24/08/2026
ထိုင်းနိုင်ငံက သရုပ်ဆောင်နဲ့ အစီအစဉ်တင်ဆက်သူ ဂစ် ဝါထနာ က ဖခင်ဖြစ်သူရဲ့ နှလုံးကျန်းမာရေးအခြေအနေကို မျှဝေပြီး လူတိုင်းအနေနဲ့ ကိုယ့်ခန္ဓာကိုယ်က ပေးလာတဲ့ သတိပေးလက္ခဏာတွေကို မပေါ့ဆဖို့ သတိပေးထားပါတယ်။
+++++++++
အစပိုင်းမှာ ဖခင်ဖြစ်သူ ခံစားရတဲ့လက္ခဏာတွေက အရမ်းပြင်းထန်တာမျိုး မဟုတ်ပါဘူး။
ရင်ဘတ်မှာ အနည်းငယ်တင်းကျပ်သလိုဖြစ်တာ၊ ဘယ်ဘက်လက်ဖျားဘက်ကို စူးစူးရှရှ နည်းနည်းနာတာမျိုး ဖြစ်ပြီး တစ်ကြိမ်ဖြစ်ရင် ၁၅ မိနစ်ထက် မပိုဘဲ ပြန်ပျောက်သွားတတ်ပါတယ်။
ဒါပေမယ့် အဲဒီလိုလက္ခဏာတွေက ၂ ပတ်၊ ၃ ပတ်လောက်ခြားပြီး ပြန်ပြန်ဖြစ်လာခဲ့ပါတယ်။
သားဖြစ်သူ ဂစ်ကတော့ အရင်က နှလုံးရောဂါအကြောင်းနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေမှာ ပါဝင်လုပ်ကိုင်ဖူးတာကြောင့် ဒီလက္ခဏာတွေကို မပေါ့ဆခဲ့ဘဲ ဖခင်ကို ဆေ:ရုံခေါ်သွားပြီး နှလုံးကို အသေးစိတ်စစ်ဆေးစေခဲ့ပါတယ်။
စစ်ဆေ:မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အံ့အားသင့်စရာအဖြစ် နှလုံးသွေ:ကြောကြီး ၃ ချောင်းထဲက တစ်ချောင်းမှာ အဆီဓာတ်ကြောင့် သွေ:ကြော ၉၀% အထိ ပိတ်ဆို့နေခဲ့တာ တွေ့ရှိခဲ့ပါတယ်။
ဆရာဝန်ကလည်း အချိန်မီ မစစ်ဆေ:ခဲ့ဘူးဆိုရင် ဘယ်အချိန်မှာ နှလုံးဖောက်သွားမလဲဆိုတာ မသိနိုင်တဲ့ အခြေအနေဖြစ်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ပိုပြီးသတိထားစရာကတော့ နှလုံးသွေ:ကြောကျဉ်းရောဂါဟာ ကိုယ်ခန္ဓာသန်မာပြီး အားကစားလုပ်သူတွေမှာ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ပါဘူး။
အပြင်ပန်းမှာ ကျန်းမာသန်စွမ်းနေတဲ့သူတစ်ယောက်ဖြစ်နေပေမယ့် သွေ:ကြောထဲမှာ အဆီဓာတ်တွေ တဖြည်းဖြည်း စုပုံလာပြီး ရောဂါဖြစ်နေတဲ့အခြေအနေမျိုး ရှိနိုင်ပါတယ်။
အထူးသဖြင့် အဆီမကောင်းများတဲ့ အစားအသောက်တွေကို နှစ်ရှည်စားသုံးတာ၊ ကျန်းမာရေးအလေ့အထတွေကို မဂရုစိုက်တာတွေက အန္တရာယ်ကို တိုးစေနိုင်ပါတယ်။
ဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူဟာ နှလုံးရောဂါဆိုင်ရာဆေ:တွေကို ပုံမှန်သောက်သုံးရပြီး အစားအသောက်ကိုလည်း သေချာဂရုစိုက်ကာ ကျန်းမာရေးစစ်ဆေ:မှုတွေ ပုံမှန်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရင်ဘတ်တင်းကျပ်ခြင်း၊ ရင်ဘတ်နာခြင်း၊ လက်ဘက်ကို နာကျင်မှုဖြန့်သွားခြင်းလို လက္ခဏာတွေ ထပ်ခါတလဲလဲ ဖြစ်လာရင် “နည်းနည်းပဲပါ” ဆိုပြီး မထားလိုက်ပါနဲ့။
ကိုယ်ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်မှာ ထူးခြားတဲ့လက္ခဏာတွေ တွေ့ရင် အချိန်မီ ဆေ:စစ်ဆေ:ပေးခြင်းက အရေးကြီးပါတယ်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏