Golden Hope Child Care & Physio

Golden Hope Child Care & Physio Compassionate and dedicated evidence based Physiotherapy services for children , adults and elderly

🔈 🔈 🔈 🔉 မသန်စွမ်းသူများအတွက်    “Building Bridges by Breaking Barriers - 5B PWDs Scholarship Program”🔉🔉🔉🔉🔉🎓 🎓 🎓 🎓 🎓 🎓 🎓 ...
16/06/2026

🔈 🔈 🔈 🔉 မသန်စွမ်းသူများအတွက် “Building Bridges by Breaking Barriers - 5B PWDs Scholarship Program”🔉🔉🔉🔉🔉
🎓 🎓 🎓 🎓 🎓 🎓 🎓 🎓 🎓 🎓🎓🎓🎓
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)သည် မသန်စွမ်းသူများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတခုဖြစ်ပြီး မသန်စွမ်းသူများ၏ ပညာသင်ကြားရန် အခွင့်အရေးများ တန်းတူရရှိရန်နှင့် ပညာရေးကို ပိုမိုလက်လှမ်းမီမှု ရရှိစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူများ၏ ပညာရေးကို အားပေးမြှင့်တင်သည့် အနေဖြင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပါဝင် အားဖြည့်ပေးမှုဖြင့် “5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ် ကို အကောင်အထည်ဖော်ကာ မသန်စွမ်းသူများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်🌻🌻🌻🌻🌻🌻🌻🌻🌻

✅ “5B PWDs Scholarship Program” ကို ဘယ်သူတွေ လျှောက်ထားနိုင်သလဲ ?👇👇👇👇👇👇
ပညာသင်ကြားရန် အမှန်တကယ် ငွေကြေးထောက်ပံ့မှုလိုအပ်သည့် “Grade 8 မှ Grade 12 အတန်းပညာ (သို့မဟုတ်) တက္ကသိုလ်ပညာသင်ကြားနေသော မည်သည့် မြန်မာနိုင်ငံသား မသန်စွမ်းသူမဆို လျှောက်ထားနိုင်ပါသည်။✅✅✅✅

✅ “5B PWDs Scholarship Program” က မသန်စွမ်းသူတွေအတွက် ပေးအပ်သွားမည့် ပညာသင်ဆုများ
✅ Grade 8 မှ 12 ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအတွက် ၁လလျှင် ၁၈၀,၀၀ဝိ/- ကျပ်ဖြင့် ၂၀၂၆-၂၇ ပညာသင်နှစ် စုစုပေါင်း (၉)လ အတွက် လစဉ် ထောက်ပံ့မှုပုံစံဖြင့် ပေးအပ်ခြင်း။
✅ တက္ကသိုလ်(Day) ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအတွက် ၁လလျှင် ၂၀၀,၀၀ဝိ/- ကျပ်ဖြင့် ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် လစဉ် ထောက်ပံ့မှုပုံစံဖြင့် ပေးအပ်ခြင်း။
✅တက္ကသိုလ် (အဝေးသင်) ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအတွက် (၁)ဦးလျှင် (၆၀၀,၀၀ဝိ/-) ကို နှစ်ကြိမ်ခွဲ၍ ထောက်ပံ့ပေးခြင်း။

✅ပညာသင်ဆုလျှောက်လွှာ လျှောက်ထားနိုင်သည့်ကာလ
🗓️၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက် - ဇူလိုင်လ(၃)ရက်(သောကြာနေ့)ထိ

✅“5B PWDs Scholarship Program” ကို လျှောက်ထားဖို့ ဘာတွေ လိုအပ်သလဲ ? 👇👇
၁။ ပညာသင်ဆုလျှောက်လွှာ
၂။ ပညာသင်ဆုလျှောက်လွှာဖောင်ပုံစံ
၃။ ဝန်ခံကတိပြုချက်
၄။ ကျောင်းထောက်ခံစာ
၅။ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ
၆။ လိုင်စင်ဓာတ်ပုံ (၁.၂ လက်မ x ၁.၅ လက်မ)
၇။ မသန်စွမ်းမှုအားမြင်သာစေသည့် တစ်ကိုယ်လုံးပုံ (၄ လက်မ x ၆ လက်မ)
မမြင်သာသော မသန်စွမ်းမှုဖြစ်ပါက ဆေးထောက်ခံချက် (သို့) ဆေးကုသမှု ခံယူထားကြောင်း အထောက် အထား (သို့မဟုတ်) ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ မသန်စွမ်းသူဖြစ်ကြောင်း ထောက်ခံချက် တစ်ခုခု ပါဝင်ရပါမည်။ 🌻🌻🌻🌻🌻

🛑 ပညာသင်ဆုအတွက် လူဦးရေ ကန့်သတ်ချက်ရှိပါဖြင့် အချိန်မီ လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

☎️မေးမြန်းစုံစမ်းရန်နှင့် ပညာသင်ဆုလျှောက်လွှာဖောင်များကို အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်၍ ရယူနိုင်ပါသည်။📲
၁။ ဦးအောင်သန်းလွင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် - ၀၉ ၄၀၁၅၉၁၆၅၁
၂။ ဦးအောင်သူ၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) - ၀၉ ၈၉၂၉၁၁၁၄၁
၃။ ဒေါ်မေမွန်ဖိုး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) – ၀၉၈၈၂၃၄၅၂၃၅
၄။ ဦးစိုင်းမြတ်မိုး၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း - ၀၉ ၂၅၀၆၃၈၄၅၇
၅။ မြန်မာနိုင်ငံမျက်မြင်များအသင်း - ၀၉ ၂၆၂၂၄၇၀၇၈
၆။ ဒေါ်မိုးမြင့်နိုင်၊ ရွှေအင်အားတောင်ဒဂုံမသန်စွမ်းသူများအသင်း - ၀၉ ၇၉၆၉၄၅၃၆၂

♿မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးခရီးလမ်းကို အတူတကွ ပံ့ပိုးကူညီကြပါစို့။
♿♿♿♿♿♿♿♿♿♿♿♿♿♿

#ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာ
(Myanmar)



မိုးရာသီ တုပ်ကွေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းလုပ်ဆောင်ချက်များ
15/06/2026

မိုးရာသီ တုပ်ကွေးအန္တရာယ်ကြိုတင်ကာကွယ်ရေး
ခြင်ဆေးဖျန်းခြင်းလုပ်ဆောင်ချက်များ

https://t.me/+_DagrOAmvPE3NTI1ကျောင်းကလေးသီးသန့် telegram channel linkပါ activitiesများကြည့်ရှုနိုင်ပါတယ်
15/06/2026

https://t.me/+_DagrOAmvPE3NTI1

ကျောင်းကလေးသီးသန့် telegram channel linkပါ activitiesများကြည့်ရှုနိုင်ပါတယ်

ငလျင်ဒဏ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်အနေဖြင့် ကလေးများအား သတ်မှတ်ထားသော ဘေးလွတ်ရာနေရာသို့ အလျင်မြန် ပို့ဆောင်ခြင်း လက်တ...
13/06/2026

ငလျင်ဒဏ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်အနေဖြင့် ကလေးများအား သတ်မှတ်ထားသော ဘေးလွတ်ရာနေရာသို့ အလျင်မြန် ပို့ဆောင်ခြင်း လက်တွေ့သင်ခန်းစာကို ၁၃.၆.၂၀၂၆ နေ့တွင် လုပ်ဆောင်ခဲ့ကြပါသည်။

19/05/2026

"ဆန်စေ့လေးတွေကြားက Treasure Hunt ✨🕵️"
Concentration, Fine motor skills နဲ့ Problem-solving skills တွေ တိုးတက်စေရန် ပျော်ရွှင်စရာ sensory learning time တွင် ပါ၀င်လုပ်ဆောင်နေကြသော Golden Hope ကျောင်းမှသားသားမီးမီးများ🥰🥰

Work with Teacher Time တွင် ပျော်ရွှင်စွာပါဝင်လုပ်ဆောင်နေကြသော ကြည့်မြင်တိုင်ကျောင်းမှသားသားမီးမီးများ 🥰🥰
07/05/2026

Work with Teacher Time တွင် ပျော်ရွှင်စွာပါဝင်လုပ်ဆောင်နေကြသော ကြည့်မြင်တိုင်ကျောင်းမှသားသားမီးမီးများ 🥰🥰

05/05/2026

Foot print activity
👣 Gross Motor Skills
👣 Sensory play by texture of paint
👣 Develop coordination move and balance

🌹 May Day (International Workers’ Day) 🌹ဒီနေ့ဟာ အလုပ်သမားတွေ၏ ကြိုးစားအားထုတ်မှု၊ သည်းခံမှုနဲ့ တန်ဖိုးထားရမယ့်နေ့တစ်နေ့ပ...
01/05/2026

🌹 May Day (International Workers’ Day) 🌹

ဒီနေ့ဟာ အလုပ်သမားတွေ၏ ကြိုးစားအားထုတ်မှု၊ သည်းခံမှုနဲ့ တန်ဖိုးထားရမယ့်နေ့တစ်နေ့ပါ။

နေ့စဉ် ဘဝအတွက် မနားမနား ကြိုးစားနေကြတဲ့ လူတိုင်းကို
လေးစားဂုဏ်ပြုအပ်ပါတယ် 🙏

💪 အလုပ်အကိုင်တိုင်းမှာ တန်ဖိုးရှိတယ်
💼 ကြိုးစားမှုတိုင်းမှာ အဓိပ္ပါယ်ရှိတယ်

Happy May Day!
အလုပ်သမားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ပိုမိုတိုးတက်အောင်မြင်ကြပါစေ ✨

✨ မင်္ဂလာရှိ‌သော ကဆုန်လပြည့်နေ့ အခါသမယတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေ။စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍မေတ္တာ၊ ကရုဏ...
30/04/2026

✨ မင်္ဂလာရှိ‌သော ကဆုန်လပြည့်နေ့ အခါသမယတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားများ
ပြည့်ဝကာ ဘဝလမ်းခရီးတစ်လျှောက် အောင်မြင်သာယာကြပါစေ။

ယနေ့အခါသမယမှစ၍
အေးချမ်းပျော်ရွှင်မှုများနှင့် ကံကောင်းခြင်းများ
အမြဲတမ်း ရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည် 🙏

Address

11 BaYintNaung 14th Street, Thingankyun
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09421036573

Website

Alerts

Be the first to know and let us send you an email when Golden Hope Child Care & Physio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Golden Hope Child Care & Physio:

Share