05/08/2026
စိတ်ကျန်းမာရေးအတွက် အကူအညီရယူတော့မယ်ဆိုရင် "Counselling ယူရမလား၊ Consultation ပဲ ယူရမလား" ဆိုပြီး ဇဝေဇဝါ ဖြစ်ဖူးပါသလား?
ဒီနှစ်ခုလုံးဟာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို သက်သာရာရဖို့ ကူညီပေးတာ မှန်ပေမယ့် ဖြတ်သန်းရတဲ့ပုံစံနဲ့ ရည်ရွယ်ချက် မတူကြပါဘူး။
➡️ Consultation ဆိုတာ ဘာလဲ?
လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုအတွက် တိုတိုတောင်းတောင်း အကြံဉာဏ် သို့မဟုတ် လမ်းညွှန်ချက် ရယူခြင်းပါ။ အများအားဖြင့် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့် စကားပြောရုံဖြင့် ပြီးစီးနိုင်ပါတယ်။
"ငါ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ"
"ဒီလိုအခြေအနေမှာ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ" ဆိုတဲ့ ရည်ရွယ်ချက်မျိုးအတွက် သင့်တော်ပါတယ်။
ဥပမာ: အလုပ်ခွင်မှာ Stress အရမ်းများနေလို့ ရေတို ဖြေရှင်းနည်း မေးတာ ဒါမှမဟုတ် ဒီ အကြောင်းအရာအတွက် Counselling ဆက်ယူဖို့ လိုမလို အကဲဖြတ်စိစစ်တာမျိုးပါ။
➡️ Counselling ဆိုတာ ဘာလဲ?
မိမိရဲ့ ခံစားချက်၊ အတွေးအခေါ် ၊ အမူအကျင့်၊ စိတ်ဒဏ်ရာတွေကို နက်နက်ရှိုင်းရှိုင်း အတူတကွ ပူးပေါင်း အဖြေရှာပေးတာပါ။ သီတင်းပတ်အနည်းငယ်မှ လပေါင်းများစွာအထိ Session များ ခွဲပြီး ပုံမှန်တွေ့ဆုံရပါတယ်။ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်မှာ Counsellor နဲ့ အတူတူ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ကိုယ်တိုင် ပြောင်းလဲတိုးတက်မှုကို တည်ဆောက်ရတာဖြစ်ပါတယ်။
✨ ဘယ်ဟာကို ရွေးချယ်သင့်သလဲ?
မိမိအတွက် တိကျတဲ့ မေးခွန်းနဲ့ လမ်းညွှန်ချက်ပဲ လိုအပ်တယ်ဆိုရင် Consultation ကို ရွေးချယ်နိုင်ပြီး မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို သေချာ နားလည်ပြီး အနာဂတ်အတွက် စနစ်တကျ ပြောင်းလဲချင်တယ်ဆိုရင်တော့ Counselling က အကောင်းဆုံး ဖြစ်ပါတယ်။
👉 မိမိစိတ်ကျန်းမာရေးအတွက် ဘယ်ဟာက ပိုပြီး သင့်တော်မလဲဆိုတာကိုသိချင်ရင် Thrive Together ရဲ့ Messenger ၊ Viber ကနေလည်း လာရောက်မေးမြန်းနိုင်ပါတယ်နော်။