PS Medical Hub and Travels

Call Directions Website

PS Medical Hub and Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PS Medical Hub and Travels, Room No/98 (B), Kabaraye Pagoda Road, Bahan Township, Yangon.

Pentagon Medical Hub and Travels was founded in Aug 2017 with a vision to provide best services to customers in all travel related fields and one stop medical services.

စက်တင်ဘာလ (၂၇) ရက်နေ့က မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ MedPark ဆေးရုံကြီးရဲ့ ကျန်းမာရေးဆွေးနွေးပွဲမှ ပု...
03/10/2026

စက်တင်ဘာလ (၂၇) ရက်နေ့က မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ MedPark ဆေးရုံကြီးရဲ့ ကျန်းမာရေးဆွေးနွေးပွဲမှ ပုံရိပ်များ 📸✨

မန္တလေးမြို့ Mingalar Mandalay Hotel မှာလည်း PS Medical Hub & Travels ကနေ ကြီးမှူးပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး MedPark ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၃) ဦးကိုယ်တိုင် လာရောက်ဟောပြောဆွေးနွေးပေးခဲ့တဲ့ ပွဲလေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီပွဲလေးမှာဆိုရင် နှလုံး၊ ကျောရိုးနဲ့ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးဗဟုသုတတွေကို ဟောပြောပေးခဲ့တဲ့အပြင် ဆရာဝန်ကြီးတွေကိုယ်တိုင် လူနာတစ်ဦးချင်းစီရဲ့ လက်ရှိခံစားနေရတဲ့ ရောဂါအခြေအနေတွေ၊ ဆေးမှတ်တမ်းတွေကို သေချာအသေးစိတ် ကြည့်ရှုပြီး အကောင်းဆုံးဖြစ်မယ့် ကုသမှုနည်းလမ်းတွေကို အချိန်ပေး ဆွေးနွေးပေးခဲ့ကြပါတယ်။

ယုံကြည်စိတ်ချစွာနဲ့ စာရင်းပေးသွင်းပြီး တခဲနက် လာရောက်တက်ရောက်ခဲ့ကြတဲ့သူတွေအားလုံးကိုလည်း PS Medical မှ အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 😇

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။

စက်တင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ MedPark ဆေးရုံကြီးရဲ့ အခမဲ့ ကျန်းမာရေးဆွေးနွေးပွ...
29/09/2026

စက်တင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ MedPark ဆေးရုံကြီးရဲ့ အခမဲ့ ကျန်းမာရေးဆွေးနွေးပွဲမှ ပုံရိပ်များ 📸✨

PS Medical Hub & Travels ကနေ ကြီးမှူးပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး MedPark ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၃) ဦးကိုယ်တိုင် လာရောက်ဆွေးနွေးပေးခဲ့တဲ့ အခမဲ့ကျန်းမာရေးဆွေးနွေးပွဲလေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲလေးမှာဆိုရင် ဆရာဝန်ကြီးတွေကိုယ်တိုင် လူနာတစ်ဦးချင်းစီရဲ့ လက်ရှိခံစားနေရတဲ့ ရောဂါအခြေအနေတွေနဲ့ ဆေးမှတ်တမ်းတွေကို သေချာအသေးစိတ် ကြည့်ရှုပြီး အကောင်းဆုံးဖြစ်
မယ့် ကုသမှုနည်းလမ်းတွေကို ဆွေးနွေးပေးခဲ့ကြပါတယ်။

ယုံကြည်စိတ်ချစွာနဲ့ စာရင်းပေးသွင်းပြီး တက်ရောက်ခဲ့ကြတဲ့ လူနာရှင်တွေနဲ့ မိသားစုဝင်များအားလုံးကိုလည်း PS Medical မှ အထူးပဲ ကျေးဇူးတင်ရှိကြောင်းပြောကြားရင် ဆွေးနွေးပွဲမှ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 😇

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။

နှလုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ နှလုံးရောဂါအန္တရာယ်ကို သတိပြုကာကွယ်နိုင်ဖို့ နှစ်စဉ် စက...
29/09/2026

နှလုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ နှလုံးရောဂါအန္တရာယ်ကို သတိပြုကာကွယ်နိုင်ဖို့ နှစ်စဉ် စက်တင်ဘာလ (၂၉) ရက်နေ့ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ 🫀

သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းအဆီများတာတွေက ဘာလက္ခဏာမှမပြဘဲ နှလုံးသွေးကြောတွေကို ပိတ်ဆို့စေတတ်လို့ ကိုယ်က ကျန်းမာတယ်လို့ ထင်ရပေမဲ့ ရုတ်တရက် နှလုံးရပ်သွားတဲ့အန္တရာယ်အထိ ဖြစ်တတ်ပါတယ်။

နှလုံးလေး အမြဲကျန်းမာနေဖို့အတွက်ကတော့ -

🥗 အစားအသောက် ဆင်ခြင်ပါ
အငန်ကဲတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေနဲ့ အချိုများလွန်းတာတွေကို လျှော့စားပါ။ အဲ့ဒီအစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ငါး (ဥပမာ- ဆယ်လ်မွန်) လိုမျိုး အိုမီဂါ-၃ ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးပါ။

🚶🏻‍♂️ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
နေ့တိုင်း မပြေးနိုင်၊ လေ့ကျင့်ခန်း အပြင်းအထန် မလုပ်နိုင်ရင်တောင် တစ်နေ့ကို နာရီဝက်လောက် ပုံမှန်လမ်းလျှောက်ပေးတာက နှလုံးသွေးလှည့်ပတ်မှုကို အများကြီး ကောင်းမွန်စေပါတယ်။

😴 အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှု လျှော့ချပါ
ညဘက် ကောင်းကောင်းမအိပ်ရတာ၊ အမြဲတမ်း စိတ်ဖိစီးနေတာတွေက နှလုံးကို အများကြီး ဒဏ်ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၇ နာရီကနေ ၈ နာရီအထိ ပြည့်ဝစွာ အိပ်စက်ပေးပါ။

🚭 ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ
ဒါတွေက နှလုံးသွေးကြောတွေကို တိုက်ရိုက်ထိခိုက်စေပြီး ရုတ်တရက် နှလုံးရပ်တာမျိုးအထိ ဖြစ်စေနိုင်လို့ တတ်နိုင်သမျှ ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

ဒါပေမယ့် အသက် ၄၀ ကျော်လာပြီ ဒါမှမဟုတ် မျိုးရိုးထဲမှာ နှလုံးရောဂါရှိတယ်ဆိုရင် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက် ထိုင်းနဲ့ အိန္ဒိယက နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးတွေမှာ နှလုံးနဲ့ပတ်သက်ပြီး စိတ်ချယုံကြည်ရတဲ့ စစ်ဆေးကုသမှုတွေ ခံယူချင်တယ်ဆိုရင်တော့ PS Medical Hub & Travels ကိုသာ ဆက်သွယ်လိုက်ပါနော်။ 🤗

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။


Praram 9 ဆေးရုံကြီးမှာ Dr. Chaiyot နှင့် ခါးရိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ ✨နာတာရှည် ခါးနာဝေဒနာန...
27/09/2026

Praram 9 ဆေးရုံကြီးမှာ Dr. Chaiyot နှင့် ခါးရိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ ✨

နာတာရှည် ခါးနာဝေဒနာနဲ့ သွားလာလှုပ်ရှားရ ခက်ခဲနေတဲ့ လူနာရှင်အနေနဲ့ PS Medical Hub & Travels ကို ဆက်သွယ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Praram 9 Hospital မှ ခါးရိုးနှင့် ကျောရိုးခွဲစိတ် အထူးကုဆရာဝန်ကြီး Dr. Chaiyot နဲ့ ပြသနိုင်ခဲ့ပါတယ်။

ဆရာဝန်ကြီးရဲ့ ကျွမ်းကျင်မှုနဲ့ ခေတ်မီနည်းပညာတွေရဲ့ အကူအညီတွေနဲ့အတူ ခါးရိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ခွဲစိတ်မှုအပြီးမှာ အမြန်ဆုံး ကျန်းမာသန်စွမ်းလာတာကို မြင်တွေ့ရတဲ့အတွက် PS Medical မှ ဝမ်းသာပီတိဖြစ်ရပါတယ်။ 🥰

ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူဖို့ စဉ်းစားနေတယ်ဆိုရင် ဆေးရုံနဲ့ ဆရာဝန်ရွေးချယ်တာကအစ၊ ခရီးစဉ်အစအဆုံး လိုအပ်တာတွေ အားလုံးကို အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ဖို့ PS Medical Hub & Travels ကိုသာ ယုံကြည်စွာ ဆက်သွယ်
လိုက်ပါနော်။ 🙌

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။

လက်ရှိ ထိုင်းနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင...
26/09/2026

လက်ရှိ ထိုင်းနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် အထူးဂရုစိုက် နေထိုင်ကြဖို့ PS Medical Hub & Travels မှ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ အဆင်ပြေချောမွေ့ကြပါစေလို့ PS Medical မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏


နိုင်ငံခြားမှာ ဆေးသွားကုဖို့ စဉ်းစားတဲ့အခါ ကိုယ့်ရောဂါနဲ့ အကိုက်ညီဆုံး ဆေးရုံနဲ့ ဆရာဝန်ကို ရွေးချယ်နိုင်ဖို့က အရေးအကြီးဆ...
25/09/2026

နိုင်ငံခြားမှာ ဆေးသွားကုဖို့ စဉ်းစားတဲ့အခါ ကိုယ့်ရောဂါနဲ့ အကိုက်ညီဆုံး ဆေးရုံနဲ့ ဆရာဝန်ကို ရွေးချယ်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ❗️

ဒါကြောင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ဖို့အတွက် PS Medical Hub & Travels ကနေ ထိုင်းနှင့် အိန္ဒိယနိုင်ငံရှိ အကောင်းဆုံး နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်။ 🏥🌟

PS Medical Hub & Travels မှာရယူနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ -

✅ ရောဂါအလိုက် ထိုင်းနှင့် အိန္ဒိယရှိ အကောင်းဆုံးဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း

✅ ဆေးကုသမှုအတွက် လိုအပ်တဲ့ ဗီဇာကိစ္စရပ်များစီစဉ်ပေးခြင်း

✅ လေယာဉ်လက်မှတ်နှင့် နေထိုင်ဖို့ကိစ္စများစီစဉ်ပေးခြင်း

✅ ဘာသာစကား အခက်အခဲမရှိစေဖို့ ကျွမ်းကျင်ဘာသာပြန်များ စီစဉ်ပေးခြင်း

ကိုယ့်ရဲ့ ကျန်းမာရေး ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတွေရဲ့ ကျန်းမာရေးအတွက် ထိုင်းနှင့် အိန္ဒိယမှာသွားရောက်ဆေးကုသမှုခံယူဖို့ စဉ်းစားနေပြီဆို PS Medical Hub & Travels ကိုသာ ချိတ်ဆက်လိုက်ပါနော်။ 🤝✨

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။

23/09/2026

PS with You Program လေးကနေ ထပ်မံကြိုဆိုလိုက်ပါတယ်နော် ... 🤗

ဒီတစ်ခေါက်မှာတော့ PS Medical Hub & Travels မှ ဒေါက်တာသန့်နေဗလကနေ ရာသီဥတုအကူးအပြောင်းမှာ လူကြီး၊ လူငယ်မရွေး ခံစားရလေ့ရှိတဲ့ အာသီးရောင်ခြင်းအကြောင်းကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

အာသီးရောင်ရတဲ့ အဓိကအကြောင်းရင်းတွေ၊ သတိထားရမယ့် လက္ခဏာတွေ စတဲ့အချက်တွေကို အသေးစိတ်ရှင်းပြပေးထားတာမို့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 🙌

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။

𝐏𝐒 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐇𝐮𝐛 & 𝐓𝐫𝐚𝐯𝐞𝐥𝐬 ရဲ့ CEO ဖြစ်သူ  𝐃𝐫. 𝐘𝐞𝐞 𝐌𝐨𝐧 𝐓𝐡𝐚𝐧𝐭 သည် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဘန်ကောက်မြို့တွင် အောင်မြင်စွာ ...
20/09/2026

𝐏𝐒 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐇𝐮𝐛 & 𝐓𝐫𝐚𝐯𝐞𝐥𝐬 ရဲ့ CEO ဖြစ်သူ 𝐃𝐫. 𝐘𝐞𝐞 𝐌𝐨𝐧 𝐓𝐡𝐚𝐧𝐭 သည် 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဘန်ကောက်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သော "𝐇𝐞𝐫 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧 𝐄𝐯𝐞𝐧𝐭"တွင် Panelist တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးကာ အသိပညာနှင့် အတွေ့အကြုံများ မျှဝေအားဖြည့်ခဲ့ပါသည်။

Growth Session Myanmar - Maternal Care & Support သည် မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မိခင်လောင်းများနှင့် မိသားစုများအတွက် ကိုယ်ဝန်ဆောင်ကာလမှ မီးဖွားပြီးနောက်ပိုင်းအထိ မိခင်နှင့်ကလေး ကျန်းမာရေး၊ အာဟာရ၊ စိတ်ကျန်းမာရေးနှင့် ကလေးပြုစုစောင့်ရှောက်မှုဆိုင်ရာ လိုအပ်သည့် လက်တွေ့ကျသော အသိပညာများ၊ သင်တန်းများနှင့် တိုင်ပင်ဆွေးနွေးမှုများကို စနစ်တကျ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ယခုကျင်းပခဲ့သော ပွဲသည် မိခင်များအတွက်သာမက ဘန်ကောက်ရောက် အမျိုးသမီးထုတစ်ရပ်လုံးအတွက် အခွင့်အလမ်းများ၊ အတွေ့အကြုံများနှင့် အသိပညာများကို ပွင့်လင်းစွာ ဖလှယ်နိုင်သည့် ခိုင်မာသော အမျိုးသမီးအသိုင်းအဝိုင်း တစ်ခုအဖြစ် ဖန်တီးပေးခဲ့ခြင်းကြောင့် ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

လေဖြတ်ခြင်းဆိုတာ သက်ကြီးရွယ်အိုတွေမှာပဲ ဖြစ်လေ့ရှိတဲ့ ရောဂါလား ❓လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေမှာသာ အဖြစ်များတယ်လို့ ထင်...
19/09/2026

လေဖြတ်ခြင်းဆိုတာ သက်ကြီးရွယ်အိုတွေမှာပဲ ဖြစ်လေ့ရှိတဲ့ ရောဂါလား ❓

လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေမှာသာ အဖြစ်များတယ်လို့ ထင်တတ်ကြပေမယ့် နောက်ပိုင်းမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေမှာပါ သိသိသာသာ အဖြစ်များလာပါတယ်။

နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာတာနဲ့အမျှ အသက်အရွယ်မရွေး ရုတ်တရက် လေဖြတ်နိုင်တဲ့ အန္တရာယ်က လူတိုင်းမှာ ရှိနေပါတယ်။

လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတွေကတော့ -

☑️ ငယ်ရွယ်စဉ်မှာပင် ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အသင့်စား အစားအစာများကို အလွန်အကျွံ စားသုံးခြင်း

☑️ အနားယူချိန်နည်းပါးပြီး အလုပ်ဖိအား များလွန်းခြင်း

☑️ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း

☑️ နှလုံးအဆို့ရှင် ပြဿနာ သို့မဟုတ် ဦးနှောက်သွေးကြော ပုံမမှန်ခြင်း

လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ -

❗️ပြုံးလိုက်လျှင် မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း သို့မဟုတ် ထုံကျင်နေခြင်း။

❗️ လက်နှစ်ဖက် မြှောက်ခိုင်းပါက တစ်ဖက် ပြုတ်ကျသွားခြင်း၊ အားမရှိခြင်း။

❗️ စကားပြောရာတွင် လေးနေခြင်း၊ ဗလုံးဗထွေးဖြစ်ခြင်း၊ စကားမပီတော့ခြင်း။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတွေအတွက် ထိုင်းနှင့် အိန္ဒိယရှိ ကမ္ဘာ့အဆင့်မီ ဆေးရုံကြီးတွေမှာ သွားရောက်ကုသလိုပါက PS Medical Hub & Travels ကိုသာ ဆက်သွယ်လိုက်ပါနော်။😇

အသေးစိတ်စုံစမ်းလိုပါက -

📍 ရန်ကုန်ရုံး - 09420420418, 09420420419
အမှတ် (98/B)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📍 မန္တလေးရုံး - 09402008686, 09402008787
အမှတ် (၁၁၈)၊ (၇၅)လမ်း ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📍 ဘန်ကောက်ရုံး - +66 658785643
၁၁ လွှာ၊ V-Co Hub Business Center၊ Sivatel ဟိုတယ်။


🤝🏻 𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐟𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐇𝐞𝐚𝐥𝐭𝐡 | 𝐏𝐒 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐇𝐮𝐛 & 𝐓𝐫𝐚𝐯𝐞𝐥𝐬 × 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫မိခင်များ၊ အမျိုးသမီးများနဲ့ မိ...
18/09/2026

🤝🏻 𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐟𝐨𝐫 𝐁𝐞𝐭𝐭𝐞𝐫 𝐇𝐞𝐚𝐥𝐭𝐡 | 𝐏𝐒 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐇𝐮𝐛 & 𝐓𝐫𝐚𝐯𝐞𝐥𝐬 × 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫

မိခင်များ၊ အမျိုးသမီးများနဲ့ မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 နဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 တွေ ရရှိနိုင်စေဖို့အတွက် Growth Session Myanmar - Maternal Care & Support နဲ့ PS Medical Hub & Travels တို့အကြား 𝐌𝐞𝐦𝐨𝐫𝐚𝐧𝐝𝐮𝐦 𝐨𝐟 𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 (𝐌𝐎𝐔) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ 🤝🏻

𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ မိခင်တွေနဲ့ မိသားစုတွေအတွက် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 နဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပေးနေတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ PS Medical Hub & Travels ရဲ့ International Healthcare Network နဲ့ Medical Services အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ Professional Support တွေကို ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အထူးသဖြင့် မိခင်တွေနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ 𝐌𝐚𝐭𝐞𝐫𝐧𝐚𝐥 𝐂𝐚𝐫𝐞၊ 𝐖𝐨𝐦𝐞𝐧 & 𝐅𝐚𝐦𝐢𝐥𝐲 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 စတဲ့ ကဏ္ဍတွေမှာ အသိပညာပေးမှု၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုတွေနဲ့ လိုအပ်တဲ့ Healthcare Services တွေဆီ ချိတ်ဆက်ပေးနိုင်မယ့် အခွင့်အလမ်းတွေကို အတူတကွ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ 🩺

🇲🇲 မြန်မာနိုင်ငံနဲ့ 🇹🇭 ထိုင်းနိုင်ငံကြားမှာ Healthcare နဲ့ပတ်သက်တဲ့ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞၊ 𝐄𝐱𝐩𝐞𝐫𝐭𝐢𝐬𝐞 နဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭 တွေကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်ပြီး လူနာတွေနဲ့ မိသားစုတွေအတွက် အမှန်တကယ်အသုံးဝင်တဲ့ Healthcare Initiatives တွေကို ပူးပေါင်းဖော်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ 🌿

ဒီလို အဓိပ္ပာယ်ရှိတဲ့ Collaboration တစ်ခုအတွက် ယုံကြည်စွာ လက်တွဲပေးခဲ့တဲ့ Growth Session Myanmar Team ကို PS Medical Hub & Travels မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🙏🏻

Address

Room No/98 (B), Kabaraye Pagoda Road, Bahan Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959420420418

Alerts

Be the first to know and let us send you an email when PS Medical Hub and Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share