27/08/2026
အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်းဟာ အစာအိမ်လမ်းကြောင်းအပေါ်ပိုင်းကို ကင်မရာပါဝင်တဲ့ပြွန် အသေးစားလေးနဲ့ ကြည့်ရှုစစ်ဆေးပေးခြင်းဖြစ်ပါတယ်။ စစ်ဆေးချိန်မှာ ပါးစပ်ကစပြီး အစာရည်မျိုပြွန် (esophagus)၊ အစာအိမ် (stomach)နဲ့ အူသိမ်ဦးပိုင်း (duodenum) နေရာတွေမှာ ရောင်တာ၊ အနာဖြစ်တာ၊ အကျိတ်ဖြစ်တာ၊ သွေးယိုတာ စတဲ့အခြေအနေတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ခေတ်မှီစက်ကိရိယာတွေ အသုံးပြုလာနိုင်တာကြောင့် မှန်ပြောင်းကြည့်ရင်း သံသယဖြစ်စရာတွေ့ရင် တခါတည်းအသားစနမူနာ (biopsy) ယူပြီး လိုအပ်တဲ့စစ်ဆေးမှုတွေပါလုပ်ဆောင်နိုင်ပါတယ် ✅✅
အကယ်၍သင့်အနေနဲ့ အောက်ပါလက္ခဏာတစ်ခုခုခံစားနေရရင် အစာအိမ်မှန်ပြောင်းကြည့်ဖို့ လိုအပ်နိုင်ပါတယ်
⚠️ ဗိုက်အောင့်ဗိုက်နာခြင်း
⚠️ မူးဝေအော့အန်ခြင်း
⚠️ အစာမျိုရခက်ခြင်း
⚠️ ကိုယ်အလေးချိန်ကျသွားခြင်း
⚠️ ရင်ပူခြင်း
⚠️ နှလုံးရောဂါမရှိသော်လည်း ရင်ဘတ်အောင့်ခြင်း
⚠️ သွေးအန်ခြင်း
⚠️ သွေးအားနည်းခြင်း
⚠️ အစာမကြေ၊ ရင်ပြည့်ရင်ကယ် မကြာခဏဖြစ်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
လူတော်တော်များများစိတ်ထဲမှာ အစာအိမ်မှန်ပြောင်းကြည့်ရင် နာကျင်မယ်၊ ခံရခက်မယ် လို့ထင်တတ်ကြ ပါတယ်။ ဟိုးအရင်ဆေးပညာမတိုးတက်သေးချိန်မှာတော့ မှန်ကောင်းမှန်နိုင်ပေမဲ့ ယနေ့ခေတ်မှာတော့ ဒီလိုပြဿနာတွေ မခံစားရတော့ပါဘူး၊ မှန်ပြောင်းပြွန်အရွယ်အစားအများကြီးသေးငယ်သွားသလို ပျော့ပြောင်းနေတဲ့အတွက် လူနာအတွက်နာကျင်မှုမရှိဘဲ သက်တောင့်သက်သာကြည့်ရှုနိုင်နေပြီဖြစ်ပါတယ်။ ကြည့်ရှုချိန်ဟာလည်း မိနစ်ပိုင်းအတွင်းပြီးစီးတဲ့အတွက် အစာအိမ်မှန်ပြောင်းကြည့်ရင် ဆေးရုံတက်စရာလည်း မလိုအပ်တော့ပါဘူး 💜💜
အစာအိမ်မှန်ပြောင်းကြည့်ခြင်းပြုလုပ်မယ်ဆို အူလမ်းကြောင်းကိုရှင်းရှင်းလင်းလင်းကြည့်ရှုစစ်ဆေးလို့ရအောင် ကြိုတင်ပြင်ဆင်ရမှာလေးတွေရှိပါတယ်။ ယေဘူယျအားဖြင့် အနည်းဆုံး ၈ နာရီအစားရှောင်ရပါမယ်၊ အနည်းဆုံး ၄ နာရီ ရေမသောက်ပဲနေရပါမယ်၊ ဒါ့အပြင် တချို့သောက်ဆေးတွေ (ဥပမာ - သွေးကျဲဆေး) ကိုလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး အချိန်တစ်ခုကြိုတင်ဖြတ်ထားဖို့ လိုအပ်ပါတယ် 🩺🩺
ဆာကူရာဆေးရုံကြီးရဲ့ အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းဌာန (Endoscopy Unit) မှာဆိုရင်အစာအိမ် မှန်ပြောင်းကြည့်ခြင်းဝန်ဆောင်မှုကို နိုင်ငံတကာအဆင့်မီ Olympic company ထုတ်စက်ကိရိယာများ၊ မှန်ပြောင်းများ အသုံးပြုပြီး သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်ကြီးများ၊ ဝန်ထမ်းများမှ နေ့စဥ်ပိတ်ရက်မရှိ ကြည့်ရှုကုသပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဆာကူရာဆေးရုံ၊ အစာအိမ်မှန်ပြောင်းဌာန 09 455201025 သို့ဆက်သွယ်နိုင်ပါသည် 🤗🤗
---------------------------------------------------------------------------------------------------------------------
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
🏥Address: No (21/23), Shin Saw Pu Road, Sanchaung Township, Yangon
🧭Maps: https://maps.app.goo.gl/AgzDWSyExj77hvKWA
☎️Phone: 09 455201025 (Endoscopy Department), 01 7512668 (Hotline)
📧Mail: [email protected]
🖥️Website: sakurahospital.com.mm