Medi-Link

Medi-Link ဆေးဆိုင်ဖွင့်လိုသူတိုင်းနဲ့ဆေးဝါးအကူအဖြစ်လုပ်ကိုင်လိုသူတွေအတွက် Online ကနေ အထိရောက်ဆုံးသင်ကြားနိုင်မယ့်နေရာ 🩺

ဆေးသောက်ပြီးပြီးချင်း တန်းအိပ်တာက ကျန်းမာရေးအတွက် ထင်ထားတာထက် ပိုအန္တရာယ်များတယ်ဆိုတာ သိပြီးကြပြီလား? 💊❌ဆေးသောက်ပြီးတာနဲ...
13/08/2026

ဆေးသောက်ပြီးပြီးချင်း တန်းအိပ်တာက ကျန်းမာရေးအတွက် ထင်ထားတာထက် ပိုအန္တရာယ်များတယ်ဆိုတာ သိပြီးကြပြီလား? 💊❌

ဆေးသောက်ပြီးတာနဲ့ အိပ်ရာပေါ်တန်းလှဲလိုက်ရင် မဖြစ်သင့်တဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ် ‼️

⚠️ ဘာကြောင့် ချက်ချင်းမအိပ်သင့်တာလဲ?

🗣️ရင်ပူခြင်းနှင့် အစာချဉ်ပြန်ခြင်း

ဆေးပြားက အစာအိမ်ထဲ ရောက်မသွားဘဲ လည်ချောင်း သို့မဟုတ် အစာရေပြွန်ထဲမှာ တင်ကျန်နေခဲ့ရင် ဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အစာရေပြွန်ရောင်ရမ်းတာ၊ ရင်ပူတာတွေ ဖြစ်တတ်ပါတယ်

♨️ အစာရေပြွန် အနာဖြစ်ခြင်း

ဆေးပြားက အစာရေပြွန်မှာ ကပ်ကျန်ပြီး ပျော်ဝင်သွားပါက အစာရေပြွန်နံရံကို တိုက်ရိုက်ထိခိုက်စေပြီး အနာဖြစ်စေနိုင်ပါတယ်

💊 ဆေးအာနိသင် လျော့နည်းခြင်း

ဆေးပြား အစာအိမ်ထဲ စနစ်တကျ ရောက်ရှိခြေဖျက်မှသာ ခန္ဓာကိုယ်က ဆေးအာနိသင်ကို အပြည့်အဝ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်

💡 မှန်ကန်တဲ့ သောက်သုံးနည်းအလေ့အထ

✅ ရေအလုံအလောက်သောက်ပါ
ဆေးသောက်တဲ့အခါ ရေတစ်ဖန်ခွက်အပြည့် (အနည်းဆုံး 200 ml) နဲ့ မျိုချပါ

✅ အချိန် ခေတ္တစောင့်ပါ
ဆေးသောက်ပြီးရင် အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် မတ်မတ်ထိုင်ပါ သို့မဟုတ် မတ်တပ်ရပ်ပေးပါ

✅ အိပ်ရာမဝင်မီ သတိထားပါ
ညဘက် ဆေးသောက်ရပါက အိပ်ခါနီးမှ သောက်မည့်အစား အိပ်ရာမဝင်မီ မိနစ် ၃၀ အလိုတည်းက ကြိုသောက်ထားပါ

အကိုက်အခဲပျောက်ဆေးများ (NSAIDs)၊ ပဋိဇီဝဆေးများ (Antibiotics)နဲ့ အရိုးပါးရောဂါဆေးများ သောက်သုံးပါက ပိုပြီးသတိထားသင့်ပါတယ်ရှင့် ‼️

ဆေးကို သက်သာပျောက်ကင်းချင်လို့ သောက်တာဖြစ်တဲ့အတွက် မှန်ကန်တဲ့ နည်းလမ်းနဲ့ သောက်သုံးပြီး ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်ကြစို့နော် 💚✨

#ဆေးဝါးကျွမ်းကျင်သင်တန်း

အသည်းသမားတွေအတွက် ဒီ(၅)မျိုးစားပါ ✅အသည်းရောဂါအခံရှိသူတွေ ဒါမှမဟုတ် အသည်းကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအတွက် အသည်းရဲ့ လု...
10/08/2026

အသည်းသမားတွေအတွက် ဒီ(၅)မျိုးစားပါ ✅

အသည်းရောဂါအခံရှိသူတွေ ဒါမှမဟုတ် အသည်းကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအတွက် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပြီး အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ စားသောက်သင့်တဲ့ အစားအစာ (၅) မျိုးကတော့ -

(1) ဟင်းသီးဟင်းရွက်စိမ်းများ

💚 ဟင်းနုနွယ်၊ ကိုက်လန်၊ ကန်စွန်းရွက် စတဲ့ ရွက်စိမ်းသီးနှံများ

✅ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပြီး အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရာတွင် ကူညီပေးတယ်
✅ အသည်းအဆီဖုံးခြင်းကိုလည်း လျှော့ချပေးနိုင်သည်

(2) ချဉ်သော အသီးအနှံများ

💛 သံပုရာသီး၊ သံပုရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု

✅ ဗီတာမင် C နှင့် အသည်းကို ကာကွယ်ပေးသည့် Antioxidants ပါဝင်သဖြင့် အသည်းဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးပြီး အသည်း၏ အဆိပ်ထုတ်စွမ်းရည်ကို မြှင့်တင်ပေးတယ်

(3) အခွံမာသီးများနှင့် အစေ့အဆန်များ

🤎 သစ်ကြားသီး၊ ဗာဒံစေ့၊ ဖရုံစေ့၊ နှမ်းကြတ်စေ့

✅ ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ် (Omega-3) နှင့် ဗီတာမင် E တို့ ပါဝင်သောကြောင့် အသည်းရောင်ရမ်းမှုကို လျှော့ချပေးပြီး အသည်းအဆီဖုံးခြင်းမှ ကာကွယ်ပေးတယ်

(4) ကြက်သွန်ဖြူ

🤍 ကြက်သွန်ဖြူတွင် Allicin နှင့် Selenium ကဲ့သို့သော ဒြပ်ပေါင်းများ ပါဝင်တယ်

✅ အသည်းအင်ဇိုင်းများကို သက်ဝင်လှုပ်ရှားစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို မြန်မြန်ဆန်ဆန် စွန့်ထုတ်နိုင်ရန် ကူညီပေးတယ်

(5) ငါးကြီးဆီ/အဆီပါသောငါးများ

🧡 ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ တူနာငါး သို့မဟုတ် ငါးသေတ္တာငါး

✅ Omega-3 အဆီအက်ဆစ် ကြွယ်ဝသဖြင့် အသည်းတွင် အဆီစုပုံမှုကို လျှော့ချပေးပြီး အသည်း၏ ရောင်ရမ်းမှုများကို သက်သာစေတယ်

⚠️ အသည်းရောဂါအမျိုးအစား (ဥပမာ - အသည်းခြောက်ခြင်း၊ အသည်းရောင်ဘီပိုး/စီပိုး၊ အသည်းပျက်စီးခြင်း) ပေါ်မူတည်ပြီး ပရိုတင်း သို့မဟုတ် ဆား (Sodium) စားသုံးမှုကို ကန့်သတ်ဖို့ လိုအပ်နိုင်သဖြင့် ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း မှန်ကန်စွာ စားသောက်ဖို့တော့ အရေးကြီးပါတယ်ရှင့် 💚

#ဆေးဝါးကျွမ်းကျင်သင်တန်း

05/08/2026

💡 သင့်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ နောက်ထပ် (၄၈) နာရီပဲ ကျန်ပါတော့တယ်!

ဆေးဝါးတွေကို စနစ်တကျ နားလည်သုံးစွဲတတ်ဖို့နဲ့ ဆေးဝါးကျွမ်းကျင်မှု ပညာရပ်နဲ့ သင့်ဘဝအတွက် ခိုင်မာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ပြင်ဆင်ပြီးပြီလား?

Medi-Link ရဲ့ အွန်လိုင်းတန်းခွဲသစ်ကတော့ နောက် (၂) ရက်အကြာမှာ စတင်တော့မှာ ဖြစ်ပါတယ်ရှင့် 💚

ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲဆိုတော့...👇

✅ ဆေးဝါးကျွမ်းကျင်ဘာသာရပ် - ဆေးဝါးများအကြောင်းကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးခြင်း၊

✅ဆေးဆိုင်စီမံခန့်ခွဲမှု - ဆေးဆိုင်တစ်ဆိုင်ကို အောင်မြင်အောင် ဘယ်လိုစီမံမလဲဆိုတာကိုပါ တစ်ပါတည်း လေ့လာရမှာပါ

💡 ဘာကြောင့် ရွေးချယ်သင့်တာလဲ?

🏠 အိမ်ကနေဘဲ စိတ်ကြိုက် အချိန်ကုန်သက်သာစွာဖြင့် အွန်လိုင်းမှ လေ့လာနိုင်ခြင်း

📚 သင်တန်းစာအုပ်နှင့်တကွ သင်တန်းပြီးဆုံးပါက Certificate (လက်မှတ်) ပါ တစ်ပါတည်း ရရှိမှာဖြစ်ခြင်း

💰 သင်တန်းကြေး: ၁၇၀,၀၀၀ ကျပ်သာ

📅 သင်တန်းစတင်မည့်ရက် - [ 7. 8. 2026 ]

⏱️ သင်တန်းချိန်: အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့တိုင်း (ည ၈:၀၀ မှ ၉:၃၀ အထိ)

မိမိကိုယ်ကို မြှင့်တင်ဖို့ အကောင်းဆုံးအချိန်ဟာ "အခု" ပါပဲ 🎉

ရည်မှန်းချက်ဆီကို ခြေတစ်လှမ်းတိုးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ စာရင်းပေးသွင်းဖို့ အချိန် အနည်းငယ်ပဲ ကျန်ပါတော့တယ် ‼️

👉 ဒီနေ့ပဲ စာရင်းပေးသွင်းပြီး သင့်အနာဂတ်အတွက် ပြင်ဆင်လိုက်ပါ

အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန် -
☎️ 09-780 310 992

⏳ (၂) ရက်ပဲ လိုတော့တယ်နော်... အခွင့်အရေးကို လက်လွတ်မခံပါနဲ့!ဆေးဝါးဆိုင်ရာ အသိပညာတွေကို စနစ်တကျ သင်ယူပြီး ဝါသနာပါရာ နယ်ပယ...
05/08/2026

⏳ (၂) ရက်ပဲ လိုတော့တယ်နော်... အခွင့်အရေးကို လက်လွတ်မခံပါနဲ့!

ဆေးဝါးဆိုင်ရာ အသိပညာတွေကို စနစ်တကျ သင်ယူပြီး ဝါသနာပါရာ နယ်ပယ်မှာ အောင်မြင်တဲ့ ဆေးဝါးကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ Medi-Link ရဲ့ Online တန်းခွဲသစ်စတင်ဖို့ (၂) ရက်ပဲ ကျန်ပါတော့တယ် ‼️

💢 ကျန်းမာရေး နယ်ပယ်မှာ စိတ်ချယုံကြည်ရတဲ့ ဆေးဝါးကျွမ်းကျင်သူတစ်ယောက်အဖြစ် ရပ်တည်ချင်သူများ၊
💢 ကိုယ်ပိုင် ဆေးဆိုင်ဖွင့်လှစ်ချင်သူများနဲ့
💢 ဆေးဝါးလုပ်ငန်းခွင်ထဲ ဝင်ရောက်ချင်သူများအတွက် အထူးသင့်တော်တဲ့ သင်တန်းဖြစ်ပါတယ်ရှင့်

📘 အဓိက သင်ကြားမည့် ဘာသာရပ်ကြီး (၂) ခု 📘

(၁) ဆေးဝါးကျွမ်းကျင်ဘာသာရပ် 💊

(၂) ဆေးဆိုင်စီမံခန့်ခွဲမှု 📊

💰 သင်တန်းကြေး - ၁၇၀,၀၀၀ ကျပ်

🎁 အထူးအစီအစဉ် - သင်တန်းကြေးထဲမှာ သင်တန်းစာအုပ်နှင့် Certificate အပြီးအစီး ပါဝင်ပါတယ်

📚 သင်တန်းအသေးစိတ်အချက်အလက်များ

စတင်မည့်ရက်: သြဂုတ်လ ၇ ရက်နေ့

သင်တန်းရက်များ: အပတ်စဉ် ကြာသပတေးနေ့ နှင့် သောကြာနေ့

သင်တန်းအချိန်: 8:00 - 9:30 pm

သင်တန်းကာလ: (၂) လ

⚠️ သင်တန်းသား ဦးရေ အကန့်အသတ်ရှိတာကြောင့် လူပြည့်ခါနီးဖြစ်နေပါပြီ

နောက်ကျကျန်မခဲ့ရအောင် အခုပဲ သင့်နေရာကို အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါရှင့် 💚

အသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန် -
☎️ 09-780 310 992

🚨 (၄) ရက်သာ လိုပါတော့တယ်! 🚨ဆေးဝါးလောကထဲ ခြေလှမ်းလှမ်းဖို့ အချိန်သိပ်မကျန်တော့ဘူးနော် ‼️ကိုယ်ပိုင်ဆေးဆိုင် ဖွင့်လှစ်ချင်သ...
03/08/2026

🚨 (၄) ရက်သာ လိုပါတော့တယ်! 🚨

ဆေးဝါးလောကထဲ ခြေလှမ်းလှမ်းဖို့ အချိန်သိပ်မကျန်တော့ဘူးနော် ‼️

ကိုယ်ပိုင်ဆေးဆိုင် ဖွင့်လှစ်ချင်သူတွေနဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်ချင်သူများအတွက် MEDI-LINK ရဲ့ အွန်လိုင်း တန်းခွဲသစ်ကြီး စတင်ဖို့ (၄) ရက်သာ လိုပါတော့တယ် ⏳

📚 ဘာတွေသင်ကြားပေးမှာလဲ?

ဒီသင်တန်းမှာ လက်တွေ့နယ်ပယ်အတွက် အဓိကလိုအပ်တဲ့

ဆေးဝါးကျွမ်းကျင်ဘာသာရပ် နဲ့

ဆေးဆိုင်စီမံခန့်ခွဲမှု ဘာသာရပ်ကြီး (၂) ခုကို အသေးစိတ် စနစ်တကျ သင်ကြားပေးသွားမှာပါရှင့် ✅

✨ အပြင်သွားစရာမလိုဘဲ အိမ်မှာနေရင်း အဆင်ပြေပြေ တက်ရောက်နိုင်တဲ့အပြင်

အချိန်မအားလို့ တိုက်ရိုက်မတက်လိုက်ရရင်တောင် အချိန်မရွေး၊ နေရာမရွေး ပြန်လည်လေ့လာကြည့်ရှုနိုင်ဖို့ Video Record များ ပြန်လည်ပို့ပေးသွားမှာ ဖြစ်ပါတယ်

💰 သင်တန်းကြေး - ၁၇၀,၀၀၀ ကျပ်

🎁 အထူးအစီအစဉ် - သင်တန်းကြေးထဲတွင် သင်တန်းစာအုပ်နှင့် Certificate အပြီးအစီး ပါဝင်သည်

📅 သင်တန်းစမည့်ရက် - [ 7. 8. 2026]

⏱️ သင်တန်းချိန်: အပတ်စဉ် ကြသာပတေးနေ့ နှင့် သောကြာနေ့တိုင်း (ည ၈:၀၀ မှ ၉:၃၀ အထိ)

အနာဂတ်အတွက် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းလိုက်ပါ 💻✨

📞 ဆက်သွယ်ရန်
Contact Us: 09 - 780 310 992

"အစာမတိုင်မီ သောက်ပါ" နဲ့ "အစာစားပြီးမှ သောက်ပါ" ... ဘာလို့ အတိအကျလိုက်နာဖို့ လိုတာလဲ? 💊🍽️ဆေးညွှန်းတွေမှာ အစာနဲ့ပတ်သက်ပြ...
01/08/2026

"အစာမတိုင်မီ သောက်ပါ" နဲ့ "အစာစားပြီးမှ သောက်ပါ" ... ဘာလို့ အတိအကျလိုက်နာဖို့ လိုတာလဲ? 💊🍽️

ဆေးညွှန်းတွေမှာ အစာနဲ့ပတ်သက်ပြီး ညွှန်ကြားထားတာတွေကို သေချာဂရုမစိုက်ဘဲ အဆင်ပြေသလို သောက်မိနေပါသလား?

ဆေးဝါးတွေ ခန္ဓာကိုယ်ထဲမှာ အာနိသင်အပြည့်အဝပြဖို့ဆိုရင် သောက်ရမယ့် အချိန်ကလည်း အလွန်အရေးကြီးပါတယ်

🔹 အစာမတိုင်မီ သောက်ရမယ့်ဆေးများ

အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် (အစာမစားခင် မိနစ် ၃၀ သို့မဟုတ် စားပြီး ၂ နာရီ) မှာ သောက်ရတာ ဖြစ်ပါတယ်‼️
အချို့ဆေးတွေက အစာနဲ့ရောသွားရင် ခန္ဓာကိုယ်က စုပ်ယူမှုအားနည်းသွားတတ်လို့ ဖြစ်ပါတယ်‼️
(ဥပမာ - အစာအိမ်ဆေးအချို့)

🔹 အစာစားပြီးမှ သောက်ရမယ့်ဆေးများ

အစာစားပြီး မိနစ် ၁၅ မှ ၃၀ အတွင်း သောက်ရပါမယ်‼️
အချို့ဆေးတွေက အားပြင်းပြီး အစာအိမ်နံရံကို လှုံ့ဆော်မှုဖြစ်စေလို့ အစာအိမ်နာတာ၊ ပျို့အန်တာမျိုး မဖြစ်အောင် အစာတစ်ခုခုနဲ့ အကာအကွယ်ပေးရတာ ဖြစ်ပါတယ်‼️
(ဥပမာ - အကိုက်အခဲပျောက်ဆေးများ)

💡 ဆေးညွှန်းတစ်ခုကို ကြည့်ရုံနဲ့ ဒီဆေးက ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်အချိန်မှာ သောက်ရင် လူနာအတွက် အထိရောက်ဆုံးလဲဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တာဟာ "ဆေးဝါးကျွမ်းကျင်သူ" တို့ရဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်

ကျန်းမာရေးလောကမှာ မရှိမဖြစ် အရေးပါတဲ့ ဆေးဝါးပညာရပ်တွေကို ထဲထဲဝင်ဝင် သင်ယူပြီး အသက်မွေးဝမ်းကျောင်းပြုချင်တယ်ဆိုရင်တော့ Medi-Link က အသင့်ကြိုဆိုနေပါတယ်ရှင့် 💚

💬 သင်ရော ဆေးသောက်ရင် အချိန်မှန်မှန် သောက်ဖြစ်ရဲ့လား?
သိချင်တဲ့ ဆေးဝါးဗဟုသုတလေးတွေရှိရင် Comment မှာ မေးခဲ့နိုင်ပါတယ်နော်‼️

#ဆေးဝါးဗဟုသုတ #ဆေးသောက်နည်းစနစ် #ဆေးဝါးသင်တန်း

🌧️ မိုးရေစိုရင် တကယ်ပဲ ဖျားတတ်သလား? 🤔📣 "မိုးရေထဲ မဆော့နဲ့ ဖျားလိမ့်မယ်!"၊ "မိုးမိလာရင် ခေါင်းအမြန် လျှော်လိုက်ဦး!"ငယ်ငယ်...
24/07/2026

🌧️ မိုးရေစိုရင် တကယ်ပဲ ဖျားတတ်သလား? 🤔

📣 "မိုးရေထဲ မဆော့နဲ့ ဖျားလိမ့်မယ်!"၊ "မိုးမိလာရင် ခေါင်းအမြန် လျှော်လိုက်ဦး!"

ငယ်ငယ်ကတည်းက အမေတို့၊ အဖွားတို့ ပြောလေ့ရှိတဲ့ ဒီစကားတွေက တကယ်ပဲ မှန်သလား⁉️

မိုးရေထဲမှာ ဖျားစေတဲ့ ဗိုင်းရပ်စ်တွေ တကယ်ပဲ ပါလာလို့လား⁉️

ဒီနေ့တော့ သိပ္ပံနည်းကျ အဖြေကို တူတူရှာကြည့်ရအောင် 🔬

💡 တကယ်တော့ မိုးရေကြောင့် ဖျားတာ မဟုတ်ပါဘူး!

ဖျားနာခြင်း (နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး) ဆိုတာ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ 🦠

မိုးရေထဲမှာ သင့်ကို ဖျားစေမယ့် ဗိုင်းရပ်စ်တွေ တိုက်ရိုက် ပါမလာပါဘူး 🦠

ဒါဆို ဘာလို့ မိုးမိရင် ဖျားတယ်လို့ ခံစားရတာလဲ? 🤷‍♂️🤷‍♀️

🧬 တရားခံအစစ်က ဘယ်သူလဲ?

(၁) ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ကျဆင်းသွားခြင်း 🤒

မိုးရေစိုတဲ့အခါ ခန္ဓာကိုယ် အပူချိန်က ရုတ်တရက် ကျဆင်းသွားပါတယ်

အထူးသဖြင့် ခေါင်းနဲ့ လည်ပင်းပိုင်း အေးစိမ့်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ခေတ္တခဏ အားနည်းသွားတတ်ပါတယ်

(၂) ဗိုင်းရပ်စ်တွေ ပျော်မွေ့တဲ့ ရာသီဥတု 🦠

မိုးရာသီရဲ့ စိုထိုင်းဆနဲ့ အေးမြတဲ့ ရာသီဥတုဟာ တုပ်ကွေးဗိုင်းရပ်စ်တွေ ပွားများဖို့နဲ့ ကူးစက်ဖို့ အကောင်းဆုံး အခြေအနေပါ

ခန္ဓာကိုယ် ခုခံအား ခဏလေး ကျသွားတဲ့အချိန်မှာ အနီးအနားမှာရှိတဲ့ ဗိုင်းရပ်စ်တွေက အလွယ်တကူ ဝင်ရောက် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်

(၃) အခန်းအောင်းပြီး လူစုလူဝေး ဖြစ်ခြင်း 🏠

မိုးရွာရင် အိမ်ထဲ၊ အခန်းထဲမှာပဲ စုပြီး နေကြတာများပါတယ်

အဲဒီအခါ အခန်းထဲမှာ တစ်ယောက်ယောက်က နှာစေးချောင်းဆိုး ဖြစ်နေရင် လေဝင်လေထွက် မကောင်းတဲ့အတွက် ဗိုင်းရပ်စ် ကူးစက်ဖို့ ပိုလွယ်ကူသွားစေပါတယ်

☔ မိုးမိပြီး မဖျားအောင် ဘာလုပ်ရမလဲ?

🔺ချက်ချင်း အဝတ်လဲပါ
🔺 ခေါင်းခြောက်အောင် သုတ်ပါ
🔺 နွေးနွေးထွေးထွေး နေပါ
🔺 ဗီတာမင် C မှီဝဲပါ

📢 မိုးရေက သင့်ကို တိုက်ရိုက် မဖျားစေပေမယ့်၊ မိုးရေစိုလို့ ခန္ဓာကိုယ် အေးစိမ့်သွားခြင်းက ဗိုင်းရပ်စ်တွေကို တံခါးဖွင့်ပေးလိုက်သလို ဖြစ်စေတာမို့ မိုးမိရင်တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်ရှင့် 👋✨

#မိုးရာသီကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးအသိပညာ

21/07/2026

"ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပြလက္ခဏာတွေကို သတိထားမိရဲ့လား"

နှလုံးရောဂါရှိနေကြောင်း ပြသနေတဲ့ ရှေ့ပြေးလက္ခဏာများ 🚨

‼️ လူအများစုဟာ "နှလုံးရောဂါ" လို့ ပြောလိုက်ရင် ရုတ်တရက် ရင်ဘတ်အောင့်ပြီး လဲကျသွားတာမျိုးကိုပဲ ပြေးမြင်တတ်ကြပါတယ်

‼️ ဒါပေမဲ့ တကယ်တမ်းမှာတော့ နှလုံးက ဝေဒနာမပြင်းထန်ခင်ကတည်းက သတိထားစရာ အချက်ပြလက္ခဏာလေးတွေကို တိုးတိုးလေး သတိပေးတတ်ပါတယ်

လူငယ်၊ လူကြီးမရွေး အဖြစ်များလာတဲ့ နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို ရှိ၊ မရှိ စစ်ဆေးကြည့်နိုင်ဖို့ စုံစုံလင်လင် စုစည်းဖော်ပြပေးလိုက်ပါတယ် 👇

(၁) ရင်ဘတ်ထဲမှာ မအီမသာဖြစ်ခြင်း

💢 ဒါဟာ အဖြစ်အများဆုံး လက္ခဏာပါ
💢 ရင်ဘတ်ကြီးတစ်ခုလုံးကို တစ်ခုခုနဲ့ ဖိထားသလိုမျိုး၊ ညှစ်ထားသလိုမျိုး တင်းကျပ်ပြီး အောင့်လာတတ်ပါတယ်
💢 နာရီဝက်ထက်မက ကြာတတ်ပြီး အနားယူလိုက်ရင် သက်သာသွားတတ်ပေမဲ့ ခဏခဏ ပြန်ဖြစ်တတ်ပါတယ်

(၂) ဘယ်ဘက်လက် မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း

💢 နှလုံးဆီကလာတဲ့ နာကျင်မှုလှိုင်းဟာ ဘယ်ဘက်လက်မောင်း၊ ပုခုံးကနေတစ်ဆင့် အောက်ဘက်အထိ ပျံ့နှံ့သွားတတ်ပါတယ်
💢 တစ်ခါတရံ မေးရိုး၊ သွား၊ လည်ပင်းနဲ့ ကျောဘက်အထိပါ အောင့်တာမျိုး ဖြစ်နိုင်ပါတယ်

(၃) မူးဝေခြင်းနှင့် သတိလစ်ချင်သလို ဖြစ်ခြင်း

💢 အစာမစားလို့၊ ဒါမှမဟုတ် ရုတ်တရက် ထထိုင်လိုက်လို့ မူးတာမျိုး မဟုတ်ဘဲ၊ ရင်ဘတ်မအီမသာဖြစ်တာနဲ့အတူ ခေါင်းထဲ မူးနောက်ပြီး လဲကျမလို ဖြစ်တာမျိုးက နှလုံးက သွေးကို ကောင်းကောင်း မညှစ်ထုတ်နိုင်တော့တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်

(၄) အသက်ရှူရ ခက်ခဲခြင်း/ မောခြင်း

💢 လှေကားတက်တာ၊ အလေးအပင်မတာမျိုး မဟုတ်ဘဲ ဒီအတိုင်း ထိုင်နေရင်း၊ ဒါမှမဟုတ် လမ်းအနည်းငယ် လျှောက်ရုံတင်နဲ့တင် အမောမခံနိုင်ဘဲ မောဟိုက်လာတာ၊ လှဲအိပ်လိုက်ရင် အသက်ရှူကျပ်လာတာမျိုးဟာ နှလုံးအားနည်းခြင်းရဲ့ လက္ခဏာပါ

(၅) ခြေထောက်၊ ခြေဖဝါးနှင့် ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း

💢 နှလုံးက သွေးကို ကောင်းကောင်း မလည်ပတ်နိုင်တဲ့အခါ သွေးကြောတွေထဲက အရည်တွေဟာ အောက်ပိုင်းမှာ သွားပုံပြီး ခြေထောက်တွေ ဖောရောင်လာတတ်ပါတယ်
💢 ဖိကြည့်ရင် ခွက်ဝင်သွားပြီး ပြန်မတက်လာတာမျိုး ဖြစ်တတ်ပါတယ်

(၆) အကြောင်းရင်းမရှိဘဲ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း

💢 အိပ်ရေးလည်းဝတယ်၊ အလုပ်လည်း အပြင်းအထန် မလုပ်ရဘဲနဲ့ တစ်နေ့ကုန် အမြဲတမ်း နုံးချည့်နေတာ၊ ရေချိုးရုံ၊ အဝတ်လဲရုံလောက်နဲ့တင် မောပန်းနေတာမျိုးဟာလည်း သတိထားရမယ့် အချက်ပါ

(၇) နှလုံးခုန် မမှန်ခြင်း

💢 စိတ်လှုပ်ရှားချိန် မဟုတ်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ နှလုံးက တဒိန်းဒိန်းနဲ့ မြန်မြန်ကြီး တုန်ခါနေတာ၊ ဒါမှမဟုတ် နှလုံးခုန်ချက် တစ်ချက်၊ နှစ်ချက် စည်းချက်လွတ်သွားသလို ခံစားရတာမျိုးပါ

💡 ဘယ်လိုလူတွေ ပိုသတိထားရမလဲ

‼️ သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ် မြင့်မားသူများ
‼️ ဆေးလိပ်အလွန်အကျွံ သောက်သူများ
ကိုယ်အလေးချိန် အဝလွန်သူများ
‼️မိသားစုမျိုးရိုးထဲတွင် နှလုံးရောဂါအခံ ရှိဖူးသူများ

⚠️ ဒါဆိုရင် ဘာလုပ်ရမလဲ

🔺လက္ခဏာတွေထဲက တစ်ခုထက်မက ကြုံတွေ့နေရပြီဆိုရင် "အပူကန်တာနေမှာပါ၊ လေထိုးတာနေမှာပါ" ဆိုပြီး ပေါ့ဆမနေပါနဲ့

🔺 အချိန်မီ နှလုံးအထူးကုဆရာဝန်နဲ့ ပြသပြီး ECG ဆွဲတာ၊ Echo ရိုက်တာမျိုးတွေ ပြုလုပ်ပြီး စောစောစီးစီး ကုသမှု ခံယူသင့်ပါတယ်

"သင့်နှလုံးသားရဲ့ အသံကို နားထောင်ပါ၊ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်"

💚 ဒီအချက်အလက်လေးတွေကို သင့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်စေဖို့ Share ပေးသွားဦးနော်

#ဆေးဝါးကျွမ်းကျင်သင်တန်း #ကျန်းမာရေးဗဟုသုတ #ဆေးဆိုင်စီမံခန့်ခွဲမှု for

❌ ဆေးဝါးကျွမ်းကျင် တစ်ယောက်မဖြစ်ချင်ရင် ဒီသင်တန်းကို လုံးဝမတက်နဲ့ ❌ဟုတ်ပါတယ်... သင်ဟာ ကိုယ်ပိုင်ဆေးဆိုင်တစ်ဆိုင် ဖွင့်လှ...
21/07/2026

❌ ဆေးဝါးကျွမ်းကျင် တစ်ယောက်မဖြစ်ချင်ရင် ဒီသင်တန်းကို လုံးဝမတက်နဲ့ ❌

ဟုတ်ပါတယ်... သင်ဟာ ကိုယ်ပိုင်ဆေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် မဖြစ်ချင်ဘူးဆိုရင်၊

သို့မဟုတ် ဆေးဝါးလောကမှာ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ စိတ်မဝင်စားဘူးဆိုရင်တော့ ဒီသင်တန်းကို လုံးဝ (လုံးဝ) မတက်ပါနဲ့ ‼️

ဒါပေမဲ့...

🌟 သင့်မှာ ဆေးဆိုင်ဖွင့်ချင်တဲ့ အိပ်မက်ရှိတယ်၊
🌟 ဆေးဝါးတွေကို စနစ်တကျ ကျွမ်းကျင်စွာ ကိုင်တွယ်ရောင်းချချင်တယ်၊
🌟 ရောင်းရုံတင်မကဘဲ စီးပွားရေးအရပါ အမြတ်အစွန်းရှိရှိ စီမံခန့်ခွဲချင်တယ်ဆိုရင်တော့

Medi Link ရဲ့ ဆေးဝါးကျွမ်းကျင်နဲ့ ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်း က သင့်အတွက် အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာမှာပါ 💚

ဒီသင်တန်းက သင့်ကို ဘာတွေ ပြောင်းလဲပေးမှာလဲ⁉️

ဆေးဆိုင်တစ်ဆိုင်ကို အရည်အသွေးပြည့်ပြည့်ဝဝနဲ့ တရားဝင် လည်ပတ်နိုင်တဲ့အထိ အတတ်ပညာတွေကို အသေးစိတ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်

💢 ဆေးဝါးဗေဒနှင့် အသုံးချပုံများ 💢
အသုံးများသော ဆေးဝါးများ၊ ရောဂါအလိုက် ဆေးညွှန်းဖတ်နည်းများနှင့် လူနာကို စနစ်တကျ ဆေးညွှန်းခြင်း

💢 ဆေးဆိုင်စီမံခန့်ခွဲမှုအတတ်ပညာ 💢
ဆေးပစ္စည်း စာရင်းဇယား ထိန်းသိမ်းနည်း၊ (သက်တမ်းကုန်မယ့် ဆေးဝါးများ စနစ်တကျ စီမံခြင်းနှင့် ဆိုင်ခင်းကျင်းနည်း

💢 လုပ်ငန်းခွင်ဝင်ဆံ့မှုနှင့် အရောင်းပညာ 💢
လူနာ/ဝယ်ယူသူများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် စကားပြောဆိုနည်းနှင့် Customer Service ကောင်းများ ပေးနိုင်ခြင်း

💢 ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ 💢
ဆေးဆိုင်ဖွင့်လှစ်ရာတွင် လိုအပ်သည့် လိုင်စင်နှင့် တရားဝင် လုပ်ထုံးလုပ်နည်းများ လမ်းညွှန်ချက်

🌟 ဘယ်သူတွေ တက်ရောက်သင့်လဲ

💢 ကိုယ်ပိုင် ဆေးဆိုင်/ဆေးခန်း ဖွင့်လှစ်ရန် ပြင်ဆင်နေသူများ
💢 လက်ရှိ ဆေးဆိုင်ဖွင့်ထားသော်လည်း စနစ်တကျ စီမံခန့်ခွဲမှု လိုအပ်နေသူများ
💢 ဆေးဝါးလောကထဲသို့ အသက်မွေးဝမ်းကျောင်းအဖြစ် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများ
💢 ဆေးဝါးနှင့် ပတ်သက်ပြီး အခြေခံမှစ၍ စနစ်တကျ လေ့လာလိုသူများ

💫 Medi Link နဲ့အတူ ဆေးဝါးကျွမ်းကျင်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်လိုက်ပါ

✨ အမှားအယွင်းမရှိ၊ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ အခုပဲ Medi Link ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်း သင်တန်း အပ်နှံနိုင်ပါပြီ

💡 ဒီတစ်ခေါက် ဖွင့်လှစ်မယ့် သင်တန်းမှာ လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ အကြံပြုပါတယ်ရှင့်

📌 သင်တန်းအသေးစိတ်ကို စုံစမ်းလိုပါက Page Chatbox ကနေတစ်ဆင့် အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ

#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဆိုင်စီမံခန့်ခွဲ

#

17/07/2026

လုံးဝမလုပ်ပါနဲ့ ❌

ဆေးဆိုင်တစ်ဆိုင် စပြီးဖွင့်တော့မယ်ဆိုရင် ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်

ဒါပေမဲ့ "ဘာတွေ မလုပ်သင့်ဘူးလဲ" ဆိုတဲ့အချက်ကို မသိထားရင်တော့ မလိုအပ်ဘဲ ငွေကုန်လူပန်းဖြစ်ပြီး ဆိုင်ပိတ်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်

ဆေးဆိုင်စဖွင့်မယ့် လုပ်ငန်းရှင်အသစ်စက်စက်တွေ သတိမထားမိဘဲ မှားတတ်တဲ့ အကြီးမားဆုံး အမှားကြီး (၅) ခု

(၁) နေရာရွေးတာ ဇောက်ထိုးဖြစ်ခြင်း

"ငှားရမ်းခ သက်သာရင်ပြီးရော" ဆိုပြီး လူသူမနီးတဲ့ လမ်းကြားထဲမှာ ဆိုင်သွားဖွင့်တာဟာ အဆိုးဆုံးအမှားပါ ‼️
ဆေးဆိုင်ဆိုတာ လိုအပ်တဲ့အချိန် ချက်ချင်းဝယ်ရလွယ်ကူတဲ့နေရာမှာ ရှိရပါမယ် 💢

လူသွားလူလာနည်းတဲ့နေရာ၊ ကား/ဆိုင်ကယ် ရပ်ရခက်တဲ့နေရာ၊ ဆေးရုံ/ဆေးခန်းတွေနဲ့ ဝေးလွန်းတဲ့နေရာတွေကို ရွေးချယ်ခြင်း လုံးဝမလုပ်ပါနဲ့ ❌

(၂) ဆေးမျိုးစုံကို အကုန်အုံလိုက်ကျင်းလိုက် ဝယ်စုခြင်း

ဆိုင်စဖွင့်ချင်းမှာ ဆိုင်ကြီးကြည့်ကောင်းအောင်ဆိုပြီး ဆေးမျိုးစုံကို အရေအတွက်အများကြီး ဝယ်စုတတ်ကြပါတယ် ‼️
ဆေးဆိုတာ သက်တမ်းကုန်ဆုံးရက် (Expiry Date) ရှိတဲ့အတွက် မရောင်းရဘဲ သက်တမ်းကုန်သွားရင် အရင်းအနှီးတွေ ဆုံးရှုံးသွားပါလိမ့်မယ် 💢

အတွေ့အကြုံမရှိဘဲ ခေတ်မစားတဲ့ဆေးတွေ၊ သုံးစွဲသူနည်းတဲ့ ဆေးဝါးတွေကို အများကြီးဝယ်သိမ်းခြင်း လုံးဝမလုပ်ပါနဲ့ ❌

(၃) တရားမဝင်ဆေးနှင့် သက်တမ်းလွန်ဆေးများ ရောရောင်းခြင်း

ဒါကတော့ ဆိုင်ရဲ့ ဂုဏ်သိက္ခာတင်မကဘဲ ဥပဒေကြောင်းအရပါ ဆိုင်ပိတ်ရုံတင်မက ထောင်ပါကျနိုင်တဲ့ အချက်ဖြစ်ပါတယ် ‼️

လိုင်စင်မရှိတဲ့ ဆေးဝါးတွေ၊ FDA ခွင့်ပြုချက်မရှိတဲ့ ဆေးတွေ၊ ခိုးသွင်းဆေးတွေကို အမြတ်များရုံနဲ့ တင်ရောင်းခြင်း လုံးဝမလုပ်ပါနဲ့ ❌

(၄) ဈေးနှုန်းမတည်ငြိမ်ခြင်းနှင့် အကြွေးစနစ်ကျင့်သုံးခြင်း

စျေးကွက်ထဲမှာ ကိုယ့်ဆိုင်က စျေးအဆမတန်ကြီးနေရင် Customer က တစ်ခါပဲလာပြီး နောက်ဘယ်တော့မှ လာမှာမဟုတ်ပါဘူး ‼️
ဒါ့အပြင် ရပ်ကွက်ထဲ ဖွင့်တာမို့လို့ဆိုပြီး အသိအကျွမ်းတွေကို အကြွေးပေးလွန်းရင်လည်း လက်ငင်းငွေစီးဆင်းမှု (Cash Flow) ပြတ်တောက်ပြီး ဆိုင်လည်ပတ်ဖို့ ခက်ခဲသွားပါလိမ့်မယ် 💢

စျေးနှုန်းကို စိတ်တိုင်းကျ တင်ရောင်းခြင်း၊ အကြွေးစနစ်ကို အလွယ်တကူ ခွင့်ပြုခြင်း လုံးဝမလုပ်ပါနဲ့ ❌

(၅) ဆေးညွှန်းမပါဘဲ အန္တရာယ်ရှိသောဆေးများ ရောင်းချခြင်း

ဆေးဆိုင်ဆိုတာ သာမန်ကုန်စုံဆိုင် မဟုတ်ပါဘူး ‼️
လူတွေရဲ့ အသက်အန္တရာယ်နဲ့ တိုက်ရိုက်ပတ်သက်နေတာပါ 💢

ပဋိဇီဝဆေး (Antibiotics) တွေ၊ စိတ်ငြိမ်ဆေး/အိပ်ဆေးတွေကို ဆရာဝန်ဆေးညွှန်း (Prescription) မပါဘဲ ဝယ်သူတောင်းတိုင်း အလွယ်တကူ ရောင်းပေးခြင်း လုံးဝမလုပ်ပါနဲ့ ❌

🔑 ဆေးဆိုင်တစ်ဆိုင် ရေရှည်အောင်မြင်ဖို့ဆိုရင် "ယုံကြည်မှု" က အဓိက သော့ချက်ပါရှင့်
💢 ဝယ်သူကို ဆေးအမြန်ရောင်းထွက်ဖို့ထက် မှန်ကန်တဲ့ လမ်းညွှန်မှုပေးနိုင်တဲ့ စိတ်စေတနာရှိဖို့ လိုအပ်ပါတယ်

✅ စနစ်တကျ လေ့လာပြီးမှ စီးပွားရေးကို စတင်တာက အချိန်နဲ့ ငွေကြေးဆုံးရှုံးမှုကို အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်လို့ Medi-link ဆေးဝါကျွမ်းကျင်နဲ့ ဆေးဆိုင်စီမံခန့်ခွဲမှုသင်တန်းကို အခုပဲ စာရင်းပေးသွင်းလိုက်ပါရှင့်

🔥 သင်တန်းအကြောင်း အသေးစိတ်ကို Chat Box ကနေ ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင့်

သင့်ဆေးဆိုင်ကို ခေတ်ရှေ့ပြေးပြီး အောင်မြင်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်အောင် အခုပဲ စတင်ပြင်ဆင်လိုက်ပါ💪❤️
#ဆေးဝါးကျွမ်းကျင်သင်တန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Medi-Link posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share