12/08/2026
သွားပြဿနာကို စောစောသိတာနဲ့ နောက်ကျမှသိတာ… ဘာကွာလဲ?
တကယ်တော့ သွားနဲ့ပတ်သက်တဲ့ ပြဿနာတော်တော်များများက
အစပိုင်းမှာ သိသိသာသာ နာကျင်မှုမရှိဘဲ ဖြစ်နေတတ်ပါတယ်။
သွားပိုးစားတာ၊ သွားကျောက်တည်တာ၊ သွားဖုံးရောင်တာတွေက
စောစောသိပြီး ကုသနိုင်ရင် Treatment ပိုရိုးရှင်းနိုင်ပေမယ့်
မသိဘဲ ဒီတိုင်းထားလိုက်ရင် ပြဿနာက တဖြည်းဖြည်းပိုဆိုးလာနိုင်ပါတယ်။
အထူးသဖြင့် “သွားနာလာမှ ဆေးခန်းသွားမယ်” ဆိုတဲ့အချိန်မှာ
သွားပိုးစားတာက အမြစ်ပိုင်းအထိ ရောက်နေတာ၊
သွားဖုံးပြဿနာက ပိုဆိုးလာတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် “သွားမနာသေးလို့ မစစ်ဘူး” ဆိုတာထက်
“သွားမနာသေးတုန်း စစ်ထားမယ်” ဆိုတဲ့အလေ့အကျင့်လေးကို ပြောင်းလဲသင့်ပါတယ် 🤍
✨ Regular Dental Check-up လုပ်ပေးခြင်းက
ကိုယ့်သွားနဲ့ သွားဖုံးမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို စောစောသိနိုင်စေပြီး
နောက်ပိုင်းမှာ ပိုရှုပ်ထွေးတဲ့ Treatment တွေ မလိုအပ်အောင်လည်း ကူညီပေးနိုင်ပါတယ်။
သွားနာလာမှ ကုသဖို့ မစောင့်ပါနဲ့။
သွားမနာသေးခင် စစ်ဆေးထားတာက ပိုကောင်းပါတယ်။ 🦷✨
လိပ်စာ - အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၉၄၄၃၇၁၃၄၃၇
ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။ (တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)
#သွားဆေးခန်း