Mumguard

Mumguard မိခင်ဘဝအတွက် အကောင်းဆုံး အဖော်မွန် ''Mumguard''

✨ ကူးပြောင်းခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့အညီ နှစ်ဟောင်းရဲ့ မကောင်းတာတွေကို သင်္ကြန်ရေ ပက်ဖျန်းဆေးကြောလို့ နှစ်သစ်မှာ အကောင်းဆ...
13/04/2026

✨ ကူးပြောင်းခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့အညီ နှစ်ဟောင်းရဲ့ မကောင်းတာတွေကို သင်္ကြန်ရေ ပက်ဖျန်းဆေးကြောလို့ နှစ်သစ်မှာ အကောင်းဆုံးတွေပဲ ပြန်လည်စတင်ဖို့ ရည်ရွယ်ကြတဲ့ အတာကူးသင်္ကြန် အချိန်အခါမှာ မေမေ၊ ဖေဖေနှင့် ရင်သွေးငယ်များ အားလုံး ကျန်းမာခြင်းနဲ့အတူ လုံခြုံဘေးကင်းလို့ အေးချမ်းပြည့်စုံတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Mumguard မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 💜

#ကိုယ်ဝန်ဆောင်အားဆေး #သင်္ကြန်

🤰🏻 ဗိုက်ထဲမှာ လေပွ၊ လေထပြီး ပျို့ချင်အန်ချင်သလိုဖြစ်တာ၊ မအီမသာ နေရထိုင်ရ ခက်တာတွေက ကိုယ်ဝန်အစောပိုင်းကာလမှာ ကြုံရလေ့ရှိတ...
09/04/2026

🤰🏻 ဗိုက်ထဲမှာ လေပွ၊ လေထပြီး ပျို့ချင်အန်ချင်သလိုဖြစ်တာ၊ မအီမသာ နေရထိုင်ရ ခက်တာတွေက ကိုယ်ဝန်အစောပိုင်းကာလမှာ ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ဖြစ်ရတာဟာ ပရိုဂျက်စတုန်း (Progesterone) ဟော်မုန်းတွေ တက်လာတာကြောင့် အစာခြေစနစ်က နှေးသွားတာကြောင့်ပါတဲ့ ...

ကိုယ်ဝန်ဆောင်ချိန် မေမေတွေအနေနဲ့ လေပွတဲ့ ပြဿနာတွေ အမြန်ဆုံး သက်သာစေဖို့

🔹 ရေများများ သောက်ပေးပါ။
🔹 အမျှင်ဓာတ် များများ စားပေးပါ။
🔹 Probiotics ပါဝင်တဲ့ အစားအစာတွေလည်း စားပေးပါ။
🔹 ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ။
🔹 စိတ်ဖိစီးမှုကို လျှော့ချပေးပါ။

Mumguard မေမေတို့ရော... ကိုယ်ဝန်ဆောင်ချိန်မှာ လေပွ၊ လေထတာတွေ သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ သုံးကြလဲဆိုတာ မျှဝေပေးခဲ့ပါဦးနော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး #လေပွလေထခြင်း

"Mumguard ဆေးလေး ဘယ်တော့ရောက်မလဲ?" ဆိုပြီး တမျှော်မျှော်နဲ့ စောင့်ဆိုင်းမေးမြန်းနေကြတဲ့ Mumguard မေမေတို့အတွက် Mumguard ...
03/04/2026

"Mumguard ဆေးလေး ဘယ်တော့ရောက်မလဲ?" ဆိုပြီး တမျှော်မျှော်နဲ့ စောင့်ဆိုင်းမေးမြန်းနေကြတဲ့ Mumguard မေမေတို့အတွက် Mumguard လေး Stock ပြန်ရပါပြီနော် 🥰

Exp - 7/2028 ဖြစ်လို့ Fresh Date လည်း ဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝယ်ယူအားပေးနိုင်ပြီပဲ ဖြစ်ပါတယ် 🤩

🤰🏻 Mumguard ကိုယ်ဝန်ဆောင်အားဆေးမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်

⚡️ ရင်သွေးလေးကို ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် DHA (Omega-3 Fatty Acid)

⚡ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး မွေးရာပါရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးမယ့် Folic Acid

⚡ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို သက်သာစေတဲ့အပြင် အာရုံကြောစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ Vitamin B Complex အုပ်စု

တို့ စုံလင်မျှတစွာ ပါဝင်တဲ့အတွက် ကျန်းမာဖွံ့ဖြိုးပြီး ညဏ်ရည်ထက်မြက်တဲ့ ရင်သွေးလေး မွေးဖွားလာဖို့တော့ Mumguard က အပြည့်အဝ ပံ့ပိုးပေးဖို့ အသင့်ပါပဲနော် 💞

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 ရေမြွှာရည်ဆိုတာ သန္ဓေသားလေးကို ထိခိုက်မှုမရှိအောင် ပတ်ပတ်လည် ဝန်းရံကာကွယ်ပေးထားတဲ့ အရည်ကြည်လေးတွေပဲ ဖြစ်ပြီး အပူအအေးဒ...
17/03/2026

🤰🏻 ရေမြွှာရည်ဆိုတာ သန္ဓေသားလေးကို ထိခိုက်မှုမရှိအောင် ပတ်ပတ်လည် ဝန်းရံကာကွယ်ပေးထားတဲ့ အရည်ကြည်လေးတွေပဲ ဖြစ်ပြီး အပူအအေးဒဏ် ခံနိုင်ဖို့၊ ပိုးမဝင်ဖို့၊ ခြေချောင်း လက်ချောင်းတွေ ကပ်မနေဖို့၊ ချက်ကြိုးကို မဖိမိစေဖို့အတွက် လုပ်ဆောင်ပေးနေလို့ ဒီရေမြွှာရည်လေးတွေက သန္ဓေသားလေးအတွက် အင်မတန်မှ အရေးပါပါတယ်။ 💧

အက်ထရာဆောင်း (Ultrasound) ရိုက်ကြည့်လို့ AFI တန်ဖိုး 24 ထက်ပိုတာ၊ MVP တန်ဖိုး 8 cm ထက်ပိုတယ်ဆို ရေမြွှာရည်က ပုံမှန် ရှိသင့်တဲ့ အတိုင်းအတာ ပမာဏထက် ပိုများနေပြီလို့ ဆိုလိုတာပါ။ ⚠️

တွေ့ရနည်းတဲ့ အခြေအနေမျိုးဆိုပေမဲ့ ကိုယ်ဝန်ဆောင်ကာလ လနုချိန်မှာ ရေမြွှာရည်များနေတာက လမစေ့ဘဲ စောမွေးတာ၊ ရေမြွှာရည် စောပေါက်တာ၊ ချက်ကြိုးကျွံတာ၊ ခွဲမွေးရတာ၊ မွေးပြီးရင် သားအိမ်ကျယ်ပြီး သွေးသွန်တာတွေ ဖြစ်တတ်လို့ အရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး Ultrasound တွေကို အချိန်မီ ပြုလုပ်သွားရင်း ရေမြွှာရည် အနည်း၊ အများ အခြေအနေကို သိနိုင်တာဖြစ်လို့ လိုအပ်ပါက သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုဆွေ၊ ကုသမှုတွေ ခံယူသွားဖို့ အကြံပြုလိုက်ပါတယ်နော် 👩‍⚕️💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰 ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် အထူးဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါလည်း တစ်ခုအပါအဝင်ပဲ ...
06/03/2026

🤰 ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက် အထူးဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ယခင်က ဆီးချိုရောဂါမရှိဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ စတင်ခံစားလာရတဲ့ ရောဂါပဲ ဖြစ်ပြီး ကိုယ်တွင်းမှာ အင်ဆူလင်လုံလောက်စွာ မထုတ်လုပ်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်လာစေပြီး ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်တွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အများဆုံး တွေ့ရတတ်ပါတယ်။❗

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချကာကွယ်ဖို့ -

🔹 အာဟာရပြည့်ဝမျှတအောင် စားပါ။
🔹 ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးပါ။
🔹 ဆီးချိုသွေးချိုကို ပုံမှန် တိုင်းတာစစ်ဆေးပါ။
🔹 ကိုယ်အလေးချိန် အဆမတန်တက်လာတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။
🔹 အချိုစာတွေ အလွန်အကျွံစားသုံးတာမျိုး ရှောင်ပါ။

လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး စနစ်တကျ နေထိုင်စားသောက်ရင် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကို အတော်လေး လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်နော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး #ကိုယ်ဝန်ဆောင်ဆီးချို

"မြန်မာနိုင်ငံ အမေများနေ့ရဲ့ အစ... ဆရာကြီးဦးသုခက" လို့ မှတ်သားဖူးပြီး ဆရာကြီး ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ၁၉၉၇...
02/01/2026

"မြန်မာနိုင်ငံ အမေများနေ့ရဲ့ အစ... ဆရာကြီးဦးသုခက" လို့ မှတ်သားဖူးပြီး ဆရာကြီး ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ၁၉၉၇ ခုနှစ်မှစလို့ ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် မြန်မာ့ပြက္ခဒိန်မှာ တရားဝင် ကမ္ပည်းတင်နိုင်ခဲ့ကာ

နှင်းစိုတဲ့ လပြာသိုဟာ မြန်မာနိုင်ငံမှာ အချမ်းဆုံး ရာသီဥတုဖြစ်တာနဲ့အညီ နွေးထွေးလှသော အမေ့ရင်ခွင်ကို အစဉ်ထာဝရ သတိရစေရန် ရည်ရွယ်လို့ ယနေ့ (ပြာသိုလပြည့်နေ့) မှာ ကျရောက်တဲ့ "အမေများနေ့"ကို Mumguard မှ နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး #အမေများနေ့ #ပြာသိုလပြည့်နေ့

🤰 မေမေတို့ အမေးများဆုံး မေးခွန်းလေးတွေထဲက တစ်ခုကတော့ Mumguard သောက်ပြီးရင် Folic Acid ထပ်သောက်ဖို့ လိုလား ဆိုတဲ့ အမေးလေး...
22/10/2025

🤰 မေမေတို့ အမေးများဆုံး မေးခွန်းလေးတွေထဲက တစ်ခုကတော့ Mumguard သောက်ပြီးရင် Folic Acid ထပ်သောက်ဖို့ လိုလား ဆိုတဲ့ အမေးလေးပါပဲ

Mumguard မှာ မိခင်နဲ့ ရင်သွေးလေးအတွက် တစ်နေ့တာ လိုအပ်တဲ့ Folic Acid - 400 mcg ပါဝင်တဲ့အတွက် ဆရာဝန်သီးသန့် ညွှန်ကြားတာမျိုး မဟုတ်ရင် ထပ်မသောက်လည်း ရပါတယ်နော်

Mumguard မှာ ပါဝင်တဲ့ Folic Acid က

⚡️ သန္ဓေသားရဲ့ ဦးနှောက် နဲ့ အာရုံကြောချို့ယွင်းခြင်း
⚡️ သန္ဓေသား လမစေဘဲ့ မွေးဖွားခြင်း
⚡️ ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းခြင်း
⚡️ ကိုယ်ဝန်ဆိပ်တက်ခြင်း

တို့ကို အထူးကာကွယ်ပေးနိုင်လို့ Mumguard အားဆေးကို ကိုယ်ဝန်ဆောင်ဖို့ စတင် ပြင်ဆင်နေချိန်ကတည်းက ပုံမှန်သောက်ပေးမယ်ဆို ကျန်းမာပြည့်စုံတဲ့ ဘေဘီလေးကို အကောင်းဆုံးကြိုဆိုနိုင်မှာ အသေအချာပါပဲ...💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 မေမေတို့ရေ... ကိုယ်ဝန်စရလာပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေး ကျန်းမာပြည့်စုံစွာ မွေးဖွားနိုင်ဖို့ ဂရုစိုက် ကြိုးစားကြရတယ...
13/10/2025

🤰🏻 မေမေတို့ရေ... ကိုယ်ဝန်စရလာပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေး ကျန်းမာပြည့်စုံစွာ မွေးဖွားနိုင်ဖို့ ဂရုစိုက် ကြိုးစားကြရတယ် မဟုတ်လား

ဒီလို မေမေတို့ရဲ့ အရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မတော်တဆ လုပ်မိတဲ့ အပြုအမူမှားလေးတွေက မေမေတို့ ကျန်းမာရေးအပြင် ဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ မဖြစ်မနေ သတိထားရှောင်သင့်တဲ့

⚡ ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

⚡ အသားစိမ်း၊ ငါးစိမ်း စားသုံးခြင်း

⚡ Pregnancy Recommended မဖြစ်သော အလှကုန်၊ Skincare များ သုံးစွဲခြင်း

⚡ အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များ သောက်သုံးခြင်း

⚡ ပူလွန်းသော ရေဖြင့် ရေချိုးခြင်း

⚡ ဆရာဝန် ခွင့်ပြုချက်မရှိဘဲ ဆေးဝါးများ သောက်သုံးခြင်း

စတဲ့ အချက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ မလုပ်သင့်တဲ့ အခြေခံအချက်တွေပဲ ဖြစ်လို့ မေမေရော ဘေဘီလေး ကျန်းမာရေးအတွက် ရှောင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော် ❗

မေမေတို့နဲ့ ဘေဘီများအတွက် စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

ကျန်းမာလို့ ချမ်းသာစေကြောင်း အစချီတဲ့ ဆုတောင်းစကားလေးတွေနဲ့အတူ ချစ်ခြင်းမေတ္တာ‌၊ တန်ဖိုးထားတတ်မှု၊ လေးစားမှုနဲ့ ဂါရဝတရား...
06/10/2025

ကျန်းမာလို့ ချမ်းသာစေကြောင်း အစချီတဲ့ ဆုတောင်းစကားလေးတွေနဲ့အတူ ချစ်ခြင်းမေတ္တာ‌၊ တန်ဖိုးထားတတ်မှု၊ လေးစားမှုနဲ့ ဂါရဝတရားတို့ ပေါင်းစုံကြရာ သီတင်းကျွတ် အချိန်အခါလေးမှာ Mumguard မေမေတွေအားလုံးလည်း ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပြီး နွေးထွေးတဲ့မေတ္တာတွေနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

#ကိုယ်ဝန်ဆောင်အားဆေး
#သီတင်းကျွတ်လပြည့်နေ့

🤰🏻 မေမေတို့ရေ... ကိုယ်ဝန်စရလာပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေး ကျန်းမာပြည့်စုံစွာ မွေးဖွားနိုင်ဖို့ ကိုယ်ဝန်ဆောင်အားဆေး သေ...
03/10/2025

🤰🏻 မေမေတို့ရေ... ကိုယ်ဝန်စရလာပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေး ကျန်းမာပြည့်စုံစွာ မွေးဖွားနိုင်ဖို့ ကိုယ်ဝန်ဆောင်အားဆေး သောက်‌တော့မယ်ဆို ဆရာဝန်တွေလည်း စိတ်ချညွှန်း မေမေဗိုက်တို့လည်း အကြိုက်တူတဲ့ Mumguard က အသင့်တော်ဆုံးပဲနော်

Mumguard ကိုယ်ဝန်ဆောင်အားဆေးကို နေ့စဉ် ပုံမှန်သောက်သုံးပေးသွားခြင်းဖြင့်

✨ ပေါင်ချိန်ပြည့်ဝ ကျန်းမာသန်စွမ်းသော ရင်သွေးလေးကို မွေးဖွားစေခြင်း

✨ ရင်သွေးလေးကို ဉာဏ်ရည်ထက်မြက်ပြီး အမြင်အာရုံနဲ့ အာရုံကြောစနစ်များ အားကောင်းစေခြင်း

✨ မိခင်နဲ့ ရင်သွေးလေးရဲ့ သွေးလည်ပတ်မှုကို မှန်ကန် ကျန်းမာစေခြင်း

✨ ကိုယ်ဝန်ဆောင် သွေးတိုး၊ ဆီးချိုဖြစ်နှုန်းမှ လျှော့ချပေးခြင်း

✨ ကျန်းမာလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ရရှိစေခြင်း

✨ ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုများမှ လျော့ကျစေခြင်း

စတဲ့ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်လို့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် ခရီးလမ်းကို Mumguard နဲ့ စိတ်ချလက်ချ ဖြတ်သန်းလိုက်ကြရအောင်နော် 💞

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ နွားနို့ကလည်း တစ...
05/09/2025

🤰🏻 ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ နွားနို့ကလည်း တစ်ခုအပါအဝင်ပါပဲ

🥛 နွားနို့မှာ ပရိုတင်း၊ ကယ်လ်ဆီယမ်တို့အပြင် ကိုယ်ဝန်ဆောင်မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်နေလို့ ကိုယ်ဝန်ဆောင်ချိန် နေ့စဉ်ပုံမှန်သောက်ပေးမယ်ဆိုရင်

✅ အရိုးအဆစ်နဲ့ သွားများကို သန်မာစေခြင်း
✅ ရင်ပူတာကို သက်သာစေခြင်း
✅ အစာကြေလွယ်စေခြင်း
✅ ပေါင်ချိန်ပြည့်ခြင်း
✅ ဦးနှောက် ဖွံ့ဖြိုးစေနိုင်ခြင်းတို့အပြင်
✅ မွေးဖွားလာတဲ့ ဘေဘီလေးက အခြားကလေးငယ်တွေထက်ပိုပြီးတော့ အရပ်ရှည်နိုင်ချေ ပိုများပါတယ်။

ဒါ့အပြင် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလနှင့် ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ရင်သွေးလေးကို ကြိုဆိုနိုင်ဖို့ Mumguard ကဲ့သို့ ကိုယ်ဝန်ဆောင်အားဆေးတွေလည်း ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်သောက်သုံးပေးနိုင်ပါတယ်နော် 💞

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

Address

34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951299555

Alerts

Be the first to know and let us send you an email when Mumguard posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mumguard:

Share