Counselling Corner

Call Directions Website Contact the practice

Counselling Corner Your trusted and experienced counsellor. Counselling for individual, group, family and corporate.

တစ်ခါတလေ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့်၊မျှော်လင့်ထားတဲ့အရာတစ်ခု မဖြစ်လာတဲ့အခါ၊ကိုယ်ပေးခဲ့သလောက် ပြန်မရတ...
13/08/2026

တစ်ခါတလေ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့်၊
မျှော်လင့်ထားတဲ့အရာတစ်ခု မဖြစ်လာတဲ့အခါ၊
ကိုယ်ပေးခဲ့သလောက် ပြန်မရတဲ့အခါမျိုးမှာ...
ရင်ထဲမှာ ဘာကြောင့်မှန်းမသိဘဲ နာကျင်နေတတ်ပါတယ်။
တချို့နာကျင်မှုတွေက အပြင်မှာ မြင်ရတာမဟုတ်ပေမယ့်၊
စိတ်ထဲမှာတော့ အချိန်အတော်ကြာတဲ့အထိ ကျန်ရှိနေတတ်ပါတယ်။
“ဘာလို့ ဒီလောက်ထိ ခံစားနေရတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒါဆိုရင်...
နာကျင်မှုတွေကို ဘာကြောင့် လွယ်လွယ်နဲ့ မကျော်ဖြတ်နိုင်ကြတာလဲ?
ကိုယ့်ရဲ့နာကျင်နေတဲ့စိတ်ကို ဘယ်လို နားလည်ပေးသင့်လဲ?
နာကျင်မှုတွေကို သက်သာလာအောင် ဘယ်လို ရင်ဆိုင်နိုင်မလဲ?
လာမယ့် “စိတ်ရဲ့အသံ” အစီအစဉ်မှာတော့ “နာကျင်ခြင်း” ဆိုတဲ့ ခံစားချက်အကြောင်းကို Counselling Corner မှ Counsellor နဲ့အတူ နားဆင်ကြရမှာ ဖြစ်ပါတယ်။
Padamyar FM နားဆင်သူ Rubies တို့ရော...ရင်ထဲနာကျင်စေတဲ့ အရာတစ်ခုခု ရှိနေလား?
တစ်ယောက်ယောက်ရဲ့ စကားကြောင့်လား၊ ဖြစ်ရပ်တစ်ခုကြောင့်လား၊ ဒါမှမဟုတ် မပြောဖြစ်သေးတဲ့ ခံစားချက်တစ်ခုကြောင့်လား?
ရှိတယ်ဆိုရင် ဒီပို့စ်ရဲ့ Comment (သို့) Page Messenger မှာ ရင်ဖွင့်ပေးခဲ့ပါဦးနော်။

Internship Opportunity: Mental Health & Training Support 💎 (For Mandalay)📍Key Responsibilities1. Training & Education Su...
12/08/2026

Internship Opportunity: Mental Health & Training Support 💎 (For Mandalay)

📍Key Responsibilities
1. Training & Education Support
Manage Google Classroom (uploading slides, zoom links, and assignments).
Handle student attendance and track assignment progress.
Explain training course details and give clear instructions to students.
Assist in the "Pathway System" to help students complete their journey.
2. Content & Advocacy
Prepare and translate PowerPoint presentations (English/Myanmar).
Facilitate in organizing workshops, webinars, and mental health advocacy activities.
Providing individual consultation sessions and intervention for mental health support
3. Coordination & Administration
Coordinate with healthcare providers and agencies for treatment planning.
Attend weekly team meetings and professional supervision.
Maintain strict client confidentiality and professional boundaries.
Write reports and prepare assignments as required.
Assist a new accreditation system set-up for Myanmar counsellors (internal and external)

📍Requirements

Finished Advanced Counselling Training.
Strong interest in mental health and counselling.
Fluent in Myanmar and English (written and verbal).
Organized, reliable, and able to maintain professional ethics.
Tech Skills: Proficient in Zoom, Google Suite, and PowerPoint.

Duration: The internship is for a period of 3 months, with the possibility of an extension based on performance and requirements.
Working Schedule: This is a 5-day working week with 2 days off. Please note that candidates must be available to work on weekends.
Office Hours: 8:30 AM to 5:30 PM
📍Sa/6, 108 C street, 67 x 67 A, Chan Mya Tharzi, Mandalay

ဆယ်ကျော်သက်အရွယ် စိတ်ကျန်းမာရေးကို နားလည်ပြီး အတူတူ ပံ့ပိုးကူညီကြမယ် 🌱✨ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ်၊ စိတ်ခံစားမှုနဲ့...
11/08/2026

ဆယ်ကျော်သက်အရွယ် စိတ်ကျန်းမာရေးကို နားလည်ပြီး အတူတူ ပံ့ပိုးကူညီကြမယ် 🌱✨

ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ်၊ စိတ်ခံစားမှုနဲ့ လူမှုပတ်ဝန်းကျင် အပြောင်းအလဲများစွာကို တစ်ပြိုင်နက် ရင်ဆိုင်ဖြတ်သန်းရတဲ့ အရေးကြီးတဲ့ ဘဝအကူးအပြောင်း ကာလတစ်ခု ဖြစ်ပါတယ်။

ဒီအချိန်မှာ ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှုတွေကို နားလည်ပေးနိုင်ဖို့၊ လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းတတ်ဖို့နဲ့ ဘယ်လို နွေးထွေးစွာ ထောက်ပံ့ကူညီပေးရမလဲဆိုတာကို လမ်းညွှန်ဆွေးနွေးပေးမယ့် "Teenagers' Mental Health: Understanding, Coping, and Supporting Well-being" Free Online Webinar လေးဆီ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🤍

အစီအစဉ် အသေးစိတ်📩📌

Speaker: Counsellor May Phyo Thu

Date: 30th August, 2026 (Sunday)

Time: 6:00 PM – 7:00 PM

Place: Online (Zoom)

Entry: အခမဲ့ (Free Admission)

❔ဒီ Webinar မှာ ဘာတွေ ဆွေးနွေးမျှဝေသွားမလဲ

✨ ဆယ်ကျော်သက်အရွယ် စိတ်ကျန်းမာရေး၏ အရေးပါပုံ။

✨ လူငယ်များ မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ။

✨ စိတ်ဖိစီးမှုနှင့် ခက်ခဲသော စိတ်ခံစားချက်များကို စနစ်တကျ စီမံခန့်ခွဲနည်း။

✨ကျန်းမာသန်စွမ်းသော ရင်ဆိုင်ဖြေရှင်းနည်းများနှင့် (Resilience) တည်ဆောက်ခြင်း။

✨ မှန်ကန်သော အကူအညီ ရယူနည်းနှင့် အချင်းချင်း စိတ်ဓာတ်ရေးရာ ဖေးမကူညီပေးနိုင်မည့် နည်းလမ်းများ။

✨ မိမိသိရှိလိုသည့် စိတ်ပိုင်းဆိုင်ရာ မေးခွန်းများကို တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်သည့် အချိန်လေး ပါဝင် ပါသည်

❔ဒီWebinar ကနေ ဘာတွေ ရရှိသွားမလဲ

🤗ဆယ်ကျော်သက်အရွယ် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို စာနာနားလည်နိုင်စွမ်း။

🤗 စိတ်ဖိစီးမှုနှင့် စိတ်ခံစားချက် မုန်တိုင်းများကို ကျော်လွှားနိုင်မည့် လက်တွေ့ကျသော နည်းစနစ်များ။

🤗 လူငယ်များ၏ စိတ်ကျန်းမာရေးကိုပါ ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်မည့် ယုံကြည်မှုများ။

စာရင်းပေးသွင်းရန်
Registration Form: https://forms.gle/bVwybqxmhZ6hVtss6

"တချို့လူတွေအတွက် သဘာဝကျပြီး လွယ်ကူတဲ့ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်ပြီး... ဘာလို့ ငါ့အတွက်ကျတော့ အင်မတန် အ...
11/08/2026

"တချို့လူတွေအတွက် သဘာဝကျပြီး လွယ်ကူတဲ့ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်ပြီး... ဘာလို့ ငါ့အတွက်ကျတော့ အင်မတန် အားစိုက်ရပြီး ပင်ပန်းရတဲ့အလုပ် ဖြစ်နေရတာလဲ?"
လူသားတွေရဲ့ ဦးနှောက်တည်ဆောက်ပုံနဲ့ သတင်းအချက်အလက် အလုပ်လုပ်ပုံဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။

စိတ်ပညာနဲ့ အာရုံကြောသိပ္ပံအရ ၎င်းကို Neurodiversity (ဦးနှောက်စရိုက် ကွဲပြားမှု) လို့ ခေါ်ပြီး၊ အဓိကအားဖြင့် အုပ်စု (၂) မျိုး ခွဲခြားနိုင်ပါတယ်။
Neuro Typical − လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ပုံမှန်စံနှုန်းအတိုင်း စဉ်းစားတွေးခေါ်၊ အာရုံစိုက်ပြီး အလုပ်လုပ်နိုင်တဲ့ ဦးနှောက်စရိုက် ရှိသူများ။
Neuro Divergent − ပုံမှန်စံနှုန်းတွေနဲ့ ကွဲပြားခြားနားတဲ့ အလုပ်လုပ်ပုံ ရှိသူများ (ဥပမာ- ADHD, Autism သို့မဟုတ် Dyslexia ရှိသူများ)။ သူတို့ဟာ အာရုံစိုက်ပုံ၊ လူမှုဆက်ဆံရေး တုံ့ပြန်ပုံ မတူညီကြပေမယ့် အမြင်ဆန်းသစ်ပြီး တီထွင်ဉာဏ် အလွန်ကောင်းတတ်ကြပါတယ်။

မိမိရဲ့ ဦးနှောက်စရိုက်ကို တိတိကျကျ နားလည်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-esteem) နဲ့ စိတ်ကျန်းမာချမ်းသာသုခရဖို့ အတွက် အလွန်အခြေခံကျပါတယ်။ Neuro Divergent ဖြစ်နေသူတွေဟာ... မိမိကိုယ်ကို ပုံမှန်လူတွေလို ဖြစ်မလာလို့ဆိုပြီး "ငါဟာ အသုံးမကျဘူး၊ ချို့ယွင်းချက်ရှိတယ်" လို့ အမြဲတမ်း အပြစ်တင်မိတဲ့အတွက် အတွင်းစိတ်မှာ အလွန်ပင်ပန်းပြီး စိတ်ကျရောဂါအထိ ဦးတည်သွားတတ်ပါတယ်။ မတူညီတဲ့ သဘာဝကို လက်ခံခြင်းက စိတ်ကို ငြိမ်းချမ်းစေပါတယ်။

💡 ကွဲပြားမှုကို လက်ခံပြီး ကျန်းမာသောစိတ်ကို တည်ဆောက်နည်း
✅ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အခုလိုဖြစ်နေတာ တွေးနေတာ တုံ့ပြန်နေတာက ကိုယ့်အမှားမဟုတ်ပါဘူး။ ဦးနှောက်သဘာဝ တစ်ခုဖြစ်ပါတယ်။
လက်ခံပေးပါ။ မိမိဦးနှောက် လည်ပတ်အလုပ်လုပ်ပုံက အခြားသူတွေနဲ့မတူဘဲ ထူးခြား (Unique) နေတယ်ဆိုတာ လက်ခံပေးပါ။
✅စာနာမှုပေးပါ (Empathy)။ ပတ်ဝန်းကျင်မှာ အာရုံစူးစိုက်ရခက်သူတွေ၊ စကားပြောပုံ ထူးဆန်းသူတွေကို စိတ်မရှည်ဖြစ်မယ့်အစား သူတို့ရဲ့ ဦးနှောက်လုပ်ဆောင်ပုံ မတူညီမှုကို စာနာနားလည်ပေးပါ။ Safe Space ပေးပါ။
✅ဦးနှောက်စရိုက် ကွဲပြားခြားနားမှုတွေကို လူသားဆန်တဲ့ ကွဲပြားခြားနားမှုတစ်ခုအဖြစ် လက်ခံနားလည်ပေးလိုက်ခြင်းကသာ အပြန်အလှန် စာနာမှုရှိတဲ့ လူမှုဝန်းကျင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

✨ လူကြီးမင်းတို့ရော... မိမိကိုယ်ကိုယ် ဘယ်လို ဦးနှောက်စရိုက်မျိုး ပိုရှိတယ်လို့ ခံစားရလဲ? ဒါမှမဟုတ် ဘေးနားကလူတွေမှာရော ဒီလိုကွဲပြားမှုတွေကို သတိထားမိဖူးလား?

Counselling နယ်ပယ်ထဲကို ခြေလှမ်းစချင်သူများအတွက် Scholarship အခွင့်အရေး🎊🎊တခြားသူတွေကို စိတ်ပိုင်းဆိုင်ရာ နွေးထွေးစွာ ပံ့...
11/08/2026

Counselling နယ်ပယ်ထဲကို ခြေလှမ်းစချင်သူများအတွက် Scholarship အခွင့်အရေး🎊🎊

တခြားသူတွေကို စိတ်ပိုင်းဆိုင်ရာ နွေးထွေးစွာ ပံ့ပိုးကူညီပေးနိုင်တဲ့ Professional Counsellor တစ်ယောက် ဖြစ်လာဖို့ စိတ်ကူးရှိပါသလား? ဒါမှမဟုတ် အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ တခြားသူတွေရဲ့ အမြင်ကို ပိုမိုနားလည်ပေးနိုင်မယ့် Communication Skill ကောင်းတစ်ခုကို ပိုင်ဆိုင်ချင်ပါသလား?
ဒါဆိုရင်တော့ ဒါဟာ လူကြီးမင်းတို့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။
ကျွန်မတို့ Counselling Corner ရဲ့𝘽𝙖𝙨𝙞𝙘 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙡𝙞𝙣𝙜 𝙎𝙠𝙞𝙡𝙡𝙨 𝙏𝙧𝙖𝙞𝙣𝙞𝙣𝙜 (𝘽𝙖𝙩𝙘𝙝 - 56) 𝙊𝙣𝙡𝙞𝙣𝙚 𝘾𝙡𝙖𝙨𝙨 အတွက် အပြည့်အဝထောက်ပံ့ပေးမယ့် Scholarship (၂) ဆု ကို ရွေးချယ်ပေးသွားမှာ ဖြစ်သလို၊ စိတ်ဝင်စားသူများအနေနဲ့လည်း သင်တန်းကြေးပေးသွင်း၍ တက်ရောက်နိုင်ပါပြီရှင်။
သင်တန်းအသေးစိတ်အချက်အလက်များ
သင်တန်းအစီအစဉ် − Basic Counselling Skills Training - Batch 56 (Weekdays Online Class)
သင်တန်းကာလ − (၁၁) ရက် ကြာမြင့်ပါမည်။
အချိန် − 6:00 PM - 8:00 PM
သင်တန်းစတင်မည့်ရက် −စက်တင်ဘာလ ၄ ရက်
သင်တန်းကြေး − 350,000 MMK

ပုံမှန်တက်ရောက်ရန် စာရင်းပေးသွင်းလိုသူများအတွက်
သင်တန်းကို တိုက်ရိုက်စာရင်းပေးသွင်း တက်ရောက်လိုပါက အောက်ပါ Google Form Link တွင် Form ဖြည့်စွက်၍ အပ်နှံနိုင်ပါပြီရှင်။
Registration Link: https://forms.gle/29xoygEnHuGiBrjS9
Scholarship (ပညာသင်ဆု) လျှောက်ထားလိုသူများအတွက်
(ပညာသင်ဆု အရေအတွက်မှာ ၂ ဆုတည်းသာ ဖြစ်ပါသည်။)
အောက်ပါအချက်အလက်များကို သေချာစွာ ပြင်ဆင်ပြီး [email protected] သို့ အီးမေးလ်ဖြင့် တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါပြီ။
Motivation Letter (ဘာကြောင့် ဒီအတန်းကို တက်ရောက်ချင်လဲဆိုတာကို မြန်မာဘာသာဖြင့် စိတ်ကြိုက် ရေးသားနိုင်ပါတယ်)
CV Form + ဓာတ်ပုံ
ပြန်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်
နောက်ဆုံးလျှောက်ထားနိုင်မည့်ရက် − ၁၉ ရက် ဩဂုတ်လ

တခြားသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မယ့် အရည်အသွေးတွေကို စနစ်တကျ သင်ယူခွင့်ရမယ့် အခွင့်အရေးမို့ အခုပဲ လက်ဦးမှု ရယူလိုက်ပါ။ စိတ်ဝင်စားမယ့် မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ပြန်လည် မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံ သိရှိလိုပါက ဖုန်းနံပါတ် 09 785074173 ၊ 09 969054978 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

"တခြားသူတွေထက် သာချင်တာ၊ အနောက်မှာ ကျန်ခဲ့မှာ ကြောက်ရတာတွေကြောင့် စိတ်မောနေရပြီလား?" 💔ဒီနေ့ခေတ် လူငယ်တွေကြားထဲမှာ "သူတော...
11/08/2026

"တခြားသူတွေထက် သာချင်တာ၊ အနောက်မှာ ကျန်ခဲ့မှာ ကြောက်ရတာတွေကြောင့် စိတ်မောနေရပြီလား?" 💔

ဒီနေ့ခေတ် လူငယ်တွေကြားထဲမှာ "သူတောင် ရနေတာ... ငါရော? ဆိုတဲ့ ပြိုင်ဆိုင်လိုစိတ် (Competitive Mind) နဲ့ "အပေါင်းအသင်းတွေကြား အနိမ့်ကျမခံချင်တဲ့ ဖိအား" (Peer Pressure) တွေက ရင်ဆိုင်ရဆုံး ပြဿနာတစ်ခု ဖြစ်လာပါတယ်။

စာမေးပွဲ ရလဒ်တွေ၊ ဝါသနာတွေ၊ လူမှုကွန်ရက်ပေါ်က အောင်မြင်မှုတွေနဲ့ ခေတ်ရေစီးကြောင်းတွေကြားထဲမှာ
👉 တခြားသူတွေနဲ့ ကိုယ့်ကိုကိုယ် အမြဲနှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျမိတာ 😔
👉 အပေါင်းအသင်းတွေရဲ့ စံနှုန်းတွေကို အမှီလိုက်ရင်း စိတ်ရောလူပါ ပင်ပန်းလာတာ 😓
👉 အမြဲတမ်း ပြိုင်ဆိုင်နေရသလို ခံစားရလို့ အဆမတန် စိတ်ဖိစီးမှု (Stress) နဲ့ စိုးရိမ်ပူပန်မှု (Anxiety) တွေ တိုးလာတာမျိုး ခံစားနေရရပြီဆိုရင်....

ဒါတွေကို တစ်ယောက်ထဲခံစားမနေပါနဲ့တော့နော်။ သင့်ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးပြီး အတူတူ အဖြေရှာပေးမယ့် Counsellors တွေ ဒီမှာ ရှိပါတယ်ရှင့် ❤️။
🗓️ အခမဲ့ ဆွေးနွေးနိုင်မည့် ရက်စွဲများ
17 Aug 2026(Monday)
18 Aug 2026 (Tuesday)
21 Aug 2026 (Friday)

မိနစ် (၃၀) စီ၊ (အခမဲ့) ဖြစ်ပါတယ်ရှင့်။

လူငယ်များအတွက် Online ကော၊ ကိုယ်တိုင်လာရောက်ပြသချင်သူများအတွက် In-person ပါ အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။

ရန်ကုန်ရုံးခွဲ: [5/9, Bogalay street, Botahtaung Township, Yangon]
မန္တလေးရုံးခွဲ: [စ/၆, 108 C street, 67 x 67 A, Chan Mya Tharzi, Mandalay]

အောက်ပါ Link (သို့မဟုတ်) ဖုန်းနံပါတ်များကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင့် 👇
🔗 Google Form Link: https://forms.gle/xBnDWJvAoeab521M7
📞 ဖုန်းဖြင့် ဆက်သွယ်ရန်:
Yangon: 09 784509916
Mandalay: 09 9776000736

ကိုယ့်ရဲ့ မတူညီတဲ့ အရှိတရားကို လက်ခံပြီး စိတ်အေးချမ်းစွာ အောင်မြင်အောင် ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ Counselling Corner က Counsellor တွေနဲ့ အတူတူ တိုင်ပင်ဆွေးနွေးလိုက်ရအောင်နော် 🥰❤️

ကိုယ့်စိတ်လေးကို ကိုယ်တိုင် နားလည်တတ်စေဖို့.........🥰
11/08/2026

ကိုယ့်စိတ်လေးကို ကိုယ်တိုင် နားလည်တတ်စေဖို့.........🥰

ကိုယ့်စိတ်လေးကို ကိုယ်တိုင် နားလည်တတ်စေဖို့ (ရင်ဖွင့်ရင်းနဲ့) - ၂ နာရီအတန်း
Understanding Your Emotions - 2 hours Class

ဒီတစ်ပတ် စာရင်းသွင်းရမယ့် ၂ နာရီအတန်းလေးတွေဟာဆိုရင် …
💠 ပြိုင်ဆိုင်လိုစိတ်အားကောင်းစွာနဲ့ နေ့စဉ်ဘဝမှာ ကြိုးစားရုန်းကန်နေကြသူတွေ
💠 Peer Pressure (ရွယ်တူ/ ကိုယ့်ပတ်ဝန်းကျင်ကနေ စီးဆင်းလာတဲ့ ဖိအား) ကို ခံစားနေရတဲ့ မိတ်ဆွေတို့တွေ အားလုံးအတွက် အထူးသင့်တော်ပါတယ်။

ဒီ အတန်းလေးက ဘယ်သူတွေ တက်ရောက်နိုင်သလဲ …
🔹 နေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားရင်း စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို ခံစားနေရသူတွေ
🔹 ပြင်းထန်တဲ့ ခံစားချက်တွေ လျှော့ချချင်သူတွေ အထူးတက်ရောက်နိုင်ပါတယ်။

၂ နာရီအတန်းလေး တက်ရောက်တဲ့အခါ …
✨ စိတ်အနားရစေမယ်။
✨ စိတ်ရဲ့ ခံနိုင်ရည်စွမ်းအားတွေ ကောင်းလာမယ်။
✨ အချင်းချင်း စိတ်ခံစားမှုတွေ ချိတ်ဆက်ရင်း လက်ခံနိုင်စွမ်းတွေ တိုးတက်လာမယ်။

အခုလို ၂ နာရီအတန်းချိန်တိုင်းမှာ တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ အကြောင်းအရာ၊ ခံစားချက်တွေနဲ့ ရင်ဖွင့်ဆွေးနွေးရင်း နားထောင်ကြရင်းနဲ့ အချင်းချင်း အားပေးနှစ်သိမ့်ကြမှာပါ။

ဒီလို အတန်းလေးတွေကိုလည်း စိတ်မိတ်ဆွေကနေ အပတ်စဉ် ပြုလုပ်ပေးနေတာဖြစ်လို့ အားလုံးပါဝင်ပြီး ဆွေးနွေးရင်ဖွင့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ဒီတစ်ခါ အပတ်စဉ်လုပ်နေကျဖြစ်တဲ့ ၂ နာရီအတန်းလေးကိုတော့ မိတ်ဆွေတို့အားလုံး အဆင်ပြေပြေနဲ့ တက်ရောက်နိုင်ဖို့ အချိန် ၃ ချိန် စီစဉ်ပေးထားပါတယ်။

ကိုယ့်စိတ်လေးကို ကိုယ်တိုင် နားလည်တတ်စေဖို့ (၂ နာရီ အတန်း)
Understanding Your Emotions - 2 hours Class

နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ (စနေနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform

နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ (အင်္ဂါနေ့)
အချိန် - မနက် ၇ နာရီ မှ ၉ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform

နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform

*မိမိကိုယ်တိုင်နဲ့ ပါဝင်သူအားလုံး လွတ်လပ်စွာရင်ဖွင့်နိုင်ဖို့အတွက် လုံခြုံတိတ်ဆိတ်တဲ့ နေရာလေးကနေ တက်ရောက်စေချင်ပါတယ်။*

အတန်းလေးမှာ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ အခုပဲ စာရင်းသွင်းနိုင်ပါပြီ။
စာရင်းသွင်းရန်
https://forms.gle/45nUDkYJh1mUmG2P6

တက်ရောက်နိုင်သူများကို စိတ်မိတ်ဆွေကနေ သောကြာနေ့ နေ့လည် နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါမယ်နော်။ အတန်းအချိန်နီးကပ်မှ စာရင်းသွင်းသူများကတော့ နေရာရရှိမှုသေချာစေရန် စိတ်မိတ်ဆွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

*လူဦးရေအကန့်အသတ်လည်းရှိတာဖြစ်လို့ စာရင်းအမြန်ပေးရင်း သေချာလေးတက်ရောက်ဖြစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်ရှင်။*

#စိတ်မိတ်ဆွေ

"The happiness of your life depends upon the quality of your thoughts." - Marcus Aurelius (Roman Emperor & Philosopher)"...
10/08/2026

"The happiness of your life depends upon the quality of your thoughts." - Marcus Aurelius (Roman Emperor & Philosopher)
"ဘဝရဲ့ ပျော်ရွှင်မှုဆိုတာဟာ ကိုယ့်အတွေးရဲ့ အရည်အသွေးအပေါ်မှာ မူတည်ပါတယ်။"

🍃 ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုဟာ ပြင်ပအခြေအနေတွေထက် အဲ့ဒီအခြေအနေကို ဘယ်လိုမြင်သလဲဆိုတဲ့ အတွေးပုံစံ (Perspective) အပေါ်မှာ ပိုပြီး မူတည်နေပါတယ်။ ဒါကြောင့် အတွေးတွေကို ပြန်လည်ဆန်းစစ်ပြီး အပြုသဘောဆောင်တဲ့ဘက်ကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
🍃 အဆိုးမြင်တဲ့ အတွေးတွေ (Negative Self-talk) ကို အလေ့အကျင့်ဖြစ်နေရင် ဘဝက မှောင်မိုက်နေပါလိမ့်မယ်။ အတွေးအရည်အသွေးကို မြှင့်တင်ခြင်း (Cognitive Restructuring) ဟာ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုပါ။
🍃 စိတ်အေးချမ်းမှုဆိုတာ ကိုယ့်ရဲ့ အတွေးတွေကို ကိုယ်တိုင် ပြန်လည်ထိန်းကျောင်းနိုင်တဲ့အခါမှာ ရရှိလာတဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

"ဝါသနာသစ်တစ်ခု၊ ဂိမ်းတစ်ခု၊ စာအုပ်၊ Series ကို နေ့မအိပ်ညမအိပ် ထမင်းမေ့ဟင်းမေ့ အချိန်ကုန်မှန်းမသိ စွဲမြဲဖူးသလား?"ဒါကို စိ...
07/08/2026

"ဝါသနာသစ်တစ်ခု၊ ဂိမ်းတစ်ခု၊ စာအုပ်၊ Series ကို နေ့မအိပ်ညမအိပ် ထမင်းမေ့ဟင်းမေ့ အချိန်ကုန်မှန်းမသိ စွဲမြဲဖူးသလား?"

ဒါကို စိတ်ပညာမှာ Hyper-Fixation လို့ ခေါ်ပြီး၊ အရာတစ်ခုခု (ဝတ္ထု၊ ရုပ်ရှင်၊ အလုပ် (သို့) လူ) အပေါ်မှာ မိမိရဲ့ စိတ်အာရုံတွေ အလုံးစုံ ကျရောက်ပြီး ရုန်းထွက်ရ ခက်ခဲနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဦးနှောက်က အဲဒီအရာဆီကနေ Dopamine (ပျော်ရွှင်မှုဓာတ်) ကို အလွန်အမင်း ရယူနေတာဖြစ်ပြီး တစ်ခါတရံမှာ လက်ရှိဘဝရဲ့ စိတ်ဖိစီးမှုတွေနဲ့ တာဝန်တွေကို မသိစိတ်ကနေ ရှောင်လွှဲချင်တဲ့အတွက် (Escapism) ကြောင့်လည်း ဖြစ်ပေါ်လာတတ်ပါတယ်။

Hyper-Fixation ဖြစ်ခြင်းဟာ အလုပ်တစ်ခုကို အာရုံစိုက်ပြီး အချိန်တိုအတွင်း ပြီးမြောက်စေတဲ့ အားသာချက် ရှိနိုင်ပေမယ့်... ဟန်ချက်ပျက်သွားတဲ့အခါ နေ့စဉ်ဘဝ ရှင်သန်မှု ချမ်းသာသုခ ကို ထိခိုက်လာစေပါတယ်။ အစွဲအလန်းကြီးလာတဲ့အတွက် အစာစားဖို့ မေ့လျော့ခြင်း၊ အိပ်စက်ချိန် ပျက်စီးခြင်းနဲ့ အရေးကြီးတဲ့ အခြားလူမှုဆက်ဆံရေးတွေကို ပစ်ပယ်မိခြင်းမျိုး ဖြစ်လာတတ်ပြီး၊ အဲဒီ Fixation ရုတ်တရက် ကုန်ဆုံးသွားတဲ့အခါမှာလည်း စိတ်ထဲမှာ ဗလာကျင်းပြီး စိတ်ဓာတ်ကျသလို ခံစားရတတ်ပါတယ်။

💡 စိတ်အာရုံကို ကျန်းမာစွာ ဟန်ချက်ပြန်ညှိခြင်း
👉အချိန်သတ်မှတ်ပါ (Set Constraints)။ လုံးဝမရပ်တန့်နိုင်ပေမယ့်လဲ စိတ်ရှိအတိုင်းလွှတ်ပေးတာမျိုးမဟုတ်ပဲ အချိန်အကန့်အသတ်နဲ့ လုပ်ကြည့်ပါ။
👉ခန္ဓာကိုယ်ကို ပြန်လည်ဆန်းစစ်ပါ (Somatic Check-in)။ အာရုံလွန်နေချိန်မှာ ခဏရပ်ပြီး... ငါ ရေငတ်နေလား၊ ဗိုက်ဆာနေလား၊ ရုပ်ပိုင်းဆိုင်ရာ ဘာလိုအပ်နေလဲဆိုတာကို သတိနဲ့ ပြန်ထိန်းကျောင်းပေးပါ။
👉ပတ်ဝန်းကျင် ပြောင်းပါ (Change the Context)။ အာရုံစိုက် ထိုင်နေတဲ့နေရာ (ဥပမာ - ကွန်ပျူတာရှေ့၊ ဆိုဖာခုံ စသဖြင့်) နေရာပြောင်းပြီး ဦးနှောက်ရဲ့ Dopamine Loop (စွဲလမ်းစေတဲ့သံသရာ) ကို ဖြတ်တောက်လိုက်ပါ။

Hyper-fixation ကိုယ်တိုင်က ကြောက်စရာမဟုတ်ပေမယ့် လျစ်လျူရှုပြီး လက်တွေ့ဘဝကို ရှောင်ပြေးနေမယ်။ နေ့စဉ်လူနေမှုဘဝကိုပါထိခိုက်တဲ့ထိ စွဲလမ်းလာမယ်ဆိုရင် “စွဲလမ်းမှု” ထိရောက်သွားနိုင်ပါတယ်။ ဒီလိုအချိန်မှာ မိမိရဲ့ အာရုံစူးစိုက်မှုတွေကို သတိနဲ့ ထိန်းချုပ်မိရင်... စွဲလမ်းမှုရဲ့ ဓားစာခံမဖြစ်တော့ဘဲ နေ့စဉ်ဘဝကို ပျော်ရွှင်စရာကောင်းပြီး ဟန်ချက်ညီညီ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

✨ လူကြီးမင်းတို့ရော... မကြာသေးခင်ကမှ ဖြစ်ဖြစ်၊ လက်ရှိမှာဖြစ်ဖြစ် အလွန်အမင်း စွဲလန်း (Hyper-Fixate) နေမိတဲ့ အရာက ဘာဖြစ်မလဲ? ကွန်မန့်မှာ ဆွေးနွေးခဲ့ပါဦးနော်။

Comment လေး မှာ ရင်ဖွင့်နိုင် ပါတယ်ရှင့် ❤️
07/08/2026

Comment လေး မှာ ရင်ဖွင့်နိုင် ပါတယ်ရှင့် ❤️

ဘဝဆိုတာ အမြဲတမ်း ပျော်ရွှင်နေရတာမျိုး မဟုတ်သလို၊ အမြဲတမ်း စိတ်ပျက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ ဒီခံစားချက်နှစ်ခုလုံးက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။
လာမယ့် စိတ်ရဲ့အသံ အစီအစဉ်မှာတော့...
ပထမအပတ်မှာ "ပျော်ရွှင်ခြင်း" ရဲ့ အဓိပ္ပာယ်ကို ရှာဖွေရင်း ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ဖို့အတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒုတိယအပတ်မှာတော့ မျှော်လင့်ထားတာတွေ မဖြစ်လာတဲ့အခါ ကြုံတွေ့ရတတ်တဲ့ "စိတ်ပျက်ခြင်း" ဆိုတဲ့ ခံစားချက်ကို ဘယ်လိုရင်ဆိုင်သင့်သလဲဆိုတာကို နားဆင်ကြရမှာဖြစ်ပါတယ်။
Padamyar FM ကိုနားဆင်တဲ့ ပရိတ်သတ်ကြီးရော... ဒီရက်ပိုင်းမှာ ကိုယ့်ကို အပြုံးဖြစ်စေတဲ့အရာလေးတစ်ခုခု ရှိလား? ဒါမှမဟုတ် မျှော်လင့်ထားသလို မဖြစ်လာလို့ စိတ်ပျက်နေရတာမျိုးများ ရှိနေလား?
Rubies တို့ရဲ့ အတွေ့အကြုံတွေကို ဒီပို့စ်ရဲ့ Comment မှာ ရင်ဖွင့်ပေးခဲ့ကြပါဦး။ အားလုံးရဲ့ ခံစားချက်တွေကို နာမည်မဖော်ပြဘဲ ရေဒီယိုအစီအစဉ်မှာ Counsellor ကနေတစ်ဆင့် ပြန်လည်မျှဝေပေးသွားမှာပါ။
အချင်းချင်း ပံ့ပိုးကူညီပေးကြတဲ့ ဒီနေရာလေးမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို အားမနာတမ်း မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။

Address

No. 5/9, 1st Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784509916

Alerts

Be the first to know and let us send you an email when Counselling Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Counselling Corner:

Shortcuts

Share