24/08/2026
“အဆုတ်က*င်ဆာ ကုသမှုခံယူနေချိန်မှာ အာဟာရ နဲ့ ကြွက်သားထုကို ဘယ်လို ဂရုစိုက်မလဲ”
++++++++++
အဆုတ်က*င်ဆာ လူနာတွေမှာ ရောဂါကြောင့်ဖြစ်စေ၊ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြောင့်ဖြစ်စေ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနဲ့ ကြွက်သားထု လျော့နည်းခြင်း တွေ ဖြစ်လာတတ်ပါတယ်။
အထူးသဖြင့်—
အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းနယ်ခြင်း
အစားအသောက်ပျက်ခြင်း
မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျလာခြင်း
အသက်ရှူမဝတာကြောင့် အစားစားရခက်ခြင်း
တို့ကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် Lung Cancer လူနာတွေအတွက် “အစားဝင်သလောက် စားထားရင် ရပြီ” ဆိုတာထက် ကိုယ်အလေးချိန်နဲ့ ကြွက်သားထု မကျအောင်၊ကိုယ်ခံစွမ်းအားကောင်းအောင် အာဟာရလုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။
၁။ တစ်ခါတည်း အများကြီးစားဖို့ မကြိုးစားပါနဲ့
အစားအသောက်ပျက်နေချိန်၊ အသက်ရှူမဝချိန်မှာ တစ်ခါတည်း အများကြီးစားဖို့ ခက်ခဲနိုင်ပါတယ်။
ဒါကြောင့် တစ်နေ့ကို အကြိမ်များများ နည်းနည်းစီစားခြင်း က ပိုလွယ်ကူနိုင်ပါတယ်။
စားနိုင်တဲ့ပမာဏ နည်းနေရင် ဆန်ပြုတ်၊ ကြက်ဥ၊ ငါး၊ အသားနူးနူး၊ တို့ဖူး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေလို စားရလွယ်ပြီး အားအင်နဲ့ အာဟာရရစေမယ့် အစားအစာတွေ ကို ဦးစားပေးနိုင်ပါတယ်။
၂။ ပရိုတင်းဓါတ်(Protein) လုံလောက်အောင် ရဖို့ ဂရုစိုက်ပါ
က*င်ဆာလူနာတွေမှာ ကိုယ်အလေးချိန်ကျတာနဲ့အတူ ကြွက်သားထုပါ ကျဆင်းလာနိုင်ပါတယ်။
ကြက်ဥ၊ ငါး၊ ကြက်သား၊ အသား၊ တို့ဖူး၊ ပဲ၊ နို့ စတဲ့ protein ပါဝင်တဲ့ အစားအစာတွေကို စားနိုင်သလောက် ပုံမှန်ထည့်စားပေးပါ။
ပုံမှန်အစားအစာနဲ့ မလုံလောက်တော့ရင် protein နဲ့ calories ပါဝင်တဲ့ အာဟာရဖြည့်အရည်တွေကို သင့်တော်မှုရှိမရှိ ကုသပေးနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။
၃။ အသက်ရှူရတာ ခက်တဲ့အချိန်မှာ စားသောက်ပုံကို ပြောင်းပါ
အသက်ရှူရတာ ခက်တဲ့အချိန်မှာ အစာစားရတာ ပိုပင်ပန်းနိုင်ပါတယ်။
အသက်ရှူသက်သာတဲ့အချိန်ကို ရွေးစားခြင်း၊ ဖြည်းဖြည်းစားခြင်း၊ နည်းနည်းစီစားခြင်းနဲ့ စားရလွယ်တဲ့ အစားအစာတွေ ရွေးချယ်ခြင်းက အထောက်အကူပြုနိုင်ပါတယ်။
၄။ မျိုချရခက်လာတာကို မပေါ့ဆပါနဲ့
ရင်ဘတ်ပိုင်းကို ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ခံယူရတဲ့ လူနာတချို့မှာ အစာမျိုပြွန် (Esophagus) ရောင်ရမ်းပြီး မျိုချရခက်တာ၊ မျိုချရင် နာတာတွေ ဖြစ်နိုင်ပါတယ်။
အစာစားတဲ့အခါ ချောင်းဆိုးခြင်း၊ သီးခြင်း၊ မျိုချရခက်လာခြင်း၊ အစာနဲ့ရေ လုံလောက်အောင် မစားမသောက်နိုင်ခြင်းတွေ ရှိလာရင် ကုသပေးနေတဲ့ ဆရာဝန်ကို စောစောပြောပြပါ။
၅။ ကိုယ်အလေးချိန်ကျတာကို စောင့်ကြည့်ပါ
က*င်ဆာလူနာတချို့မှာ အစာစားနည်းတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ က*င်ဆာရောဂါနဲ့ ဆက်စပ်ပြီး ကိုယ်အလေးချိန်နဲ့ ကြွက်သားထု ဆက်တိုက်ကျဆင်းလာတဲ့ Cachexia ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အလေးချိန်အများကြီးကျသွားမှ စတင်ဂရုစိုက်တာထက် အစားအသောက်ပျက်လာတာ၊ အလေးချိန်စကျလာတာကို စောစောသတိထားဖို့ ပိုအရေးကြီးပါတယ်။
အဆုတ်က*င်ဆာ ကုသမှုမှာ အာဟာရက က*င်ဆာကုသဆေးကို အစားထိုးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကုသမှုခံယူနေချိန်မှာ ကိုယ်ခန္ဓာအားအင်နဲ့ ကြွက်သားထုကို ထိန်းထားနိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။
အစားအသောက် သိသိသာသာပျက်လာခြင်း၊ ကိုယ်အလေးချိန် ဆက်တိုက်ကျလာခြင်း၊ မျိုချရခက်ခြင်း၊ အသက်ရှူမဝတာ ပိုဆိုးလာခြင်းတွေရှိရင် ကုသပေးနေတဲ့ ဆရာဝန်ကို စောစောအသိပေးပါ။
မိတ်ဆွေများ..သက်ရှည် ကျန်းမာကြပါစေ..
ဒေါက်တာအောင်မျိုး
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏