17/08/2026
With heavy rainfall and flooding affecting several townships, cases of acute watery diarrhea are increasing. Protect yourself and your loved ones by practicing good hygiene and ensuring food and drinking water are safe.
What to Do if Someone Develops Diarrhea :
- Begin giving Oral Rehydration Salts (ORS) mixed with safe water as soon as symptoms appear.
- Encourage frequent small sips, especially after each episode of diarrhea.
- Avoid Self-Medication
- Do not take anti-diarrheal medications as they may worsen some infections.
Recognize Warning Signs of Severe Illness
Seek medical attention promptly if any of the following symptoms occur:
- Frequent or persistent watery diarrhea
- Severe vomiting or inability to keep fluids down
- Extreme thirst or a very dry mouth
- Sunken eyes, weakness, or unusual drowsiness
- Little or no urination
Early treatment and proper hydration can prevent serious complications. Stay safe this monsoon season by maintaining good hand hygiene, consuming safe drinking water, and following proper food safety practices.
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် မြို့နယ်အချို့တွင် ဝမ်းလျှောရောဂါ (Acute Watery Diarrhea) ဖြစ်ပွားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ မိမိနှင့် မိသားစုဝင်များကို ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းမွန်စွာ လိုက်နာပြီး စားသောက်မည့် အစားအစာနှင့် သောက်သုံးရေများ သေချာစွာ စစ်ဆေးပြီးမှသုံးစွဲကြပါရန် သိပေးနှိုးဆော်အပ်ပါသည်။
ဝမ်းလျှောရောဂါ ဖြစ်ပွားလာပါက လုပ်ဆောင်ရန်
- ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်သည်နှင့် တပြိုင်နက် ORS (Oral Rehydration Salts) ကို သန့်ရှင်းသော ရေနှင့် ဖျော်စပ်၍ စတင်တိုက်ပါ။
- အထူးသဖြင့် ဝမ်းသွားပြီးတိုင်း ORS သို့မဟုတ် ရေကို အကြိမ်ရေများစွာဖြင့် အနည်းငယ်စီ သောက်သုံးပေးပါ။
- မိမိသဘောဖြင့် ဆေးဝါးများ မသောက်သုံးပါနှင့်။
- ဝမ်းလျှောရပ်ဆေးများ (Anti-diarrheal medications) သောက်သုံးခြင်းသည် အချို့သော ရောဂါပိုးကူးစက်မှုများကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
ရောဂါလက္ခဏာများ ပြင်းထန်မှု ကို သတိပြုရန်
အောက်ပါ လက္ခဏာများအနက် တစ်ခုခု ဖြစ်ပေါ်လာပါက ဆေးကုသမှုကို အမြန်ဆုံး ရယူပါ။
- ရေလိုဝမ်းလျှောမှု မကြာခဏ ဖြစ်ခြင်း သို့မဟုတ် ဆက်တိုက် ဝမ်းလျှောခြင်း
- အန်ခြင်း သို့မဟုတ် သောက်သုံးထားသော အရည်များကို မထိန်းထားနိုင်ခြင်း
- ရေအလွန်ငတ်ခြင်း သို့မဟုတ် ပါးစပ်ခြောက်သွေ့
လွန်းခြင်း
- မူးဝေခြင်း၊ အားနည်းခြင်း သို့မဟုတ် ပုံမှန်မဟုတ်စွာ ငိုက်မျဉ်းခြင်း
- ဆီးအနည်းငယ်သာသွားခြင်း သို့မဟုတ် ဆီးလုံးဝမသွားခြင်း
စောစီးစွာ ကုသမှုခံယူခြင်းနှင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်လုံလောက်စွာ ဖြည့်တင်းထားခြင်းတို့က ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပါသည်။
ဤမိုးရာသီကာလအတွင်း လက်ကိုမကြာခဏဆေးကြောပေးခြင်း၊ သန့်ရှင်းလုံခြုံသော သောက်သုံးရေနှင့် အစားအစာ ကိုသာ စားသောက်အသုံးပြုခြင်းနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာခြင်းသည် မိမိနှင့် မိသားစုကို ကာကွယ်ခြင်းဖြစ်ပါသည်။
အသေးစိတ် သိရှိလိုပါက
International SOS Clinic
Email address - [email protected]
Phone - +95 (0) 1 8 657 922 , +95 (0) 9 420 114 536
Address - Inya Lake Hotel, 37 Kaba Aye Pagoda Road, Yangon, Myanmar သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။