်တွေ့ဖို့ ISEC Myanmar ကိုအခုပဲ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါ😉
📲 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🌐 www.isecmyanmar.com.mm

"အတွင်းတိမ် ဆိုတာ အသက်ကြီးတဲ့သူတွေမှာပဲ ဖြစ်တာပါ...""အတွင်းတိမ် ခွဲစိတ်ဖို့ အရမ်းရင့်မှ ရတာပါ..." 👴👵ဒီလို စကားတွေကို ကြာ...
08/08/2026

"အတွင်းတိမ် ဆိုတာ အသက်ကြီးတဲ့သူတွေမှာပဲ ဖြစ်တာပါ..."
"အတွင်းတိမ် ခွဲစိတ်ဖို့ အရမ်းရင့်မှ ရတာပါ..." 👴👵

ဒီလို စကားတွေကို ကြားဖူး ကြုံဖူးကြပါသလား❓

တကယ်တော့ မျက်စိအတွင်းတိမ် (Cataract) နဲ့ ပတ်သက်ပြီး သိထားကြတဲ့ အယူအဆအချို့ဟာ မှားယွင်းနေတတ်ပါတယ်! 👁️⚠️

ဒီနေ့မှာတော့ ISEC Eye Centre Myanmar ကနေ အတွင်းတိမ်ရောဂါနဲ့ ပတ်သက်တဲ့ လူသိများသော အယူအဆအမှား (Myths) တွေနဲ့ သိထားသင့်တဲ့ မှန်ကန်တဲ့အချက် (Facts) တွေကို မျှဝေပေးလိုက်ပါတယ်! 💡✨

မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေပါ အတွင်းတိမ်နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေကနေ ကင်းဝေးအောင် ပို့စ်လေးကို Share ပြီး ဗဟုသုတ မျှဝေပေးလိုက်ပါဦးနော်! ❤️
#အတွင်းတိမ် #မျက်စိကျန်းမာရေး

07/08/2026

ရေတိမ်မျက်စဥ်းဆေး (Glaucoma Eye Drops) ခတ်နေသူများ သတိပြုသင့်တဲ့ PAPS အကြောင်း သိပြီးပြီလား? 👁️✨

ရေတိမ်ရောဂါအတွက် မျက်စဥ်းဆေး ခတ်ကြတဲ့အခါ အချို့သောဆေးဝါးတွေကြောင့် မျက်ဝန်းချိုင့်ဝင်သွားတာ၊ မျက်ခွံအသားအရေ အရောင်ရင့်သွားတာနဲ့ မျက်တောင်ရှည်/ထူလာတာ စတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။

ℹ️ ဒီလိုအခြေအနေမျိုးကို ဆေးပညာအရ PAPS (Prostaglandin-Associated Periorbitopathy Syndrome) လို့ ခေါ်ဆိုတာဖြစ်ပါတယ်။

ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးခတ်တာကို မရပ်သင့်သလို၊ ဒီလိုလက္ခဏာတွေကြုံလာရရင် ဘယ်လိုစနစ်တကျ တိုင်ပင်ဆွေးနွေး ကုသရမလဲဆိုတာကို ဒီဗီဒီယိုလေးထဲမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်💁

ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ တိုးပွားပြီး မိမိနီးစပ်ရာ ချစ်ခင်ရသူတွေကိုလည်း မျှဝေပေးနိုင်ဖို့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပေးပီး ပြန်လည်မျှဝေပေးလိုက်ပါနော် ❤️

👓 မျက်မှန်အသစ်လုပ်ပြီး ခေါင်းမူး၊ ကြည့်မကောင်းဖြစ်ပြီး အသားမကျ ဖြစ်နေပါသလား⁉"မျက်မှန်အသစ်လုပ်ထားတာ... ကြည့်ရတာ အဆင်မပြေဘ...
06/08/2026

👓 မျက်မှန်အသစ်လုပ်ပြီး ခေါင်းမူး၊ ကြည့်မကောင်းဖြစ်ပြီး အသားမကျ ဖြစ်နေပါသလား⁉
"မျက်မှန်အသစ်လုပ်ထားတာ... ကြည့်ရတာ အဆင်မပြေဘူး၊ ဝါးနေတယ်" ဆိုတဲ့ ညည်းတွားသံတွေကို ခဏခဏ ကြားဖူး၊ ကြုံဖူးကြမှာပါ! အဲ့ဒါ ဘာကြောင့်လဲ သိကြလား? 🤔

💡 အဓိက အကြောင်းရင်း (၂) ချက်ရှိပါတယ်~

👉တစ်ချက်က ကိုယ့်မျက်စိပါဝါကို တိတိကျကျ မတိုင်းတာမိလို့ဖြစ်ပြီး
👉နောက်တစ်ချက်ကတော့ ပါဝါနဲ့ ကိုက်ညီတဲ့ မှန်ဘီလူး Quality ကို မရွေးချယ်မိလို့ပဲ ဖြစ်ပါတယ်

ဒီပြဿနာတွေကို ဖြေရှင်းဖို့ ISEC Myanmar ရဲ့ အဆင့်မြင့်မျက်စိစစ်ဆေးမှုနဲ့ Germany-made Rodenstock 1.60 Premium Lens ရှိပါတယ်✨

🎯 ISEC Myanmar မှာ ~
✔ ခေတ်မီစက်ကိရိယာတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ သင့်မျက်စိပါဝါကို စေ့စေ့စပ်စပ် တိုင်းတာပေးတာကြောင့် "ပါဝါလွဲလို့ မျက်စိညောင်းတာ" လုံးဝမရှိပါ။
✔ ဂျာမန်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ 1.60 Index လိုမှန်အမျိုးစားစုံလင်စွာရှိခြင်းကြောင့်သာမန်မှန်ဘီလူးတွေလို ဘေးဘောင်တွေမှာ ပုံရိပ်ကွေးညွတ်သွားတာမျိုးမရှိဘဲ ကြည့်တဲ့နေရာတိုင်းမှာ ရုပ်ထွက်အကြည်လင်ဆုံး (HD Quality) ကို ပေးစွမ်းနိုင်ပါတယ်။
✔ 1.60 ရဲ့ ထူးခြားတဲ့ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး အရည်သွေးကြောင့် မျက်မှန်အသစ်တပ်ရင် ခေါင်းကိုက်၊ ခေါင်းမူးတာမျိုး မရှိဘဲ ချက်ချင်းအသားကျလွယ်စေပါတယ်။

"မျက်မှန်လုပ်ပြီးမှ ကြည့်မကောင်းဖြစ်မှာ" ကို ထပ်ပြီး စိတ်ပူမနေပါနဲ့တော့ 🙅‍♀️

စစ်မှန်တဲ့ Quality ဂျာမန်မှန်ဘီလူးကို ရွေးချယ်ပြီး ISEC Eye Centre မှာ စိတ်ချရတဲ့ မျက်စိပါဝါစမ်းသပ်မှုနဲ့အတူ အမှန်ကန်ဆုံး၊ အကြည်လင်ဆုံး မြင်ကွင်းအသစ်ကို ပိုင်ဆိုင်လိုက်ပါ 😉
📞​ 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🌐 www.isecmyanmar.com.mm
#မျက်မှန်အသစ်

အကယ်၍... မနက်ဖြန်မနက် နိုးလာတဲ့အချိန်မှာ 👓မျက်မှန်ကြီး လုံးဝ(လုံးဝ) တပ်စရာမလိုတော့ဘူးဆိုရင်❌ သင်ရော ဘာအရင်ဆုံးလုပ်ချင်လဲ...
05/08/2026

အကယ်၍... မနက်ဖြန်မနက် နိုးလာတဲ့အချိန်မှာ 👓မျက်မှန်ကြီး လုံးဝ(လုံးဝ) တပ်စရာမလိုတော့ဘူးဆိုရင်❌ သင်ရော ဘာအရင်ဆုံးလုပ်ချင်လဲ...🤩

💙 ပြီးခဲ့တဲ့ "Vision Bucket List" Campaign တုန်းက ရရှိခဲ့တဲ့ “မျက်မှန်သာမလိုတော့ရင်လုပ်ချင်တဲ့စိတ်ကူးအိမ်မက်တွေ” ကို ရေးသားပေးခဲ့သူတစ်ယောက်ချင်းရဲ့ Comments လေးတွေက ရင်ထဲတော်တော်ထိခဲ့ရပါတယ်🥹

☑ "ခရီးသွားရင် မျက်မှန်ကြီးနဲ့ အလှပျက်မှာမပူဘဲ လွတ်လွတ်လပ်လပ် ဓာတ်ပုံရိုက်ချင်တယ်" ... 📸✈️
☑ "မိုးရွာထဲ မျက်မှန်ရေသုတ်ရတဲ့ ဒုက္ခကနေ ကင်းဝေးချင်တယ်" ... 🌧️
☑ "မနက်နိုးနိုးချင်း ကိုယ်ချစ်ရတဲ့သူတွေရဲ့ မျက်နှာကို ဝါးတားတားမဟုတ်ဘဲ ကြည်ကြည်လင်လင် အရင်ဆုံး မြင်ချင်တယ်" ဆိုတဲ့ ရင်ဘတ်ထဲက စကားသံလေးတွေ... ❤️🥺စတဲ့

မျက်မှန်တပ်ရတဲ့သူတိုင်းကြုံတွေ့နေရတဲ့ ဒီလို "ရင်ဘတ်ချင်းတူတဲ့ ခံစားချက်လေးတွေ" နဲ့ "ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ" ကို မျှဝေပေးခဲ့ကြပါတယ်...

မျက်မှန်မပါဘဲ အကြည်လင်ဆုံးကမ္ဘာသစ်ကို ပိုင်ဆိုင်ဖို့ဆိုတာ အိမ်မက်တစ်ခု မဟုတ်တော့ပါဘူး😉

✨ ခေတ်မီဆန်းသစ်တဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ ကျွမ်းကျင်တဲ့ မျက်စိအထူးကုဆရာဝန်ကြီးတွေ ရှိတဲ့ ISEC Myanmar မှာ သင့်ရဲ့ Vision Bucket List တွေကို အတူတူအကောင်အထည်ဖော်လိုက်ရအောင် 👋✨

အခုပဲ အသေးစိတ်ကို ISEC Myanmar Messenger မှာ ဖြစ်စေ ဖုန်းဆက်ပြီးဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ် 📩
📞​ 09 44 82 82 82 1, 09 44 82 82 82 2, 09 45 82 82 133
🏥 A5, မင်းရဲကျော်စွာလမ်း၊ စိန့်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ရန်ကုန်၊မြန်မာ။
🌐 www.isecmyanmar.com.mm

ISEC Myanmar, a leading international eye care centre dedicated to providing world-class eye care with compassion and ex...
05/08/2026

ISEC Myanmar, a leading international eye care centre dedicated to providing world-class eye care with compassion and excellence, is looking for the Executive Secretary to join our team in Yangon.

Executive Secretary _ (Female)
Key Responsibilities:
🔹Calendar & Schedule Management: Proactively manage executive calendars by scheduling meetings, appointments, and resolving potential conflicts efficiently.
🔹Executive Administrative Support: Handle phone calls, emails, and official correspondence; filter and prioritize incoming requests and information.
🔹Meeting Coordination & Documentation: Organize internal and external meetings, prepare agendas, record precise meeting minutes, and track follow-up action items.
🔹Travel Logistics & Itinerary Planning: Arrange complete travel logistics, including flights, accommodation, ground transportation, and detailed travel itineraries.
🔹Stakeholder Liaison: Serve as a key point of contact between executive management, board members, department heads, and external high-level partners.
🔹Document Preparation: Draft, proofread, and format professional documents, including detailed reports, presentations, and briefing materials.
🔹Operational Review: Review, organize, and summarize operational documents and materials for executive approval.
🔹Project Support: Support executive leadership with special projects, cross-departmental initiatives, and urgent ad-hoc tasks.
🔹Expense Management: Track executive expenses, compile receipts, and prepare accurate expense reports.
🔹Confidentiality & Discretion: Maintain strict confidentiality and handle sensitive corporate information with high integrity.
🔹Personal Administrative Assistance: Assist with personal or administrative matters for leadership when required to ensure overall operational productivity.

Required Qualifications & Skills:
🔹Education & Experience: Prior experience in an executive administrative support role within a fast-paced corporate environment.
🔹Language Proficiency: Strong verbal and written communication skills in both English and Burmese.
🔹Technical Skills: High proficiency in Microsoft Office Suite (Word, Excel, PowerPoint, Outlook, Google Drive) and modern digital productivity tools.
🔹Organizational Abilities: Exceptional time-management, multitasking, and prioritization skills under tight deadlines.
🔹Professional Standards: High level of professionalism, discretion, integrity, and strong attention to detail.
🔹Problem-Solving Capability: Ability to work independently, think critically, and proactively resolve operational issues.

📩Interested candidates can apply by emailing your resume (CV) and the position to apply for to [email protected], or by sending via Viber to 09 458282133.
🏥 A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.

နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီး  ISEC Myanmar တွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါရာထူးအားလျှောက်ထားနိုင်ပါသည်။၁။  Medical Co...
19/08/2022

နိုင်ငံတကာမျက်စိအထူးကုဆေးရုံကြီး ISEC Myanmar တွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါရာထူးအားလျှောက်ထားနိုင်ပါသည်။

၁။ Medical Coordinator (Male/Female-2posts)
•MBBS ရရှိပြီးသူ, SAMA ရရှိပြီးသူ
•လုပ်ငန်းအတွေ့အကြုံ (၁-၂) နှစ်နှင့် အထက်ရှိသူ
•Daily Operation ကို ကောင်းစွာစီမံခန့်ခွဲနိုင်သူ
• လူမှုဆက်ဆံရေး (Communication skills) ကောင်းမွန်သူ၊ ဝန်ထမ်းအချင်းချင်း ကောင်းမွန်သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံတတ်သူ
• English 4 Skill and Email , Internet & Computer ကျွမ်းကျင်စွာအသုံးပြုတတ်သူ၊
•ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ

လျှောက်ထားရန်လိပ်စာ- အေ၅၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်းစီးတီးမောလ်ဘေး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ (သို့မဟုတ်) [email protected] သို့ နှစ်ပတ်အတွင်း လိုအပ်သည့် အထောက်အထား အပြည့်အစုံဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

Address

A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner Of St. John City Mall, Lanmadaw Township
Yangon
11131

Alerts

Be the first to know and let us send you an email when ISEC Eye Centre Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ISEC Eye Centre Myanmar:

Shortcuts

Share

Category