Dr.ရွှေ

Dr.ရွှေ ကလေးတို့ရဲ့ ကျန်းမာရေး ဆွေးနွေးတိုင်ပင်ကြမယ်လေ

နိုင်ငံတကာက ဆရာ၀န်တွေက မိမိတတ်မြောက်ထားတဲ့ အသိပညာ အတတ်ပညာတွေကို အမြဲတိုးတက်နေအောင် သင်ယူနေကြဆဲပါပဲ.....ဒီနေ့မှာတော့ ဆယ်က...
07/06/2026

နိုင်ငံတကာက ဆရာ၀န်တွေက မိမိတတ်မြောက်ထားတဲ့ အသိပညာ အတတ်ပညာတွေကို အမြဲတိုးတက်နေအောင် သင်ယူနေကြဆဲပါပဲ.....
ဒီနေ့မှာတော့ ဆယ်ကျော်သက်တို့ရဲ့ ဖြစ်လေ့ရှိတဲ့ရောဂါဝေဒနာလေးတွေအတွက် တစ်ရက်သာ သင်တန်းကို လာတက်ဖြစ်ပါတယ်။

‌Coffee မကြိုက်တဲ့ ဆရာ၀န်ကလဲ ရှားသားလား။ ဒေါက်ရွှေတို့ဆီမှာတော့ ဆရာ၀န်တွေတက်ရတဲ့ သင်တန်းတိုင်းမှာ Coffee Dessert ကတော့အမြဲပြင်ဆင်ထားပေးလေ့ရှိပါတယ်။
#ဒေါက်ရွှေ

တွက်ချက်နဲ့နှမ်းထွက်က မကိုက်....ဒေါက်ဖိနပ်စီးပြီး အလုပ်တက်ချင်တဲ့ ဒေါက်ရွှေ..... ဆေးခန်းပဲထိုင်တော့မယ်ဆိုဒေါက်ဖိနပ်တစ်ရံ...
13/05/2026

တွက်ချက်နဲ့နှမ်းထွက်က မကိုက်....
ဒေါက်ဖိနပ်စီးပြီး အလုပ်တက်ချင်တဲ့ ဒေါက်ရွှေ..... ဆေးခန်းပဲထိုင်တော့မယ်ဆိုဒေါက်ဖိနပ်တစ်ရံပြေး၀ယ်တယ်။ Emergency ကခေါ်ခေါ် ICU ပဲဖြစ်ဖြစ် Delivery Room ကမွေးမွေး ပြေးစရာမလိုတော့ဘူးပေါ့လေ.....
အလုပ်ကို ဒေါက်ဖိနပ်စီးလာတာ..... ဆေးခန်းဘေးမှာ ကားရပ် ကားပေါ်ကဆင်း ဆေးခန်းထဲ၀င်..... တောက်လျောက်ကို ထိုင်နေရုံပဲလေ ..... ထစရာလဲ မလို လမ်းလဲမလျောက်ရနဲ့ ဒေါက်ဖိနပ်စီးထားတာလဲ ဘူမှမသိ 😬😅.......ငါ့နှယ်....😁😁😁

#ဒေါက်ရွှေ

ပထမဆုံး အလုပ်သစ်မှာ စတက်ရတဲ့ရက်.... မနက်ကအစောကြီး ထ  နိုးနေတာရော နားချင်တာရောကြောင့် နေ့လည် အိပ်တော်မူနေတာ....... ဖုန်းမ...
05/05/2026

ပထမဆုံး အလုပ်သစ်မှာ စတက်ရတဲ့ရက်.... မနက်ကအစောကြီး ထ နိုးနေတာရော နားချင်တာရောကြောင့် နေ့လည် အိပ်တော်မူနေတာ....... ဖုန်းမြည်တော့ သားရဲ့ကျောင်း ဆရာမအခန်းက နံပါတ်....
လန့်ဖျန့်ပြီး ငုတ်တုတ်ထကိုင်.....
"ဟုတ်ကဲ့ ဆရာမ ဘာများဖြစ်လို့ပါလဲ" ပေါ့.......
သားများနေမကောင်းဖြစ်လား ချော်လဲသလား ဒဏ်ရာရသလား တွေးရင်း မဖြစ်နိုင်ပါဘူး တစ်ခုခု ပြိုင်ပွဲ၀င်ဖို့ ပြောဖို့ထင်ပါတယ် နဲ့ ဆရာမအသံကလဲ ဖုန်းထဲကထွက်မလာ........
ခဏနေမှ သားတော်မောင်ရဲ့အသံပိစိက ဖုန်းထဲကနေ .... “ 媽媽 母親節快樂 愛您 ” တဲ့ 🥰🥰🥰 Happy Mother's Day Love you Mommy လို့ပြောတာပါ။ အတော်ကို Heart 💜 ထိသွားပြီး ဆရာမကိုလဲ ကျေးဇူးတင်မိတယ်။ ကျွန်မတို့တွေဟာ ချစ်ခြင်းတရားကို ဖွင့်ဟပြောဆိုဖို့ ၀န်လေးတတ်ကြတယ်.... အချစ်ဟာ နှုတ်နဲ့ပြောစရာမလိုဘူး ချစ်နေရင်ရပြီလို့ထင်နေတတ်ကြတယ်။ တခါတရံမှာ အသံလှိုင်းရဲ့ ခွန်အားတွေဟာ မထင်မှတ်စရာကောင်းလောက်အောင် စွမ်းအားကောင်းလှပါတယ်💕
Happy Mother's Day ❤️ to all the Mom in the world .......
#ချစ်တတ်ကြပါစေ....
#ချစ်ခြင်းမေတ္တာများ
#ဒေါက်ရွှေ
❣️🥰🥰🥰❣️

2026.05.05 ကစပြီး ဒီမှာရှိမယ်နော် ......
02/05/2026

2026.05.05 ကစပြီး ဒီမှာရှိမယ်နော် ......

တခါတလေမှာ တန်ဖိုးကြီးတယ်လို့ထင်ရတဲ့အရာတွေကိုလွှတ်ချလိုက်ရတာ ပိုကောင်းတဲ့အရာတွေကို လက်ခံယူဖို့ပါ။ ရာထူးတစ်ခုကို တာ၀န်ယူချ...
16/04/2026

တခါတလေမှာ တန်ဖိုးကြီးတယ်လို့ထင်ရတဲ့အရာတွေကိုလွှတ်ချလိုက်ရတာ ပိုကောင်းတဲ့အရာတွေကို လက်ခံယူဖို့ပါ။

ရာထူးတစ်ခုကို တာ၀န်ယူချင်စိတ်ထက် အာဏာလိုချင်စိတ်နဲ့ လိုချင်ကြတဲ့သူတွေက ပိုများပါတယ်။

ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာ ကိုယ်နဲ့သင့်တော်ရာကို တိကျပြတ်သားစွာ သိရှိသူမို့ လက်ရှိနေရာလေးကို လကုန်မှာနှုတ်ဆက်ပါပြီ။

2026ခုနှစ်အတွက် အကောင်းဆုံးလက်ဆောင်လေးဖြစ်ပါစေ ဒေါက်ရွှေ🥰

#ဒေါက်ရွှေ

 40ကျော်လာတဲ့အမျိုးသမီးတယောက်ဟာ လှချင်ပချင်တဲ့နှစ်ဆယ်ကျော်သက်အရွယ်ကိုဖြတ်သန်းခဲ့ပြီးပြီ။ အားနဲ့မာန်နဲ့ကြိုးစားရုန်းကန်ခဲ...
11/04/2026



40ကျော်လာတဲ့အမျိုးသမီးတယောက်ဟာ လှချင်ပချင်တဲ့နှစ်ဆယ်ကျော်သက်အရွယ်ကိုဖြတ်သန်းခဲ့ပြီးပြီ။

အားနဲ့မာန်နဲ့ကြိုးစားရုန်းကန်ခဲ့ရတဲ့ သုံးဆယ်ကျော်အရွယ်ကိုဖြတ်သန်းခဲ့ပြီးပြီ။

အောင်မြင်မှုတွေ တည်ငြိမ်မှုတွေနဲ့ စတင်ရင့်ကျက်လာနေပြီဖြစ်တဲ့ 40ကျော်အရွယ်မှာ ဘ၀အတွေ့အကြုံတွေနဲ့ ငါမှန်တယ်ဆိုတဲ့ မာန်တွေ တက်လာတတ်တဲ့အရွယ်.....

တကယ်တော့ သားသမီးတွေအတွက် မိဘတွေအတွက် အိမ်ထောက်ဖက်အတွက် မိသားစု မောင်နှမ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ ငါမှန်တယ် သူမှားတယ်ဆိုတာ အဓိက မဟုတ်ဘဲ သင့်မြတ်စွာ လျော်ညီစွာပေါင်းသင်းဆက်ဆံနိုင်ရေးကသာ အရေးကြီးတာပါ။

အမေက အဖေ့ကိုအမြဲတန်းပွစိပွစိနဲ့ အပြစ်တင်နေတဲ့အခါ ဘယ်သူမှန်မှန် ဘယ်သူမှားမှား သင့်မြတ်နေခြင်းကသာ သားသမီးတွေကို စိတ်ချမ်းသာပျော်ရွှင်စေတာဖြစ်ပါတယ်။

ကိုယ်နဲ့ အိမ်ထောင်ဖက်နဲ့ ကိုယ်မှန်တယ် သူမှားတယ် ငြင်းနေတာထက် သင့်မြတ်နေခြင်းကသာ အရေးကြီးတာဖြစ်ပါတယ်။

သားနဲ့သမီး ကိုယ်မှန်တယ်သူမှားတယ်ငြင်းခုံရန်ဖြစ်နေတာထက် သင့်မြတ်နေခြင်းကသာ မိဘတွေကိုစိတ်ချမ်းသာစေတာဖြစ်ပါတယ်။

40ကျော်အရွယ်အမျိုးသမီးတွေဟာ တစ်နည်းအားဖြင့်လဲ စိတ်အတက်အကျအနိမ့်အမြင့်လွယ်တဲ့ အမျိုးသမီးဟိုမုန်းအပြောင်းအလဲများဖြစ်နေချိန်လဲဖြစ်တာမို့ စိတ်ဆတ်တာစိတ်တိုတာ စိတ်ဆိုးတာ ၀မ်းနည်း၀မ်းသာတွေဟာဖြစ်နေမှာပါ။

ကျွန်မတို့ဟာ စိတ်မဆိုးစိတ်မတိုတတ်ဖို့ ထိန်းချုပ်ရမှာမျိုးမဟုတ်ဘဲ ကောင်းမွန်စွာပြောဆိုညှိနှိုင်းဖြေရှင်းတတ်ဖို့ ဘာမှန်းမသိ စိတ်ဆိုးစိတ်တိုနေတာမျိုးကို မိမိကိုယ်ကိုယ်အမြန်သတိကပ်ဖို့ Energy ကို မြန်မြန်shiftလုပ်တတ်ဖို့တွေ လိုအပ်တာပါ။

အမြဲတန်းကိုအကုန်မလုပ်နိုင်ရင်တောင် လုပ်နိုင်တာလေးတွေလုပ်နိုင်သမျှလုပ်ပါ။

*ကျန်းမာစွာ နေထိုင်စားသောက်ပါ။ အရမ်းစားချင်နေတဲ့ မကျန်းမာတဲ့အရာတွေကို စားတယ်ဆိုရုံလေး စားကာကျေနပ်လိုက်ရုံဖြင့်စတင်ပါ။
*မိမိကိုးကွယ်ယုံကြည်ရာဘာသာရေးအတွက် နေ့စဉ်အချိန်ပေးကာ စိတ်တည်ငြိမ်မှုကိုရယူပါ။
*မိမိဝါသနာပါရာ စိတ်အပန်းဖြေမှုတစ်ခုကိုရှာဖွေသိရှိပါ။
*လုပ်ကိုလုပ်နေရမယ့် အိမ်အလုပ် အပြင်အလုပ် မိသားစုအလုပ် တွေကို ပျော်ရွှင်ပေါ့ပါးသောစိတ်ထားဖြင့် လုပ်ပါ။
* စိတ်ဆင်းရဲနေတာတွေကိုသေချာပြန်လည်သုံးသပ်ပြီး အရေးမကြီးတာတွေကိုဖယ်လိုက်ပါ။
* သူများကြောင့် ကိုယ့်ကိုကိုယ် စိတ်ညစ်မခံပါနဲ့။
*Me time ထားပါ။ အနားယူချိန်မှာ အားရပါးရ စိတ်လွတ်ကိုယ်လွတ် နားလိုက်ပါ။

စိတ်ဆိုတာ အနားပေးဖို့လိုပါတယ်။ ရှေ့ဆက်ရမယ် ခွန်အားတွေလဲဖြစ်ပါတယ်🥰
#ဒေါက်ရွှေ

40,是一種剛剛好的美。
不只是窈窕的身材,
更是走過歲月後的從容與自信。
我喜歡現在的自己——
有努力過的痕跡,有堅持過的成果,
也有不再需要討好世界的自在。
在最盛開的季節裡,
我也正好,盛開成自己喜歡的樣子。 🌸
#優雅自信 #剛剛好的美 #活成自己喜歡的樣子

အိပ်နေရင်းတောင်ငွေ၀င်တယ်ဆို‌ပေမယ့်လဲ  အိပ်ချင်တဲ့နေရာလေးလဲဖြစ်ဦးမှ😁ညဂျူတီတွေမဆင်းတော့ဘူးကွယ်....
24/03/2026

အိပ်နေရင်းတောင်ငွေ၀င်တယ်ဆို‌ပေမယ့်လဲ အိပ်ချင်တဲ့နေရာလေးလဲဖြစ်ဦးမှ😁

ညဂျူတီတွေမဆင်းတော့ဘူးကွယ်....

နောက်ဆိုရင် မရောက်ဖြစ်တော့မယ့် တောတောင်‌ေဒသ ဒေသန္တရလေးတွေ 😊
11/03/2026

နောက်ဆိုရင် မရောက်ဖြစ်တော့မယ့် တောတောင်‌ေဒသ ဒေသန္တရလေးတွေ 😊

ဘာဖြစ်လို့လဲ ဘာကြောင့်လဲ ဆိုတာတွေထက် ဘယ်လိုလုပ်သင့်လဲ ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာမျိုးကိုပဲ စဉ်းစားဖြစ်တော့တယ် 🍀 #ဒေါက်ရွ...
10/03/2026

ဘာဖြစ်လို့လဲ ဘာကြောင့်လဲ ဆိုတာတွေထက် ဘယ်လိုလုပ်သင့်လဲ ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာမျိုးကိုပဲ စဉ်းစားဖြစ်တော့တယ် 🍀
#ဒေါက်ရွှေ

ဘယ် level ရောက်နေပြီလဲဆို ဒူတီချိန်မှာ facial mask 😷 ယူလာပြီးကပ်တဲ့ level ရောက်နေပါပြီ 🤭🤭🤭 #ဒေါက်ရွှေ
20/02/2026

ဘယ် level ရောက်နေပြီလဲဆို ဒူတီချိန်မှာ facial mask 😷 ယူလာပြီးကပ်တဲ့ level ရောက်နေပါပြီ 🤭🤭🤭
#ဒေါက်ရွှေ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Dr.ရွှေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category