16/03/2017
" #နိုင်ငံအတွက် အရေးကြီးတဲ့ 5F"
**********************************
“ နိုင်ငံတစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် F ငါးလုံးဟာ အင်မတန်အရေးကြီးပါတယ်။
အဲဒီ F ငါးလုံးက ဘာလဲဆိုရင် နံပါတ် ၁ က Food ပေါ့။ အစားအစာဖြစ်ပါတယ်။ Food Security ဆိုတာမရှိဘူးဆိုရင် ကျွန်တော်တို့ ဒီနိုင်ငံဟာ နိုင်ငံရေးအရလဲ မတည်ငြိမ်ဘူး၊ စီးပွားရေး ဖွံ့ဖြိုးမှုကိုလည်းမလုပ်ဆောင်နိုင်ဘူး၊ ဒါကြောင့်နံပါတ်တစ် F က Food ဖြစ်ပါတယ်တဲ့။
နံပါတ် ၂ ကတော့ ကျွန်တော်တို့ Fuel ဖြစ်ပါတယ်။ Fuel ဆိုတဲ့နေရာမှာ ကျွန်တော်တို့ စွမ်းအင်ပေါ့။ ကျွန်တော်တို့ Energy နဲ့ ပတ်သတ်တဲ့ကိစ္စတွေ ပေါ့နော်။
နံပါတ် ၃ ကတော့ Finance။ ငွေကြေးနဲ့ ဘဏ္ဍာရေး ဖြစ်ပါတယ်တယ်။
နံပါတ် ၄ F ကတော့ Farm Land ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့မြေ နဲ့ပတ်သက်တဲ့ ကိစ္စ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဆရာကြီးပြောတဲ့ ထဲမှာ နောက်ဆုံး F ကတော့ ဘာလဲဆိုရင် Forest ဖြစ်ပါတယ်။ နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ environment ကို လာမယ့် နောင်နှစ်ပေါင်းများစွာကြာလာရင် industrialization ကြောင့် forest တွေ ပျက်စီးလာမယ် Climate Change ဖြစ်လာမယ်ဆိုတဲ့ဟာကို ၁၉၅၀ ထဲက ကျွန်တော်တို့ မြန်မာနိုင်ငံသား ကျွန်တော်တို့အားလုံး လေးစားရတဲ့ ဆရာကြီးဒေါက်တာလှမြင့်က ပြောထားတာကို ကျွန်တော့်အနေနဲ့ သွားပြီးတော့သတိရမိပါတယ်။”
အထက်ပါ ဆရာကြီး ဒေါက်တာလှမြင့်ပြောသည့် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသော 5F အား ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က UMFCCI တွင် “Present & Future of Myanmar’s Finance Sector” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် Moderator အဖြစ်ဆောင်ရွက်ခဲ့သည့် ဦးရဲမင်းအောင်က ပြန်လည်ဝေမျှ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆရာကြီးဒေါက်တာလှမြင့်သည် ကမ္ဘာကျော်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် တွင် ၁၉၄၅ မှ ၁၉၅၂ ထိ စီးပွားရေးပါမောက္ခတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၈ မှ ၁၉၆၂ ထိ ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် London School of Economics တွင် ၁၉၆၆မှ ၁၉ ၈၅အထိ ဂုဏ်ထူးဆောင်ပါမောက္ခ အဖြစ် စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို သင်ကြားပို့ချခဲ့သည်။ ၄င်း၏ တပည့်များထဲတွင် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် စီးပွားရေးပါမောက္ခ ဂျိုးဇက်စတစ်ဂလစ် တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။
===================================================
Jobs4U မှာ ကျွမ်းကျင်မှု့နယ်ပယ်ဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရင်း…. ပိုမိုထိရောက်သော လုပ်ငန်းခွင်နယ်ပယ်များသို့သွားကြစို့….။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Jobs4U (Jobs Hunting Agency & Organization Development Consultant)
အမှတ်(၃)၊ ၆-လွှာ၊ လှည်းတန်း (၃) လမ်း၊ ဦးထွန်းလင်းခြံလမ်းနှင့် ဈေးလမ်းကြား၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Email: [email protected], [email protected]
Phone: 09 450 541 444, 09 2549 17366, 09 767 00 2230, 09 767 00 2210
www.Facebook.com/Jobs4Uall
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Credit to စီးပွားရှင်
Capacity Buliding: To build positive and supportive work environment ...