ATHA Yoga Corner

Call Directions Website Contact the practice

ATHA Yoga Corner ATHA YOGA NUSASSANAM
စိတ်နဲ့ခန္ဓာ ကိုသင်ကိုယ်တိုင်တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင် YOGA စလေ့ကျင့်လို့ရပါပြီ

05/10/2026

1st Day of Emergency Pedagogy Training

05/10/2026

Medical Science အရ
မလုပ်သင့်ဘူး
ဘယ်လိုပြောပြော

လက်စရှိတဲ့သူကတော့
မက်ကလောင် ခြစ်လိုက်ရမှ
နေသာထိုင်သာ ရှိတာတဲ့ 😩

04/10/2026

Mandalay to Pyin Oo Lwin

03/10/2026

ဒီနေ့တော့ Tr. Haymar ရဲ့ Ashtanga Session လေး လေ့ကျင့်ဖြစ်တယ်။ မလေ့ကျင့်ဖြစ်တာ ကြာနေပေမယ့် ပြည့်ပြည့်ဝဝ အားထုတ်ခဲ့ပါတယ်။

လှုပ်ရှားမှုတွေအပြီး Tr. Ganga Relaxation အချိန်မှာတော့ အပီအပြင်အနားရပြီး အိပ်ပါပျော်သွားတယ်။ ကောင်းလိုက်တာ။

01/10/2026

26.09.2026 မှာ ပထမဆုံးအကြိမ် ရန်ကုန်မြို့India Centre မှာ ပြုလုပ်ခဲ့တဲ့ Svyasa YIC Alumni Myanmar ရဲ့ Yoga workshop လေးကို ဆရာမ အေးမွန်ခိုင်ရဲ့ ဖိတ်ကြားမှုကြောင့် သွားဖြစ်ခဲ့ပါတယ်။

ဒီ Workshop လေးမှာတော့ မနက် ၇ခွဲမှ ၉နာရီအတွင်း Svyasa Yoga School ရဲ့ ကျောင်းသူဟောင်း ဆရာမ ၄ ယောက်ရဲ့ ဦးဆောင်မှုနဲ့အတူ အခြားသော Yoga လေ့ကျင့်သူများနဲ့အတူ တစ်သားတည်း ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ပါတယ်။

လစဉ် လစဉ်တိုင်းမှာလည်း Sharing Sessions လေးတွေ ထပ်မံပြုလုပ်သွားဦးမှာဖြစ်လို့ အတူတူပါဝင်ဆင်နွှဲနိုင်ဖို့ သတင်းစကားလေးပါးပါတယ်ခင်ဗျာ။

#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

August နဲ့ September လအတွင်းမှာ ဖွင့်လှစ်သင်ကြားခဲ့တဲ့ Basic Anatomy Course Batch 11, 12, 13 ရဲ့ ပုံအကြွေးလေးတွေ။လာမယ့် ...
30/09/2026

August နဲ့ September လအတွင်းမှာ ဖွင့်လှစ်သင်ကြားခဲ့တဲ့ Basic Anatomy Course Batch 11, 12, 13 ရဲ့ ပုံအကြွေးလေးတွေ။

လာမယ့် October လအတွင်းမှာတော့ ATHA Yoga Corner ရဲ့ Online & In-Person Class အသီးသီး တစ်လ နားပါမယ်။

အနားယူပြီး အားပြည့်တဲ့အခါ ပြန်ဆုံကြမယ်နော်။ အတန်းတွေ ပြန်စတဲ့အခါ သတင်းစကား ပါးပေးပါ့မယ်။✨💪

28/09/2026

26.09.2026 မှာ အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ခဲ့တဲ့ Red Bull Myanmar, Power Racer ပွဲအတွက် ကိုယ်ပါဝင်ခဲ့တဲ့၊ ကိုယ်ကြုံခဲ့ရတဲ့အပေါ် ကိုယ့်အမြင်လေးတွေ တစ်ခုချင်းရေးထားပါတယ်။

ဒီပွဲက ပြိုင်ပွဲလို့ ခေါင်းစဉ်တပ်မယ်ဆို ကိုယ့်အတွက် ပထမဆုံးပွဲပေါ့၊ ၂၀၁၈ တုန်းက Active Run မှာ 10km ဝင်ပြေးဖူးတာကလွဲရင် ဘာပြိုင်ပွဲကိုမှ ဝင်မပြိုင်ဖူးဘူး၊ Yoga Instructor တစ်ယောက်အနေနဲ့ Physical Traininig သီးသန့်လည်း ဘာမှ မလုပ်ဖြစ်လို့ မပြိုင်ဖြစ်တာပါ၊ ပြီးခဲ့တဲ့ ၂ နှစ်ကျော်မှာ Shoulder Injury ရအပြီး လက်ရှိကိုယ့်ရဲ့ Physical Fitness Level ကို သိချင်လို့ရယ်၊ ပျော်ချင်လို့ရယ်၊ အားမာန်အပြည့်နဲ့ ပြိုင်ကြတဲ့ သူတွေကို အားပေးချင်လို့ ဒီပွဲကို ဝင်ပြိုင်ဖြစ်တယ်။

ပထမဆုံးတစ်ချက် အနေနဲ့ပြောရရင် Fitness Level ဘယ်လောက်ရှိနေလဲ အမှန်အတိုင်း သိချင်တဲ့ ကိုယ့်ဆန္ဒတကယ်ပြည့်ခဲ့တယ်လို့ ပြောရမယ်။ ကိုယ်ကျတဲ့ Station 15 က Judge က တကယ့် ဒင်ပြည့်ကျပ်ပြည့်ပဲ၊ ကိုယ့်ရဲ့ အားအနည်းဆုံး အပိုင်းဖြစ်တဲ့ Push Up မှာ နည်းနည်းမှ မလျှော့သလို၊ Form လွဲတာနဲ့ No Rep တန်းအော်တာပါပဲ။ Push Up 40 ထိုးရမယ့်အရေး 20 အထိ ဆက်တိုက်လုပ်ပြီးတာနဲ့ ဘယ်လိုမှကို အားမထွက်လာတော့ဘူး။ အားလုံးပေါင်း 60 ကျော်လောက် ထိုးလိုက်ရပေမယ့် ကိုယ့် Form လွဲနေတာ ကိုယ်သိတော့ ပြုံးပြလတ်၊ နားလတ်၊ လက်ကလေး ကာပြလတ်၊ ဆက်လုပ်လတ်ပေါ့၊ ဆရာမက အကြာကြီးလည်း ပေးမနားဘူး၊ လုပ်နိုင်တယ် လုပ်နိုင်တယ် ဆိုပြီး ဆက်လုပ်ခိုင်းတာပါပဲ။ Push Up Station မှာ တော်တော်ကြာခဲ့တယ်၊ ၅ မိနစ်စွန်းစွန်းလောက် အချိန် သုံးခဲ့ရတယ်။

ဒုတိယ Station ရောက်တော့ Sit Up 40 မှာလည်း 50 လောက် လုပ်ရပြန်ပါတယ်၊ Form မှ မမှန်တာ၊ ခြေထောက်က ကြွသွားလတ်၊ လက်က ဖနောင့်စီ ရောက်အောင် မလာနိုင်လတ်နဲ့။ Judge က လည်း အတိအကျပါပဲ၊ ထုံးစံအတိုင်း No Rep အော်တာပေါ့၊ သူလည်း သူ့အလုပ်သူ အတိအကျ လုပ်နေတော့၊ ကိုယ်လည်း ပြုံးပြလတ်၊ နားလတ်၊ ဆက်လုပ်လတ်နဲ့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရုံပေါ့။ ၄ မိနစ်ကျော်လောက် အချိန်ထပ်သုံးခဲ့တယ်။

တတိယ Station အရောက်မှာတော့ ပါးစပ်ထဲ ခြောက်ကပ်နေလို့ ရေနည်းနည်းတောင်းသောက်လတ်သေးတယ်၊ ကိုယ့် Judge အကြောင်းလည်း သိနေပြီဆိုတော့ ထူးပြီးလောမနေဘူး။ Form မှန်အောင် လုပ်နိုင်မယ့်အချိန်မှပဲ တစ်ခါတည်းမှန်အောင်လုပ်တော့တယ်၊ မိအေး နှစ်ခါ မနာတော့ဘူးပေါ့၊ 45 ခါလောက်ပဲ လုပ်လတ်ရတော့၊ ၂ မိနစ်စွန်းစွန်းပဲ အချိန်သုံးရတယ်။

Station တွေ အားလုံးပြီးလို့ နောက်ဆုံးပြေးရတဲ့အချိန်မှာတော့ လူက ကုန်နေပါပြီ။ လမ်းပဲလျှောက်သွားလိုက်တော့မယ်၊ Time Limit မမှီလည်း နေပါစေတော့လို့ တွေးပေမယ့် Judge အဖြစ် ပါဝင်အားဖြည့်နေကြတဲ့ CIFA က အမျိုးတွေ တစ်ယောက်တစ်ခွန်း ဝိုင်းအားပေးလိုက်ကြတာနဲ့ Finish Line ကို ရောက်တဲ့အထိ ဆက်ပြေးနိုင်ခဲ့တယ်။ သင်တန်းတွေတက်ရင်း ခင်ခဲ့ကြသူတွေလည်း ပါသလို မျက်မှန်းတန်းမိရုံလောက်နဲ့ကို ဝိုင်းအားပေးကြတာ တကယ့်ကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံး တဖြတ်လေးမှာတော့ ကိုယ့် Judge က အပီအပြင် Empower လုပ်တော့တာပါပဲ။ နောက်နောင် ကိုယ်သာ Gym သွားဖြစ်ခဲ့ရင် အဲ့ဆရာမ လို Trainer နဲ့ သေချာပေါက် Train ဖြစ်မှာပါ။

အချုပ်အနေနဲ့ပြောရရင် Time Limit ထက် ၂ မိနစ်ကျော်လောက် စောပြီး ကိုယ်မှန်းထားတဲ့ Finisher Medal လေးရတယ်။ ကော်ပြားလေးတစ်ပြားပါပဲ။ ဒါပေမယ့် လက်ကုန်၊ ခြေကုန် အားထုတ်ခဲ့ရပါတယ်။ Finish Line အပြီးမှာ Warm Up Station မှာ ထိုင်နေရင်း မူးလာလို့ လှဲနေလိုက်ရတယ်၊ Medical Help လိုသေးလား လာမေးကြပေမယ့် ခဏနားပြီး အိုကေသွားတော့လည်း ထုံးစံအတိုင်း စပ်ဖြဲဖြဲပေါ့၊ ဘာမှ မပြင်ဆင်နိုင်ပဲနဲ့ကို Injury ကင်းကင်းနဲ့ ပြီးမြောက်ခဲ့တယ်ဆိုတော့ နောက်ပွဲတွေများ ပြိုင်ဖြစ်ခဲ့ရင် ပြင်ဆင်မှုသေချာလုပ်ပြီးမှပဲ ပြိုင်ဖြစ်ပါမယ်။ ဒီပွဲအတွက် ကိုယ့်တစ်ယောက်တည်းအတွက် ပြောရရင် လုံလောက်တာထက် ပိုပါတယ်။ Injury ရခဲ့ဖူးတဲ့ ခန္ဓာကိုယ်လေးရဲ့ ပြန်လည်သန်စွမ်းလာမှုအတွက် တကယ်ကျေနပ်တယ်။ တူတူဝင်ပြိုင်ရင်း အချင်းချင်းအားပေးခဲ့ကြတဲ့ သူတွေနဲ့ ဒီ Video လေးရဲ့ ဖန်တီးရှင် ညီလေးဟိန်းထက်ကိုလည်း ကျေးဇူးအထူး။

တစ်ခေါက်ပဲ ပြိုင်ရတဲ့ ကိုယ်တောင် ဒီလောက်ဟိုက်နေရင် Final မှာ တစ်ကျော့ထပ်ပြိုင်ရတဲ့သူတွေရဲ့ ခံစားချက်ကို နည်းနည်းတော့ ဝင်ခံစားကြည့်လို့ရပါတယ်။

ပွဲအပြီး ရလာဒ်တွေအတွက် အငြင်းပွားမှုတွေ၊ စောဒကတက်တာတွေ အထောက်အထားနဲ့တကွ ရှိနေဆဲဖြစ်ပေမယ့် ဒါဟာလည်း ပြီးသွားပြီဖြစ်တဲ့ပြိုင်ပွဲတစ်ပွဲရဲ့ သဘာဝပါပဲ။

လူဒီလောက်အများကြီးရဲ့ လုပ်အားနဲ့ ညီညွတ်မှုတွေကြောင့်သာ ဒီလောက်အလုပ်ဖြစ်၊ ခရီးပေါက်တာမို့ စိုက်ထုတ်ခဲ့ကြတဲ့ လုပ်အားတွေအတွက်တော့ တကယ်ကို အမှတ်ပေးမိပါတယ်။

နောက်ပွဲတွေအတွက် လိုအပ်တဲ့ Physical Training တွေလည်းလုပ်ပါ၊ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအတွက်ဆို Yoga & Breathing Exercise တွေလည်း တွဲပြီးလေ့ကျင့်ပါ။ စိတ်ကလေးတွေ အများကြီးပေါ့ပါးပြီး ကိုယ့်အတွက်အများကြီး အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ မယုံရင် ကိုယ်တိုင်လေ့ကျင့်ကြည့်ပါ။



ကိုယ့်အခြေအနေနဲ့ ကိုယ်တကယ့်ကို ကျေနပ်စရာResult တစ်ခုနဲ့ အတွေ့အကြုံတွေရခဲ့တာအားပေးခဲ့ရတာ ပျော်သကွယ်Red Bull Myanmar, Powe...
26/09/2026

ကိုယ့်အခြေအနေနဲ့ ကိုယ်
တကယ့်ကို ကျေနပ်စရာ
Result တစ်ခုနဲ့ အတွေ့အကြုံတွေရခဲ့တာ
အားပေးခဲ့ရတာ ပျော်သကွယ်

Red Bull Myanmar, Power Racer Contest

25/09/2026

Redbull Myanmar ရဲ့ Power Racer ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပေါင်းချုပ် ✨💪

23/09/2026

မမျှော်လင့်ပဲ လက်ဆောင်ရတဲ့
ယောဂဖျာလေး Unboxing

လက်ဆောင်တစ်ခုရလို့ ဆိုတာထက် ယောဂဖျာလေး ဖြစ်နေလို့ တော်တော်ပျော်နေပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when ATHA Yoga Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ATHA Yoga Corner:

Shortcuts

Share

Category