JPP Medical Travel

Call Directions Website Contact the practice

JPP Medical Travel "သင့်ကျန်းမာရေးအတွက် အမြဲအသင့်ပါ "

20/08/2026

မော်လမြိုင်မှာ ပထမဆုံးအနေနဲ့ အရိုးအဆစ်ဝေဒနာများ ခံစားနေရသူတွေအတွက် မိမိဝေဒနာတွေနဲ့ပတ်သက်ပြီး သိလိုသမျှကို အခမဲ့ လာရောက်ဆွေးနွေးပေးသွားမယ့်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Phyathai Phaholyothin ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီး
Dr. KRITSAKORN SRISOM ပဲဖြစ်ပါတယ်ခင်ဗျာ။

ဒူးနာ၊ ခါးနာ၊ အရိုးအဆစ် ဝေဒနာ ​တွေနဲ့ပတ်သက်ပြီး ဘန်ကောက်မှာကုသဖို့ ဘန်ကောက်ကဆရာဝန်ကြီးနဲ့ ပဲ အရင်ဆုံးတိုင်ပင်ကြည့်ချင်တယ်၊ နိုင်ငံခြားဆေးကုသမှုအတွ​က် တခြားသိချင်တာတွေရှိတယ်ဆိုရင် အခုလို လူချင်းတွေ့ပြီး မေးမြန်းဆွေးနွေးနိုင်တဲ့အချိန်လေးတွေက အခွင့်​အရေးကောင်းတစ်ခုဖြစ်လာပါတယ်။

ဒီလိုပွဲလေးကို မော်လမြိုင်မှာ ပထမဆုံးလာရောက်ကျင်းပတာဖြစ်လို့ အချိန်ရတဲ့သူတွေအနေနဲ့
မော်လမြိုင်မြို့၊
Royal Mawlamying Hotel မှာ
လာရောက်တွေ့ဆုံပေး​ကြပါဦးခင်ဗျာ။

ကျင်းပမည့် အချိန်နှင့် နေရာ
📅 သြဂုတ်လ ၂၉ ရက် (စနေနေ့)
📍 Royal Mawlamyaing Hotel, မော်လမြိုင်မြို့
⏰ မနက် ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ

လူဦးရေအကန့်အသတ်ရှိတာကြောင့် ၀၉၉၅၀၉၅၀၇၃၃၊ ၀၉၉၅၀၉၅၀၃၈၈၊ ၀၉၉၇၇၇၇၆၇၄၂ သို့​အမြန်ဆုံး ဆက်သွယ်စာရေးပေးထားနိုင်ပါပြီခင်ဗျာ။

ပွဲကိုမလာရောက်နိုင်သူများအတွက်လည်း
Online မှတစ်ဆင့် ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

မော်လမြိုင်မြို့ အနီးတဝိုက်မှာရှိတဲ့ ဒူးနာ၊ ခါးနာ နဲ့အရိုးဆိုင်ရာဝေဒနာရှင်တွေအနေနဲ့ ဘန်ကောက်ထိ သွားစရာမလိုပဲ ဘန်ကောက်က ဆ...
19/08/2026

မော်လမြိုင်မြို့ အနီးတဝိုက်မှာရှိတဲ့ ဒူးနာ၊ ခါးနာ နဲ့အရိုးဆိုင်ရာဝေဒနာရှင်တွေအနေနဲ့ ဘန်ကောက်ထိ သွားစရာမလိုပဲ ဘန်ကောက်က ဆရာဝန်ကြီး​နဲ့ တွေ့ဆုံဆွေးနွေးနိုင်မဲ့အခွင့်အရေးတစ်ခုရှိပါတယ်။

အဲတာ​ကတော့ အခုလာမဲ့ သြဂုတ်လ ၂၉ ရက်(စနေနေ့) မှာ
မော်လမြိုင်မြို့မှာရှိတဲ့
Royal Mawlamying Hotel ကြီးမှာ
မနက် (၉) နာရီ မှ နေ့လည် (၁၂) နာရီ အထိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Phyathai Phaholyothin ဆေးရုံကြီးမှ အရိုး၊ အကြော၊ အဆစ် ခွဲစိတ် အထူးကု ဆရာဝန်ကြီး Dr. KRITSAKORN SRISOM ကနေပြီး​တော့ လူနာများကိုကိုယ်တိုင်ကိုယ်ကျဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။

အရိုးအကြောနဲ့ပတ်သက်ပြီး
ဘန်ကောက်မှာသွားရောက်ကုသဖို့ စိတ်ပါဝင်စားသူတွေ၊ မိမိဝေဒနာ နဲ့ပတ်သက်ပြီး ကုသမှုနည်းလမ်းများ တိတိကျကျသိရှိလိုသူတွေ၊ နိုင်ငံရပ်ခြားက ဆရာဝန်ကြီးတွေရဲ့ medical opinion ရယူလိုသူတွေအနေနဲ့ ဒီပွဲလေးကိုလာရောက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ခွဲစိတ်ကုသမှုအတွက် အထူးအခွင့်အရေးအနေနဲ့

ခွဲစိတ်ပက်ကေ့ခ်ျ ဝယ်ယူသူတိုင်းအတွက်
လေယာဉ်လက်မှတ် အသွားအပြန် အခမဲ့

အပြင်အခြား ပရိုမိုးရှင်းပေါင်းများစွာလဲရှိတာမို့ နိုင်ငံခြားဆေးကုသမှုနဲ့ပတ်သက်ပြီးလေ့လာသူများလဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာကြည့်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

လူဦးရေအကန့်အသတ်ရှိတာကြောင့် ၀၉၉၅၀၉၅၀၇၃၃၊ ၀၉၉၅၀၉၅၀၃၈၈၊ ၀၉၉၇၇၇၇၆၇၄၂ သို့​အမြန်ဆုံး ဆက်သွယ်စာရေးပေးထားနိုင်ပါပြီခင်ဗျာ။

ပွဲကိုမလာရောက်နိုင်သူများအတွက်လည်း
Online မှတစ်ဆင့် ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ။


#အရိုးအကြောအထူးကု #မော်လမြိုင်

ဘန်ကောက်မှာ ကျန်းမာရေး သွားစစ်ဖို့ စဉ်းစားနေပေမဲ့ ဘယ်ဆေးရုံ၊ ဘယ် Package ကို ရွေးရမှန်း မသိဖြစ်နေပါသလား? ကိုယ့်ရဲ့ ကျန်း...
17/08/2026

ဘန်ကောက်မှာ ကျန်းမာရေး သွားစစ်ဖို့ စဉ်းစားနေပေမဲ့ ဘယ်ဆေးရုံ၊ ဘယ် Package ကို ရွေးရမှန်း မသိဖြစ်နေပါသလား?

ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အပေါ်ယံမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို အသေးစိတ် အဖြေရှာချင်သူတွေအတွက် Phyathai Phaholyothin Hospital ရဲ့ ELEVATE – Signature Health Check-Up Program က အကောင်းဆုံး အဖြေတစ်ခု ဖြစ်မှာပါ။

ဒီ Package လေးမှာတော့တခြား အခြေခံ Check-up တွေလို သွေးစစ်၊ ဆီးစစ်ရုံတင်မကဘဲ —

1️⃣ နှလုံးနဲ့ သွေးကြော ကျန်းမာရေး – နှလုံးသွေးကြော ထုံးခြင်း ရှိမရှိ CT Calcium Scoring စက်ကြီးဖြင့် အသေးစိတ် စစ်ဆေးခြင်း
2️⃣ အသည်း ကျန်းမာရေး – အသည်းအဆီဖုံးတာနဲ့ အမျှင်ဓာတ် တက်နေတာတွေကို FibroScan နဲ့ တိတိကျကျ တိုင်းတာခြင်း
3️⃣ ကင်ဆာ ကြိုတင်ကာကွယ်ရေး – သွေးတွင်း ကင်ဆာ အမှတ်အသားများ (Tumor Markers) နှင့် အမျိုးသမီး သားအိမ်ခေါင်း စစ်ဆေးမှုများ
4️⃣ အထွေထွေ ကျန်းမာရေး စစ်ဆေးချက် (၄၀) ကျော် အပြည့်အစုံ ပါဝင်ပါတယ်။

အထူးစျေးနှုန်းများအနေဖြင့်—

အမျိုးသား: ၁၅,၀၀၀ ဘတ်
အမျိုးသမီး: ၁၇,၉၀၀ ဘတ် ဖြစ်ပြီး
ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဝယ်ယူနိုင်ပါပြီ။

ဆေးစစ်ခြင်းနှင့် ဆရာဝန် Appointment ယူခြင်းတို့အတွက် သိရှိလိုပါက
🇲🇲09 950 950 733,
09 950 950 388,
09 977 776 742,
🇹🇭08 188 608 56
သို့ဆက်သွယ်မေးမြန်းနိုင်ပါပြီခင်ဗျာ။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Viber Channel
https://invite.viber.com/?g2=AQAzhug96XuJSlL3PC4LcsTd1rMsYPd%2Bk4vVnKoB5YrTUwC3RN4EoElLdAr2PrhT


15/08/2026

ဒူးနာ၊ ခါးနာ၊ တင်းပါးဆုံရိုး ပြဿနာတွေလို နာကျင်မှုတွေကို အချိန်ကြာကြာ သည်းခံနေရပြီဆိုရင် ကိုယ့်အတွက် သင့်တော်တဲ့ ကုသမှုနဲ့ပတ်သက်လို့ တစ်ခုခုသိရှိထားဖို့ အရေးကြီးပါတယ်

ဘန်ကောက်မှာ သွားရောက်ကုသဖို့ စဉ်းစားနေပြီး ဘယ်လိုကုသမှုမျိုးက မိမိအတွက် သင့်တော်မလဲ သေသေချာချာသိထားချင်တဲ့သူတို့အတွက်..

မိမိရဲ့အခြေအနေကို အရိုးအထူးကုဆရာဝန်ကြီးနဲ့ တိုက်ရိုက်တိုင်ပင်ပြီး ဘာကုသမှုတွေ ရွေးချယ်နိုင်မလဲ၊ ဘယ်လိုကုသမှုလမ်းကြောင်းက မိမိအတွက် သင့်တော်နိုင်မလဲဆိုတာ သိရှိနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု မော်လမြိုင်မြို့ကို ရောက်ရှိလာပါပြီ။

Phyathai Phaholyothin ဆေးရုံကြီးမှ အရိုး အထူးကုဆရာဝန်ကြီး Dr.KRITSAKORN SRISON မှ

နေရာ - Royal Mawlamyaing Hotel
နေ့ရက် - သြဂုတ်လ (၂၉) ရက်၊ စနေနေ့
အချိန် - မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ
လူနာများကို အခမဲ့ ကြည့်ရှုဆွေးနွေးပေးမှာ ဖြစ်ပါတယ်...

မိမိ၏ ယခင်ဆေးစစ်မှတ်တမ်းများ၊ X-ray၊ MRI၊ CT Scan နှင့် သက်ဆိုင်ရာ ဆေးမှတ်တမ်းများရှိပါက ယူဆောင်လာပြီး မိမိ၏အခြေအနေအတွက် သင့်လျော်သော ကုသမှုနည်းလမ်းများကို အထူးကုဆရာဝန်ကြီးနှင့် တိုက်ရိုက် ဆွေးနွေးနိုင်မည်ဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားမှုရှိတာကြောင့် ကြိုတင်စာရင်းပေးသွင်းရန် ဖုန်း 09 950 950 733/ 09 950 950 388 သို့ဆက်သွယ်စာရင်းပေးနိုင်ပါပြီခင်ဗျာ..

#အရိုးအကြောအထူးကု #မော်လမြိုင်

"သင့်ကျန်းမာရေးအတွက် အမြဲအသင့်ပါ "

ဖယာထိုင်း ၁ ဆေးရုံကြီး ရဲ့ နှစ် (၅၀) ပြည့် အထူးအစီအစဉ်အဖြစ် Health Check-Up Program ကို ပုံမှန်စျေး ၂၂,၉၂၀ ဘတ် အစား ၅,၀၀...
04/08/2026

ဖယာထိုင်း ၁ ဆေးရုံကြီး ရဲ့ နှစ် (၅၀) ပြည့် အထူးအစီအစဉ်အဖြစ် Health Check-Up Program ကို ပုံမှန်စျေး ၂၂,၉၂၀ ဘတ် အစား ၅,၀၀၀ ဘတ် တည်းဖြင့် စစ်ဆေးနိုင်မယ့် အခွင့်အရေး! ✨

အခြေခံကျန်းမာရေး စစ်ဆေးချက်ပေါင်း (၂၅) မျိုး ပါဝင်ရုံတင်မကဘဲ On-site (Walk-in) လာရောက်စစ်ဆေးသူများအတွက် သီးသန့် အခမဲ့ လက်ဆောင်အဖြစ် —
• အမျိုးသားများအတွက် – ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း (PSA Test) [အခမဲ့]
• အမျိုးသမီးများအတွက် – ရင်သားကင်ဆာ စစ်ဆေးခြင်း (CA 15-3 Test) [အခမဲ့] များကို ထပ်ဆောင်း ထည့်သွင်းပေးထားပါတယ်ခင်ဗျာ။

ဒါ့အပြင် Health Check-Up ဝယ်ယူသူများအတွက် နှလုံး၊ အသည်းနှင့် ဟော်မုန်းဆိုင်ရာ Add-on Programs များကိုလည်း အထူးသက်သာသော စျေးနှုန်းများဖြင့် ထပ်မံဖြည့်စွက် စစ်ဆေးနိုင်ပါသေးတယ်။

📅 ပရိုမိုးရှင်း ကာလ – ၁၅ ဇူလိုင် မှ ၃၁ အောက်တိုဘာ ၂၀၂၆ အထိ

ကျန်းမာရေးစစ်ဆေးဖို့ ရက်ချိန်းယူခြင်းနှင့် အသေးစိတ် အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက JPP Medical Travel သို့ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

အသေးစိတ်သိရှိလိုပါက
🇲🇲09 950 950 733,
09 950 950 388,
09 977 776 742,
🇹🇭08 188 608 56
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Viber Channel
https://invite.viber.com/?g2=AQAzhug96XuJSlL3PC4LcsTd1rMsYPd%2Bk4vVnKoB5YrTUwC3RN4EoElLdAr2PrhT

မနက်တိုင်း သောက်နေတဲ့ 3-in-1 ကော်ဖီတစ်ခွက်…ရိုးရိုးလေး ထင်ရပေမယ့် နေ့စဉ်ထပ်ခါထပ်ခါ ပြုလုပ်နေတဲ့ အလေ့အကျင့်လေးတွေက ရေရှည်...
31/07/2026

မနက်တိုင်း သောက်နေတဲ့ 3-in-1 ကော်ဖီတစ်ခွက်…ရိုးရိုးလေး ထင်ရပေမယ့် နေ့စဉ်ထပ်ခါထပ်ခါ ပြုလုပ်နေတဲ့ အလေ့အကျင့်လေးတွေက ရေရှည်မှာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။
3-in-1 ကော်ဖီမစ်တွေမှာ ကော်ဖီအပြင် Creamer နဲ့ သကြားတို့ ပါဝင်တာကြောင့် နေ့စဉ်သောက်သုံးမှုများလာတဲ့အခါ မသိလိုက်ဘဲ Calorie ပမာဏ ပိုမိုရရှိလာနိုင်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဝမ်းဗိုက်အဆီတိုးလာခြင်း၊ အင်ဆူလင်ခံနိုင်ရည် ပြောင်းလဲလာခြင်းတို့နဲ့ ဆက်စပ်ပြီး Type 2 Diabetes၊ အသည်းအဆီဖုံးခြင်း (NAFLD) နဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြေကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။
အရေးကြီးတာက ကော်ဖီကို လုံးဝရှောင်ဖို့ မဟုတ်ပါဘူး။ ကိုယ်နေ့တိုင်း ပြန်ရွေးချယ်နေတဲ့ အလေ့အကျင့်တွေကို သတိထားပြီး ပိုမိုကျန်းမာတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

သကြားလျှော့သောက်ခြင်း၊ 3-in-1 ကော်ဖီသောက်သုံးတာတွေကို ပြန်လည်သုံးသပ်ခြင်းနဲ့ Black Coffee ကဲ့သို့သော အခြားရွေးချယ်စရာများကို အစားထိုးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစပြုမှုတစ်ခု ဖြစ်နိုင်ပါတယ်။




စျေးနှုန်းသက်သာပြီး တစ်ယောက်တည်း သီးသန့် စစ်ဆေးနိုင်မည့် Package များ မရှိဘူးလားလို့ မေးနေသူများအတွက်THB 5,500 မှ စတင်စစ...
30/07/2026

စျေးနှုန်းသက်သာပြီး တစ်ယောက်တည်း သီးသန့် စစ်ဆေးနိုင်မည့် Package များ မရှိဘူးလားလို့ မေးနေသူများအတွက်
THB 5,500 မှ စတင်စစ်ဆေးနိုင်မည့် Phyathai Phaholyothin ဆေးရုံကြီး၏ 2026 Exclusive Health Check-up Program ကို မိတ်ဆက်ပေးလိုက်ပါတယ်။

Program များကို A, B, C, D ဟူ၍ ခွဲခြားထားပြီး
မိမိ၏ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် လိုအပ်ချက်အပေါ်မူတည်၍
သင့်တော်သော Check-up ကို ရွေးချယ်နိုင်ပါတယ်။

A နှင့် B Package များတွင်
အခြေခံကျန်းမာရေး စစ်ဆေးမှုများဖြစ်သည့်
သွေးစစ်ဆေးခြင်း၊
သကြား၊
ကိုလက်စထရော၊
အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို စစ်ဆေးပေးထားပြီး နေ့စဉ်ကျန်းမာရေးကို စောင့်ရှောက်လိုသူများအတွက် သင့်တော်ပါသည်။

C နှင့် D Package များတွင်
ပိုမိုအသေးစိတ်သော စစ်ဆေးမှုများဖြစ်သည့်
Ultrasound၊ X-ray၊ EKG နှင့်
အမျိုးသား / အမျိုးသမီးအလိုက် အထူးစစ်ဆေးမှုများ ပါဝင်ပြီး ကျန်းမာရေးကို ပိုမိုပြည့်စုံစွာ စစ်ဆေးလိုသူများအတွက် သင့်တော်ပါသည်။

ဒါကြောင့် မိမိအတွက် သင့်တော်သော Program ကို ရွေးချယ်ပြီး ကျန်းမာရေးကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။

2026 Exclusive Health Check-up Program များကိုတော့ December 31 ရက်နေ့အထိ ဝယ်ယူနိုင်ပါတယ်ရှင့်။

အသေးစိတ် စစ်ဆေးမှုများကိုတော့ comment box တွင် ဖော်ပြပေးထားပါသည်။

ဆေးစစ်မှုနဲ့ပတ်သက်သော ဝန်ဆောင်မှုနဲ့ အခြားဆေးရုံများနှင့် ပတ်သက်သော ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက
🇲🇲09 950 950 733,
09 950 950 388,
09 977 776 742,
🇹🇭08 188 608 56

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Viber Channel
https://invite.viber.com/?g2=AQAzhug96XuJSlL3PC4LcsTd1rMsYPd%2Bk4vVnKoB5YrTUwC3RN4EoElLdAr2PrhT

ဒူးနာ၊ တင်ပါးဆုံရိုးနာတာကြောင့် ခွဲစိတ်ကုသဖို့ လိုအပ်လာတဲ့အချိန်မှာ..."ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ?" ဆိုတာ လူအများဆု...
30/07/2026

ဒူးနာ၊ တင်ပါးဆုံရိုးနာတာကြောင့် ခွဲစိတ်ကုသဖို့ လိုအပ်လာတဲ့အချိန်မှာ...

"ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ?" ဆိုတာ လူအများဆုံး သိချင်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

ဒီ နေ့မှာတော့ အိန္ဒိယနိုင်ငံ၌ ဒူးနှင့် တင်ပါးဆုံရိုး အစားထိုးခွဲစိတ်ကုသမှုများအတွက် ခန့်မှန်းကုန်ကျစရိတ်ကို စုစည်းဖော်ပြပေးထားပါတယ်။

အသေးစိတ်ကုသမှုအစီအစဉ်များ၊ ဆေးရုံရွေးချယ်မှုနှင့် ကုသရေးဆိုင်ရာ အကြံပြုချက်များကို JPP Medical Travel မှ အခမဲ့ ဆွေးနွေးတိုင်ပင်ပေးလျက်ရှိနေပါပြီခင်ဗျာ။

JPP Medical Travel ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
🇲🇲09 950 950 733,
09 950 950 388,
09 977 776 742,
🇹🇭08 188 608 56
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Viber Channel
https://invite.viber.com/?g2=AQAzhug96XuJSlL3PC4LcsTd1rMsYPd%2Bk4vVnKoB5YrTUwC3RN4EoElLdAr2PrhT


#ဒူးအစားထိုးခွဲစိတ်ကုသမှု #တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ကုသမှု #အိန္ဒိယမှာဆေးကု

ဓမ္မအလင်းရောင် စတင်ထွန်းလင်းခဲ့တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာနေ့) နေ့ထူးနေ့မြတ်မှာ မြန်မာပြည်သူများပြည်သားများ အားလုံး စိတ်ရေ...
29/07/2026

ဓမ္မအလင်းရောင် စတင်ထွန်းလင်းခဲ့တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာနေ့) နေ့ထူးနေ့မြတ်မှာ မြန်မာပြည်သူများပြည်သားများ အားလုံး စိတ်ရောကိုယ်ပါ အေးချမ်းသာယာရှိကြပါစေ။

နေ့စဉ်ဘဝရဲ့ ပန်းတိုင်တွေအတွက် ကြိုးစားရုန်းကန်နေရချိန်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြံ့ခိုင်ခြင်းဟာ အကြီးမားဆုံး ဆုလာဘ်တစ်ခုဖြစ်ပါတယ်။ ဤနေ့ထူးနေ့မြတ်မှစ၍ ဝေဒနာအပေါင်းမှ ကင်းဝေးကြပါစေကြောင်း ကျွန်တော်တို့ JPP Medical Travel မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌸✨

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

ရေမြှုပ် တစ်တုံးကို လက်နဲ့ညှစ်လိုက်ရင် ကျုံ့သွားပြီး ပြန်လွှတ်လိုက်ရင် လေတွေပြန်ပြည့်လာတာကို မြင်ဖူးကြမှာပါ။ ကျွန်တော်တိ...
23/07/2026

ရေမြှုပ် တစ်တုံးကို လက်နဲ့ညှစ်လိုက်ရင် ကျုံ့သွားပြီး ပြန်လွှတ်လိုက်ရင် လေတွေပြန်ပြည့်လာတာကို မြင်ဖူးကြမှာပါ။ ကျွန်တော်တို့ရဲ့ အဆုတ်ဟာလည်း အသက်ရှူသွင်း၊ ရှူထုတ်လုပ်တဲ့အခါ အဲဒီ ရေမြှုပ်လေးလိုပဲ နူးညံ့ပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း အပြည့်ရှိပါတယ်။

ဒါပေမဲ့... အကြောင်းကြောင်းကြောင့် အဆုတ်ထဲမှာ အမာရွတ်တွေ ထူထပ်လာတဲ့အခါ အဆုတ်ဟာ ရေမြှုပ်လို မဟုတ်တော့ဘဲ ကျောက်ခဲ လိုတဖြည်းဖြည်း မာခဲလာတတ်ပါတယ်။

ဒီအခြေအနေကို Pulmonary Fibrosis (အဆုတ်တွင်း အမာရွတ်ဖြစ်ခြင်း) လို့ ခေါ်ပါတယ်။

အဆုတ်တစ်ရှူးတွေ မာပြီး ခြောက်သွေ့သွားတဲ့အခါ လေကို ဝဝရှူသွင်းဖို့ နေရာမရှိတော့သလို၊ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကိုလည်း သွေးထဲကို ကောင်းကောင်း မပို့ဆောင်ပေးနိုင်တော့ပါဘူး။

🔍 ဘာကြောင့် အဆုတ်မှာ အမာရွတ် ထင်ကျန်ရသလဲ?
ဒီလို အဆုတ်မာခဲရတဲ့ နောက်ကွယ်မှာ အဓိက တရားခံ (၄) ဦး ရှိနေတတ်ပါတယ်။

၁။ COVID-19 ၏ နောက်ဆက်တွဲဒဏ် - ကိုဗစ်ဖြစ်ပွားစဉ်က အဆုတ်ပြင်းပြင်းထန်ထန် ပိုးဝင်ပျက်စီးခဲ့မှုကြောင့် ရောဂါပျောက်သွားသော်လည်း အမာရွတ်ကြီးများ ကျန်ရစ်ခဲ့ခြင်း။
၂။ ကိုယ့်ကိုယ်ခံအားက ပြန်တိုက်ခိုက်ခြင်း (Autoimmune) - ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်ပြီး ကိုယ့်အဆုတ်ကို ပြန်လည်တိုက်ခိုက်ရာမှ အမာရွတ်ဖြစ်လာခြင်း (ဥပမာ - လေးဖက်နာရောဂါအချို့)။
၃။ အလုပ်ခွင်ထဲက အန္တရာယ် - ကျောက်မှုန့်၊ သဲမှုန့်၊ ဖုန်မှုန့် သို့မဟုတ် ငှက်ချေး၊ တိရစ္ဆာန်အမွှေးအမျှင်များနှင့် နှစ်ပေါင်းများစွာ ထိတွေ့လုပ်ကိုင်ခဲ့ခြင်း။
၄။ အကြောင်းရင်း ရှာမရသော ရောဂါ (IPF) - မည်သည့်အကြောင်းရင်းမှ တိတိပပ မရှိဘဲ အသက်ကြီးပိုင်းများတွင် အဆုတ်က အလိုလို မာခဲလာခြင်း စတဲ့အရာတွေကြောင့်ဖြစ်ပါတယ်။

လူအများစုက အသက်ကြီးလို့ မောတာပဲဆိုပြီး ပစ်ထားတတ်ကြပေမယ့် အဆုတ်အမာရွတ်ရဲ့ လက္ခဏာတွေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတတ်ပါတယ်။⚠️

• ဘာသလိပ်မှမထွက်ဘဲ လနဲ့ချီပြီး ချောင်းခြောက်ဆိုးခြင်း
• ရေချိုးတာ၊ စကားပြောတာမျိုး လှုပ်ရှားမှုအနည်းငယ်မှာတင် မောလာတက်ခြင်း
• အောက်ဆီဂျင် ရေရှည်ပြတ်လတ်မှုကြောင့် လက်သည်းခွံများ ခုံးတက်ပြီး လက်ထိပ်လေးများ ကားထွက်လာခြင်း (Digital Clubbing)
စတဲ့ သတိမထားမိတဲ့ လက္ခဏာတွေကနေ ကြီးမားတဲ့ ပြဿနာတွေထိလဲ ကြုံရတက်ပါတယ်။

အဆုတ်အမာရွတ်ရောဂါဟာ တစ်ခါဖြစ်ပြီးရင် မူလအတိုင်း ပြန်ပျော့ပြောင်းဖို့ ခက်ခဲပြီး တဖြည်းဖြည်း ပိုဆိုးလာတတ်တဲ့ (Progressive) သဘောရှိပါတယ်။ ဒါကြောင့် သာမန် X-ray မျိုးမှာ မမြင်ရနိုင်ဘဲ အဆင့်မြင့် တိကျတဲ့ High-Resolution CT (HRCT) Scan နဲ့ စောစောစီးစီး ရှာဖွေဖော်ထုတ်နိုင်ဖို့က အသက်ကို ကယ်တင်ရာ ရောက်ပါတယ်။

ဒါကြောင့် သင့်အဆုတ်ကျန်းမာရေးအတွက် ရောဂါရှာဖွေမှု အဆင့်ဆင့်ကို သာမန်ထက်ပိုမိုတိကျစေရန် ထိုင်းနှင့် အိန္ဒိယရှိ အဆင့်မြင့်ဆေးရုံကြီးများမှ အဆုတ်အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ကာ တိကျသော အမြင် ရယူခြင်း၊ ထိရောက်သော ကုသမှု Plan များ ရေးဆွဲခြင်းတို့အတွက် JPP Medical Travel ကိုအခုပဲဆက်သွယ်မေးမြန်းနိုင်ပါပြီရှင့်။
အသေးစိတ်သိရှိလိုပါက
🇲🇲09 950 950 733,
09 950 950 388,
09 977 776 742,
🇹🇭08 188 608 56
သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Viber Channel
https://invite.viber.com/?g2=AQAzhug96XuJSlL3PC4LcsTd1rMsYPd%2Bk4vVnKoB5YrTUwC3RN4EoElLdAr2PrhT


Disease

Address

Moe Kaung Street
Yangon

Alerts

Be the first to know and let us send you an email when JPP Medical Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to JPP Medical Travel:

Shortcuts

Share

Category