Kidlac Myanmar

Kidlac Myanmar ၀မ်းဗိုက်လေး အစဉ်ကျန်းမာစေသည့် ကစ်(ဒ်)လက်
(538)

ကမ္ဘာပေါ်မှာ အလှဆုံး အရာကို ပြပါဆိုရင် အမေ့ရဲ့ မေတ္တာကိုပဲ ပြရပါလိမ့်မယ်Happy Mother's Day ပါ မေမေ...💟     #
12/05/2026

ကမ္ဘာပေါ်မှာ အလှဆုံး အရာကို ပြပါဆိုရင် အမေ့ရဲ့ မေတ္တာကိုပဲ ပြရပါလိမ့်မယ်
Happy Mother's Day ပါ မေမေ...💟
#

"ချွေးစက်တိုင်းမှာ တန်ဖိုးရှိသလို၊ လုပ်အားတိုင်းမှာ ဂုဏ်သိက္ခာရှိပါတယ်"ချွေးစက်ပေါင်းများစွာနဲ့ ရင်းနှီးပြီး မိသားစုအတွက...
01/05/2026

"ချွေးစက်တိုင်းမှာ တန်ဖိုးရှိသလို၊ လုပ်အားတိုင်းမှာ ဂုဏ်သိက္ခာရှိပါတယ်"
ချွေးစက်ပေါင်းများစွာနဲ့ ရင်းနှီးပြီး မိသားစုအတွက်၊ လူမှုအဖွဲ့အစည်းအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ကြိုးစားအားထုတ်နေကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ကျွန်မတို့ရဲ့ သူရဲကောင်းတွေပါပဲ။🫡
ဒီနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ -
💐ပင်ပန်းသမျှ အရာထင်ပါစေ။
💐ထိုက်တန်တဲ့ အခွင့်အရေးနဲ့ ဂုဏ်ပြုမှုတွေ ရရှိပါစေ။
💐မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အားလပ်ရက်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအပ်ပါတယ်။

Happy May Day! ❤️







ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် “ကဆုန်လပြည့် ဗုဒ္ဓနေ့”တွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ ခွန်အားကြီးခြင်း၊ဉာဏ်ပညာကြီးခြင်...
29/04/2026

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် “ကဆုန်လပြည့် ဗုဒ္ဓနေ့”တွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ ခွန်အားကြီးခြင်း၊ဉာဏ်ပညာကြီးခြင်း တို့ဖြင့် ပြည့်စုံကြပါစေကြောင်း ကစ်(ဒ်)လက်မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Kidlac Hero ရှိရင် ဗိုက်ဗိုက်ပြဿနာ No No No...!မေမေတို့ရေ... သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်၊ဝမ်းချုပ်ရင်၊ ဗို...
30/03/2026

Kidlac Hero ရှိရင် ဗိုက်ဗိုက်ပြဿနာ No No No...!
မေမေတို့ရေ... သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်၊ဝမ်းချုပ်ရင်၊ ဗိုက်အောင့်လို့ ငိုနေရင် ဒါမှမဟုတ် အစားမဝင်ဘဲ ပိန်ညှောင်နေရင် အရမ်းစိတ်ပူရတယ်မလား?
အခုဆိုရင်တော့ မေမေတို့ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးမယ့် "Kidlac Hero" ရောက်ရှိလို့လာပါပြီ! တခြားသော Probiotic တွေနဲ့မတူဘဲ ကစ်(ဒ်)လက်က 3-in-1 Action (တိုက်ထုတ်၊ ကာကွယ်၊ ပြုပြင်) စနစ်နဲ့ ကလေးတို့ရဲ့ အူလမ်းကြောင်းကို အကောင်းဆုံး စောင့်ရှောက်ပေးမှာဖြစ်ပါတယ်
သားသား၊မီးမီးလေးတို့ ကျန်းမာရွှင်လန်းနေတာကို မြင်ချင်တဲ့ မေမေတို့အတွက် Kidlac က အကောင်းဆုံး အဖော်မွန်ပါပဲရှင်…နေ့စဉ် တိုက်ကျွေးဖို့ မမေ့နဲ့နော်...🥰

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်
#အူလမ်းကြောင်းကျန်းမာရေး

သားသားမီးမီးတို့ အစားကောင်းကောင်းစားပြီး ကျန်းမာဖို့ဆိုရင် Kidlac က အကောင်းဆုံး အဖော်မွန်ပါပဲ မေမေတို့ရေ..."မေမေတို့ သိက...
27/03/2026

သားသားမီးမီးတို့ အစားကောင်းကောင်းစားပြီး ကျန်းမာဖို့ဆိုရင် Kidlac က အကောင်းဆုံး အဖော်မွန်ပါပဲ မေမေတို့ရေ..."
မေမေတို့ သိကြတဲ့အတိုင်း ကလေးတွေရဲ့ အူလမ်းကြောင်းက အရမ်းနုနယ်တော့ ဗိုက်ခဏခဏ နာတတ်တယ်လေ။ အဲ့ဒါကြောင့် Kidlac ရဲ့ အဆင့်မြင့်နည်းပညာနဲ့ ထုတ်ထားတဲ့ 3-in-1 Action က မေမေတို့အတွက် တကယ့်ကို အားကိုးရတာပါ။
သားသားတို့ ဗိုက်ထဲမှာ
FIGHT- လုပ်ပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ ပါဝင်လို့ မကောင်းတဲ့ပိုးတွေကို တိုက်ထုတ်ပေးတယ်။
PROTECT- အနေနဲ့ ဝမ်းမှန်စေပြီး ကိုယ်ခံအားတက်အောင် Multivitamins တွေနဲ့ ကာကွယ်ပေးထားတယ်။
အရေးကြီးဆုံးကတော့ REPAIR ပါပဲ... ပျက်စီးသွားတဲ့ အူလမ်းကြောင်းကို ပြန်ပြင်ပေးလို့ စားသမျှ အာဟာရဖြစ်ပြီး ဖွံ့ဖြိုးမှုနှုန်း မြန်လာစေတာပေါ့။
DHA လည်း ပါဝင်လို့ ဉာဏ်ရည်အတွက်ပါ စိတ်ချရတယ်။
Kidlac ရှိနေရင်တော့ မေမေတို့လည်း စိတ်အေးလက်အေး ရှိနေရပြီပေါ့နော်…

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်

#အူလမ်းကြောင်းကျန်းမာရေး

ဒီနွေပူပူမှာ သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာ စိုးရိမ်နေရလား?ဖေဖေမေမေတို့ရေ... အခုလို နွေရာသီ ပူပူအိုက်အိုက်မှ...
26/03/2026

ဒီနွေပူပူမှာ သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာ စိုးရိမ်နေရလား?
ဖေဖေမေမေတို့ရေ... အခုလို နွေရာသီ ပူပူအိုက်အိုက်မှာ အစားအသောက်တွေကလည်း အလွယ်တကူ သိုးလွယ်၊ပျက်လွယ်တော့ ကလေးလေးတွေ ဗိုက်နာ၊ဝမ်းပျက်ဖြစ်မှာကို အမြဲပူနေရတယ်ဟုတ်?
တကယ်တော့ ကလေးတစ်ယောက် ဝမ်းလျှောပြီဆိုရင် အဓိက ကြောက်ရတာက "အားပြတ်သွားတာ" နဲ့ "ရေဓာတ်ခမ်းခြောက်တာ" ပါပဲ။ ဒါကြောင့် ကလေးဝမ်းစလျှောပြီဆိုရင် စိုးရိမ်တကြီးနဲ့ ဝမ်းပိတ်ဆေးတွေ လိုက်တိုက်တာမျိုး အရင်မလုပ်ဘဲ ဒီအချက်လေးတွေကို အရင်သတိထားကြည့်ရအောင်နော်..
✅ အရင်ဆုံး ဒါလေးတွေ အမြန်လုပ်ပေးပါ
"ကလေးက ဝမ်းသွားထားတော့ ရေဓာတ်တွေ ကုန်နေပြီလေ။" ဒါကြောင့် ဓာတ်ဆားရည် (ORS) ကို နည်းနည်းချင်းစီ ခပ်စိပ်စိပ်လေး တိုက်ပေးပါ။ ဝမ်းသွားပြီးတိုင်း တိုက်ပေးဖို့ မမေ့နဲ့နော်။ ပြီးတော့ အစာဖြတ်စရာ မလိုပါဘူး၊ ဆန်ပြုတ်အိအိလေး ဒါမှမဟုတ် စွပ်ပြုတ်ရည်လေးတွေနဲ့ အားပြန်ဖြည့်ပေးလို့ ရပါတယ်။
❌ ဒါမျိုးတွေတော့ လုံးဝ (လုံးဝ) မလုပ်ပါနဲ့နော်
"ဝမ်းရပ်သွားအောင်ဆိုပြီး" ဆရာဝန်မညွှန်ဘဲ ဝမ်းပိတ်ဆေးတွေ အတင်းတိုက်တာ၊ ပိုးသတ်ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် ဝယ်တိုက်တာမျိုးက ကလေးကို ပိုဒုက္ခပေးနိုင်ပါတယ်။ ပြီးတော့ အချိုရည်တွေ၊ နို့ဆီတွေက ဝမ်းကို ပိုလျှောစေလို့ ခေတ္တရှောင်ထားပေးပါဦး။
ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်း အမြန်ပြေးရမလဲ?
-ကလေးက ဝမ်းထဲမှာ သွေး ပါလာပြီလား?
-ဘာတိုက်တိုက် ပြန်အန်နေလား?
-မျက်တွင်းတွေ ချိုင့်ပြီး အရမ်းမှိုင်နေလား?
-ဆီးမသွားတာ ၆ နာရီလောက် ရှိပြီလား?
ဒါဆိုရင်တော့ အိမ်မှာ ဆက်မစောင့်ဘဲ ဆရာဝန်ဆီ အမြန်ဆုံး သွားပြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်တဲ့ နွေရာသီလေး ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်
#အူလမ်းကြောင်းကျန်းမာရေး

ပင်လယ်ကမ်းခြေခရီးမှာ ကလေးငယ်တွေ "ဝမ်းရေး" အဆင်ပြေစေဖို့...၁။ ပင်လယ်စာ ကျွေးတဲ့အခါ သတိထားပါ ကမ်းခြေရောက်ရင် လတ်ဆတ်တဲ့ ပင်...
25/03/2026

ပင်လယ်ကမ်းခြေခရီးမှာ ကလေးငယ်တွေ "ဝမ်းရေး" အဆင်ပြေစေဖို့...
၁။ ပင်လယ်စာ ကျွေးတဲ့အခါ သတိထားပါ
ကမ်းခြေရောက်ရင် လတ်ဆတ်တဲ့ ပင်လယ်စာတွေ စားချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ ကလေးတွေအတွက်ကျတော့ "ချက်ချင်းဖမ်း၊ ချက်ချင်းချက်" တဲ့ အစားအစာမျိုး ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ မကျက်တကျက် အကင်တွေ၊ အစိမ်းလိုက်သုတ်ထားတာတွေကို ကလေးကို လုံးဝမကျွေးပါနဲ့။ အစာအဆိပ်သင့်တာ (Food Poisoning) ဖြစ်ဖို့ အလွယ်ဆုံးမို့လို့ပါ။
၂။ ရေငန်တွေ ဗိုက်ထဲမဝင်ပါစေနဲ့
ကလေးတွေ ရေကူးရင် ပျော်ပြီး ပါးစပ်ဟမိတာ၊ ရေငန်တွေ မျိုချမိတာမျိုး ဖြစ်တတ်ပါတယ်။ ပင်လယ်ရေထဲမှာ ပါတဲ့ ဘက်တီးရီးယားတွေက ဗိုက်နာစေနိုင်လို့ ရေကူးနေတုန်း ပါးစပ်ပိတ်ထားဖို့ သေချာသင်ပေးပါ။ ရေကူးပြီးတာနဲ့ သန့်ရှင်းတဲ့ရေနဲ့ ချက်ချင်း ရေချိုးပေးဖို့လည်း မမေ့နဲ့ဦးနော်။
၃။ ရေသန့်ဗူးကိုပဲ အားကိုးပါ
ခရီးသွားတဲ့အခါ ရေမြေမတည့်တာက ဝမ်းလျှောစေတဲ့ အဓိကအကြောင်းရင်းပါ။ ဒါကြောင့် လမ်းဘေးက ဖျော်ရည်တွေ၊ ရေခဲတုံးတွေကို ရှောင်ပြီး တံဆိပ်အသိအမှတ်ပြုထားတဲ့ "ရေသန့်ဗူး" ကိုပဲ တစ်ောက်လျှောက် တိုက်ပေးပါ။
၄။ အူလမ်းကြောင်းအကျိုးပြု (Probiotics) ကြိုတင်ဆောင်သွားပါ
ခရီးမထွက်ခင်နဲ့ ခရီးသွားနေတုန်းမှာ ကလေးကို အူလမ်းကြောင်းအတွက်ကောင်းတဲ့ (Probiotics) လေးတွေ တိုက်ပေးထားရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ခြေကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ (ဘယ်လို အမျိုးအစား တိုက်ရမလဲဆိုတာ ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါဦးနော်)။
၅။ ဆေးအိတ်လေးကတော့ "အသက်" ပါပဲ
အိတ်ထဲမှာ ဓာတ်ဆားထုတ် (ORS)၊ ဇင့် (Zinc) ဆေးရည်၊ နဲ့ ဗိုက်နာပျောက်ဆေး လေးတွေကို အဆင်သင့် ဆောင်သွားပါ။ ကလေးက ဝမ်းစလျှောတာနဲ့ ဓာတ်ဆားရည်ကို ချက်ချင်းစတိုက်လို့ ရတာပေါ့။

ဒီအချက်လေးတွေကို သေချာဂရုစိုက်မယ်ဆိုရင်တော့ သားသားမီးမီးတို့နဲ့အတူ ပင်လယ်ပြင်မှာ ပျော်ပျော်ကြီး အနားယူနိုင်မှာ အသေအချာပါပဲ…

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်

ကျန်းမာတဲ့ အူလမ်းကြောင်းကနေ... ပျော်ရွှင်တဲ့ ကလေးဘဝကို တည်ဆောက်ကြပါစို့ကလေးတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် ၇၀% ကျော်ဟာ အူလမ်း...
25/03/2026

ကျန်းမာတဲ့ အူလမ်းကြောင်းကနေ... ပျော်ရွှင်တဲ့ ကလေးဘဝကို တည်ဆောက်ကြပါစို့
ကလေးတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် ၇၀% ကျော်ဟာ အူလမ်းကြောင်းထဲမှာပဲ ရှိနေတာမို့ အူလမ်းကြောင်း ကျန်းမာမှ ဖျားနာမှုကင်းပြီး ဉာဏ်ရည်ထက်မြက်မှာပါ။ ဒါကြောင့် မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တိုတိုနဲ့လိုရင်း လေးတွေ မျှဝေပေးလိုက်ပါတယ်
လုပ်ဆောင်ပေးသင့်တဲ့ (ဆောင်ရန်) အချက်များ
-ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံစာတွေဟာ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို အားပေးပါတယ်။

-အူလမ်းကြောင်း တစ်လျှောက် အစာခြေစနစ် ချောမွေ့ဖို့နဲ့ ဝမ်းမချုပ်ဖို့အတွက် ရေဓာတ်က အရေးကြီးဆုံးပါ။
-ဒိန်ချဉ် (Yogurt) လိုမျိုး အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ အစားအစာတွေက ဗိုက်အောင့်ဗိုက်နာခြင်းကို သက်သာစေပါတယ်။
-အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ဆေးတဲ့ အလေ့အကျင့်က မကောင်းတဲ့ ပိုးမွှားတွေ အူထဲမဝင်အောင် တားဆီးပေးပါတယ်။
-ကလေးကို ငြိမ်ငြိမ်လေးပဲ ထိုင်မခိုင်းဘဲ ပြေးလွှားဆော့ကစားခိုင်းတာက အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။

သတိထား ရှောင်ကြဉ်ရမည့် အချက်များ
- အချိုရည်၊ သကြားလုံးနဲ့ မုန့်အချိုတွေဟာ အူထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ပွားများစေပါတယ်။
- တာရှည်ခံဆေးနဲ့ ဆိုးဆေးပါတဲ့ အထုပ်မုန့်တွေက ကလေးရဲ့ အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
- ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပဋိဇီဝဆေးတွေ တိုက်ကျွေးခြင်းက အူထဲက အကျိုးပြုပိုးကောင်းလေးတွေကိုပါ သေစေနိုင်ပါတယ်။
- ပိုးကြောက်လို့ဆိုပြီး ကလေးကို အခန်းထဲမှာပဲ ပိတ်မထားပါနဲ့။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိမှသာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ပိုးမွှားတွေကို တိုက်ထုတ်ဖို့ လေ့ကျင့်ခန်းရမှာပါ။
ကလေးရဲ့ ဝမ်းသွားတဲ့ အလေ့အထကို ပုံမှန် စောင့်ကြည့်ပေးပါ။ အရောင်ပြောင်းတာ၊ ဝမ်းအရမ်းမာတာ ဒါမှမဟုတ် ခဏခဏ ဗိုက်နာတယ်လို့ ညည်းနေရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့နော်….

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်
#အူလမ်းကြောင်းကျန်းမာရေး

Kidlac ရဲ့ 3-in-1 Action အဆင့်မြင့်နည်းပညာမေမေတို့ရေ... သားသားမီးမီးတို့ ဗိုက်ခဏခဏနာလို့ပဲဖြစ်ဖြစ်၊ အစားမဝင်လို့ပဲဖြစ်ဖြ...
25/03/2026

Kidlac ရဲ့ 3-in-1 Action အဆင့်မြင့်နည်းပညာ
မေမေတို့ရေ... သားသားမီးမီးတို့ ဗိုက်ခဏခဏနာလို့ပဲဖြစ်ဖြစ်၊ အစားမဝင်လို့ပဲဖြစ်ဖြစ် စိတ်ပူနေရပြီလား?
ကလေးတို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် ရိုးရိုး Probiotic တွေထက် သာလွန်တဲ့ Kidlac ရဲ့ 3-in-1 Action အဆင့်မြင့်နည်းပညာအကြောင်း ပြောပြချင်ပါတယ်ရှင်။ တစ်ချက်ခုတ် သုံးချက်ပြတ် အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ?
FIGHT (တိုက်ထုတ်ခြင်း)
အပြင်စာတွေစားလို့ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကနေပဲဖြစ်ဖြစ် ဝမ်းဗိုက်ထဲကို ရောဂါပိုးမွှားတွေ ဝင်လာပြီဆိုရင် Kidlac ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေက ရှေ့တန်းကနေ ဝိုင်းဝန်းတိုက်ထုတ်ပေးမှာပါ။
PROTECT (ကာကွယ်ခြင်း)
ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းချုပ်တာတွေနဲ့ လေပွ အစာမကြေဖြစ်တာတွေကို ကြိုတင်ကာကွယ်ပေးဖို့ အူလမ်းကြောင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားလေးတွေကို အမြဲအားကောင်းနေအောင် စောင့်ရှောက်ပေးထားမှာပါ။
REPAIR (ပြုပြင်ခြင်း)
ဒါကတော့ မေမေတို့အကြိုက်ဆုံး အချက်ပဲ! အရင်က ဝမ်းပျက်ဖူးတာပဲဖြစ်ဖြစ်၊ ပိုးသတ်ဆေးသောက်ထားလို့ ပျက်စီးသွားတဲ့ အူလမ်းကြောင်းနံရံလေးတွေကို ပြန်လည်ပြုပြင် ပေးပါတယ်။ အဲ့ဒီအခါ အာဟာရစုပ်ယူမှု ပြန်အားကောင်းလာပြီး ကလေးတို့ အစားပြန်စားလာမှာ အသေအချာပါပဲ
ကလေးတို့ ပျော်ရွှင်ကျန်းမာပြီး ဝမ်းဗိုက်လေးအမြဲကျန်းမာနေစေဖို့ Kidlac ကို အခုပဲ အိမ်မှာ ဆောင်ထားလိုက်တော့နော်..

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်
#အူလမ်းကြောင်းကျန်းမာရေး

ကလေးကို ချစ်ရုံတင်မကဘဲ နားလည်ပေးနိုင်တဲ့ မိဘတစ်ယောက် ဖြစ်လာဖို့"ကလေးက အရမ်းဆိုးနေတယ်...""ပြောစကား နားမထောင်ဘူး...""စာကို...
25/03/2026

ကလေးကို ချစ်ရုံတင်မကဘဲ နားလည်ပေးနိုင်တဲ့ မိဘတစ်ယောက် ဖြစ်လာဖို့
"ကလေးက အရမ်းဆိုးနေတယ်..."
"ပြောစကား နားမထောင်ဘူး..."
"စာကို စိတ်မဝင်စားဘူး..."
မိဘတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေအတွက် တကယ်တော့ အဖြေက "ချစ်ခြင်းမေတ္တာ" တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မှန်ကန်တဲ့ "အုပ်ထိန်းမှု ပညာ" လေးပါ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။
သားသားမီးမီးတို့ ပျော်ရွှင်တဲ့ ကလေးဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက် ၄ ချက်ကို အတူတူ လေ့ကျင့်ကြည့်ရအောင်နော်

၁။ "နားထောင်ပေးခြင်း" က အကောင်းဆုံး လက်ဆောင်ပါ
ကလေးက တစ်ခုခု လာပြောတဲ့အခါ ဖုန်းကို ခဏချထားပါ။ သူတို့လေးတွေရဲ့ မျက်လုံးကို သေချာကြည့်ပြီး နားထောင်ပေးပါ။ "ငါ့စကားကို ဖေဖေ/မေမေ တန်ဖိုးထားတယ်" လို့ ကလေးက ခံစားရတဲ့အခါ သူတို့ရဲ့ ယုံကြည်မှုက အလိုလို တိုးလာပါတယ်။
၂။ "တော်တယ်" ဆိုတာထက် "ကြိုးစားမှု" ကို ချီးမွမ်းပါ
ရလဒ်ထက် သူတို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ "အမှတ်ကောင်းလို့ တော်တယ်" လို့ ပြောမယ့်အစား "သား/သမီး ကြိုးစားထားတာကို တွေ့ရလို့ ဂုဏ်ယူတယ်" လို့ ပြောင်းပြောကြည့်ပါ။ ဒါမှ ကလေးက ရှုံးနိမ့်မှာကို မကြောက်ဘဲ အသစ်အသစ်တွေကို စမ်းသပ်ဖို့ သတ္တိရှိလာမှာပါ။
၃။ စည်းကမ်းရှိပါစေ၊ ဒါပေမဲ့ နွေးထွေးပါစေ
ရိုက်နှက်ဆုံးမတာက ခေတ္တခဏပဲ ကြောက်သွားစေတာပါ။ ရေရှည်အတွက်ကတော့ "ဘာကြောင့် မလုပ်သင့်တာလဲ" ဆိုတာကို အေးအေးဆေးဆေး ရှင်းပြတဲ့ စည်းကမ်းမျိုးကမှ ကလေးရဲ့ အကျင့်စာရိတ္တကို ပိုကောင်းစေပါတယ်။
၄။ မိဘကိုယ်တိုင်က "မှန်" တစ်ချပ်ပါ
ကလေးတွေက နှုတ်ကပြောတာထက် မိဘလက်တွေ့လုပ်တာကို ပိုအတုယူပါတယ်။ ကလေးကို စိတ်ရှည်စေချင်ရင် ကိုယ်တိုင်က အရင် စိတ်ရှည်ပြပါ။ သား/သမီး တို့အတွက် အနီးကပ်ဆုံး Idol ဖြစ်ပါစေ။
မိဘတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သားသမီးရတနာလေးတွေကို ပြုစုပျိုးထောင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဝမ်း‌ဗိုက်လေးအစဉ်ကျန်းမာစေဖို့ အိမ်တိုင်းဆောင်ထားရမည့် ကစ်(ဒ်)လက်

Address

32, Manawhari Road, Dagon Tsp
Yangon
11191

Alerts

Be the first to know and let us send you an email when Kidlac Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share