11/09/2026
Yoga O'clock မှာ ဘာလို့ Yoga Wheel နဲ့ မကြာခဏ လေ့ကျင့်ဖြစ်တာလဲ? 🧘♀️✨
တစ်နေ့တာလုံး အလုပ်လုပ်ရင်း၊ ဖုန်းကြည့်ရင်းနဲ့ ကိုင်းသွားတဲ့ ကျောရိုးနဲ့ တင်းကြပ်သွားတဲ့ ပခုံးတွေကို ပြန်လည်လန်းဆန်းသွားစေဖို့ဆိုရင် Yoga Wheel လေးက အကောင်းဆုံး အဖော်မွန်ပါပဲ။
ရိုးရိုး Mat ပေါ်မှာ မရောက်နိုင်တဲ့ Stretching မျိုးကို Wheel ရဲ့ ကူညီမှုနဲ့ ပိုမိုထိရောက်စွာ ဆွဲဆန့်နိုင်ပါတယ်။
backbend pose တွေလေ့ကျင့်တဲ့အခါမှာလည်း
ဒဏ်မဖြစ်အောင် ကျောရိုးကို အလိုက်သင့် ထောက်မပေးထားတာကြောင့် စိတ်ချလက်ချ လေ့ကျင့်နိုင်ပါတယ်။
ရင်ဘတ်နဲ့ ပခုံးကို ပွင့်သွားစေပြီး ကိုင်းနေတဲ့ ကျောရိုးကို ပြန်လည်ဖြောင့်မတ်ပေးနိုင်တာမို့ လေ့ကျင့်ပြီးတိုင်း ပေါ့ပါးလန်းဆန်းတဲ့ ခံစားချက်ကို ချက်ချင်းရရှိစေပါတယ်။
Wheel ပေါ်မှာ ဟန်ချက်ထိန်းရင်း လေ့ကျင့်ရတာမို့
စိတ်ကို ပိုမိုစူးစိုက်စေပြီး Core ခွန်အားကိုလည်း တစ်ပါတည်း တည်ဆောက်ပေးပါတယ်။
ဒါကြောင့် ကျောရိုးလေး ပေါ့ပါးပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားဖို့ Yoga O’clock မှာ Class တွေ Join ရင်း Yoga Wheel လေး နဲ့ လာရောက်လေ့ကျင့်ဖို့
ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🌿💫
သင်တန်း လိပ်စာ
တိုက်-၃၂(၄လွှာ-အေ)၊ တောင်မြင်းပြိုင်ကွင်းလမ်း၊
YKKO အနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
အသေးစိတ်သိရှိလိုပါက
Page messenger မှ ဖြစ်စေ၊ ဖုန်း 09795276993 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။