Raffles Hospital Singapore Patient Liaison Office Myanmar

Raffles Hospital Singapore Patient Liaison Office Myanmar Provide comprehensive health care services by communicating and coordinating with Raffles Hospital Singapore.

Raffles Hospital is a Joint Commission International accredited hospital and ISO 9001:2001 certified. Backed by 35 years of delivering quality medical care, the Raffles brand name is synonymous with quality and trust. With set up of our Patient Liaison Office in Yangon/Myanmar, your link to Raffles Hospital is now just a local call away. Our Patient Liaison Office – Diamond Aces Services Co. Ltd - is at hand to assist you with every aspect of your medical enquiry and visit to Raffles Hospital.

06/08/2026

✨ အောင်မြင်မှု မှတ်တိုင်တိုင်းရဲ့ နောက်ကွယ်မှာ အဖိုးတန်ပြီး အရေးပါတဲ့ အခိုက်အတန့်လေးတွေ ရှိနေပါတယ်။

🎥 ဒီဗီဒီယိုလေးထဲမှာတော့ ကျွန်ုပ်တို့ရဲ့ အထိမ်းအမှတ်စာအုပ်ဖြစ်တဲ့ "Moments That Matter, Fifty Years of Care" ထဲက ပုဂ္ဂိုလ်တွေရဲ့ ရင်တွင်းစကားသံတွေကို မျှဝေပေးထားပါတယ်။ သူတို့ဘဝမှာ စွဲမြဲကျန်ရစ်စေခဲ့တဲ့ အတွေ့အကြုံတွေကပဲ Raffles Medical Group ရဲ့ ခရီးစဉ်ကြီးကို အကောင်းဆုံး ပုံဖော်ပေးခဲ့တာပါ။

🏥 ရှေ့ဆက်လှမ်းမယ့် Raffles 100 ခရီးစဉ်ကို မျှော်မှန်းကြည့်တဲ့အခါ သူတို့ရဲ့ ဇာတ်လမ်းတွေက ကျွန်ုပ်တို့ကို အစကတည်းက လမ်းညွှန်ပေးခဲ့တဲ့ အခြေခံတန်ဖိုးတွေ၊ ရည်ရွယ်ချက်တွေကို ပြန်လည်သတိရစေပြီး ရှေ့ဆက်မယ့်ခရီးကို ပိုမိုခိုင်မာစေပါတယ်။

📖 အထိမ်းအမှတ်စာအုပ် အပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://online.anyflip.com/guibq/lwuv/mobile/index.html

30/07/2026

🎉 Raffles Medical Group ရဲ့ ဆယ်စုနှစ် (၅) ခုစာ ခရီးလမ်းနဲ့ မှတ်တိုင်သစ်

၁၉၇၆ ခုနှစ်က စတင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ခရီးစဉ်မှာ အခုဆိုရင် လူနာပေါင်း သန်း (၅၀) ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လူနာတစ်ယောက်စီတိုင်းရဲ့ နောက်ကွယ်မှာ မျှော်လင့်ချက်တွေ၊ ရောဂါဝေဒနာကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းတွေနဲ့ နွေးထွေးတဲ့ ဂရုစိုက်မှု ဇာတ်လမ်းလေးတွေ ကိုယ်စီရှိနေပါတယ်။ 🏥💙

ဒီမှတ်တိုင်ဟာ ကိန်းဂဏန်းတစ်ခုသက်သက်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အနှစ် ၅၀ တိုင်တိုင် လူနာတွေအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ စေတနာတွေနဲ့ လူနာတွေလာပြတိုင်း အဆင်ပြေချောမွေ့အောင် အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြတဲ့ ဝန်ထမ်းတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို သက်သေပြနေတာပါ။

ဒီ နှစ် (၅၀) ပြည့် အထိမ်းအမှတ်ကနေစပြီး အားလုံးအတွက် ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးမိတ်ဖက်အဖြစ် အမြဲရှိနေပေးသွားမယ့်အပြင်၊ Raffles Medical Group ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ "လူနာတိုင်းအတွက် အကောင်းဆုံးသော စောင့်ရှောက်မှုပေးရန်" ဆိုတဲ့ ကတိကဝတ်ကိုလည်း ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောကြားပါရစေ။ 🌟

သင့်ကလေးရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်သည့် မျက်စိပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့ Raffles Eye Centre တွင် ကလေးမျက်လုံးအထူးကုဆ...
09/07/2026

သင့်ကလေးရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်သည့် မျက်စိပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့ Raffles Eye Centre တွင် ကလေးမျက်လုံးအထူးကုဆရာ၀န်ကြီးများဖြင့် လာ‌ရောက်စစ်ဆေးဆွေးနွေးပြသနိုင်ပါသည်။

ကလေးတွေ၏ မျက်လုံးလှုပ်ရှားမှုမမှန်ခြင်း၊ မျက်စိစွေခြင်း နှင့် မျက်လုံးအမြင်အာရုံဆိုင်ရာပြဿနာများကို စောစီးစွာစစ်ဆေးဖော်ထုတ်ပေးပါသည်။

📅 ကလေးများအတွက် မျက်စိစစ်ဆေးမှုကို ဘယ်တော့စလုပ်သင့်ပါသလဲ?

✔️ မွေးကင်းစကလေးများ မွေးပြီး ၇၂ နာရီအတွင်း။
✔️ ကလေးငယ်များ အသက် ၆ ပတ် မှ ၈ ပတ်အတွင်း။
✔️ ကလေးများ အသက် ၁ နှစ် မှ ၂ နှစ်ခွဲအထိ။
✔️ ကျောင်းသားကျောင်းသူများ နှစ်စဉ်ပုံမှန်စစ်ဆေးခြင်း။

မိသားစုတစ်ခုကို တည်ဆောက်ခြင်းဟာ ဇနီးမောင်နှံနှစ်ဦးလုံး အတူတူဖြတ်သန်းရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး အမျိုးသားတွေရဲ့ မျိုးပွားက...
25/06/2026

မိသားစုတစ်ခုကို တည်ဆောက်ခြင်းဟာ ဇနီးမောင်နှံနှစ်ဦးလုံး အတူတူဖြတ်သန်းရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး အမျိုးသားတွေရဲ့ မျိုးပွားကျန်းမာရေးကလည်း ဒီခရီးစဉ်မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကလေးရနိုင်ခြေနည်းရတဲ့ အကြောင်းရင်းတွေထဲမှာ အမျိုးသားတွေကြောင့် ဖြစ်ရတဲ့ အချက်တွေ အများကြီးရှိနေပေမဲ့ လူအများစုကတော့ ဒီအကြောင်းအရာအပေါ် အသိပညာပေးမှုနဲ့ သတိပြုမိမှု အားနည်းနေကြတုန်းပါပဲ။

နေ့စဉ်နေထိုင်မှုပုံစံ အလေ့အထတွေ၊ နောက်ခံကျန်းမာရေး အခြေအနေတွေကနေစလို့ ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်လဲဆိုတာအထိ အမျိုးသားမျိုးပွားကျန်းမာရေးကို သေချာနားလည် သဘောပေါက်ထားခြင်းဖြင့် မိမိတို့ရဲ့ မျိုးပွားကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ပိုမိုမှန်ကန်စွာ ချမှတ်နိုင်မှာဖြစ်ပါတယ်။

အမျိုးသားတွေမှာ ကလေးရနိုင်ခြေနည်းစေတဲ့ အကြောင်းရင်းတွေ၊ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုး စိန်ခေါ်မှုတွေနဲ့ ရယူနိုင်တဲ့အကူအညီတွေကို အသေးစိတ် ပိုမိုလေ့လာနိုင်ဖို့ ပုံလေးတွေကို ကြည့်ရှုလိုက်ကြရအောင်။

ဒီနှစ် အဖေများနေ့မှာ ဖေဖေတို့အတွက် ခဏတာပွဲလမ်းသဘင်တွေထက် ပိုမိုတန်ဖိုးရှိပြီး ထာဝရတည်မြဲသွားမယ့် "ကျန်းမာရေး" ဆိုတဲ့ လက်...
22/06/2026

ဒီနှစ် အဖေများနေ့မှာ ဖေဖေတို့အတွက် ခဏတာပွဲလမ်းသဘင်တွေထက် ပိုမိုတန်ဖိုးရှိပြီး ထာဝရတည်မြဲသွားမယ့် "ကျန်းမာရေး" ဆိုတဲ့ လက်ဆောင်မွန်ကို ပေးအပ်လိုက်ကြပါစို့။

အမျိုးသားတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပုံမှန်ကျန်းမာရေးစစ်ဆေးတာ၊ ကာကွယ်ဆေးထိုးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင် စားသောက်တာမျိုး အစရှိတဲ့ ကောင်းမွန်တဲ့ လူနေမှုပုံစံတွေကို မွေးမြူဖို့က ပိုပြီးတော့ အရေးကြီးလာပါတယ်။ ဒီနေ့မှာ စတင်လိုက်တဲ့ သေးငယ်တဲ့ အလေ့အကျင့်ကောင်းလေးတွေက နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လျှော့ချပေးနိုင်သလို၊ အိုမင်းလာတဲ့အခါမှာလည်း တက်ကြွလန်းဆန်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်စေမှာပါ။

ဖေဖေ့ကို ကျန်းမာပျော်ရွှင်အောင် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်း (၇) သွယ်ကို အောက်ပါလင့်ခ်မှာ အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.rafflesmedicalgroup.com/health-resources/health-articles/fathers-day-special-7-tips-to-help-your-dad-stay-in-the-pink-of-health/

🌿 ကမ္ဘာ့ကျန်းမာရေးနေ့ကျန်းမာစွာ အိုမင်းခြင်းဆိုသည်မှာ သင့်ဘဝနှစ်ပေါင်းများသို့ အသက်ကိုထည့်ခြင်းသာ မဟုတ်ဘဲ၊ သင့်အသက်နှစ်ပ...
19/06/2026

🌿 ကမ္ဘာ့ကျန်းမာရေးနေ့

ကျန်းမာစွာ အိုမင်းခြင်းဆိုသည်မှာ သင့်ဘဝနှစ်ပေါင်းများသို့ အသက်ကိုထည့်ခြင်းသာ မဟုတ်ဘဲ၊ သင့်အသက်နှစ်ပေါင်းများဆီသို့ ဘဝကိုထည့်သွင်းခြင်းပင် ဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားမှု၊ ကျန်းမာစွာစားသောက်ခြင်းမှသည် စိတ်ကျန်းမာရေး နှင့် ကျန်းမာရေးကာကွယ်ရေးတို့ကို ဦးစားပေးခြင်းအထိ ကျွန်ုပ်တို့ နေ့စဉ်ပြုလုပ်သော ရွေးချယ်မှုများသည် ကျွန်ုပ်တို့ အိုမင်းပုံအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်သည်။

ဤကမ္ဘာ့ကျန်းမာရေးနေ့တွင် သင့်အနာဂတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။

ကောင်းစွာ နေထိုင်ပါ။ ကောင်းစွာ လှုပ်ရှားပါ။ ကောင်းစွာ တွေးတောပါ။ ကောင်းစွာ ကျန်းမာပါ။

🌸 မျိုးဥအိမ်သိုလှောင်မှု လျော့နည်းသွားခြင်း (Diminished Ovarian Reserve - DOR) သည် ကိုယ်ဝန်မရရှိနိုင်တော့ဘူးလို့ မဆိုလို...
12/06/2026

🌸 မျိုးဥအိမ်သိုလှောင်မှု လျော့နည်းသွားခြင်း (Diminished Ovarian Reserve - DOR) သည် ကိုယ်ဝန်မရရှိနိုင်တော့ဘူးလို့ မဆိုလိုပါ။ သို့သော် မှန်ကန်သောဆုံးဖြတ်ချက်များကို အချိန်မှန်မှန်ကန်ကန် ချမှတ်နိုင်ရန် အရေးကြီးသည်ကို သိထားသင့်ပါသည်။

Raffles Fertility Centre မှ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ Sheila Loh သည် အောက်ပါအကြောင်းအရာများကို အွန်လိုင်းမှတဆင့် တင်ပြဆွေးနွေးသွားပါမည်။

✅ မျိုးဥအိမ် သိုလှောင်မှု။
✅ မျိုးအောင်နိုင်စွမ်းစစ်ဆေးမှုများအကြောင်း။
✅ သင့်ရဲ့ မျိုးအောင်နိုင်စွမ်းခရီးအတွက် ရရှိနိုင်သောကုသမှု နှင့် ထိန်းသိမ်းရွေးချယ်ခွင့်များ။

📅 ရက်စွဲ – ၃၀ ဇွန် ၂၀၂၆ (အင်္ဂါနေ့)
⏰ အချိန် – နေ့လည် ၁:၀၀ မှ ၁:၃၀ အထိ

📌 အွန်လိုင်းမှတက်ရောက်လေ့လာလိုပါက အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါပြီ။

99523cf6-2922-48c1-b195-29553e59f28e@a198d372-128a-4408-b1a7-7786fec4dc85" rel="ugc" target="_blank">https://events.teams.microsoft.com/event/99523cf6-2922-48c1-b195-29553e59f28e@a198d372-128a-4408-b1a7-7786fec4dc85

✨ Raffles Counselling Centre မှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး Dr Melvyn Zhang ဖြင့် မိတ်ဆက်ပေးချင်ပါတယ် ✨Dr Zhang သည် စိတ်ရေ...
10/06/2026

✨ Raffles Counselling Centre မှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး Dr Melvyn Zhang ဖြင့် မိတ်ဆက်ပေးချင်ပါတယ် ✨

Dr Zhang သည် စိတ်ရောဂါအထူးကုဆရာဝန်လောက၌ ထိပ်တန်းကုသမှု၊ သုတေသန နှင့် ပညာရပ်ပိုင်းဆိုင်ရာအတွေ့အကြုံများသူဖြစ်ပါသည်။ Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ သူသည် စိတ်ကျန်းမာရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံအဆင့် ဆေးစွဲခြင်းစီမံခန့်ခွဲဝန်ဆောင်မှု (National Addiction Management Services) ၏ ယာယီဒုတိယအကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါသည်။

Dr Zhang သည် အမျိုးသားဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (National Medical Research Council) ၏ သုတေသနလေ့ကျင့်ရေးပညာသင်ဆုဖြင့် Nanyang နည်းပညာတက္ကသိုလ်မှ PhD ဘွဲ့ကိုရရှိခဲ့ပါသည်။ စိတ်ရောဂါကု သုတေသန နှင့် ပညာပေးသူအဖြစ် တက်ကြွစွာပါ၀င်ဆောင်ရွက်မှုကြောင့် သင်ကြားရေးဆုအမျိုးမျိုး နှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများကိုလည်းရရှိခဲ့ပါသည်။

Dr Zhang သည် လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ သီးခြားလိုအပ်ချက်များအလိုက် ကုသဆွေးနွေးမှု ပေးနေပါသည်။

Dr Zhang ၏ဆေးဘက်ဆိုင်ရာ အရည်အချင်းနှင့်လုပ်သက်အတွေ့အကြုံကို သိရှိလိုပါက အောက်ပါလင့်ခ်တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.rafflesmedicalgroup.com/doctor/dr-melvyn-zhang-weibin/

✨ Raffles HealthyLongevity မှ Dr Huang Wanping ဖြင့်မိတ်ဆက်ပေးချင်ပါတယ် ✨အကြီးတန်းစိတ်ပညာရှင် ဒေါက်တာ Huang သည် စင်ကာပူ ...
09/06/2026

✨ Raffles HealthyLongevity မှ Dr Huang Wanping ဖြင့်မိတ်ဆက်ပေးချင်ပါတယ် ✨

အကြီးတန်းစိတ်ပညာရှင် ဒေါက်တာ Huang သည် စင်ကာပူ နှင့် အရှေ့တောင်အာရှတစ်ဝန်းလုံးတွင် ပထမဆုံးအကြိမ် အပြုအမူဆိုင်ရာ အိပ်စက်ခြင်းဆေးပညာ (Diplomate in Behavioral Sleep Medicine – DBSM) ဘုတ်အဖွဲ့က အသိအမှတ်ပြုခံထားရသည့် ပထမဆုံးပညာရှင်ဖြစ်ပါသည်။

အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု၊ မှတ်ဉာဏ်၊ စိတ်ခံစားချက် နှင့် ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာမှုများသည် ကျွန်ုပ်တို့၏ နေ့စဉ်နေထိုင်မူပုံစံအပြင် အိုမင်းလာခြင်းအခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါသည်။

စင်ကာပူရှိ အများပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် နှစ်(၂၀) ကျော်အတွေ့အကြုံရှိခဲ့ပြီး၊ လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ သီးခြားလိုအပ်ချက်များအလိုက် ကုသဆွေးနွေးမှုပေးနေပါသည်။

🤝 Raffles HealthyLongevity တွင် ဒေါက်တာ Huang သည် တခြားအထူးကုဆရာ၀န်ပညာရှင်များနှင့်ပူးပေါင်းကာ လူနာတိုင်း၏ ရေရှည်ကျန်းမာရေးကို ပံ့ပိုးပေးလျက်ရှိပါသည်။

Dr Huang Wanping ၏ ဆေးဘက်ဆိုင်ရာ အရည်အချင်းနှင့်လုပ်သက်အတွေ့အကြုံကို သိရှိလိုပါက အောက်ပါလင့်ခ်တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.rafflesmedicalgroup.com/doctor/dr-huang-wanping/

📰 သတင်းအချက်အလက်များရယူ၍ ဘေးကင်းစွာနေထိုင်ပါ 🛡️အာဖရိကတွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့...
28/05/2026

📰 သတင်းအချက်အလက်များရယူ၍ ဘေးကင်းစွာနေထိုင်ပါ 🛡️

အာဖရိကတွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားအဖွဲ့အစည်းများက သတိပေးချက်များထုတ်ပြန်လျက်ရှိပါသည်။

✈️ စင်ကာပူသို့ ထို‌‌‌‌ဒေသမှလာသော ခရီးသွားဦးရေသည် လက်ရှိတွင် နည်းပါးနေဆဲဖြစ်သော်လည်း၊ ရောဂါကူးစက်နိုင်ခြေများကို ကျန်းမာရေးအာဏာပိုင်များက စောင့်ကြည့်နေပြီး အစောပိုင်းရောဂါရှာဖွေခြင်း နှင့် စစ်ဆေးခြင်းများကို ပိုမိုတိုးမြှင့်ထားပါသည်။

🩺 သတိထားရမည့်အရာများမှာ-
• ရောဂါလက္ခဏာများ နားလည်ထားခြင်း။
• ကြိုတင်ကာကွယ်မှုများ လိုက်နာခြင်း။
• အရေးပေါ်အခြေအနေတွင် ဘယ်လိုဆက်သွယ်ရမည်။

ဤအချက်အလက်များသည် ခရီးသွားသူများအတွက် မဖြစ်မနေသိထားသင့်သော အရေးကြီးဆုံးအရာများဖြစ်ပါသည်။

👉 လက္ခဏာများမှ ကြိုတင်ကာကွယ်မှုများအထိ — နောက်ဆုံးရ အောက်ပါကျန်းမာရေးဆောင်းပါးတွင် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။

🔗 https://www.rafflesmedicalgroup.com/health-resources/health-articles/global-ebola-situation-and-precautionary-measures-in-singapore/

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+6587208787

Alerts

Be the first to know and let us send you an email when Raffles Hospital Singapore Patient Liaison Office Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share