SML Medical & Diagnostic Centre

SML Medical & Diagnostic Centre We value your health. Please let us be your
one-stop healthcare provider.

🟩 အိမ်မှာနေရင်း ကျန်းမာနေဖို့အတွက် SML ရဲ့ Home Service နဲ့ Pharmacy Home Service ရှိနေပါပြီ။✅ SML Home Service (အိမ်အရေ...
11/06/2026

🟩 အိမ်မှာနေရင်း ကျန်းမာနေဖို့အတွက် SML ရဲ့ Home Service နဲ့ Pharmacy Home Service ရှိနေပါပြီ။

✅ SML Home Service (အိမ်အရောက် သွေးဖောက်စစ်ဆေးပေးခြင်း)

အပြင်ထွက်ဖို့ အဆင်မပြေတဲ့ အသက်ကြီးသူများ၊ လှုပ်ရှားရခက်ခဲသော လူနာများနှင့် ဆေးခန်းသွားဖို့ အချိန်မပေးနိုင်သူများအတွက် SML ရဲ့ Home Service ဖြစ်တဲ့ အိမ်ခေါ်သွေးဖောက် ချက်ချင်းရောက် ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း ဓာတ်ခွဲခန်း Branch (၆) ခုရှိလို့ နေရာစုံ ရောက်ရှိနိုင်ခြင်း၊ မနက်စောစော အစာရှောင် (Fasting) သွေးဖောက်မယ့်သူများအတွက် မနက်စောစော သွေးဖောက်နိုင်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ ကိုယ်တိုင် ဆောင်ရွက်ပေးခြင်းနဲ့ Booking တင်ရလွယ်ကူခြင်း စတဲ့အားသာချက်တွေရရှိမှာပါ။

✅ SML Pharmacy Home Service (အိမ်အရောက် ဆေးဝါးပို့ဆောင်ပေးခြင်း)

အပြင်သွားစရာမလိုဘဲ မိမိနေအိမ်မှ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံဖြင့် အထူးကုဆရာဝန်ကြီးများ ညွှန်ကြားချက်ပါ ဆေးဝါးများကို တစ်နေရာတည်းမှာ စုံလင်စွာ ရရှိနိုင်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူများ (Pharmacists) ကိုယ်တိုင် စစ်ဆေးပေးခြင်းနဲ့ နေ့ချင်းအပြီး မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးသွားမှာပါ။ မှာယူရရှိနိုင်တဲ့မြို့နယ်တွေကတော့ - အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ဆိပ်ကမ်းသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင် တို့ပဲ ဖြစ်ပါတယ်။

📲 SML Home Service ကို ရယူလိုပါက Call Centre No - 09 773 777 744 နှင့် ဖုန်းနံပါတ် 09 785 314 833, 09 768 275 840 တို့ကို ဆက်သွယ်နိုင်ပါတယ်။ Pharmacy Home Service အတွက် Call Centre No - 09 773 777 744 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

ဖုန်းလေးတစ်ချက်သာဆက်လိုက်ပါ။ လူကြီးမင်းတို့ကျန်းမာရေးအတွက် SML က အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ရှိနေပါပြီ။

ိုဂရုစိုက်ပါတယ်

09/06/2026

🟢 အသည်းကုသမှု ပါရဂူပါမောက္ခ ဒေါက်တာဦးကျော်စိုးထွန်း ဆွေးနွေးပေးထားပြီး SML မှာ ဝန်ဆောင်မှုပေးနေတဲ့ Fibroscan ဝန်ဆောင်မှုအကြောင်း သိကောင်းစရာ အပိုင်း (၁)

🟢 ယခုဗွီဒီယိုထဲမှာတော့ SML အနေနဲ့ (၁၅) နှစ် နီးပါးတိုင်တိုင် ဝန်ဆောင်မှုပေးလာတဲ့ Fibroscan နည်းပညာရဲ့ သမိုင်းကြောင်း၊ ခွဲစိတ်နာကျင်မှုတွေမရှိဘဲ မိနစ်ပိုင်းအတွင်းမှာပဲ အသည်း အဆီနဲ့ မာကျောမှုအဆင့် အဖြေကို သေချာသိနိုင်တဲ့ စက်ရဲ့အားသာချက်၊ ကိန်းဂဏန်းတွေနဲ့ တိတိကျကျအဖြေရရှိတာဖြစ်လို့ ကုသမှုပြုလုပ်ရာမှာ အများကြီးအထောက်အကူဖြစ်စေတဲ့အကြောင်းတွေ ဆွေးနွေးပေးထားပါတယ်။

🟢 SML Medical and Diagnostic Centre & Advance Medical Laboratory မှာ အသည်းကျန်းမာရေးအတွက် စစ်ဆေးတဲ့ Fibroscan ဝန်ဆောင်မှုကို ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

📢 Fibroscan စစ်ဆေးခြင်းနှင့် အခြားသောကျန်းမာရေးဝန်ဆောင်မှုများကိုအသေးစိတ်သိရှိလိုပါက
SML Call Centre Hotline - 09 773 777 744

ိုဂရုစိုက်ပါတယ်

✅ လူနာများပိုမိုအဆင်ပြေစေရန် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဆေးခန်းထိုင်ရက်ကို ဖော်ပြပေးလိုက်ပါတယ်။အထွေထွေရောဂါအထူးကုဆရာဝန...
08/06/2026

✅ လူနာများပိုမိုအဆင်ပြေစေရန် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဆေးခန်းထိုင်ရက်ကို ဖော်ပြပေးလိုက်ပါတယ်။

အထွေထွေရောဂါအထူးကုဆရာဝန်ကြီး
𝐃𝐫.𝐓𝐡𝐞𝐭 𝐒𝐮 𝐌𝐨𝐧
𝐌.𝐁.,𝐁.𝐒 , 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐈𝐧𝐭.𝐌𝐞𝐝.), 𝐌𝐑𝐂𝐏 (𝐔𝐊)

📅 ဆေးခန်းထိုင်ရက်များ - ကြာသပတေး၊ စနေ၊ တနင်္ဂနွေ။

🏥 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း)
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📲 𝐒𝐌𝐋 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒 📲

#𝐒𝐌𝐋ကပိုဂရုစိုက်ပါတယ် #အထွေထွေရောဂါအထူးကုဆရာဝန်

🟩 အစာအိမ်ရောင်ဝေဒနာရှင်တွေဟာ ဆေးပတ်လည်အောင် သောက်ပေမဲ့ ဘာကြောင့် ရောဂါပြန်ပြန်ဖြစ်နေရတာလဲ။ အကြောင်းအရင်းများထဲက တစ်ချက်က...
04/06/2026

🟩 အစာအိမ်ရောင်ဝေဒနာရှင်တွေဟာ ဆေးပတ်လည်အောင် သောက်ပေမဲ့ ဘာကြောင့် ရောဂါပြန်ပြန်ဖြစ်နေရတာလဲ။ အကြောင်းအရင်းများထဲက တစ်ချက်ကတော့ အစာအိမ်ပိုးရှိနေခြင်းဖြစ်ပါတယ်။ အစာအိမ်အောင့်တာ၊ ရင်ပူတာ၊ လေပွတာတွေအတွက် အစာအိမ်ဆေးတွေကိုပဲ အမြဲအားကိုးနေတာဟာ အပေါ်ယံလက္ခဏာကိုပဲ ကုသရာရောက်နေတတ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ H. pylori လို့ခေါ်တဲ့ အစာအိမ်ပိုး ကူးစက်ခံထားရပါတယ်။ ဒီပိုးကို မကုသနိုင်သရွေ့ အစာအိမ်ရောင်ရောဂါဟာ ခဏခဏပြန်ဖြစ်နေမှာဖြစ်ပြီး ရေရှည်မှာ အစာအိမ်အနာနဲ့ အစာအိမ်ကင်ဆာအထိ ဖြစ်ပွားစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

🟩 အစာအိမ်ပိုး ရှိ၊ မရှိကို အရင်ဆုံး တိတိကျကျ စစ်ဆေးဖို့ လိုအပ်ပါတယ်။ Urea Breath Test ဟာ ခန္ဓာကိုယ်ထဲကို ကိရိယာတွေ ထည့်စရာမလိုတဲ့ (Non-Invasive) နည်းလမ်းတွေထဲမှာ အကောင်းဆုံးနဲ့ တိကျမှုအရှိဆုံး "Gold Standard" ဖြစ်ပါတယ်။ မှန်ပြောင်းကြည့်စရာမလို၊ အသားစဖြတ်စရာမလိုဘဲ အသက်ရှူရုံနဲ့တင် ပိုးရှိ၊ မရှိကို ၉၅ % ကျော် တိကျမှုနဲ့ သိရှိနိုင်မှာဖြစ်လို့ လူနာအတွက်လည်း လုံးဝမနာကျင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

🟩 Urea Breath Test ရဲ့ အားသာချက်က လက်ရှိ အစာအိမ်ထဲမှာ ပိုးတကယ်ရှိနေသလားဆိုတာကို အတိကျဆုံး ဖော်ပြပေးနိုင်ပါတယ်။ ဒါကြောင့် ကုသမှုမစခင်မှာ ပိုးရှိ၊ မရှိ စစ်ဆေးဖို့အတွက်ရော၊ ကုသမှုအပြီးမှာ ပိုးရှိမရှိ ပြန်လည်စစ်ဆေးဖို့ (Follow-up) အတွက်ပါ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် Healthcare Professional များအနေနဲ့လည်း လူနာကို ပိုမိုထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ Urea Breath Test ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

🟩 Urea Breath Test စစ်ဆေးရင်ဘာတွေလုပ်ရမလဲ။
(၁) ပိုးသတ်ဆေးများကို (၂) ပတ်အနည်းဆုံးရှောင်ရှားထားရပါမယ်
(၂) Test မစစ်ဆေးခင် (၂) နာရီကြိုတင်ပြီး ရေ၊ အချိုရည်နှင့် အစားအသောက်များရှောင်ထားရပါမယ်
(၃) Urea အမှုန့်သောက်ပြီး မိနစ် (၃၀) ငြိမ်သက်စွာထိုင်နေရပါမယ်
(၄) ကြက်သွန်ဖြူများသောအစားအစာနှင့် ဒိန်ချဥ်ကို မစစ်ဆေးခင် အလွန်အကျွံစားသုံးခြင်းမပြုလုပ်ရန်
(၅) အရက်ပါဝင်သောအရည်များအား မစစ်ဆေးခင် သုံးရက်ကြိုတင်၍ရှောင်ရှားထားရပါမယ်

တိကျသေချာတဲ့ Urea Breath Test ကိုစစ်ဆေးချင်တယ်ဆိုရင်တော့ SML မှာစစ်ဆေးနိုင်ပါပြီ။

Call Centre Hotline - 09 773 777 744

ိုဂရုစိုက်ပါတယ် #အစာအိမ်ပိုး
#အစာအိမ်နှင့်အူလမ်းကြောင်းအသိပညာပေး

စက်အဆင့်မြှင့်တင်ခြင်းပြုလုပ်မှာဖြစ်လို့ (၃.၆.၂၀၂၆) ဗုဒ္ဓဟူးနေ့တစ်ရက်အတွက် Fibroscan ရိုက်ကူးမှုခေတ္တရပ်နားထားမှာဖြစ်ပြီ...
02/06/2026

စက်အဆင့်မြှင့်တင်ခြင်းပြုလုပ်မှာဖြစ်လို့ (၃.၆.၂၀၂၆) ဗုဒ္ဓဟူးနေ့တစ်ရက်အတွက် Fibroscan ရိုက်ကူးမှုခေတ္တရပ်နားထားမှာဖြစ်ပြီး (၄.၆.၂၀၂၆) ကြာသပတေးနေ့မှာတော့ ပုံမှန်အတိုင်း ကျန်းမာရေးဝန်ဆောင်မှုပြန်လည်ရရှိမှာဖြစ်တဲ့အကြောင်း အသိပေးကြေညာအပ်ပါတယ်။

ိုဂရုစိုက်ပါတယ်

"ဒီဇိုင်းက လန်းတယ်၊ အနံ့က မွှေးတယ်... တကယ်ပဲ အန္တရာယ်ကင်းလို့လား"🟧 အခုခေတ်မှာ V**e သောက်တာ၊ Pod ဆွဲတာက လူငယ်တွေကြားထဲမှာ...
31/05/2026

"ဒီဇိုင်းက လန်းတယ်၊ အနံ့က မွှေးတယ်... တကယ်ပဲ အန္တရာယ်ကင်းလို့လား"

🟧 အခုခေတ်မှာ V**e သောက်တာ၊ Pod ဆွဲတာက လူငယ်တွေကြားထဲမှာ Trend တစ်ခုလို၊ Cool ဖြစ်တာလို ခေတ်စားနေပါတယ်။ သစ်သီးနံ့မွှေးမွှေးလေးတွေ၊ Smoke Ring တွေနဲ့ အရောင်အသွေးစုံတဲ့ ဒီဇိုင်းတွေက လူငယ်တွေကို ဆွဲဆောင်နေတာပါ။

🟥 ဒါပေမယ့် အဲဒီ လှပတဲ့ ဆွဲဆောင်မှုတွေရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဘာရှိလဲဆိုတာ သိကြရဲ့လား။ To***co Company တွေက လူငယ်တွေကို ဆွဲဆောင်ဖို့အတွက် ပုံစံမျိုးစုံနဲ့ (Mask) မျက်နှာဖုံးစွပ်ပြီး ဈေးကွက်ရှာနေကြတာပါ။ အရသာစုံ၊ အနံ့စုံတွေနဲ့ မျှားတယ်။ Techno ဆန်ဆန် ဒီဇိုင်းလန်းလန်းတွေနဲ့ ဆွဲဆောင်တယ်။ ပြီးတော့ V**e က အန္တရာယ်နည်းပါတယ်လို့ ယုံကြည်အောင်လုပ်တယ်။ အမှန်က ရိုးရိုးဆေးလိပ်လိုပဲ စွဲလမ်းမှုဖြစ်စေပြီး ကျန်းမာရေးကို တဖြည်းဖြည်းချင်း ဝါးမြိုသွားတာပါ။

🟦 ဒီနှစ် World No To***co Day 2026 ရဲ့ ဆောင်ပုဒ်က "Unmasking the appeal – countering ni****ne and to***co addiction" ဆွဲဆောင်ထားတဲ့ မျက်နှာဖုံးတွေကို ခွာချပြီး၊ နီကိုတင်းနဲ့ ဆေးရွက်ကြီးစွဲလမ်းမှုကို တွန်းလှန်စို့တဲ့။ "ကိုယ့်စိတ်နဲ့ကိုယ် သောက်တာပဲ၊ ဖြတ်ချင်တဲ့အချိန် ဖြတ်လို့ရတယ်" လို့ ထင်နေရင်တော့ မှားပါမယ်။ ခေတ်မီပြီး Cool ဖြစ်တဲ့ လူငယ်တစ်ယောက်ဆိုတာ သူများဆင်ထားတဲ့ ထောင်ချောက်ကို အမှန်အတိုင်း မြင်နိုင်စွမ်း ရှိရပါမယ်။ ကိုယ့်ရဲ့ ငွေကြေး၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေကို နီကိုတင်းမျက်နှာဖုံးနောက်မှာ အဆုံးရှုံးမခံပါနဲ့။

🟩 ဒီနေ့ကစပြီး .. ဆွဲဆောင်မှုရှိတဲ့ မျက်နှာဖုံးတွေကို ခွာချပစ်လိုက်ပါ။ နီကိုတင်းရဲ့ ချုပ်ကိုင်မှုကို Cool ဖြစ်ဖြစ်ငြင်းဆန်လိုက်ပါ။

🟩 ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့၊ တကယ့် Cool ဖြစ်တဲ့ လူငယ်တွေအဖြစ် လွတ်လပ်စွာ အသက်ရှူလိုက်ကြရအောင်။

***coDay2026 ိုဂရုစိုက်ပါတယ်

မနက်ဖြန်ကျရောက်မယ့် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့လေးမှာ ပျော်ရွှင်ချမ်းမြေ့တဲ့ Eid al-Adha အခါသမယကိုပိုင်ဆိုင်နိုင်ကြပ...
27/05/2026

မနက်ဖြန်ကျရောက်မယ့် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့လေးမှာ ပျော်ရွှင်ချမ်းမြေ့တဲ့ Eid al-Adha အခါသမယကိုပိုင်ဆိုင်နိုင်ကြပါစေလို့ 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

(၂၈.၅.၂၀၂၆) ရက်နေ့မှာ SML စင်တာများအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ထားရှိမှာဖြစ်လို့ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်မှာဖြစ်တဲ့အကြောင်းလည်း အသိပေးအကြောင်းကြားအပ်ပါတယ်။

ိုဂရုစိုက်ပါတယ်

မိုးရာသီနဲ့အတူပါလာတတ်တဲ့ ကျန်းမာရေးရန်သူ (၅) မျိုးကို သိထားကြပြီလား 🟩 အခုဆို မြန်မာနိုင်ငံအနှံ့ မိုးက တဖြောက်ဖြောက်ရွာနေ...
26/05/2026

မိုးရာသီနဲ့အတူပါလာတတ်တဲ့ ကျန်းမာရေးရန်သူ (၅) မျိုးကို သိထားကြပြီလား

🟩 အခုဆို မြန်မာနိုင်ငံအနှံ့ မိုးက တဖြောက်ဖြောက်ရွာနေပြီဆိုတော့ သတိမထားမိဘဲ ကူးစက်ခံရနိုင်တဲ့ ရောဂါတွေရှိနေပါတယ်။ မိမိနဲ့ မိသားစုဝင်တွေ ဘေးကင်းဖို့အတွက် အောက်ပါရောဂါ (၅) မျိုးအကြောင်းကို အချိန် (၂) မိနစ်ရှိရုံနဲ့ သိနိုင်ပါပြီ။

၁။ ရာသီတုပ်ကွေး (𝐒𝐞𝐚𝐬𝐨𝐧𝐚𝐥 𝐅𝐥𝐮) - မိုးရာသီမှာ အဖြစ်အများဆုံးနဲ့ လူတိုင်းနီးပါး ကြုံရတတ်တဲ့ ရောဂါပါ။

ဖြစ်ပွားစေတဲ့အကြောင်းအရင်း - 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 (𝐀) သို့မဟုတ် (𝐁) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပြီး လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၊ ချောင်းဆိုးရာမှထွက်သော အမှုန်အမွှားများ သို့မဟုတ် ပိုးရှိသော မျက်နှာပြင်များကို ကိုင်တွယ်မိရာမှ ကူးစက်သည်။

လက္ခဏာ - ကိုယ်ပူချိန် ရုတ်တရက် မြင့်တက်ခြင်း (၁၀၂-၁၀၄°𝐅 ထိ ဖြစ်နိုင်)၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းနှင့် တစ်ကိုယ်လုံး အဆစ်အမြစ်များ ကိုက်ခဲကာ နုံးချည့်နေခြင်း။

ကုသမှု - အဖျားကျဆေး (𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥) သောက်ခြင်း၊ ရေနှင့် အရည်များများ သောက်ခြင်း၊ အာဟာရပြည့်အောင် စားခြင်းနှင့် အနည်းဆုံး (၃) ရက်ခန့် အနားယူခြင်း။ အသက်ရှူရခက်ခဲလာပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။

ကာကွယ်မှု - အထိရောက်ဆုံးမှာ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး (𝐅𝐥𝐮 𝐕𝐚𝐜𝐜𝐢𝐧𝐞) ထိုးနှံထားခြင်းဖြစ်သည်။ လက်ကို မကြာခဏ ဆေးကြောပါ၊ နှာခေါင်းစည်း (𝐌𝐚𝐬𝐤) တပ်ပါ၊ လူထူထပ်သောနေရာများကို ရှောင်ပါ။

၂။ သွေးလွန်တုပ်ကွေး (𝐃𝐞𝐧𝐠𝐮𝐞 𝐅𝐞𝐯𝐞𝐫) - ယခုအခါကလေးငယ်များသာမက လူကြီးများမှာပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါပါ။

ဖြစ်ပွားစေတဲ့အကြောင်းအရင်း - နေ့ခင်းဘက်တွင် ကိုက်တတ်သော အေဒီ (𝐀𝐞𝐝𝐞𝐬) ခြင်ကျားများမှတစ်ဆင့် ဗိုင်းရပ်စ် ကူးစက်ခြင်းဖြစ်သည်။

လက္ခဏာ - ပြင်းထန်စွာ ဖျားခြင်း၊ မျက်လုံးအိမ်နောက်မှ ကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် အရေပြားတွင် အနီစက်များ ထွက်ခြင်း။

ကုသမှု - အဖျားကျစေရန် ရေပတ်တိုက်ပေးခြင်း၊ ဓာတ်ဆားရည် တိုက်ခြင်း။ သတိပြုရန် - အချို့အကိုက်အခဲပျောက်ဆေးများ သောက်ပါက သွေးယိုစီးမှုကို ပိုဆိုးစေနိုင်သဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ရ။

ကာကွယ်မှု - "ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ်ငန်းစဉ်ကို ပုံမှန်လုပ်ဆောင်ပါ၊ ခြင်ထောင်ဖြင့် အိပ်ပါ၊ ခြင်နိုင်ဆေးခွေ/လိမ်းဆေးများ သုံးစွဲပါ။

၃။ ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ (𝐃𝐢𝐚𝐫𝐫𝐡𝐨𝐞𝐚/𝐂𝐡𝐨𝐥𝐞𝐫𝐚) - မိုးရာသီ ရေများမသန့်ရှင်းမှုကြောင့် အဖြစ်များသည်။

ဖြစ်ပွားစေတဲ့အကြောင်းအရင်း - ပိုးမွှားပါသော အစားအစာနှင့် ယင်နားစာများ၊ မသန့်ရှင်းသော သောက်သုံးရေမှတစ်ဆင့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားများ အစာခြေစနစ်ထဲ ရောက်ရှိခြင်း။

လက္ခဏာ - တစ်နေ့လျှင် (၃) ကြိမ်နှင့်အထက် ဝမ်းအရည်များ သွားခြင်း၊ ဗိုက်ရစ်နာခြင်း၊ ပျို့အန်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် မျက်တွင်းချိုင့်ခြင်း။

ကုသမှု - ဆုံးရှုံးသွားသော ရေဓာတ်ကို ဖြည့်တင်းရန် ဓာတ်ဆားရည် (𝐎𝐑𝐒) ကိုမကြာခဏ သောက်ပေးခြင်းက အဓိကကျပြီး အချို့ဝမ်းရောဂါများတွင် ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) လိုအပ်နိုင်သည်။

ကာကွယ်မှု - ရေကို ကျိုချက်သောက်ပါ၊ အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ပြောင်အောင်ဆေးပါ၊ ယင်လုံအိမ်သာ အသုံးပြုပါ။

၄။ အူရောင်ငန်းဖျား / တိုက်ဖွိုက် (𝐓𝐲𝐩𝐡𝐨𝐢𝐝)

ဖြစ်ပွားစေတဲ့အကြောင်းအရင်း - 𝐒𝐚𝐥𝐦𝐨𝐧𝐞𝐥𝐥𝐚 𝐓𝐲𝐩𝐡𝐢 ဘက်တီးရီးယားပိုး ပါဝင်သော အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်သည်။

လက္ခဏာ - ဖျားရာတွင် အပူချိန်က တဖြည်းဖြည်း တက်လာတတ်သည် (𝐒𝐭𝐞𝐩-𝐥𝐚𝐝𝐝𝐞𝐫 𝐟𝐞𝐯𝐞𝐫)၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ဗိုက်နာခြင်းနှင့် ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း။

ကုသမှု - ဆရာဝန်ညွှန်ကြားသည့် ပဋိဇီဝဆေး (𝐀𝐧𝐭𝐢𝐛𝐢𝐨𝐭𝐢𝐜𝐬) ကို ဆေးပတ်လည်အောင် သောက်ရပါမည်။ (ဆေးပတ်လည်ခြင်းမရှိပါက ပြန်လည်ဖြစ်ပွားနိုင်သည်)

ကာကွယ်မှု - မသန့်ရှင်းသောလမ်းဘေးစာနှင့် အသုပ်များကို ရှောင်ပါ၊ သောက်သုံးရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ၊ တိုက်ဖွိုက် ကာကွယ်ဆေး ထိုးနှံထားနိုင်ပါသည်။

၅။ လက်ပတိုစပိုင်ရိုးဆစ် / ကြွက်ဆီးရောဂါ (𝐋𝐞𝐩𝐭𝐨𝐬𝐩𝐢𝐫𝐨𝐬𝐢𝐬) - မိုးကြီးပြီး ရေကြီးရေလျှံမှုဖြစ်တဲ့ နေရာတွေမှာ အထူးသတိထားရပါတယ်။

ဖြစ်ပွားစေတဲ့အကြောင်းအရင်း - ကြွက်၊ နွား၊ ခွေး စသည့် တိရစ္ဆာန်များ၏ ဆီးပါဝင်သော မြေကြီး၊ ရေ သို့မဟုတ် ရွှံ့နွံများထဲရှိ ပိုးမွှားများက အရေပြားပေါ်ရှိ အနာများမှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်း။

လက္ခဏာ - ရုတ်တရက် အပြင်းအဖျားတက်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ခြေသလုံးနှင့် ခါးကြွက်သားများ နာကျင်ခြင်း၊ မျက်လုံးနီခြင်းနှင့် ဆီးနည်းခြင်း။

ကုသမှု - စောစီးစွာ ကုသမှု ခံယူပါက ပဋိဇီဝဆေးများဖြင့် လွယ်ကူစွာ ပျောက်ကင်းနိုင်သော်လည်း နောက်ကျပါက ကျောက်ကပ်နှင့် အသည်းကို ထိခိုက်စေနိုင်သည်။

ကာကွယ်မှု - မိုးရေထဲ၊ ရေအိုင်ထဲ လမ်းလျှောက်ခြင်းကို ရှောင်ပါ၊ လမ်းလျှောက်ရပါက ဘွတ်ဖိနပ် (𝐑𝐚𝐢𝐧 𝐛𝐨𝐨𝐭𝐬) စီးပါ၊ လမ်းလျှောက်ပြီးလျှင် ခြေထောက်ကို ဆပ်ပြာဖြင့် ချက်ချင်းဆေးပါ။

မိုးရာသီမှာ ကျန်းမာနေဖို့ဆိုရင် အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာ စားသုံးမှုက အဓိကကျပါတယ်။ အဖျားတာရှည်တာ ဒါမှမဟုတ် လက္ခဏာတွေ ပြင်းထန်လာရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မိုးရာသီရောဂါတွေကာကွယ်ချင်လို့ ကာကွယ်ဆေးထိုးချင်တာပဲဖြစ်ဖြစ်၊ တစ်နေရာတည်းမှာ စစ်ဆေးကုသချင်တာပဲဖြစ်ဖြစ်၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေလုပ်ချင်တာဖြစ်ဖြစ် 𝐒𝐌𝐋 က လူကြီးမင်းတို့ ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေပါတယ်။

ဒီမိုးရာသီမှာ မိသားစုတွေအားလုံး ဘေးကင်းကျန်းမာဖို့ 'ကျန်းမာအောင်နေပါ' လို့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဆုတောင်းပေးခဲ့ကြရအောင်။

🏥 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း)
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📲 𝐒𝐌𝐋 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒 📲

21/05/2026

✅ မိသားစုအိပ်မက်ကို အကောင်အထည်ဖော်မယ့်သူတွေအတွက် Fertility အကြောင်း သိကောင်းစရာများ - ဒေါက်တာငြိမ်းမိုးသော် အပိုင်း (၃)

✅ ယခုနောက်ဆုံးအပိုင်းမှာတော့မှာတော့ ရင်သွေးရဖို့အတွက် ပြုလုပ်ရမယ့် ဘဝနေထိုင်မှုများ၊ အစားအသောက်အနေအထိုင်တွေကို ဆွေးနွေးရှင်းလင်းထားပါတယ်။

✅ SML မှာဆိုရင် ရင်သွေးရတနာယူဖို့အတွက် Fertility Package စစ်ဆေးမှုပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ (Comment မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)

Call Centre Hotline - 09 773 777 744
ိုဂရုစိုက်ပါတယ်

⚠️ အခုတလော အွန်လိုင်းပေါ်မှာ အီဘိုလာ (Ebola) သတင်းတွေ ကြားပြီးကြပြီလား။ အီဘိုလာ ဘယ်လိုစဖြစ်တာလဲ၊ တကယ်ရော စိုးရိမ်ရသလား၊ ...
18/05/2026

⚠️ အခုတလော အွန်လိုင်းပေါ်မှာ အီဘိုလာ (Ebola) သတင်းတွေ ကြားပြီးကြပြီလား။ အီဘိုလာ ဘယ်လိုစဖြစ်တာလဲ၊ တကယ်ရော စိုးရိမ်ရသလား၊ ဘယ်လိုကာကွယ်လို့ရနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အာဖရိကတိုက်မှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်ကို တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ပါတယ်။

🟥 အီဘိုလာဘယ်လိုဖြစ်သလဲ
ဒီဗိုင်းရပ်စ်ရဲ့ ပင်မသယ်ဆောင်သူကတော့ သစ်သီးစားလင်းနို့ (Fruit Bats) တွေ ဖြစ်ပါတယ်။ လင်းနို့တွေဆီကနေတစ်ဆင့် တောထဲက မျောက်၊ ဝံ၊ သမင် စတဲ့တိရစ္ဆာန်တွေဆီ ကူးစက်ပါတယ်။ အဲဒီတိရစ္ဆာန်တွေရဲ့ အသားကို ကိုင်တွယ်မိရာကဖြစ်စေ၊ မကျက်တကျက် စားသုံးမိရာကဖြစ်စေ ဗိုင်းရပ်စ်စတင် ပြန့်ပွားတာပါ။

🟥 ဘယ်လိုကူးသလဲ
ကံကောင်းတာကတော့ အီဘိုလာဟာ ကိုဗစ် ဒါမှမဟုတ် တုပ်ကွေးလိုမျိုး လေထုထဲကနေ လုံးဝ မကူးပါဘူး။ ရောဂါလက္ခဏာ ပြနေတဲ့ လူနာရဲ့ သွေး၊ အန်ဖတ်၊ သွားရည်၊ ချွေး၊ ကျင်ကြီး၊ ကျင်ငယ်၊ သုတ်ရည်တို့နဲ့ တိုက်ရိုက်ထိတွေ့မှသာ ကူးစက်တာပါ။ ဗိုင်းရပ်စ်ပိုး ရှိနေပေမယ့် ဖျားနာခြင်း မရှိသေးတဲ့ အစောပိုင်း လူနာတွေဆီကနေ ရောဂါကူးစက်ဖို့ အခွင့်အလမ်း အလွန်နည်းပါတယ်။

🟥 ရောဂါလက္ခဏာတွေကဘာတွေလဲ
ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၂ ရက်မှ ၂၁ ရက်အတွင်း (ပျမ်းမျှ ၈ ရက်မှ ၁၀ ရက်အတွင်း) ရောဂါလက္ခဏာတွေ စတင်ပြပါတယ်။ ရုတ်တရက် ပြင်းထန်စွာ ဖျားခြင်း၊ အလွန်အမင်း နုံးခွေခြင်း၊ ကြွက်သားများနဲ့ အဆစ်အမြစ်များ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့ဖြစ်ပြီး ပုံမှန်ရာသီတုပ်ကွေးနဲ့ဆင်တူပါတယ်။ နောက်ဆက်တွဲပြင်းထန်လက္ခဏာအဖြစ် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်များ ပျက်စီးလာခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ ကိုယ်တွင်းသွေးယိုစီးမှုအထိ ဖြစ်ပွားတတ်ပါတယ်။

🟥 ကာကွယ်ဆေးရှိလား
အရင်က ဖြစ်ပွားခဲ့တဲ့ ဇိုင်ယာအီဘိုလာဗိုင်းရပ်စ် (Zaire ebolavirus) အတွက်တော့ Ervebo ခေါ် တရားဝင်ကာကွယ်ဆေးရှိပါတယ်။ လက်ရှိ အာဖရိကမှာ ပြန့်ပွားနေတာက Bundibugyo ဗိုင်းရပ်စ် မျိုးဗီဇဖြစ်ပြီး ကာကွယ်ဆေးအသစ်မတွေ့သေးပါဘူး။ ဒါပေမယ့် လူနာကို အကြောဆေးရည်သွင်းခြင်း၊ အောက်ဆီဂျင် ပေးခြင်း၊ သွေးပေါင်ချိန် ထိန်းညှိခြင်းစတာတွေ စနစ်တကျ အချိန်မီကုသပေးနိုင်ရင် အသက်ရှင်သန်နိုင်စွမ်းရှိပါတယ်။

🟦 လက်ရှိအချိန်အထိ အီဘိုလာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့ခြင်း လုံးဝမရှိသေးလို့ အထိတ်တလန့်ဖြစ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာ ခရီးသွားလာမှုတွေ ရှိနေတာကြောင့် ဒီအချက်လေးတွေတော့ လိုက်နာသင့်ပါတယ်။

၁။ အပြင်က ပြန်လာတိုင်း ရေနှင့်ဆပ်ပြာ သို့မဟုတ် Alcohol ပါဝင်သော လက်သန့်ဆေးရည်တို့ဖြင့် လက်ကို ဆေးကြောပါ။
၂။ လင်းနို့ သို့မဟုတ် တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်း၊ အသားကို စားသုံးခြင်းမှ လုံးဝရှောင်ကြဉ်ပါ။
၃။ ဆိုရှယ်မီဒီယာပေါ်က Clickbait သတင်းတု၊ သတင်းမှားတွေကို မယုံကြည်ဘဲ တရားဝင်အဖွဲ့အစည်းများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ရဲ့ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်နားထောင်ပေးပါ။

🟩 ကျန်းမာရေး အသိရှိခြင်းက ကိုယ့်မိသားစုကို မလိုအပ်ဘဲ ကြောက်ရွံ့ခြင်းကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး လက်နက်ဖြစ်ပါတယ်။ ဒီပို့စ်လေးကို ဖတ်ပြီး ကျန်းမာရေးဗဟုသုတရသွားရင်လည်း မိတ်ဆွေသူငယ်ချင်းတွေအတွက် Share ပေးသွားခြင်းဖြင့် ကူညီနိုင်ပါတယ်။

ိုဂရုစိုက်ပါတယ်

Address

No. 003/004, Dagon Tower, Gabaraye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959780162447

Alerts

Be the first to know and let us send you an email when SML Medical & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SML Medical & Diagnostic Centre:

Share