Rangoon Medical Center

Call Directions Website Contact the practice

Rangoon Medical Center ကျန်းမာရေး၊ အလုပ်အကိုင်၊ သင်္ဘောသားနှင့် ပြည်ပထွက် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေး ဆေးစစ်စင်တာ

🔴🔵🪔 ဝါလကင်းလွတ် သီတင်းကျွတ်မှာ ချစ်ရတဲ့သူတွေကို "ကျန်းမာခြင်း လက်ဆောင်" ပေးကြဖို့ RGMC ရဲ့ အထူး Package လေးတွေလာပါပြီ… 🪔...
02/10/2026

🔴🔵🪔 ဝါလကင်းလွတ် သီတင်းကျွတ်မှာ ချစ်ရတဲ့သူတွေကို "ကျန်းမာခြင်း လက်ဆောင်" ပေးကြဖို့ RGMC ရဲ့ အထူး Package လေးတွေလာပါပြီ… 🪔

မြတ်နိုးရတဲ့ မိဘဘိုးဘွားတွေနဲ့ ချစ်ခင်ရသူတွေကို ကန်တော့တဲ့အခါ စိတ်အေးချမ်းမှုနဲ့ ကျန်းမာသုခကိုပါ ပေးစွမ်းနိုင်ဖို့ Rangoon Medical Center (RGMC) က အသက်အရွယ်အလိုက် သီးသန့်စနစ်တကျ စီစဉ်ပေးထားတဲ့ Thadingyut Special Health Checkup Packages တွေကို Up to 45% OFF Discount အထိအထူးစီစဉ်ပေးထားပါတယ်။ ✨

🎁 အသက်အရွယ်အလိုက် ရွေးချယ်နိုင်မယ့် Promotion Packages တွေကတော့…

- Middle-Age Package ( Age 40-49)

- Mature Package ( Age 50-59)

-Senior Package ( Age 60+ )

[လူကြီးမိဘတွေအတွက်လိုအပ်သမျှ စုံစုံလင်လင် စစ်ဆေးပေးနိုင်မယ့် Package]

- Early Adult Package - 1 ( Age 30-39)

- Early Adult Package - 2 ( Age 30-39)

[အလုပ်ခွင်မှာလုပ်ကိုင်ဆဲသူတွေနဲ့ လူလတ်ပိုင်း အရွယ်တွေအတွက် အပြည့်အဝ စစ်ဆေးပေးနိုင်မယ့် Package]

မကြာခင်ကျရောက်လာတော့မယ့်ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယမှာ ချစ်ရသူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက် စောင့်ရှောက်ပေးခြင်းထက် ပိုမိုမြတ်နိုးဖွယ်ကောင်းတဲ့ လက်ဆောင် မရှိပါဘူး။

ဒါကြောင့် အခုလိုအခွင့်သင့်တုန်း မှာ RGMC ရဲ့ သီတင်းကျွတ် အထူး Discount Packages လေးတွေနဲ့ ဒီနေ့ပဲ ကျန်းမာရေး လက်ဆောင်ပေးလိုက်ပါ။ 🩺💛

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ

အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center

Your healthcare partner for a better future..

ဆေးခန်းလိပ်စာ

အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)

Google Map

Rangoon Medical Center

https://goo.gl/maps/Df9SCXD1v4pd2NMr5

ဆေးခန်းဖွင့်ချိန်

မနက် ၉ - ညနေ ၅

09 761112826

​09 761112827

[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ်
#ရောဂါရှာဖွေရေးဆေးခန်း #ကျန်းမာရေးစစ်ဆေးမှု #သီတင်းကျွတ်လက်ဆောင်

🔵🔴❤️ဒီနေ့ကျရောက်တဲ့  စက်တင်ဘာ (၂၉) ရက် ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) ဖြစ်ပါတယ်။ ❤️မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ င...
29/09/2026

🔵🔴❤️ဒီနေ့ကျရောက်တဲ့ စက်တင်ဘာ (၂၉) ရက် ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) ဖြစ်ပါတယ်။ ❤️

မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ငြီးငြူမှုမရှိဘဲ အလုပ်လုပ်ပေးနေတဲ့ ကိုယ့်ရဲ့ နှလုံးသားလေးအတွက် ဒီနေ့မှာ သေချာဂရုစိုက်ပေးခဲ့ရဲ့လား… ?ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့ နှလုံး ကျန်းမာနေဖို့ဆိုတာ ဘဝမှာ အပြုံးမပျက်ဘဲ ရှေ့ဆက်နိုင်ဖို့အတွက် အဓိကသော့ချက်ပါပဲ။

နှလုံးရောဂါဆိုတာ သတိမထားမိဘဲ တိတ်တဆိတ် ရောက်လာတတ်တာကြောင့် ပုံမှန် စစ်ဆေးမှုပြုလုပ်ပေးဖို့ကျိန်းသေလိုအပ်ပါတယ်။

💡 နှလုံးကျန်းမာရေးအတွက် RGMC မှာ ဘာတွေစစ်ဆေးလို့ရလဲ။

• ECG နှလုံးစက် ရိုက်ကူးခြင်း (နှလုံးခုန်နှုန်းနှင့် စည်းချက် မှန်မမှန် စစ်ဆေးခြင်း)

• Lipid Profile (သွေးတွင်း အဆီဓာတ်) စစ်ဆေးခြင်း

• သွေးချို/ဆီးချို နှင့် အထွေထွေ ကျန်းမာရေး စစ်ဆေးပေးခြင်း

ဒါတင်မကသေးပါဘူး… အပြင်ထွက်ဖို့ အခက်အခဲရှိတဲ့ ဘိုးဘိုးဘွားဘွားတွေနဲ့ ဝေဒနာရှင်တွေရဲ့ နှလုံးကျန်းမာရေး အတွက်လည်း ECG ရိုက်ပေးခြင်း၊ သွေးဖောက်/သွေးစစ်ပေးခြင်း ဝန်ဆောင်မှုတွေကိုအိမ်တိုင်ရာရောက် တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ 🏠🩺

ခန္ဓာကိုယ်ရဲ့ အဓိက စက်ယန္တရားဖြစ်တဲ့ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကို RGMC နဲ့အတူစောင့်ရှောက်လ်ိုက်ပါ..

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ

အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center

Your healthcare partner for a better future..

ဆေးခန်းလိပ်စာ

အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)

Google Map

Rangoon Medical Center

https://goo.gl/maps/Df9SCXD1v4pd2NMr5

ဆေးခန်းဖွင့်ချိန်

မနက် ၉ - ညနေ ၅

09 761112826

09 761112827

[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ကုမ္ပဏီ #အိမ်တိုင်ရာရောက်

#ရောဂါရှာဖွေရေးဆေးခန်း





#ကျန်းမာရေးအသိပညာ

🔵🔴"အရောက်လာဖို့ခက်ခဲနေလည်းစိတ်ပူစရာလုံးဝမလိုတော့ပါဘူး..”ကျော်သွားလို့မရတဲ့ ကိစ္စရပ်တွေထဲမှာ ကျန်းမာရေးကိစ္စတွေကလည်း နံပတ...
24/09/2026

🔵🔴"အရောက်လာဖို့ခက်ခဲနေလည်းစိတ်ပူစရာလုံးဝမလိုတော့ပါဘူး..”
ကျော်သွားလို့မရတဲ့ ကိစ္စရပ်တွေထဲမှာ ကျန်းမာရေးကိစ္စတွေကလည်း နံပတ်တစ်အရေးအကြီးဆုံးပါပဲ။ ဒါပေမဲ့ ဒီလို မဖြစ်မနေ ကျန်းမာရေးစစ်ဆေးမှုတွေအတွက် ဆေးခန်းတွေကျန်းမာရေးစင်တာတွေကို သွားဖို့ အဆင်မပြေတဲ့အခြေအနေမျိုးတွေလည်းကြုံရတတ်ပါတယ်။ဥပမာ-
• အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားကို ကားပေါ်တင်ဖို့၊ လှေခါးအတက်အဆင်းလုပ်ဖို့ မလွယ်ကူတဲ့အခါ…
• လေဖြတ်ထားလို့ ဒါမှမဟုတ် ခွဲစိတ်ထားလို့ လှုပ်ရှားဖို့ ခက်ခဲနေတဲ့အချိန်…
• အလုပ်တွေရှုပ်၊ မိုးတွေရွာ၊ လမ်းတွေပိတ်ပြီး အပြင်ထွက်ဖို့ စိတ်ညစ်နေရတဲ့အခါ…
ဒီလိုအခက်အခဲတွေနဲ့ စိတ်ပင်ပန်းမှုတွေကို မဖြစ်ရလေအောင် လူကြီးမင်းတို့ကိုယ်တိုင် လာစရာမလိုဘဲ ဆရာဝန်၊ ကျွမ်းကျင်သူတွေကိုယ်တိုင်အိမ်ကိုလာပြီး ဝန်ဆောင်မှုပေးမယ့် Home Health Care Service ကို Rangoon Medical Center မှာရနိုင်ပါပြီ။

🩺 အိမ်တိုင်ရာရောက် ရရှိနိုင်မည့် ဝန်ဆောင်မှုများ
• သွေးဖောက် / သွေးစစ်ခြင်း
• ဆီး၊ ဝမ်းနှင့် အခြားဓာတ်ခွဲနမူနာများ စစ်ဆေးခြင်း
• ECG နှလုံးစက် ရိုက်ပေးခြင်း
• ကာကွယ်ဆေးများထိုးပေးခြင်း

ဒီလိုဝန်ဆောင်မှုတွေကို ISO ရထားတဲ့ Rangoon Medical Center က ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင်အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုပေးနေပါတယ်။

မိသားစုဝင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ပဲ အိမ်တိုင်ရာရောက် ရယူလိုက်ပါ!...

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ
အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center
Your healthcare partner for a better future..

ဆေးခန်းလိပ်စာ
အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)
Google Map
Rangoon Medical Center
https://goo.gl/maps/Df9SCXD1v4pd2NMr5
ဆေးခန်းဖွင့်ချိန်
မနက် ၉ - ညနေ ၅
09 761112826
09 761112827
[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ကုမ္ပဏီ #အိမ်တိုင်ရာရောက်
#ရောဂါရှာဖွေရေးဆေးခန်း

🔴🔵စောင့်ဆိုင်းရတဲ့ ဒုက္ခတွေကို ငြီးငွေ့နေပြီဆိုရင်... Rangoon Medical Centerရှိတယ်! 🏥✨ဆေးရုံ၊ ဆေးခန်းသွားတိုင်း တန်းစီစေ...
21/09/2026

🔴🔵စောင့်ဆိုင်းရတဲ့ ဒုက္ခတွေကို ငြီးငွေ့နေပြီဆိုရင်... Rangoon Medical Centerရှိတယ်! 🏥✨

ဆေးရုံ၊ ဆေးခန်းသွားတိုင်း တန်းစီစောင့်ဆိုင်းရလွန်းလို့ အချိန်တွေကုန်၊ ဝန်ဆောင်မှုကမကောင်းရင်ပိုဆိုး..ဘယ်သူ့လိုက်မေးရမှန်းမသိတဲ့ကိစ္စတွေ ကြိုတွေပြီး စိတ်ပူနေလား?

ဒီလိုကျန်းမာရေးနဲ့ပတ်သတ်တဲ့ Center တွေကိုသွားမယ်ဆိုရင် မှန်ကန်တိကျတဲ့ ဆောင်ရွက်ချက်တွေအပြင် မြန်ဆန်ပြီးစိတ်ကျေနပ်စရာဝန်ဆောင်မှုတွေကလည်း ကျိန်းသေလိုအပ်ပါတယ်။

RGMC မှာဆိုရင်တော့ စောင့်ဆိုင်းချိန်မလိုဘဲ လူကြီးမင်းတို့ရဲ့ အဖိုးတန်အချိန်တွေကို အပြည့်အဝ အလေးထားဝန်ဆောင်မှုပေးဖို့အဆင်သင့်ရှိနေပါတယ်။

RGMC (Rangoon Medical Center) မှာ လူတိုင်းအတွက် အဆင်ပြေစေမယ့် ခေတ်မီကျန်းမာရေး ဝန်ဆောင်မှုပေါင်းများစွာကို တစ်နေရာတည်းမှာ အလွယ်တကူ ရယူနိုင်ပါတယ်။

Rangoon Medical Center မှာ

သွေး၊ဝမ်း၊ဆီး၊ သလိပ်စစ်ဆေးနိုင်ခြင်း။

နုလုံးECG ဆွဲခြင်း ။

ဓာတ်မှန်ရိုက်ခြင်းတွေအပြင် အသက်အရွယ်မရွေး မိသားစုတစ်စုလုံးအတွက် သင့်တော်တဲ့ကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ်တွေအများကြီးရှိတာမို့ ဘယ်ကဘယ်လိုစစစ်ရမှန်းမသိတဲ့သူတွေအတွက်လည်း မလိုအပ်တဲ့စစ်ဆေးချက်ကုန်ကျစရိတ်တွေမဖြစ်ရအောင် ဆရာဝန်တွေနဲ့ ကိုယ်တိုင်တိုင်ပင်ဆွေးနွေးပြီးမှ Medical Check-Up တွေကိုလုပ်ဆောင်လို့ရပါပြီ။

ဒါကြောင့် ကျန်းမာရေးအတွက် အချိန်မဆွဲဘဲ စိတ်အေးအေးချမ်းချမ်းနဲ့ တိကျတဲ့ ဆေးစစ်ချက်အဖြေတွေကို အမြန်ဆုံးသိနိုင်ဖို့ RGMC ကို အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ

အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center

Your healthcare partner for a better future..

ဆေးခန်းလိပ်စာ

အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)

Google Map

Rangoon Medical Center

https://goo.gl/maps/Df9SCXD1v4pd2NMr5

ဆေးခန်းဖွင့်ချိန်

မနက် ၉ - ညနေ ၅

09 761112826

09 761112827

[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ကုမ္ပဏီ

#ရောဂါရှာဖွေရေးဆေးခန်း



🔵🔴 Weight ကျဆေး မထိုးခင် ဘာတွေ ကြိုစစ်ဆေးသင့်လဲ??အခုတလော Semglutide နဲ့ Tirzepatide  တို့လိုထိုးဆေးတွေကို ဝိတ်ချဖို့အတွက...
16/09/2026

🔵🔴 Weight ကျဆေး မထိုးခင် ဘာတွေ ကြိုစစ်ဆေးသင့်လဲ??

အခုတလော Semglutide နဲ့ Tirzepatide တို့လိုထိုးဆေးတွေကို ဝိတ်ချဖို့အတွက်အသုံးပြုတဲ့နည်းလမ်းက Social Media မှာရော လူငယ်တွေကြားမှာပါတော်တော်လေးကို သုံးလာကြပြီးတော့ လူပြောလည်းများလာကြပါတယ်။

ဒီဆေးတွေရဲ့မူလရည်ရွယ်ချက်ကဝိတ်ချဖို့သက်သက်ထုတ်ထားတာမျိုးတော့မဟုတ်ပါဘူး။ သူတို့ရဲ့အဓိကရည်ရွယ်ချက်က ဆီးချိုရောဂါကုသဖို့ ထုတ်လုပ်ထားတာဖြစ်ပေမဲ့ ကိုယ်အလေးချိန်ကိုလည်း သိသိသာသာ ကျဆင်းစေတာကြောင့် ဝိတ်ချချင်သူတွေကြားမှာ ရေပန်းစားလာတာပါ။

ဒီတော့ ဒီလို ဝိတ်ချဆေးတွေကို ထိုးပြီး ဝိတ်ချတော့မယ်လို့ဆုံးဖြတ်လိုက်ရင်တော့ ခဏလောက်အလျင်မလိုပဲ ဒါလေးတွေကို အရင်ဖတ်ကြည့်ပေးပါဦး! ✋💡

🔬 Weight ကျဆေး မထိုးခင် ဘာတွေ စစ်ထားသင့်လဲ?
၁။ သွေးတွင်းအချိုဓာတ် (Fasting Glucose & HbA1c):
ဆေးမထိုးခင် သွေးတွင်းအချိုဓာတ် အခြေအနေနဲ့ ဆီးချိုရှိ/မရှိကို သေချာသိရှိထားမှ ဆေးပမာဏ (Dose) ကို စနစ်တကျ ချိန်ဆနိုင်မှာပါ။
၂။ ကျောက်ကပ်လုပ်ဆောင်ချက် (Renal Function Test):
ဆေးဝါးတွေကို ခန္ဓာကိုယ်က ပုံမှန် စွန့်ထုတ်နိုင်စွမ်း ရှိ၊ မရှိနဲ့ ကျောက်ကပ်ကျန်းမာရေး ပုံမှန်ဟုတ်မဟုတ်ကိုလည်းစစ်ဆေးဖို့လိုပါလိမ့်မယ်။
၃။ အသည်းလုပ်ဆောင်ချက် (Liver Function Test):
အသည်းရောင်တာ ဒါမှမဟုတ် အသည်းအဆီဖုံးနေတာမျိုး ရှိမရှိနဲ့ ဆေးဝါးဓာတ်တွေကို အသည်းက ကောင်းကောင်းမွန်မွန် ခြေဖျက်နိုင်စွမ်း ရှိ၊ မရှိ ကလည်းသိထားဖို့လိုအပ်ပါတယ်။
၄။ သွေးတွင်းအဆီဓာတ် (Lipid Profile):
ကိုယ်အလေးချိန် မလျှော့ခင် သွေးတွင်း အဆီဓာတ် ပမာဏကို မှတ်တမ်းယူထားမှ ဆေးထိုးပြီးနောက်ပိုင်း ကျန်းမာရေး တိုးတက်မှုကို နှိုင်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။
၅။ သိုင်းရွိုက်ဟော်မုန်း (Thyroid Function Test):
ဒီဆေး အမျိုးအစားတွေဟာ တချို့သော သိုင်းရွိုက် ပြဿနာရှိသူတွေနဲ့ မတည့်ပါဘူး။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်း ပုံမှန် ဟုတ်/မဟုတ် ကြိုတင် စစ်ဆေးထားဖို့ အထူးလိုအပ်ပါတယ်။
"ဒီတော့ ဆေးဝါးတိုင်းမှာ ကောင်းကျိုးနဲ့အတူ ဆိုးကျိုးတွေကလည်း ဒွန်တွဲနေတတ်ပါတယ်" 🩺
ဝိတ်ကျချင်ဇောနဲ့ ကိုယ်ံရဲ့ရှိရင်းစွဲ ခန္ဓာကိုယ်အခြေအနေကို သေချာမစစ်ဆေးထားပဲသုံးတာထက်စာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ စိတ်အေးချမ်းစွာ အသုံးပြုသင့်ပါတယ်။
Rangoon Medical Center (RGMC) မှာ သွေးစစ်ဆေးမှုများကို ခေတ်မီ တိကျသော စက်ပစ္စည်းတွေနဲ့အချိန်တိုအတွင်း စစ်ဆေးနိုင်ပြီး ဆရာဝန်တွေနဲ့လည်း သေချာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ
အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center
Your healthcare partner for a better future..

ဆေးခန်းလိပ်စာ
အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)
Google Map
Rangoon Medical Center
https://goo.gl/maps/Df9SCXD1v4pd2NMr5
ဆေးခန်းဖွင့်ချိန်
မနက် ၉ - ညနေ ၅
09 761112826
09 761112827
[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ကုမ္ပဏီ #ဆီးချို
#ရောဂါရှာဖွေရေးဆေးခန်း

🔵မယောင်ရာ ဆီလူးတာ မဟုတ်... အမျှော်အမြင်ရှိတဲ့ရွေးချယ်မှုတစ်ခုပါ! 😉✨"ရောဂါဖြစ်မှ ဆေးကုမယ်" ဆိုတာထက် "မဖြစ်ခင်ကတည်းက ကြိုတ...
09/09/2026

🔵မယောင်ရာ ဆီလူးတာ မဟုတ်... အမျှော်အမြင်ရှိတဲ့ရွေးချယ်မှုတစ်ခုပါ! 😉✨
"ရောဂါဖြစ်မှ ဆေးကုမယ်" ဆိုတာထက် "မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မယ်" ဆိုတဲ့ ပြင်ဆင်ခြင်းက မိသားစုအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။
ကျန်းမာနေတဲ့အချိန်တွေမှာ ဆေးစစ်တာနဲ့ ကာကွယ်ဆေးထိုးတာကို "အပို ကုန်ကျစရိတ်" လို့ ထင်မှတ်တတ်ကြပါတယ်။ တကယ့်လက်တွေ့မှာတော့ မဖြစ်ခင် ကြိုတင်ကာကွယ်တာဟာ ရောဂါဖြစ်ပြီး
ကုသတဲ့ ကုန်ကျစရိတ်၏ အနည်းငယ်မျှ သာ ရှိတာကြောင့် ကျန်းမာရေးစစ်ဆေးပြီး ကာကွယ်တာတွေကြိုတင်လုပ်ဆောင်ထားတာက အထိရောက်ဆုံးနဲ့ ကုန်ကျစရိတ် သက်သာစေတဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်​၍ ရောဂါရင့်မှ သိပြီး မလိုလားအပ်တဲ့ ဆေးဝါးနဲ့ဆေးရုံ ကုန်ကျစရိတ်တွေ များစွာ ကုန်ကျတာ ❌ ရောဂါဝေဒနာကြောင့် ကိုယ်ရောစိတ်ပါ ဆင်းရဲပင်ပန်းရတာ ❌ မိသားစုဝင်တွေပါ အချိန်ကုန်လူပင်ပန်း စိတ်ပူပန်ရတာတွေကို ကိုယ်တိုင် "ပုံမှန် ဆေးစစ်တာ (Health Check-up)" နဲ့ "လိုအပ်တဲ့ ကာကွယ်ဆေးတွေ ကြိုတင်ထိုးနှံထားတာ" စတဲ့နည်းလမ်းတွေနဲ့အပြည့်အဝ ရှောင်ရှားနိုင်ပါတယ်။

ဒီတော့ ဘယ် အရာတွေကို ဘယ်လို စ​ပြီးစစ်ဖို့လိုသလဲ..?
Rangoon Medical Center မှာ
သွေး၊ ဝမ်း၊ ဆီး၊ သလိပ်များ စစ်ဆေးခြင်း။
နှလုံး ECG ။
ဓာတ်မှန် အစရှိတဲ့ စစ်ဆေးမှုအားလုံးကို ကျွမ်းကျင်တဲ့ ဆရာဝန် သမားတော်ကြီးတွေနဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်သလောက်သာ
တိကျမှန်ကန်ပြီး ထိထိ​ ​ ရောက်ရောက် စစ်ဆေးလို့ရနိုင်ပါတယ်။

လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေနဲံ့ ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတတွေကိုလည်း Page Messenger ကနေ
အခမဲ့ ဖြေကြားပေးနေပါတယ်။
✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ
အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center
Your healthcare partner for a better future..

ဆေးခန်းလိပ်စာ
အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)
Google Map
Rangoon Medical Center
https://goo.gl/maps/Df9SCXD1v4pd2NMr5
ဆေးခန်းဖွင့်ချိန်
မနက် ၉ - ညနေ ၅
09 761112826
09 761112827
[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ရောဂါရှာဖွေရေးဆေးခန်း

🔵🔴 အားလုံးပြင်ဆင်ပြီးတာ သေချာပြီလား.. ❓ 🧳✈️နိုင်ငံခြားသွားဖို့အစီအစဉ်ရှိပြီဆိုကတည်းက ပစ္စည်း အသုံးအဆောင်တွေ၊ လိုအပ်တဲ့စာ...
31/08/2026

🔵🔴 အားလုံးပြင်ဆင်ပြီးတာ သေချာပြီလား.. ❓ 🧳✈️

နိုင်ငံခြားသွားဖို့အစီအစဉ်ရှိပြီဆိုကတည်းက ပစ္စည်း အသုံးအဆောင်တွေ၊ လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားတွေအပြင် နောက်ထပ်အရေးကြီးတာတစ်ခုပြင်ဆင်ဖို့လည်း လုံးဝကိုလိုအပ်ပါတယ်။

ဒါကတော့ ကိုယ့်ရဲ့ကျန်းမာဆေးစစ်ချက်တွေပါပဲ။

ဘယ်လိုဆေးစစ်ချက်အမျိုးအစားတွေ စစ်ဆေးပြင်ဆင်ထားဖို့လိုသလဲ.. ❓

ဒါကတော့ကိုယ်သွားမယ့်နိုင်ငံရယ်၊ ကိုယ်သွားချင်တဲ့အကြောင်းအရာ(ဥပမာ အလုပ်လုပ်ဖို့ ဒါမှမဟုတ် ကျောင်းတက်ဖို့) အပေါ်မူတည်ပြီးလည်း အမျိုးအမည်တွေကွဲပြားနိုင်ပါတယ်။

အတိအကျ သိချင်ရင်တော့ Google မှာ Medical examination form for (ကိုယ်သွားမယ့် နိုင်ငံ နာမည်နဲ့အတူ) visa ဆိုပြီး ကြိုရှာထားလို့ရပါတယ်။

ဒါမှမဟုတ် Rangoon Medical Center မှာပဲ ကျွမ်းကျင်တဲ့ Medical Consultant တွေနဲ့ဆွေးနွေးပြီး နိုင်ငံခြားသွားမယ့်သူတိုင်းအတွက် ယေဘုယျအားဖြင့်

အပြည့်စုံဆုံး ခြုံငုံစစ်ဆေးနိုင်တဲ့ "Standard Work Permit Package" ကို စစ်ထားလို့ ရပါတယ်။ ဒီ Package မှာတော့-

• ကူးစက်ရောဂါစစ်ဆေးခြင်း

• သွေးအမျိုးအစား စစ်ဆေးခြင်း

• ရင်ဘတ်ဓာတ်မှန် (Chest X-ray)

• နှလုံးစစ်ဆေးခြင်း (ECG) တို့ပါဝင်ပါတယ်။

ရလာတဲ့ အဖြေတွေကိုလည်း Medical certificate အနေနှင့် ပြန်ထုတ်ပေးမှာမို့လို့ ကျောင်းပဲလျှောက်လျှောက်၊ အလုပ်ပဲလျှောက်လျှောက် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။💯💯.

လူကြီးမင်းတို့အတွက် လိုအပ်သမျှကျန်းမာရေးဆေးစစ်ချက်တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ အတူ ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတတွေကို Page Messenger မှာလည်း အခမဲ့ မေးမြန်းနိုင်ပါတယ်။

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC က သင့်အတွက်" ✨

Rangoon Medical Center

Your healthcare partner for a better future..

ဆေးခန်းလိပ်စာ

အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)

Google Map

Rangoon Medical Center

https://goo.gl/maps/Df9SCXD1v4pd2NMr5

ဆေးခန်းဖွင့်ချိန်

မနက် ၉ - ညနေ ၅

09 761112826

09 761112827

[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #လက်ဆောင်

#ရောဂါရှာဖွေရေးဆေးခန်း

#အလုပ်သမားဆေးစစ်

🔵🔴  🔵🔴 “အနီးအနားမှာ ကုသိုလ်ရှာ..”📿 ဝါတွင်းကာလဆိုတာက မြန်မာလူမျိုးတွေအနေနဲ့ ဥပုပ်သီလဆောက်တည်၊ သံဃာတော်တွေကို ဆွမ်းကပ် လှူ...
29/08/2026

🔵🔴 🔵🔴 “အနီးအနားမှာ ကုသိုလ်ရှာ..”
📿 ဝါတွင်းကာလဆိုတာက မြန်မာလူမျိုးတွေအနေနဲ့ ဥပုပ်သီလဆောက်တည်၊ သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းကြနဲ့ ကုသိုလ်တရားတွေကို ပိုလုပ်ဖြစ်ကြတဲ့ကာလဆိုလည်းမမှားပါဘူး။ ဒီလိုကုသိုလ်ယူကြတဲ့ နည်းလမ်းတွေအများကြီးထဲမှာမှ အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံး ကုသိုလ်တစ်ခုကိုလည်းမေ့ထားလို့မရပါဘူး။ ဒါကတော့ ကိုယ့်ရဲ့ ချစ်ခင်ရိုသေရတဲ့ လူကြီးမိဘဘိုးဘွားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာပဲဖြစ်ပါတယ်။

လူကြီးတွေအနေနဲ့ အသက်အရွယ်အရ ဖြစ်တတ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလို ရောဂါမျိုးတွေကို စောစောစီးစီး သိရှိကာကွယ်နိုင်ဖို့ ပုံမှန် Check-up လေးတွေ ပြုလုပ်ပေးဖို့မဖြစ်မနေလိုအပ်ပါတယ်။
နောက်ပြီး အရိုးအဆစ်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ ပြည့်ဝတဲ့ အာဟာရဓာတ်တွေ ခန္ဓာကိုယ်ထဲမှာလုံလုံလောက်လောက်ရှိနေရဲ့လားဆိုတာကိုလည်း အမြဲစစ်ဆေးနေဖို့လိုပါတယ်။ ✅

🧓👵 မိဘဘိုးဘွားတွေ ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနဲ့ နိဗ္ဗာန်တရားတော်တွေကို ဆက်လက်အားထုတ်နိုင်ဖို့ ဖန်တီးပေးခြင်းဟာ သားသမီးတွေအတွက် အမွန်မြတ်ဆုံး သံသရာကုသိုလ်ဖြစ်လို့ ဒီလို့ဝါတွင်းကာလမှာ မိဘဘိုးဘွားတွေကို ကျန်းမာရေးစစ်ဆေးမှု လက်ဆောင်ပေးပြီး မွန်မြတ်တဲ့ ကုသိုလ်တွေရယူလိုက်ကြရအောင် 🙏 🙏 🙏

အခုလိုလူကြီးမင်းတို့ရဲ့ မွန်မြတ်လှတဲ့ ကျန်းမာရေးကုသိုလ်အတွက် RGMC ကလည်း အမြဲအသင့်ရှိနေမှာပါ။ ✨
✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC က သင့်အတွက်" ✨
Rangoon Medical Center တွင် -
• သွေး၊ ဝမ်း၊ ဆီး၊ သလိပ်များ စစ်ဆေးခြင်း
• နှလုံး ECG ဆွဲခြင်း
• ဓာတ်မှန်ရိုက်ခြင်း
• ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး Medical Check-up ပြုလုပ်နိုင်တဲ့
service မျိုးစုံကို မှန်ကန်တဲ့ စျေးနှုန်း၊ အကောင်းမွန်ဆုံး Quality တွေနဲ့ လွယ်လွယ်ကူကူ ရယူနိုင်ပါပြီ။

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ
အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center
Your healthcare partner for a better future..

ဆေးခန်းလိပ်စာ
အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)
Google Map
Rangoon Medical Center
https://goo.gl/maps/Df9SCXD1v4pd2NMr5
ဆေးခန်းဖွင့်ချိန်
မနက် ၉ - ညနေ ၅
09 761112826
09 761112827
[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #လက်ဆောင်
#ရောဂါရှာဖွေရေးဆေးခန်း

🔵🔴"ရေများများသောက်ရင် ဆီးချို ပျောက်တယ်? ❗️❗️❗️ဆီးချိုရောဂါရှိသူတွေထဲမှာ "ရေများများသောက်ပေးရင် ဆီးချိုကျသွားမယ်၊ သွေးထဲ...
19/08/2026

🔵🔴"ရေများများသောက်ရင် ဆီးချို ပျောက်တယ်? ❗️❗️❗️

ဆီးချိုရောဂါရှိသူတွေထဲမှာ "ရေများများသောက်ပေးရင် ဆီးချိုကျသွားမယ်၊ သွေးထဲက သကြားဓာတ်တွေ ဆီးနဲ့အတူစွန့်ထုတ်လိုက်ရင် ပျောက်သွားမယ်" လို့တချို့ကထင်တတ်ကြတယ်။

ဒါဟာ တကယ်ပဲ မှန်ရဲ့လား? 🤔

အမှန်တကယ်ကတော့...

"ရေသောက်တာဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ကူညီပေးနိုင်ပေမဲ့ ဆီးချိုရောဂါကို လုံးဝ ပျောက်ကင်းသွားအောင်တော့ မလုပ်ပေးနိုင်ပါဘူး။"

ပုံမှန်အားဖြင့်လည်း လူတစ်ယောက်မှာ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးသလို အထူးသဖြင့်ဆီးချိုရှိသူတွေမှာ ရေဓာတ်ခမ်းခြောက်တာက သွေးတွင်းသကြားဓာတ်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။ ဒါ့ကြောင့်ရေကိုပုံမှန်ခဏခဏသောက်ပေးတာက

• သွေးကို ကျဲစေပြီး သွေးတွင်းသကြားဓာတ် လွန်ကဲစွာ မတက်အောင် ထိန်းပေးပါတယ်။

• ပိုလျှံနေတဲ့ သကြားဓာတ်အချို့ကို ဆီးကနေတစ်ဆင့် သဘာဝအတိုင်း စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။

• အချိုရည်တွေအစား ရေသောက်တာက ကယ်လိုရီပိုမိုဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။

ဒါပေမဲ့ ရေသောက်တာတစ်ခုတည်းနဲ့ ဆီးချိုရောဂါ ပျောက်ကင်းသွားမှာတော့ မဟုတ်ပါဘူး။

🩺ဆီးချိုရောဂါကို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ထိန်းချုပ်ဖို့ဆိုရင်….

1⃣စနစ်ကျတဲ့ ဆေးဝါး: ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆီးချိုဆေး ဒါမှမဟုတ် အင်ဆူလင်ကို စနစ်တကျ မှန်မှန်သောက်/ထိုးပါ။

2⃣အာဟာရ ထိန်းသိမ်းခြင်း: ကာဗိုဟိုဒရိုက်နှင့် အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကို လျှော့စားပါ။

3⃣ ကိုယ်လက်လှုပ်ရှားမှု: တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

4⃣⃣ ပုံမှန် စစ်ဆေးခြင်း: သွေးတွင်းသကြားဓာတ် (FBS / HbA1c) ကို ပုံမှန်စစ်ဆေးပြီး ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။

ဒါ့ကြောင့်ရေများများသောက်ပေးရုံတစ်ခုတည်းနဲ့တော့ ဆီးချိုရောဂါကို ထိန်းနိုင်ဖို့ကမဖြစ်နိုင်ပါဘူး။ ဒီလိုသို့သောသို့သော ထင်မြင်ယူဆချက်တွေမဟုတ်ပဲ မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့အတူ မိသားစုဝင်တွေရဲ့ ဆီးချိုရောဂါကို စနစ်တကျ စောင့်ရှောက်ပေးလိုက်ပါ ❤️

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ

အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center

Your healthcare partner for a better future..

ဆေးခန်းလိပ်စာ

အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)

Google Map

Rangoon Medical Center

https://goo.gl/maps/Df9SCXD1v4pd2NMr5

ဆေးခန်းဖွင့်ချိန်

မနက် ၉ - ညနေ ၅

09 761112826

09 761112827

[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ကုမ္ပဏီ #ဆီးချို

#ရောဂါရှာဖွေရေးဆေးခန်း

🔵🔴  "ဘာမှမဖြစ်ဘူး၊ ကျန်းမာရေး သာမန်အတိုင်းကောင်းနေတာပဲ" လို့ ထင်နေရင်းနဲ့...တကယ်တော့ ဆေးပညာမှာ "Silent Killer" လို့ ခေါ်...
16/08/2026

🔵🔴 "ဘာမှမဖြစ်ဘူး၊ ကျန်းမာရေး သာမန်အတိုင်းကောင်းနေတာပဲ" လို့ ထင်နေရင်းနဲ့...

တကယ်တော့ ဆေးပညာမှာ "Silent Killer" လို့ ခေါ်ကြတဲ့ ရောဂါအချို့ဟာ ခန္ဓာကိုယ်ထဲမှာ လက္ခဏာ လုံးဝ မပြဘဲ နှစ်နဲ့ချီပြီး တိတ်တဆိတ် ခိုအောင်းနေတတ်ကြပါတယ်။ အခြေအနေ အတော်လေး ရောက်သွားမှ သိရတတ်လို့ အရမ်း သတိထားဖို့ လိုအပ်ပါတယ်။

ဒီ Silent Killer ရောဂါတွေကဘာတွေဖြစ်မလဲ❓

1️⃣ ခေါင်းလည်းမကိုက်၊ ဘာမှလည်းမခံစားရဘဲ ရှိနေတတ်တဲ့ "သွေးတိုး"

💡 သွေးတိုးရှိနေတဲ့သူ အများစုဟာ အစပိုင်းမှာ ခေါင်းကိုက်တာ၊ ဇက်လေးတာမျိုး လုံးဝမဖြစ်ဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေနိုင်ကြပါတယ်။ ဒါပေမဲ့ သွေးဖိအားမြင့်တာကြာလာရင်တော့ နှလုံးနဲ့ ဦးနှောက်သွေးကြောတွေကို တိတ်တဆိတ် ထိခိုက်စေတာပါပဲ။

2️⃣ သွေးထဲ သကြားဓာတ်တက်နေပေမဲ့ လက္ခဏာမပြသေးတဲ့ "ဆီးချိုအစပျိုး" (Prediabetes)

💡 ဆီးချိုရောဂါကလည်း မဖြစ်ခင် "ဆီးချိုအစပျိုး" အဆင့်မှာတင် ဘာလက္ခဏာမှ အထွေအထူးမပြသေးခင် ကျောက်ကပ်နဲ့ နာဗ်ကြောလေးတွေ စတင် ထိခိုက်နှင့်နိုင်ပါပြီ။ ဒါပေမဲ့ ကောင်းတဲ့အချက်ကတော့ ဒီအဆင့်မှာ စောစောသိရင် စားသောက်နေထိုင်ပုံ ပြောင်းလိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

3️⃣အစပိုင်းမှာ ဘာမှမသိရဘဲ ကြာလာရင် အသည်းခြောက်တဲ့အထိ ဖြစ်သွားနိုင်တဲ့ "အသည်းအဆီဖုံးရောဂါ"

💡 အရက် မသောက်တဲ့သူတွေမှာလည်း အသည်းအဆီဖုံးရောဂါ (NAFLD) ဖြစ်နိုင်ပါတယ်။ အချိုကဲတာ၊ အဆီများတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကြောင့် ဖြစ်ရတာမို့ ပိန်ပိန်ဝဝ အားလုံး သတိထားသင့်ပါတယ်နော်။

4️⃣ သွေးကြောတွေကို တဖြည်းဖြည်း ကျဉ်းစေတဲ့ "ကိုလက်စထရော မြင့်တာ"

💡 ကိုလက်စထရော မြင့်နေတာကို သွေးမစစ်ဘဲ အပြင်ပန်းကြည့်ရုံနဲ့ လုံးဝ မသိနိုင်ပါဘူး။ သွေးကြောထဲမှာ အဆီတွေ တဖြည်းဖြည်း ပိတ်ဆို့လာပြီး အရေးကြီးတဲ့ နှလုံးနဲ့ ဦးနှောက်ဆီ သွေးရောက်ရခက်မှ ရုတ်တရက် ဒုက္ခပေးတတ်တာပါ။

5️⃣ အရိုးကျိုးသွားမှပဲ ရောဂါရှိမှန်း သိလိုက်ရတဲ့ "အရိုးပွရောဂါ" (Osteoporosis)

💡 အရိုးပွတာကြောင့် အရိုးတွေက အမြဲနာကျင်ကိုက်ခဲနေတာပဲဆိုတဲ့ လက္ခဏာမျိုးမရှိပါဘူး။ ချော်လဲတာ ဒါမှမဟုတ် ပစ္စည်းအလေးအပင် မလိုက်တာမျိုးလောက်နဲ့ အရိုးတကယ်ကျိုးသွားတော့မှပဲ အရိုးပွနေမှန်း သိကြရတာမို့ အသက် ၄၀ ကျော်ရင် ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးပါပဲ။

ဒါဆို ဒီလိုမျိုး မသိဘဲ ဖြစ်နေတတ်တဲ့ရောဂါတွေကို ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ❓

အကောင်းဆုံးနဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန် စစ်ဆေးပေးတာ (Periodic Health Check-up) ပဲ ဖြစ်ပါတယ်။

ဘာမှမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မိမိအသက်အရွယ်နဲ့ ကိုက်ညီမယ့် ကျန်းမာရေး စစ်ဆေးမှုတွေကို Rangoon Medical Center မှာ ဆရာဝန်များနှင့် Free Consultation အရင်ပြုလုပ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။

မိမိနဲ့ မိမိမိသားစု ကျန်းမာရေးအတွက် လိုအပ်တာထက် ပိုမကုန်စေဘဲ ထိထိရောက်ရောက် စစ်ဆေးနိုင်ဖို့ RGMC ကို လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်...

"Your healthcare partner for a better future.... "

✨ "တိကျတဲ့အဖြေ မှန်ကန်တဲ့ဆေးစစ်ချက် RGMC ကသင့်အတွက်" ✨

ဆေးစစ်ခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ အသိပညာဗဟုသုတများအား Page Messenger မှ

အခမဲ့ ဖြေကြားပေးလျှက်ရှိပါသည်။

Rangoon Medical Center

Your healthcare partner for a better future..

ဆေးခန်းလိပ်စာ

အမှတ်(၄၉၇)၊ကုန်သည်လမ်း၊၃၉လမ်းနှင့်လမ်း၄၀ကြား၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။

(ကုန်သည်လမ်းမပေါ် ပန်းဆိုးတန်းမှတ်တိုင်တည့်တည့်)

Google Map

Rangoon Medical Center

https://goo.gl/maps/Df9SCXD1v4pd2NMr5

ဆေးခန်းဖွင့်ချိန်

မနက် ၉ - ညနေ ၅

09 761112826

09 761112827

[email protected]

#ဆေးစစ် #ကာကွယ်ဆေးထိုးစင်တာ #ကာကွယ်ဆေးထိုးဆေးခန်း #နိုင်ငံခြားဆေးစစ် #ဆီးချို #သွေးတိုး #အသည်း #အရိုး

#ရောဂါရှာဖွေရေးဆေးခန်း

Address

No. 497, Merchant Road, Between 39th And 40th Street, Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959260045321

Alerts

Be the first to know and let us send you an email when Rangoon Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rangoon Medical Center:

Shortcuts

Share

Category