30/08/2016
လူ (၃) ယောက်ရဲ့ဘဝကံကြမ္မာနဲ့ ခံစားရတဲ့ပျော်ရွင်မှုကွာခြားချက်
ပထမဆုံးတစ်ယောက် -- သိန်းထောင်ချီ ကားအကောင်းစားမောင်းတယ်၊ နီးတူ သိန်းထောင်ချီ ဘဏ်မှာအကြွေးရှိတယ်။
သူ့ဘဝမှာ သေမလား ၊ ရှင်မလား ဆိုတဲ့ကြိုးပေါ်မှာကြောက်ကြောက်လန့်လန့်လျှောက်နေရတယ်
ဒုတိယတစ်ယောက် -- သိန်းရာကျော် ကားမောင်းနိုင်တယ် ၊ တိုက်ခန်းဝယ်ဖို့ ဘဏ်မှာ သိန်းရာချီအကြွေးရှိတယ် ။
သူ့ဘဝမှာ အမြဲစိတ်ပူပင်နေရတယ်။
တတိယတစ်ယောက် -- ဆိုင်ကယ်မောင်းတယ် ၊ ဘဏ်မှာသိန်းဆယ်ဂဏန်းအပ်ထားနိုင်တယ်
သူ့ဘဝမှာ အေးအေးဆေးဆေးဆိုပေမဲ့ ဘာမှအဓိပါယ်မရှိဘူးလို့ခံစားရတယ်
အကယ်လို့ ဒီလူ (၃)ယောက်ဆုံတဲ့အခါ
ဆိုင်ကယ်မောင်းတဲ့သူက - သိန်းရာကျော်ကားမောင်းတဲ့သူကို အားကျမယ်
သိန်းရာကျော်ကားမောင်းတဲ့သူက - သိန်းထောင်ကျော်ကားမောင်းတဲ့သူကို အားကျမယ်
သိန်းထောင်ကျော်ကားမောင်းတဲ့သူက - ဆိုင်ကယ်မောင်းတဲ့သူကို အားကျမယ်
ဒါကတော့ “ ပတ်ဝန်းကျင်ရဲ့အမှန်တရား” ပါ
လူတိုင်းတစ်ယောက်နဲ့တစ်ယောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပစ္စည်းဥစ္စာပကာဿနတွေ ၊ ကံကြမ္မာတွေပိုင်ဆိုင်ထားကြတယ်
ကြောင်က ငါးစားရတာကိုကြိုက်တယ်
ဒါပေမဲ့ ရေမကူးတတ်ရှာဘူး
ငါးက တီကောင်စားရတာကြိုက်တယ်
ဒါပေမဲ့ သူကိုယ်တိုင် ကုန်းပေါ်တက်ပြီး တီကောင်မဖမ်းနိုင်ရှာဘူး
ဒီနေ့မှာ ဘယ်လောက်ကြီးမားတဲ့အကြောင်းအရာပဲဖြစ်ပါစေ
မနက်ဖြန်ရောက်ရင် အလိုလို သေးငယ်တဲ့အရာဖြစ်သွားလိမ့်မယ်
ဒီနှစ်ရဲ့ ဘယ်လောက်ကြီးမားတဲ့ အကြောင်းအရာပဲဖြစ်ပါစေ
နောက်နှစ်ရောက်ရင် ပုံပြင်တစ်ပုဒ်သာသာဖြစ်သွားလိမ့်မယ်
အဆိုးဆုံးဆိုရင်လဲ ကျွန်တော်တို့သူများအတွက်နောက်ကျရင်ပြောပြဖို့ ပုံပြင်တစ်ပုဒ်တိုးသွားရုံလောက်ပါပဲ
ဘဝ ဆိုတာလဲ ဒီလောက်ပါပဲ
ဒီအကြောင်းကိုတော့ တခြားသူတစ်ယောက်ရဲ့စာကို ပြန်လည်ဖြည့်စွက် ဘာသာပြန်ထားပါသည် ။
ကောင်းသောနေ့လေးဖြစ်ပါစေ
#အောင်မြင်သူ ဘယ်လိုတွေးလဲ ? New Rich City