Serenity Counseling & Mental Health Services

Directions Website

Serenity Counseling & Mental Health Services Serenity စိတ်ကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း (Counseling)နှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ဝန်ဆောင်မှု

ကိုယ်ပိုင် အတွေ့အကြုံများမှ အသက်ကယ်တင်နိုင်သော အပြောင်းအလဲဆီသို့ ✨📣 မကြာခင်ရက်ပိုင်းအတွင်းOctober 11 ရက်နေ့ Chiang Mai (...
09/10/2026

ကိုယ်ပိုင် အတွေ့အကြုံများမှ အသက်ကယ်တင်နိုင်သော အပြောင်းအလဲဆီသို့ ✨

📣 မကြာခင်ရက်ပိုင်းအတွင်း

October 11 ရက်နေ့ Chiang Mai (ချင်းမိုင်) မှာ

ShinThan Application ကို တရားဝင် မိတ်ဆက်မယ့် In-Person Event ကြီးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ From Lived Experience to Life-Saving Action ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ

Su***de Prevention ကို Professional တွေရဲ့ အတွေ့အကြုံတွေ ရှုထောင့်တွေကနေတစ်ဆင့် ယခင်ထပ် ပိုမိုနားလည်ဖို့၊ အခြားသူတွေရဲ့အသက်ကို ကူညီကယ်တင်နိုင်ကြဖို့ အတူတကွ လေ့လာ၊ နားထောင်၊ မျှဝေနိုင်ကြမယ့် ပွဲတစ်ခုပဲ ဖြစ်ပါတယ်

✅ပွဲမှာ ဘာတွေပါမလဲ?

📱 ShinThan Application မိတ်ဆက်

စိတ်ကျန်းမာရေးနဲ့ Su***de Prevention အတွက် ဖန်တီးထားတဲ့ ShinThan Application ကို မိတ်ဆက်ပေးပြီး ဘယ်သူတွေအတွက် အသုံးဝင်နိုင်လဲ၊ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိရှိနိုင်မှာဖြစ်ပါတယ်။

✨ Panel Discussion — “From Lived Experience to Life-Saving Action”

Su***de Prevention နဲ့ပတ်သက်ပြီး မတူညီတဲ့ကဏ္ဍတွေက Professional Panelists တွေရဲ့ ဖြတ်သန်းလာခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ အမြင်တွေကိုအခြေခံပြီး Panel Discussion ပြုလုပ်ပေးသွားမှာဖြစ်တဲ့အပြင်

🧠 Mental Health နဲ့ Su***de Prevention အကြောင်းကို ပိုမိုနားလည်စေမယ့် တကယ်အဖိုးတန်တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

🎯 Interactive Activities & Aromatherapy Corner

Well-being အတွက် ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်မယ့် Interactive Activities လေးတွေအပြင် Aromatherapy Corner လေးလည်း ပါဝင်တာမို့ ကိုယ်စိတ်ဝင်စားတဲ့ Activitiesတွေအပေါ် လွတ်လပ်စွာ Explore လုပ်နိုင်မှာဖြစ်ပါတယ်။

🎁 Quiz & Special Gifts

Su***de Prevention နဲ့ Mental Health Awareness ဆိုင်ရာ ဗဟုသုတတွေကို ဖြေဆိုစမ်းသပ်နိုင်မယ့် Quiz ညဏ်စမ်းအစီအစဉ်တွေအပြင် အထူးလက်ဆောင်အစီအစဉ်တွေလည်း ပါဝင်ပါတယ်

🤝 Refreshments & Networking

Mental Health, MHPSS, Community Development, Humanitarian Sector နဲ့ NGO ကဏ္ဍအသီးသီးက ပွဲတက်ရောက်သူတွေအချင်းချင်း ရင်းနှီးစွာတွေ့ဆုံပြီး အတွေ့အကြုံတွေ ဖလှယ်နိုင်မယ့် Networking အခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်။

📌 ဘယ်သူတွေ တက်ရောက်သင့်လဲ?

☑️Mental Health အပိုင်းကို စိတ်ဝင်စားသူများ

☑️Mental Health Professionals & MHPSS Workers

☑️NGO/ INGO အဖွဲ့အစည်းများ

☑️Community & Humanitarian Sector မှ လုပ်ကိုင်နေသူများ

☑️Su***de Prevention အကြောင်း လေ့လာချင်သူများ

☑️ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပိုမိုနားလည်ကူညီချင်သူများ အားလုံး ပါဝင်တက်ရောက်နိုင်ပါတယ်

💪From Lived Experience to Life-Saving Action

အတွေ့အကြုံတွေကို အသိပညာအဖြစ် ပြောင်းလဲပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမိုဖေးမကူညီနိုင်ဖို့၊ တန်ဖိုးရှိတဲ့ အသက်တွေ ကယ်တင်နိုင်ဖို့ ချင်းမိုင်ပွဲမှာ အတူတူတွေ့ဆုံကြရအောင်❣️

📍 EVENT DETAILS

📅 11th October 2026

⏰ 1:00 PM – 4:00 PM

📍 UNISERV, Chiang Mai University

📝 Register Here: https://forms.gle/zHDRQbDQrVcVTdz56

📣 ပွဲကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Comment မှာ “YES” လို့ မန့်ခဲ့ပေးပါနော်။ ❤️

ShinThan နဲ့အတူတူ ရှင်သန်ကြရအောင် 🌱

***dePrevention ***deAwareness

ဘဝက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ရှေ့ဆက်ကြမလဲ?တစ်ခါတလေ..ကိုယ်ကြိုးစားထားသလောက် ဖြစ်မလာတဲ့အခါ၊ က...
09/10/2026

ဘဝက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ရှေ့ဆက်ကြမလဲ?

တစ်ခါတလေ..

ကိုယ်ကြိုးစားထားသလောက် ဖြစ်မလာတဲ့အခါ၊ ကိုယ်မျှော်လင့်ထားတဲ့အရာတွေ လွဲချော်သွားတဲ့အခါ၊ ဒါမှမဟုတ် ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖူးမှာပါ😔

ဥပမာ…

💭 ကိုယ်မျှော်လင့်ထားတဲ့ အလုပ်ကို မရခဲ့တဲ့အခါ

“ငါမအောင်မြင်ဘူး။ ငါ့အတွက် ဘာမှအဆင်မပြေတော့ဘူး” လို့ တွေးမိနိုင်ပါတယ်။

ဒါပေမယ့် Psychological Flexibility ရှိလာတဲ့အခါ ကိုယ့်ရဲ့စိတ်ပျက်မှုကို လက်ခံပေးရင်း “ဒီတစ်ခါ မအောင်မြင်ခဲ့ပေမယ့် ငါ့အတွက် နောက်ထပ်ဘာအခွင့်အရေးတွေ ရှိနိုင်မလဲ?” လို့ ပြန်လည်စဉ်းစားလာနိုင်ပါတယ်။

💭 ကိုယ်ချစ်တဲ့သူနဲ့ ဆက်ဆံရေးမှာ အဆင်မပြေတဲ့အခါ

အရာအားလုံးကို ကိုယ်လိုချင်သလိုဖြစ်အောင် ကြိုးစားတာ၊ တစ်ဖက်လူရဲ့အပြုအမူကို အတင်းပြောင်းလဲဖို့ ကြိုးစားတာမျိုးအစား

ကိုယ့်ခံစားချက်တွေကို နားလည်ပေးဖို့၊ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာနဲ့ မထိန်းချုပ်နိုင်တဲ့အရာတွေကို ခွဲခြားဖို့၊ ကိုယ့်အတွက် အရေးကြီးတဲ့ တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီတဲ့ တုံ့ပြန်မှုကို ရွေးချယ်ဖို့ သင်ယူလာနိုင်ပါတယ်။

💭 ဘဝအစီအစဉ်တွေ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါမှာလည်း

ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ
မအောင်မြင်သေးတာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ့်အစား
လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေဆီကို သွားနိုင်မယ့် လမ်းကြောင်းအသစ်ကို ရှာဖွေနိုင်ပါတယ်။

✨ သတိရဖို့က…

ဘဝမှာ အရာအားလုံးကို ကိုယ်ထိန်းချုပ်လို့မရပေမယ့် အခြေအနေတွေကို ဘယ်လိုတုံ့ပြန်ပြီးရှေ့ဆက်မလဲဆိုတာကိုတော့ တဖြည်းဖြည်းချင်း
သင်ယူနိုင်ပါတယ်။

Psychological Flexibility ဆိုတာ အခက်အခဲတွေကြားမှာ ဘာမှမခံစားရတော့တာ မဟုတ်ပါဘူး။ ခံစားချက်တွေ ရှိနေသေးတဲ့အချိန်မှာတောင် ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေနဲ့ ကိုက်ညီတဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ပါ။ 💚

🌿 ဒီတစ်ပတ်ရဲ့ သောကြာည Emotional Support Session မှာတော့

“Psychological Flexibility: How Do We Stay Flexible When Life Doesn’t Go Our Way?”

ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဘဝက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ရှေ့ဆက်ပြီး ဘယ်လိုတည်ဆောက်နိုင်မလဲ၊ မသေချာမှုတွေနဲ့ အပြောင်းအလဲတွေကြားမှာ ကိုယ့်ကိုယ်ကို ဘယ်လို ရှေ့ဆက်နိုင်မလဲဆိုတာတွေကို

Ms. Agnes Mary (Founder & Counselling Psychologist, EMDR Therapist) မှ ဦးဆောင်မျှဝေပေးသွားမှာဖြစ်တဲ့အပြင် 🤍

❤️အခမဲ့ Emotional Support Session လည်းဖြစ်တာကြောင့် စိတ်ဝင်စားသူတိုင်း အခုပဲ စာရင်းပေးသွင်းပြီး အတူတူ လာရောက် မျှဝေဆွေးနွေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

🗓 နေ့ရက် - 9th October 2026 (သောကြာနေ့)
⏰ အချိန် - ည ၈:၀၀ နာရီ မှ ၉:၀၀ နာရီ အထိ (မြန်မာစံတော်ချိန်)
💻 - ZOOM Application

စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link မှတစ်ဆင့် ဒီအပတ် သောကြာနေ့
ည ၈ နာရီအချိန်မှာ ပါဝင်ပေးနိုင်ပါတယ်ရှင်။

ဘဝက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီးနားလည်ပေးပြီး စိတ်ထားတတ်လာအောင်လို့ သောကြာနေ့ည Session မှာ အတူတူလေ့လာကြရအောင်နော် ။🌱


"Colouring Hope, Repaint Your Life with ShinThan" ​" မျှော်လင့်ခြင်းဖြင့် ဆေး​ရောင်ခြယ် ရှင်သန် App က ကူညီမယ် " ပွဲ အစီစ...
08/10/2026

"Colouring Hope, Repaint Your Life with ShinThan"

​" မျှော်လင့်ခြင်းဖြင့် ဆေး​ရောင်ခြယ် ရှင်သန် App က ကူညီမယ် " ပွဲ အစီစဥ် မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
​
အခုပွဲ​လေးဟာ 10 October မှာ ကျ​ရောက်မယ်
"ကမ္ဘာ့စိတ် ကျန်းမာ​ရေး​နေ. World Mental Health Day ကို ဂုဏ်ပြုသောအားဖြင့် Serenity Mental Health & Counseling Services မှ ဦးစီး ကျင်းပခြင်းဖြစ်ပါတယ်။

Su***de Prevention App တစ်ခုဖြစ်သည့် 'ShinThan' ကို တရားဝင် Launch ပြုလုပ်မည့် ပွဲလည်း ဖြစ်ပါတယ်။
​
စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်စေရန် ၊မိမိ၏ စိတ်ကျန်မာ​ရေးကို မိမိကိုယ်တိုင် ​စောင့်ရှောက်နိုင်ရန် နှင့်လူ့အဖွဲ့စည်း
အတွင်း အချင်းချင်း အ​ခြေခံ စိတ်ပိုင်ဆိုင်ရာ ကူညီ​စောင့်ရှောက်မှု များ ရရှိနိုင်​စေရန် အတွက် ရည်ရွယ်ထားတဲ့ပွဲ​လေးပါ။

Main Speaker က​တော့ မန္တ​လေးတက္ကသိုလ် စိတ်ပညာဌာန မှ အငြိမ်းစား ဆရာမကြီး Dr. ခင်စန်းလှိုင် မှ " လူတိုင်းအတွက် စိတ်ကျန်မာသုခ" ​ခေါင်းစဥ်ဖြင့် မျှဝေဆွေးနွေးပေးသွားမည်ဖြစ်သည့်အပြင် စိတ်ဓာတ်ခွန်အားကို ဖြည့်ပေးမည့် MHPSS Mental Health and Psychosocial Support စိတ်ကျန်းမာ​ရေး လူမှု အ​​ထောက်အပံ့ ဆိုင်ရာ လက်​တွေ့လုပ်​ဆောင်မှု Activity များ၊ ဉာဏ်စမ်းမေးခွန်းများ၊ Quick Quizများ ကိုလည်း တက်​ရောက်သူများ ကိုယ်တိုင်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

11 Oct 2026 (Sunday)

03:00 pm - 05:30 pm

The Parivata Art Gallery Complex
33 Street , Between 69 x 70 Street
Mandalay

စိတ်ကျန်းမာရေးကို အတူတကွ ဂရုစိုက်ပြီး မျှော်လင့်ချက်ရောင်စဉ်များဖြင့် မိမိဘဝကို ပြန်လည်ပုံ​ဖော် ဆေးခြယ်ဖို့ အခုပဲ
​အောက်​ဖော်ပြပါ link https://forms.gle/GmXxAnkYxqRPNc9T6
သို့မဟုတ်
Page Messanger ကို စာရင်းပေးသွင်းလိုက်ပါ။





Serenity မှ ကျင်းပမယ့် ShinThan Application မိတ်ဆက်ပွဲ(World Mental Health Day) မှာ—“From Lived Experience to Life-Savin...
07/10/2026

Serenity မှ ကျင်းပမယ့် ShinThan Application မိတ်ဆက်ပွဲ
(World Mental Health Day) မှာ—

“From Lived Experience to Life-Saving” ခေါင်းစဉ်နဲ့ Panel Discussion ကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး Panelists ၃ ဦး ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ 🌱

1. 👩🏻 Nweni Myo Wynn
Founder, Change the World
Master of Clinical Social Work, Columbia University, New York

2. 👩🏻‍⚕️ Dr. May (MD)
Expressive Arts Therapist
Certified Play Therapist & Certified Art Therapist
MHPSS Trainer and Supervisor

3. 👩🏻 Kyar Nyo Thin
Teacher

မတူညီတဲ့ အတွေ့အကြုံနဲ့ အမြင်တွေကနေ Mental Health အကြောင်းကို အတူတူနားထောင်၊ မျှဝေ၊ ဆွေးနွေးကြမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ 💚

From Lived Experience to Life-Saving.

ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတစ်ခုက
တစ်စုံတစ်ယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု၊
သင်ခန်းစာတစ်ခု၊ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။ 💚

📅 Date — 11th October 2026
⏰ Time — 1:00 PM – 4:00 PM
📍 Venue — UNISERV, Chiang Mai University

📝 Register Here: https://forms.gle/zHDRQbDQrVcVTdz56

🌻 In Serenity, We Care.





07/10/2026

Serenity မှ အပတ်စဥ် ပြုလုပ်ပေးနေတဲ့ Friday Emotional Support Session မှာ

Serenity ရဲ့ Founder & Counseling Psychologist တစ်ယောက်ဖြစ်တဲ့ Ms. Agnes Mary က "ကိုယ့်ရဲ့ပျော်ရွှင်မှုက တခြားတစ်ယောက်ဆီမှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးပေးသွားတဲ့အကြောင်းအရာ အပြည့်အစုံကို Youtube မှာ ပြန်လည်နားဆင်နိုင်ပါပြီ ခင်ဗျ ။

Youtube Link : https://youtu.be/An0l3gw70Ms

ရှင်သန် ချင်းမိုင်ကိုရောက်လာပါပြီ။
06/10/2026

ရှင်သန် ချင်းမိုင်ကိုရောက်လာပါပြီ။

ရှင်သန် ချင်းမိုင်ကို ရောက်လာပါပြီ
03/10/2026

ရှင်သန် ချင်းမိုင်ကို ရောက်လာပါပြီ

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ | World Mental Health Day 2026အောက်တိုဘာ ၁၀၊ ၂၀၂၆🗣️ “သူတို့ရဲ့အသံကို နားထောင်ရုံနဲ့ မလုံလောက်ပါဘ...
03/10/2026

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ | World Mental Health Day 2026
အောက်တိုဘာ ၁၀၊ ၂၀၂၆

🗣️ “သူတို့ရဲ့အသံကို နားထောင်ရုံနဲ့ မလုံလောက်ပါဘူး။

သူတို့ရဲ့အသံက ပြောင်းလဲမှုတွေကို ဖန်တီးနိုင်ရပါမယ်။”

ဒီနှစ် World Mental Health Day ရဲ့ အဓိကသတင်းစကားကတော့—

💬 “Lived experiences heard: real voices, real change”
ကိုယ်တိုင်ဖြတ်သန်းခဲ့သူတွေရဲ့ အသံကို နားထောင်ပြီး တကယ့်ပြောင်းလဲမှုကို ဖန်တီးကြပါစို့။

စိတ်ကျန်းမာရေးအခက်အခဲတွေကို ကိုယ်တိုင်ဖြတ်သန်းဖူးသူတွေမှာ
📌 စာအုပ်ထဲက သီအိုရီနဲ့ မရနိုင်တဲ့ အသိအမြင်တွေ၊
📌 ကိုယ်တိုင်ခံစားဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊
📌 စနစ်နဲ့ ဝန်ဆောင်မှုတွေ ဘယ်နေရာမှာ လိုအပ်နေသလဲဆိုတာကို သိမြင်နိုင်တဲ့ အမြင်တွေ ရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေ—

“ကိုယ့်အတွေ့အကြုံကို ပြောပြပါ” လို့ တောင်းဆိုခံရပေမယ့်
“ဆုံးဖြတ်ချက်ချတဲ့အချိန်မှာတော့ ကိုယ့်အသံ မပါဝင်တော့ဘူး” ဖြစ်နေတတ်ပါတယ်။

🫶 အမှန်တကယ် ပါဝင်ခွင့်ပေးခြင်းဆိုတာ
နားထောင်ပေးရုံမဟုတ်ပါဘူး။

✨ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ပေးခြင်း
✨ Mental Health Services တွေကို အတူတကွ ဒီဇိုင်းဆွဲခြင်း
✨ Peer Support နဲ့ Peer-led approaches တွေကို အားပေးခြင်း
✨ အမည်းစက် (Stigma) တွေကို စိန်ခေါ်ခြင်း
✨ စိတ်ကျန်းမာရေးစနစ်တွေ ပိုမိုတာဝန်ယူမှုရှိလာစေခြင်း

တို့လည်း ပါဝင်ပါတယ်။

🏠 ထို့အပြင် စိတ်ကျန်းမာရေးအခက်အခဲရှိသူတွေကို အဖွဲ့အစည်းကြီးတွေမှာ ရေရှည်ခွဲထားခြင်းထက် လူ့အသိုင်းအဝိုင်းအတွင်းမှာ လွတ်လပ်စွာ နေထိုင်နိုင်ပြီး လူသားဆန်တဲ့၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လေးစားတဲ့၊ လူကိုဗဟိုပြုတဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီ World Mental Health Day မှာ—

“သူတို့အတွက်” ဆုံးဖြတ်ပေးတာထက်
“သူတို့နဲ့အတူ” ဆုံးဖြတ်ကြပါစို့။

နားထောင်ရုံကနေ
➡️ ပါဝင်ခွင့်ပေးခြင်းဆီ
ပါဝင်ခွင့်ပေးခြင်းကနေ
➡️ လုပ်ဆောင်မှုဆီ
လုပ်ဆောင်မှုကနေ
➡️ တကယ့်ပြောင်းလဲမှုဆီ သွားကြပါစို့။

Real voices. Real change. 💙
Reference : https://www.who.int/campaigns/world-mental-health-day/2026






“ကိုယ့်ရဲ့ပျော်ရွှင်မှုက တခြားတစ်ယောက်ရဲ့လက်ထဲမှာ ရှိနေပြီလား?” 🌿တစ်ခါတလေ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေက တစ်ယောက်ယောက်ရဲ့ စ...
02/10/2026

“ကိုယ့်ရဲ့ပျော်ရွှင်မှုက တခြားတစ်ယောက်ရဲ့လက်ထဲမှာ ရှိနေပြီလား?” 🌿

တစ်ခါတလေ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေက တစ်ယောက်ယောက်ရဲ့ စကား၊ အပြုအမူ၊ attention နဲ့ reply တွေပေါ်မှာ မသိမသာ မူတည်လာတတ်ဖူးကြလား ❓

သူက ကိုယ့်ကို ဂရုစိုက်ရင် —
ကိုယ်က တန်ဖိုးရှိသလိုခံစားရတယ်။

သူက အေးစက်သွားရင် —
ကိုယ်က မလုံခြုံတော့ဘူး။

သူ reply မပြန်ရင် —
အတွေးတွေ စတင်လာတယ်။

သူနဲ့ အဆင်မပြေရင် —
တစ်နေ့လုံး စိတ်မကောင်းဖြစ်နေတတ်ဖူးကြမှာပါ

ကျွန်မတို့ဟာ လူသားတွေဖြစ်နေတဲ့အလျောက် ကိုယ်ချစ်ရတဲ့သူတွေဆီက
အချစ်၊ ဂရုစိုက်မှု၊ support နဲ့ companionshipကို လိုအပ်ကြပါတယ်

ဒါပေမယ့်…
“သူရှိမှ ငါပျော်နိုင်တယ်”
“သူမချစ်ရင် ငါ့တန်ဖိုးမရှိတော့ဘူး”
“သူ့ဆီက reassurance မရရင် ငါအဆင်မပြေဘူး”
ဆိုတဲ့အဆင့်အထိ ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ emotional well-being ကိုပါ ထိခိုက်လာနိုင်ပါတယ်

🧠 ဘာကြောင့် ဒီလိုတွေ ဖြစ်လာရတာလဲ?

😔Attachment နဲ့ လုံခြုံမှုလိုအပ်ချက်
😔အထီးကျန်မှုနဲ့ emotional needs
😔ကိုယ့်တန်ဖိုးကို တခြားသူရဲ့အမြင်နဲ့ ချိတ်ဆက်မိခြင်း
😔Past Experiencesတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်

လူတွေဟာ သဘာဝအရ connection နဲ့ belongingness လိုအပ်ကြသလို

ချစ်ခင်ရတဲ့သူတွေဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုရတဲ့အခါ လုံခြုံမှု၊ ပျော်ရွှင်မှုနဲ့ တန်ဖိုးရှိတယ်ဆိုတဲ့ခံစားချက်တွေ ရလာနိုင်တာကတော့ မှန်ပါတယ်

😔ဒါပေမယ့် အဲဒီခံစားချက်တွေအားလုံးကို လူတစ်ယောက်တည်းဆီကပဲ ရရှိဖို့ မျှော်လင့်လာတဲ့အခါ—

သူမရှိတဲ့အချိန်မှာ
“ငါဘယ်လိုလုပ်ရမလဲ?” ဆိုပြီး ကိုယ့်ကိုယ်ကို
ပြန်မသိတော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီတစ်ပတ် သောကြာည Emotional Support Session မှာတော့

🌿 “မိမိရဲ့ပျော်ရွှင်မှုက တခြားတစ်ယောက်ဆီမှာလား?” ဆိုတဲ့ Topic နဲ့အတူ

Emotional Dependency, Reassurance,
Self-worth, Emotional Independence တို့ကိုချိတ်ဆက်ပြီး

🎙Serenity ရဲ့ ပဲ့ကိုင်ရှင် Ms. Agnes Mary
Founder & Counselling Psychologist, EMDR Therapist မှ ဦးဆောင်မျှဝေပေးသွားမှာဖြစ်တဲ့အပြင် 🤍

❤️အခမဲ့ Emotional Support Session လည်းဖြစ်တာကြောင့် စိတ်ဝင်စားသူတိုင်း အခုပဲ စာရင်းပေးသွင်းပြီး အတူတူ လာရောက် မျှဝေဆွေးနွေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

🗓 နေ့ရက် - 2nd October 2026 (သောကြာနေ့)
⏰ အချိန် - ည ၈:၀၀ နာရီ မှ ၉:၀၀ နာရီ အထိ (မြန်မာစံတော်ချိန်)
💻 - ZOOM Application

စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link မှတစ်ဆင့် ဒီအပတ် သောကြာနေ့
ည ၈ နာရီအချိန်မှာ ပါဝင်ပေးနိုင်ပါတယ်ရှင်။

“သူ့ကိုချစ်လို့ ပျော်ရွှင်နိုင်သလို
ကိုယ့်ဘဝကိုယ်လည်း ပျော်ရွှင်နိုင်ဖို့…” 🤍

Address

Yangon
11111

Alerts

Be the first to know and let us send you an email when Serenity Counseling & Mental Health Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share