02/12/2025
ဆောင်းဝင်လာပြီဆိုတော့ ရာသီဥတုအေးလာတဲ့အတွက် လေအေးတွေကိုရှုရှိုက်မိတဲ့အခါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေခံစားရတတ်ပါတယ်၊ ဒါ့အပြင် ရာသီဥတုအေးပြီး နေရောင်ခြည်ရရှိမှုနည်းတာကြောင့် အချို့သောပိုးမွှားတွေဟာ အလွယ်တကူမသေနိုင်ပဲ တစ်ဦးမှတစ်ဦးသို့ ကူးစက်မှုနှုန်းလည်း မြင့်မားတတ်ပါတယ်။
ဆောင်းရာသီမှာလဲ မိုးရာသီလိုပဲ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်ရှိလို့နေပါသေးတယ်၊ ဒါကြောင့် တုပ်ကွေးကူးစက်ခံရရင် ဘယ်လိုပြုမူဆောင်ရွက်ရမလဲဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) က အခုလို ဝေမျှပေးထားပါတယ်။
✔ တုပ်ကွေးဖြစ်လျှင် လုပ်သင့်တဲ့ အချက် ၅ ချက်
၁။ နှာချေ၊ချောင်းဆိုးလျှင် မိမိနှာခေါင်း 👃 နှင့် ပါးစပ် 👄 ကို မိမိ၏ တံတောင်ဆစ် (သို့) လက်မောင်းနှင့် ပိတ်၍ဆိုးပါ။ သို့မဟုတ် တစ်ရှူးစက္ကူဖြင့် မိမိနှာခေါင်းနှင့် ပါးစပ်တို့ကို လုံအောင်ပိတ်၍ 🤧 ဆိုးပါ။ ထို့နောက် အသုံးပြုပြီးသား တစ်ရှူးစက္ကူကို သေချာစွာ စွန့်ပစ်ပါ (အဖုံးပါသည့်အမှိုက်ပုံးအတွင်းသို့စွန့်ပစ်ပါ)။ 🚮
၂။ လက်ကို ဆပ်ပြာ 🧼၊ ရေတို့ဖြင့် သေချာစွာ ပုံမှန် ဆေးကြောပါ။
၃။ ရေများများသောက်ပြီး အနားယူပါ။
၄။ သင်သည် ခုခံအားစနစ်အားနည်းသောသူဖြစ်ပါက၊ Antiviral ဆေးများ (တုပ်ကွေးဗိုင်းရပ်စ်ပိုးကို ကုသသောဆေး 💊) လိုအပ်ကောင်း လိုအပ်နိုင်သည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူများနှင့် တိုင်ပင်ဆွေးနွေးပါ။
၅။ ပဋိဇီဝဆေးများ 💊 (ဘက်တီးရီးယားပိုးများကို ကုသသောဆေး) မသောက်ပါနှင့်။ ၎င်းတို့သည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဗိုင်းရပ်စ်များကို ကုသနိုင်ခြင်း မရှိပါ။
Source from World Health Organization Myanmar