Shwe Bhone Specialist Clinic & Diagnostic Excellence Center

Shwe Bhone Specialist Clinic & Diagnostic Excellence Center သင့်ကျန်းမာရေးအတွက်အကောင်းဆုံး "ရေ?

"ရွှေဘုန်းအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ" တွင်မှန်ကန်၊ မြန်ဆန်၊ တိကျတဲ့ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ပါပြီ

ရွှေဘုန်းအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ မှသင်္ကြန်ကာလအတွင်းရွှေဘုန်းစင်တာပိတ်မည့်ရက်များပါရှင်🟣ရွှေဘုန်းစင်တာ-၁(ဘ...
11/04/2026

ရွှေဘုန်းအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ မှသင်္ကြန်ကာလအတွင်းရွှေဘုန်းစင်တာပိတ်မည့်ရက်များပါရှင်

🟣ရွှေဘုန်းစင်တာ-၁(ဘောက်ထော်စင်တာ)နှင့်ရွှေဘုန်းစင်တာ-၂ (လမ်းမတော်စင်တာ) များအား (၁၃.၄.၂၀၂၆) (တနင်္လာနေ့) မှ(၁၇.၄.၂၀၂၆) (သောကြာနေ့) အထိသင်္ကြန်ပိတ်ရက်အဖြစ်ပိတ်ပါမည်။

🟣ရွှေဘုန်းစင်တာ-၃(ကြည့်မြင်တိုင်စင်တာ)အားသင်္ကြန်ကာလအတွင်းနံနက်(၈း၀၀)နာရီမှည(ရး၀၀) နာရီအထိဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

🟣၁၈.၄.၂၀၂၆ ( စနေနေ့ ) နံနက်(၈း၀၀)နာရီမှစ၍စင်တာများအားလုံးပုံမှန်ဖွင့်ချိန်အတိုင်းပြန်လည်
ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

💜ရွှေဘုန်း ၁၊
အမှတ် ၁၄၉ အနော်ရထာလမ်းနှင့် ၁၆ လမ်းထောင့် ၊လမ်းမတော်မြို့နယ်
ဖုန်း ၀၁၂၅၂၀၂၁၊၀၉၉၄၁၆၅၁၆၁၀

💜ရွှေဘုန်း ၂ ၊
အမှတ် ၇၃၊၇၄၊၇၅ ရတနာလမ်းသွယ် ဘောက်ထော် ၊သင်္ဃန်းကျွန်းမြို့နယ်၊
၀၉၉၆၈၀၀၀၄၂၇၊ ၀၉၈၉၈၃၈၃၉၄၀၊

💜ရွှေဘုန်း ၃၊
အမှတ် ၉၁ ၊ အထက်ကြည့်မြင်တိုင်လမ်း နှင့်ကွမ်းရွဲလမ်းထောင့် ( ညစျေးအနီး) ကြည့်မြင်တိုင်မြို့နယ်၊
၀၉၉၆၉၉၅၉၈၇၃၊

ရွှေဘုန်းအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး စင်တာ၏ ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသောကြောင့် ဝန်ထမ်းများ စုံညီ ပွဲ ပြုလု...
02/03/2026

ရွှေဘုန်းအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး စင်တာ၏
၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသောကြောင့်
ဝန်ထမ်းများ စုံညီ ပွဲ ပြုလုပ်မည်ဖြစ်ပါ၍

ရွှေဘုန်းစင်တာ ၁ နှင့် ၂ အား ၃/၃/၂၀၂၆ နှင့် ၄/၃/၂၀၂၆ နှစ် ရက်တိတိ ပိတ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ရှင်။

👉👉👉ရွှေဘုန်း စင်တာ ၃ ကိုတော့ ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည် ဖြစ်ပါသည်။

ရွှေဘုန်း ၃၊
အမှတ် ၉၁ ၊ အထက်ကြည့်မြင်တိုင်လမ်း နှင့်ကွမ်းရွဲလမ်းထောင့် ( ညစျေးအနီး) ကြည့်မြင်တိုင်မြို့နယ်

ရွှေဘုန်း ၁၊
အမှတ် ၁၄၉ အနော်ရထာလမ်းနှင့် ၁၆ လမ်းထောင့် ၊လမ်းမတော်မြို့နယ်

ရွှေဘုန်း ၂ ၊
အမှတ် ၇၃၊၇၄၊၇၅ ရတနာလမ်းသွယ် ဘောက်ထော် ၊သင်္ဃန်းကျွန်းမြို့နယ်

မင်္ဂလာပါရွှေဘုန်းချစ်သူတို့ရေ 💜💜အခုရက်တွေမှာ နေ့အပူချိန် စတင် လွန်ကဲလာနေပါပြီနေပူထဲအကြာကြီးနေနေရတဲ့သူတွေသတိထားရမယ့် hea...
21/02/2026

မင်္ဂလာပါရွှေဘုန်းချစ်သူတို့ရေ 💜

💜အခုရက်တွေမှာ
နေ့အပူချိန် စတင် လွန်ကဲလာနေပါပြီ
နေပူထဲအကြာကြီးနေနေရတဲ့သူတွေသတိထားရမယ့် heat stroke အကြောင်းမျှဝေပေးပါမယ်နော်

Heat stroke ဟာအပူဒဏ်ခံရပြီး ခန္ဓာကိုယ်ကနေ အပူချိန်ထိန်းညှိမှုစနစ်ပျက်ယွင်းရာကနေဖြစ်ပေါ်လာတဲ့ ပြင်းထန်အခြေအနေတစ်ခု ဖြစ်ပြီးတော့ အသက်အန္တရာယ်ထိခိုက်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

Heat stroke ရတဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်အလျင်အမြန်တက်လာပြီးတော့ ၁၀-၁၅ မိနစ်အတွင်းမှာ 106°F အထိ တက်သွားတတ်ပါတယ်။ အဲ့ဒီအချိန်မှာ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

👉👉👉Heat stroke ရဲ့ လက္ခဏာတွေကတော့ -

● အသားအရမ်းပူပြီးခြောက်သွေ့ခြင်း (သို့) ချွေး အလွန်အကျွံထွက်ခြင်း

● စိတ်ရှုပ်ထွေးခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ စကားပြောရာတွင် အာလေးလျှာလေးမပီမသဖြစ်ခြင်း

● သတိလစ်မေ့မြောခြင်း

● တက်ခြင်း များခံစားရနိုင်ပါတယ်။

ဒါကြောင့် အပူချိန်လွန်ကဲတဲ့အချိန်အပြင်ထွက်မယ်ဆိုရင်
🍶ရေမကြာခဏသောက်ပေးပါ

🥛ချွေးထွက်များရင်ဓါတ်ဆားသောက်ပါ

👚ချည်ထည်အင်္ကျီလက်ရှည်ပွပွဝတ်ဆင်ပါ

🌳အရိပ်ထဲမှာအတတ်နိုင်ဆုံးနေပါ

⛱️⛱️⛱️နေပူထဲ သွားရမည် ဆိုပါက ၊မိမိကိုယ်ကို ထီးသို့မဟုတ် ဦးထုတ် ဖြင့် အကာအကွယ်ပြုပါ

Heat strokeလက္ခဏာတွေဖြစ်လာရင် ခန္ဓာကိုယ်အပူချိန်ပြန်ကျအောင်

🌬️ ယပ်ခပ်ပါ၊ပန်ကာနဲ့လေမှုတ်ပေး
ပါ
🧊ရေခဲဝတ်နဲ့ နှဖူး၊ချိုင်း၊ပေါင်ကြား
နေရာတွေကိုရေပတ်တိုက်ပါ

🚿ရေလောင်းချပါ (နေပူထဲမှ ပြန်လာလာချင်း မပြုလုပ်ရပါ)

ရွှေဘုန်းချစ်သူတို့ မကြာခင်မှာ ရောက်လာတော့မယ့် နွေအပူမှာ ရွှေရင်အပူများ အေးငြိမ်းနိုင်ပါစေ 🙏🙏

#2026

👉👉👉ကျွန်မတို့၏ ရွှေဘုန်းရောဂါရှာဖွေရေးစင်တာများတွင် လိုအပ်နေသော နေရာများတွင် အတူလက်တွဲလုပ်ကိုင်လိုသော ဝန်ထမ်းများ အား ဖိ...
09/02/2026

👉👉👉ကျွန်မတို့၏ ရွှေဘုန်းရောဂါရှာဖွေရေးစင်တာများတွင် လိုအပ်နေသော နေရာများတွင် အတူလက်တွဲလုပ်ကိုင်လိုသော ဝန်ထမ်းများ အား ဖိတ်ခေါ်လိုပါသည်ရှင့်။

၁။ ဧည့်ကြို ဝန်ထမ်း ( Receptionists)
- ၅ ဦး
၂။ သွေးဖောက်ကျွမ်းကျင် ( Phlebotomists)
-၃ ဦး
၃။ အရောင်း ဝန်ထမ်း ( Sales promoters)
- ၁၀ ဦး
၄။ သူနာပြုအကူ ( Nurse Aids)
- ၁၀ ဦး
၅။ လက်ထောက်စာရင်းကိုင် ( Junior accountant) -၂ ဦး


👉👉👉လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်း မနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း အောက်ဖေါ်ပြပါ စင်တာများသို့
၁။Cv form ( ကိုယ်ရေးအချက်အလက်များ)
၂။အိမ်ထောင်စုဇယား မိတ္တူ
၃။ ပညာအရည်အချင်း ထောက်ခံချက် များနှင့်အတူ ပေးပို့လျှောက်ထားနိုင်ပါသည်။

ရွှေဘုန်း ၁၊
အမှတ် ၁၄၉ အနော်ရထာလမ်းနှင့် ၁၆ လမ်းထောင့် ၊လမ်းမတော်မြို့နယ်

ရွှေဘုန်း ၂ ၊
အမှတ် ၇၃၊၇၄၊၇၅ ရတနာလမ်းသွယ် ဘောက်ထော် ၊သင်္ဃန်းကျွန်းမြို့နယ်

ရွှေဘုန်း ၃၊
အမှတ် ၉၁ ၊ အထက်ကြည့်မြင်တိုင်လမ်း နှင့်ကွမ်းရွဲလမ်းထောင့် ( ညစျေးအနီး) ကြည့်မြင်တိုင်မြို့နယ်

ရွှေဘုန်းချစ်သူတို့ ခင်ဗျာ 🗨️ သည်းခြေကျောက်တွေဘာကြောင့်ဖြစ်ရသလဲ...❓🗨️ ဘယ်ကဘယ်လိုစဖြစ်လာတာလဲ... ❓စဉ်းစားမိကြဘူးလား ....👉👉...
04/02/2026

ရွှေဘုန်းချစ်သူတို့ ခင်ဗျာ
🗨️ သည်းခြေကျောက်တွေဘာကြောင့်ဖြစ်ရသလဲ...❓
🗨️ ဘယ်ကဘယ်လိုစဖြစ်လာတာလဲ... ❓

စဉ်းစားမိကြဘူးလား ....

👉👉👉ခန္ဓာကိုယ်မှာသည်းခြေကျောက်အပြင်ကို ကျောက်ကပ်ကျောက်၊ ဆီးအိတ်ကျောက်၊ ဆီးကျိတ်ကျောက်၊ တံထွေးဂလင်းကျောက် စသဖြင့် ဒီလိုနေရာတွေမှာ ကျောက်တွေဖြစ်လေ့ရှိပါတယ်။

👉ဒါပေမဲ့ ဒီနေ့မှာတော့ ရန်ကုန်ကုတင် ၅၀၀ ဆေးရုံရဲ့ ပြင်ပလူနာဌာနမှာ မနက်ဆိုလူတွေကြိတ်ကြိတ်တိုးပြီးပြရလောက်တဲ့ထိကိုအဖြစ်များတဲ့ သည်းခြေကျောက်အကြောင်းကို သေသေချာချာလေး ရှင်းပြချင်ပါတယ်။

ဘယ်ကဘယ်လိုရောက်လာတာလဲသိဖို့က ကျောက်အမျိုးအစားတွေကို ခွဲခြားသိရင်နားလည်သွားမှာပါ။

အဓိကအားဖြင့် ကျောက်အမျိုးအစား သုံးမျိုးရှိပါတယ်။
1️⃣ Cholesterol stone
2️⃣ Pigment stone နဲ့
3️⃣ Mix stone တို့ပါပဲ။

🟡🟡 🟡🟡 အဖြစ်အများဆုံးကတော့ Cholesterol Stone လို့ခေါ်တဲ့ အဆီကျောက်ပါပဲ။ ‌‌
အဝါရောင်ကျောက်တုံးလေးတွေအဖြစ်မြင်ရလေ့ရှိပါတယ်။

ကိုယ့်ရဲ့တစ်နေ့တာစားသောက်မှုပုံစံမှာ အဆီပါဝင်မှူအရမ်းများတဲ့သူတွေအတွက်သတိထားဖွယ်ရာပါပဲ။
👉👉👉အဲဒါဆို အဆီစားတိုင်းကျောက်ဖြစ်တာလား...
‼️အဆီနဲ့သည်းခြေကျောက်ဘယ်လိုများဆိုင်သွားတာလဲလို့မေးစရာရှိပါတယ်။

တကယ်တော့ အဆီစားတိုင်းကျောက်ဖြစ်တယ်ရယ်လို့လည်းမဟုတ်ဘူးဗျ။

ရောဂါတခုဆိုတာ အချက်တစ်ခုထဲကြောင့် ဒါကြောင့်ဒီရောဂါဖြစ်ရပါတယ်ဆိုတာမျိုးကတကယ်တော့ရှားပါတယ်။
မွေးရာပါရောဂါတွေကလွဲလို့ပေါ့။

အဲ့တော့ဒီသည်းခြေကျောက်တွေကလည်း အဆီစားတာတစ်ခုထဲကြောင့်လို့ပြောဖို့ကသိပ်မတိကျဘူးလို့ပဲဆိုရမှာပါ။

တကယ်တော့
📌 အဆီစားတာများတယ်၊
📌 အမျိုးသမီးဖြစ်နေတယ်၊
📌 အသက်ကလည်း 40 ပတ်ဝန်းကျင်၊
📌 ဒါမှမဟုတ်ကိုယ်ဝန်ရှိလို့၊
📌 Fasting လုပ်နေလို့
စသည်ဖြင့် Gallbladder သည်းခြေအိတ်သိပ်မလှုပ်တာ စတဲ့အချက်တွေစုပြီးဖြစ်လာတတ်တာမျိုးပေါ့။

ကိုယ့်ဆီမှာဒီအချက်တွေနဲ့ကိုက်နေတယ်ဆိုရင်တော့ သည်းခြေကျောက်တည်နိုင်ချေများတယ်ပြောရပါမယ်။

⚫⚫ ⚫⚫
(အမဲရောင်ကျောက်) Pigment Stone တွေကကျတော့ အဆီကြောင့်မဟုတ်ဘဲ သွေးနဲ့ဆိုင်တဲ့ပြဿနာတွေကြောင့်ဖြစ်တာပါ။

Hemolysis လို့ခေါ်တဲ့ သွေးနီဥ red blood cell တွေပျက်စီးတာကိုဖြစ်‌စေတဲ့ ရောဂါမျိုးတွေ...
ဥပမာ –
➡️ Thalassemia
➡️ Sickle cell disease
➡️ G6PD deficiency နဲ့
➡️ တချို့သော Autoimmune diseases..စတဲ့ရောဂါတွေမှာ သွေးနီဥတွေပျက်စီးတာများတဲ့အတွက် သူတို့ထဲက Hb ပစ္စည်းလေးပြိုကွဲပြီး ထွက်လာတဲ့ Bilirubin လို့ခေါ်တဲ့ by-product တွေ အရမ်းများလာပါတယ်။

အဲ့ဒီ bilirubin တွေက အသည်းကနေတဆင့်ဖြတ်ပြီး သည်းခြေအိတ်ကိုရောက်ပါတယ်။

ဒါပေမဲ့ bilirubin အရမ်းများလွန်းလာတဲ့အခါ calcium နဲ့ပေါင်းပြီး calcium bilirubinate ဖြစ်သွားပါတယ်။
အဲ့ဒီ calcium bilirubinate တွေ စုပေါင်းလာတဲ့အခါ Pigment stone (အမဲရောင်ကျောက်) တွေဖြစ်လာတာပါ။

အဲ့တော့ ကျောက်တွေတည်နေပြီဆိုတော့ ဘာဆက်လုပ်ကြမလဲပေါ့ ...💭💭💭

⚠️ ဗိုက်ညာဘက်အ‌ပေါ်ထောင့်ကထိုးထိုးအောင့်တယ်၊
⚠️ အဆီများများစားမိရင်ပိုသိသာတယ်၊
⚠️ အသားတွေပါဝါလာတယ်ဆိုရင်တော့ ခွဲထုတ်ပစ်ရမှာပေါ့။

ခွဲထုတ်ပစ်တယ်ဆိုတာ ကျောက်ကိုပဲခွဲထုတ်တာမဟုတ်ပဲ သည်းခြေအိတ်ပါတခါထဲထုတ်ပစ်ရပါတယ်။
မဟုတ်ရင်တချိန်ကျပြန်ဖြစ်လာမှာမို့လို့ပါ။

ဒီခေတ်ကြီးမှာ ဗိုက်ကိုဖွင့်စရာတောင်မလိုတော့ပဲ ဗိုက်မှာအပေါက်လေး လေးပေါက်ဖောက်ပြီး Laproscope ထည့်ဖြတ်ထုတ်လို့ရနေပါပြီ။

🗨️ ဒီတော့မဖြစ်အောင်ရော ကာကွယ်လို့ရလား...❓
🗨️ ရတယ်ဆိုရင်ဘယ်လိုကာကွယ်ကြမလဲ... ❓

ကာကွယ်ဆေးထိုးလိုက်သလို ဒါလုပ်ရင်ကာကွယ်တယ်လို့တထစ်ချပြောလို့မရပါဘူး။

ဒါပေမဲ့ ရောဂါဖြစ်နိုင်ချေ risk ကိုတော့ လျှော့ချလို့ရပါတယ်။

တစ်ခွန်းထဲနဲ့အဖြေပေးရရင် ကျန်းမာတဲ့လူနေမှူဘဝပုံစံအတိုင်းသာ အတတ်နိုင်ဆုံးကြိုးစားနေထိုင်ဖို့လိုပါတယ်။

✅ အဆီကိုလျှော့စား
✅ လေ့ကျင့်ခန်းများများလုပ်
✅ ကိုယ်အလေးချိန်ကိုချ
✅ အစာကိုအချိန်မှန်စား
✅ အသီးအရွက်နဲ့အမျှင်ဓာတ်ကြွယ်တာများများစား
✅ ရေများများသောက်ပေး
✅ Fasting ကိုတော်ရုံသင့်ရုံပဲလုပ်
ဒါဆိုရင်တော့ သည်းခြေကျောက်တည်ဖို့ဆိုတာ တော်တော်လေးကိုအလှမ်းဝေးသွားပါပြီလို့ပဲအကြံပြုချင်ပါတယ်။ 🙏🙏🙏

👉👉👉ရွှေဘုန်းချစ်သူများ ကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုများနဲ့ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လာရောက်ပြုလုပ်လိုပါက
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်ရှင်….

"ရွှေဘုန်း အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ, အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်
လည်သန်စွမ်းရေးစင်တာ"
အမှတ် (၇၃၊ ၇၄၊ ၇၅)၊ ရတနာလမ်းသွယ် (၃)၊ဘောက်ထော်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း။ ။ ၀၉ ၈၉၈၃၈၃၉၄၀ ၊ ၀၉၉၆၈၀၀၀၄၂၇

ရွှေဘုန်းချစ်သူများ မင်္ဂလာပါရှင် 💜ခါး‌နောက်ဘက်အလယ်ကြောတနေရာမှာ နာကျင်ခြင်းဖြစ်ရတဲ့အကြောင်းရင်းများနဲ့ပတ်သက်ပြီး မျှဝေပေ...
28/01/2026

ရွှေဘုန်းချစ်သူများ မင်္ဂလာပါရှင် 💜

ခါး‌နောက်ဘက်အလယ်ကြောတနေရာမှာ နာကျင်ခြင်းဖြစ်ရတဲ့အကြောင်းရင်းများနဲ့ပတ်သက်ပြီး မျှဝေပေးပါမယ်နော်

🗣️ကျောရိုးဆစ်အတက်ထွက်ခြင်း
🗣️ကျောရိုးကျီးပေါင်းဖြစ်ခြင်း
🗣️ကျောရိုးထိခိုက်မိခြင်း
🗣️ကျောရိုးတွင်အကျိတ်ဖြစ်ခြင်း
ကြောင့် ကျောရိုးအာရုံကြောထိခိုက်ခြင်းနှင့်
🗣️ကျောရိုးတွယ်ဆက်အပြားများထိခိုက်မိခြင်းကြောင့်
ခါးအနောက်ဘက်ရဲ့ကျောရိုးနေရာတလျှောက်မှာ တင်းပြီးညပ်သလိုခံစားရခြင်း၊မတ်မတ်မရပ်နိုင်ခြင်း၊နာကျင်ခြင်းစတာတွေကိုခံစားရနိုင်ပါတယ်။

👉👉👉ကာလတစ်ခုအထိဒီလက္ခဏာတွေခံစားနေရပါက အရိုးအကြောအဆစ်အထူးကုဆရာဝန်နှင့်ပြသပြီး Xray,MRIရိုက်ခြင်းများဖြင့်ရောဂါဇစ်မြစ် ရှာဖွေတွေ့ရှိနိုင်ကာ ဆေးသောက်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း၊ခွဲစိတ်ခြင်းများဖြင့် သက်သာအောင်ကုသနိုင်ပါတယ်။

👉👉👉ရွှေဘုန်းချစ်သူများ ကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုများနဲ့ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လာရောက်ပြုလုပ်လိုပါက
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်ရှင်….

"ရွှေဘုန်း အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ, အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်
လည်သန်စွမ်းရေးစင်တာ"
အမှတ် (၇၃၊ ၇၄၊ ၇၅)၊ ရတနာလမ်းသွယ် (၃)၊ဘောက်ထော်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း။ ။ ၀၉ ၈၉၈၃၈၃၉၄၀ ၊ ၀၉၉၆၈၀၀၀၄၂၇

13/01/2026

မင်္ဂလာပါ ရွှေဘုန်းချစ်သူတို့ရေ၊

👉👉👉ကြွက်သားနာတတ်တဲ့ ရွှေဘုန်းချစ် သူတွေအတွက် ဘာလို့နာရလဲ၊သက်သာအောင်ဘယ်လိုလုပ်လို့ရလဲ၊ဘယ်လိုအခြေအနေမှာဆရာဝန်ပြသရမလဲဆိုတာမျှဝေပေးချင်ပါတယ်

🌞👨🏻‍🦯‍➡️👩🏻‍🦯‍➡️ကြွက်သားသီးသန့်နာတာကအများအားဖြင့်နေရာကွက်ပြီးနာလေ့ရှိပါတယ်။

😷🤧အအေးမိတုပ်ကွေးလို၊အရေပြားလေးဘက်နာလိုအခြေအနေမှာတော့ တကိုယ်လုံးကကြွက်သားတွေနာကျင်တတ်ပါတယ်။

🦵🦵💪ကြွက်သားနာစေတဲ့အခြားအကြောင်းရင်းတချို့ကတော့
ကြွက်သားအသုံးပြုများခြင်း၊အားကစားလုပ်ရင်းဒဏ်ဖြစ်ခြင်း၊ကြွက်တက်ခြင်း၊ကြွက်သားရောင်ရောဂါဖြစ်ခြင်း၊သွေးကြောပိတ်ခြင်းကျဉ်းခြင်းကြောင့်ကြွက်သားအောက်ဆီဂျင်ပြတ်ခြင်း၊သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊အရေပြားလေးဘက်နာရှိခြင်း၊လှေးကိုက်ခံရခြင်း စတာတွေဖြစ်ပါတယ်။

🌞အိမ်မှာပဲ နာတာသက်သာအောင်
နာနေတဲ့နေရာကိုအနားပေး၊ရေခဲကပ်၊ကျပ်စည်း၊ခြေထောက်ကြွက်သားနာတာဆို ခြေထောက်ကိုမြှင့်ထားခြင်းများ လုပ်ပေးပါ။
👉 အကိုက်အခဲ ပျောက်ဆေး ဥပမာ - Ibuprofenသောက်ဆေးတနေ့သုံးကြိမ်မှီဝဲနိုင်ပါတယ်။
👉ကြွက်သားနာကျင်ခြင်း သုံးရက်မှမသက်သာရင်၊ပိုနာလာရင်၊နာတာနဲ့အတူ အသက်ရှူကျပ်ခြင်း၊မူးဝေခြင်း၊ကြွက်သားများချိနဲ့ခြင်း၊ကိုယ်ပူကြီးပြီးဇက်တောင့်ခြင်း၊ဆီးအမည်းသွားခြင်းများပါဖြစ်လာရင် ဆေးရုံဆေးခန်းကို မဖြစ်မနေသွားပြသသင့်ပါတယ်ရှင်။

🤌🤌🤌ရွှေဘုန်းချစ်သူများ ကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုများနဲ့ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လာရောက်ပြုလုပ်လိုပါက
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါတယ်ရှင်….

"ရွှေဘုန်း အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ, အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်
လည်သန်စွမ်းရေးစင်တာ"
အမှတ် (၇၃၊ ၇၄၊ ၇၅)၊ ရတနာလမ်းသွယ် (၃)၊ဘောက်ထော်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့

☎️☎️☎️ဖုန်း။ ။ ၀၉ ၈၉၈၃၈၃၉၄၀ ၊ ၀၉ ၉၆၈၀၀၀၄၂၇

မင်္ဂလာပါ ရွှေဘုန်းချစ်သူတို့ ခင်ဗျာ 👉👉👉ခုတလော‌သွေးရောဂါတွေခေတ်စားနေပါတယ်။ မြန်မာလိုသာ သွေးရောဂါလို့သိမ်းကျုံးခေါ်ရတာ......
09/01/2026

မင်္ဂလာပါ ရွှေဘုန်းချစ်သူတို့ ခင်ဗျာ

👉👉👉ခုတလော‌သွေးရောဂါတွေခေတ်စားနေပါတယ်။

မြန်မာလိုသာ သွေးရောဂါလို့သိမ်းကျုံးခေါ်ရတာ...

တကယ်က သွေးရောဂါတွေကအများကြီးကိုရှိတာ..။
ရိုးရိုးရောဂါကစလို့ ကင်ဆာထိအမျိုးကိုစုံလို့ ပါပဲ

🗣️🗣️🗣️လူနာတွေကိုရှင်းပြတဲ့အခါ သွေးနီဥနဲ့ပတ်သက်လို့ဖြစ်တာ၊ သွေးဖြူဥနဲ့ပတ်သက်လို့ဖြစ်တာစသဖြင့် ပြောပြပေမဲ့ သာမန်လူအတွက်ခက်ခဲတဲ့ Terms တွေဖြစ်တာမို့အဆုံးသတ်ကျ သွေးရောဂါပဲမှတ်မိရာကနေ သွေးရောဂါလို့ပဲသိမ်းကျုံးပြီးနာမည်ကြီးနေတာမျိုးပါ။

🗨️ 💬💬💬ဒါဆိုဒီရောဂါတွေကဘာကြောင့်မို့ ဘယ်ကဘယ်လို ပေါ်လာတာလဲ ...❓
🗨️ 💬💬💬ဘာကြောင့်ဖြစ်ရသလဲ ...❓

♦️♦️♦️ရောဂါ အမျိုးအစားတွေကလည်းတကယ့်ကိုမှအများကြီးမို့ သူ့အမျိုးအစားပေါ်မူတည်ပြီး ဖြစ်ရတဲ့အကြောင်းရကြည့်လိုက်ရင်တော့ အောက်မှာ ဆွေးနွေးထားတဲ့ အကြောင်းတွေကြောင့်ဖြစ်ရတာများပါတယ် ခင်ဗျာ။

၁။ မွေးရာပါ (congenital defect) ကြောင့် ဖြစ်ရသော ရောဂါများ

ကျွန်တော်တို့ဟာမိဘနှစ်ပါးကမွေးဖွားလာတာဖြစ်တဲ့အတွက် သူတို့ဆီမှာသာ ရောဂါဖြစ်တဲ့ Gene ရှိနေမယ်ဆိုရင် ကိုယ်တွေလဲဖြစ်ဖို့ Chance အရမ်းများပါတယ်။

ဥပမာ ဆိုရရင်တော့—-
🩸 Thalassemia လို့ခေါ်တဲ့သွေးရောဂါတစ်မျိုးဆိုရင် မွေးရာပါ Gene Defect ကြောင့် သွေးထဲမှာအောက်စီဂျင်ကိုသယ်ပေးတဲ့သွေးနီဥထဲက Haemoglobin (ဟေမိုဂလိုဘင်) လို့ခေါ်တဲ့ပစ္စည်းလေးထဲမှာချို့ယွင်းလို့ဖြစ်လာတာမျိုးပါ။

ဒါ့အပြင်
🩸 G6PD deficiency လို့ခေါ်တဲ့မွေးရာပါသွေးဆဲလ်ပျက်စီးတဲ့ရောဂါတွေ၊
🩸 Congenital thrombocytopenia လိုသွေးဥမွှားနည်းရောဂါတွေ၊
🩸 Clotting factor deficiency လိုမျိုးသွေးခဲပစ္စည်းနည်းရောဂါတွေ ... အိုအစုံပါပဲ။

၂။အာဟာရချို့တဲ့တဲ့အတွက်ကြောင့် ဖြစ်သောရောဂါများ🍖🍗🫕🍜

ခန္ဓာကိုယ်ကြီးအသက်ရှင်နေဖို့၊ ရောဂါဒဏ်တော်ရုံတန်ရုံခံနိုင်ဖို့ဆိုတာအစာကအဓိကပါ။

နေထိုင်မကောင်းဖြစ်ခဲ့ရင်ဆေးခန်းသွားမှ၊ ဆေးသောက်လိုက်မှ ပျောက်တာမဟုတ်ပါဘူး။

အာဟာရကိုသာသေချာလေးပုံမှန်ပြန်လည်ဖြည့်တင်းပေးရင် သူ့ဘာသူပြန်ကောင်းလာမှာအမှန်ပါပဲ။

ဒီတော့အစာကိုသေသေချာချာမစားဘူး၊
ဟိုရှောင်ဒီရှောင်တွေအရမ်းများလွန်းရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်နည်းပါးသွားတတ်ပါတယ်။

အထူးသဖြင့် ဗီတာမင်နဲ့သတ္တုဓာတ်တွေခန္ဓာကိုယ်မှာမနည်းသွားစေဖို့နဲ့ တခြားအာဟာရတွေမဆုံးရှုံးဖို့ ...
🥑🍉🍗🍔🥘အာဟာရအုပ်စုသုံးခုလုံးကိုမျှတစွာစားသုံးပါ။
⁉️⁉️⁉️အစာအိမ်နဲ့အူလမ်းကြောင်းမှာပြဿနာတခုခုရှိရင်ချက်ချင်းကုသပါ။
⚠️⚠️⚠️လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ Supplement များသောက်သုံးပါခင်ဗျာ။

၃။ ရောင်ရမ်းခြင်း (Inflammation) ကြောင့်ဖြစ်သော ရောဂါများ

🦠🦠🦠ရောဂါပိုး ပိုးဝင်ရင်လည်းဖြစ်နိုင်တယ်။

🦠 ပိုးဝင်ရင်တော့ဝင်တဲ့ပိုးပေါ်မူတည်ပြီး ပြဿနာတက်ပါတယ်။

ဥပမာ - သွေးလွန်တုပ်ကွေး Dengue virus များခြင်ကိုက်လို့ ဖြစ်ပြီဆိုရင် သွေးဥမွှားနည်းရောဂါ ဖြစ်တတ်ပါတယ်။

🔮🔮🔮ကိုယ့်ခန္ဓာကိုယ်ရဲ့ Immune System ကကိုယ့်ကိုပြန်ဒုက္ခပေးတာကြောင့်လဲဖြစ်နိုင်တယ်။

🛡️ 🛡️🛡️ကိုယ့် Immune System ကကိုယ့်ပြန်ဒုက္ခပေးတာကျတော့ဘာကြောင့်လို့ပြောရအရမ်းခက်ပါတယ်။

ဥပမာ -
Autoimmune Hemolytic Anemia လိုမျိုး၊
Immune Thrombocytopenic Purpura လိုမျိုးရောဂါတွေက ဘာကြောင့်မှန်းကိုအတိအကျမပြောနိုင်ပဲ ကိုယ့်ကိုယ်ခံအားစနစ်ကကိုယ့်သွေးဆဲလ်တွေကိုဖျက်စီးပစ်နေတဲ့ရောဂါမျိုးတွေပါ။

၄။ ထုတ်လုပ်တဲ့စက်ရုံကိုကမကောင်းတာကြောင့် လည်း သွေးရောဂါတွေဖြစ်နိုင်ပါတယ်။

🦴🦴🦴သွေးဆဲလ်တွေကိုအဓိကထုတ်ပေးနေတာ ရိုးတွင်းခြင်ဆီ (Bone Marrow) ကနေပါ။

အဲ့တော့ထုတ်ပေးတဲ့စက်ရုံကမကောင်းရင်၊
စက်ရုံမှာပြဿနာတခုခုတက်နေရင်/ ရောဂါတခုခုရှိနေရင် သွေးဆဲလ်တွေကမောက်ကမဖြစ်ပြီးပြဿနာတက်ပြီပေါ့။

၅။ ကင်ဆာရောဂါ ကြောင့် လည်း သွေးရောဂါတွေ ဖြစ်နိုင်ပါတယ်။

⛄️⛄️❄️ဆောင်းဦးရွက်ကြွေချစ်သက်သေမှာထဲက အများစုစကြားဖူးခဲ့ကြတာမလား ...
အွန်စောကသွေးကင်ဆာဖြစ်တာမှတ်မိကြမယ်ထင်ပါတယ်။

အဲ့ရောဂါကို Leukemia လို့ခေါ်ပါတယ်။
သွေးဆဲလ်တွေပုံမမှန်ဖြစ်တာမျိုးပါပဲ။

ဒါ့အပြင် Lymphoma လို၊ တခြား Myeloproliferative disease တွေလဲရှိပါသေးတယ် ။

💥💥💥အားလုံးချုပ်ပြီးပြောရရင်
သွေးရောဂါတွေကကူးနိုင်လားဆရာရေ..." ဆိုရင်
မကူးနိုင်ပါဘူး။ မွေးရာပါ (သို့မဟုတ်) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အကြောင်းအမျိုးမျိုးကြောင့်ဖြစ်လာတဲ့ရောဂါမျိုးတွေသာ ဖြစ်ပါတယ်။

👉👉👉တစ်ခုမှတ်ထားရမှာက ရောဂါတခုချင်းစီတိုင်းက လူတဦးတယောက်စီပေါ်မှာသက်ရောက်တဲ့ပုံစံချင်းမတူပါဘူး။

👉👉ရောဂါဆိုးရင်လည်းဆိုးနိုင်တယ်၊ သိပ်မဆိုးတာမျိုးလည်းဖြစ်နိုင်တယ်။

👉ဒါကြောင့်ကိုယ့်မှာ (ဒါမှမဟုတ်) ကိုယ့်မိဘဆွေမျိုးတွေထဲမှာ သွေးရောဂါတစ်ခုခုရှိတယ်ဆိုရင် ....

🔸စိတ်အားမငယ်ပါနဲ့
🔸အလွန်အမင်းမစိုးရိမ်ပါနဲ့
🔸ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုကိုတိတိကျကျလိုက်နာခံယူပါလို့ အကြံပြုလိုပါတယ်ဗျာ
😍😍😍

#2026

ကျန်းမာ ပျော်ရွှင်အေးချမ်းသော နှစ်သစ်ဖြစ်ပါစေကြောင်း ရွှေဘုန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ရှင်။🙏🙏🙏
01/01/2026

ကျန်းမာ ပျော်ရွှင်အေးချမ်းသော
နှစ်သစ်ဖြစ်ပါစေကြောင်း
ရွှေဘုန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ရှင်။
🙏🙏🙏

☔️☔️☔️မကြာခင် ရောက်ရှိလာတော့မယ့် မိုးရာသီ အတွက် နှစ်စဉ်ထိုးနေကြ Flu vaccine လေးတွေ ထိုးရတော့မယ်နော် 💉💉💉  ရွှေဘုန်းရောဂါ ...
29/04/2025

☔️☔️☔️မကြာခင် ရောက်ရှိလာတော့မယ့် မိုးရာသီ အတွက် နှစ်စဉ်ထိုးနေကြ Flu vaccine လေးတွေ ထိုးရတော့မယ်နော် 💉💉💉

ရွှေဘုန်းရောဂါ ရှာဖွေရေး စင်တာ တွင်
FLU Vaccine ( Influ vac tetra) 2025 WHO approved ( Myanmar Registration)Vaccines များ ရောက်ရှိနေပါပြီ ရှင်။
ကြိုတင်မှာ ယူ ထားဖို့ အတွက် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ် ပေးပါရှင်
👉👉👉
Phone -09968000427
Phone - 09898383940

မှတ်ချက် -၄ မျိုးစပ် ရာသီ တုပ်ကွေးကာကွယ် ဆေးဖြစ်ပြီး သယ်ယူ ပို့ဆောင်ရာတွင် cold chain မပျက်စေရန် အထူးစီမံ ၍ သယ်ယူပိူ့ဆောင်ထားပါကြောင်း အာမခံ ပါသည်။

🌟🌟အိမ်တိုင်ယာရောက် ကျွမ်းကျင် ဆရာဝန်များ ကိုယ်တိုင်လိုက်လံ ထိုးပေးမည့် အစီအစဉ်
များ ရှိပါသည်။

💥💥ဈေးကွက်ထဲတွင် Cold chain မပြည့်မှီသော vaccine များ ပြန့်နှံ့နေပါ သဖြင့် အထူးသတိထား၍ ဆေးထိုးကြပါရန် သတိပေးလိုက်ရပါတယ်နော်😍😍😍

29/03/2025

ရွှေဘုန်း ချစ်သူများရှင် ,

ရွှေဘုန်းဆေးခန်းသို့ ဖုန်းဆက် booking တင်ရန်အတွက် Hot line ဖုန်းများ ခေါ်ဆို မရပါက

👉👉👉09898383940
ဖုန်းသို့ ဆက်သွယ်ပေးပါရန် ( သို့မဟုတ်) Facebook messenger သို့ ဆက်သွယ်ပေးပါရန်
လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။

❤️❤️❤️အားလုံး ဘေးရန်ကင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ

Address

No. 73/74/75, Yadanar Lane 3, Bauk Htaw, Thingangyun Township
Yangon
11071

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 17:00
Friday 08:00 - 20:00
Sunday 08:00 - 17:00

Telephone

+959898383940

Alerts

Be the first to know and let us send you an email when Shwe Bhone Specialist Clinic & Diagnostic Excellence Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Bhone Specialist Clinic & Diagnostic Excellence Center:

Shortcuts

Share