13/10/2026
ရင်သားတစ်ရှူး ထူရင် အန္တရာယ်ရှိလား?
ရင်သားတစ်ရှူးထူထပ်ခြင်း (Dense Breasts) ဟာ ရင်သားကို လက်နဲ့ စမ်းကြည့်ရုံနဲ့ သိနိုင်တဲ့အရာ မဟုတ်ပါဘူး။
🌟 Dense Breasts ဆိုတာ ဘာလဲ?
ရင်သားဓာတ်မှန် Mammogram ရိုက်ကြည့်တဲ့အခါ ရင်သားထဲမှာ အဆီတစ်ရှူးနည်းပြီး အမျှင်တစ်ရှူးနဲ့ နို့ရည်ဂလင်းတစ်ရှူး (Fibroglandular Tissue) ပမာဏ ပိုများနေတာကို Dense Breasts လို့ ခေါ်ပါတယ်။
Dense Breasts ဟာ ရောဂါတစ်ခု မဟုတ်သလို ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရင်သားကင်ဆာ Screening လုပ်တဲ့အခါမှာတော့ "အတားအဆီးတစ်ခု" အနေနဲ့ ကင်ဆာ အဖုအသေးလေးတွေကို မြင်ရခက်စေနိုင်ပါတယ်။
BI-RADS (ရင်သားပုံရိပ်စစ်ဆေးမှု ရလဒ်များကို မှတ်တမ်းတင်ခြင်းနဲ့ အချက်အလက်၊ အမျိုးအစား ခွဲခြားသတ်မှတ်တဲ့စနစ်) အရ
▫️ Category A: အဆီတစ်ရှူး အများစုဖြစ်ခြင်း
▫️ Category B: အဆီတစ်ရှူးနဲ့ Fibroglandular Tissue အနည်းငယ် ရောနှောခြင်း
▫️ Category C: အမျှင်နဲ့ နို့ရည်ဂလင်းတစ်ရှူး များပြားပြီး အကျိတ်အသေးများကို ဖုံးကွယ်သွားနိုင်ခြင်း။
▫️ Category D: ရင်သားတစ်ရှူး ထူထပ်လွန်းသဖြင့် ဓာတ်မှန်မြင်ကွင်းကို အဟန့်အတားဖြစ်စေခြင်း။
ဒါကြောင့် Category C နဲ့ D ကို Dense Breasts အဖြစ် သတ်မှတ်ပါတယ်။
Dense Breasts ရှိရင် ဘာတွေသတိထားရမလဲ?
💢 Mammogram မှာ Dense Tissue နဲ့ ကင်ဆာအဖုတွေဟာ နှစ်မျိုးစလုံး အဖြူရောင် ပေါ်နိုင်တာကြောင့် အကျိတ်အသေးတွေကို ခွဲခြားမြင်ရဖို့ ခက်စေနိုင်ပါတယ်။
💢 Breast Density များလာတာဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ တိုးလာခြင်းနဲ့လည်း ဆက်စပ်နိုင်ပါတယ်။
Dense Breasts ကို ရင်သားအရွယ်အစားကြည့်ရုံ၊ လက်နဲ့စမ်းကြည့်ရုံနဲ့ မသိနိုင်ဘဲ Mammogram ရိုက်ပြီး ဓာတ်မှန်အထူးကုဆရာဝန်က သုံးသပ်မှသာ သိနိုင်ပါတယ်။
လိုအပ်ပါက
🔸 3D Digital Mammography
🔸 Breast Ultrasound
🔸 Breast MRI
စတဲ့ စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နိုင်ပါတယ်။
ထပ်မံစစ်ဖို့လို၊ မလိုကတော့ Breast Density တစ်ခုတည်းမဟုတ်ဘဲ အသက်အရွယ်၊ မိသားစုရာဇဝင်၊ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးမှတ်တမ်းတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။
🎀 Breast Cancer Awareness Month Special Promotion အနေဖြင့်
October လအတွင်း
𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 𝐂𝐥𝐢𝐧𝐢𝐜 𝐘𝐚𝐧𝐠𝐨𝐧 တွင်
𝐁𝐫𝐞𝐚𝐬𝐭 𝐇𝐞𝐚𝐥𝐭𝐡 𝟏𝟓% 𝐎𝐅𝐅 - Mammogram & Ultrasound
𝐏𝐫𝐨𝐦𝐨 𝐏𝐞𝐫𝐢𝐨𝐝 - 𝐎𝐜𝐭 𝟕 - 𝐎𝐜𝐭 𝟑𝟏, 𝟐𝟎𝟐𝟔
Bumrungrad International Hospital တွင်
3D Digital Mammogram + Breast Ultrasound ပါဝင်တဲ့ Breast Cancer Screening Special Promotion Package - 6100 THB
𝐏𝐫𝐨𝐦𝐨 Deadline: 𝐎𝐜𝐭 𝟑𝟏, 𝟐𝟎𝟐𝟔
Service Available: Nov 30, 2026
အသေးစိတ်သိရှိ မေးမြန်းလိုပါက YIM Services ရဲ့ Messenger Box မှာ အခမဲ့ ဆေးနွေးနိုင်ပါတယ်ရှင်။