စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း

  • Home
  • Myanmar
  • Yangon
  • စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း

စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း Traditional Clinic and Traditional medicine production
Since 2018

ဖျာပုံ ၊ ဇလွန် ၊ ဓနုဖြူ ၊ ဟင်္သာတ ၊ မွန်ပြည်နယ် ပေါင်မြို့ ၊ ရန်ကုန်တွင်း တောင်ဒဂုံ ၊ စမ်းချောင်း ၊ ဗဟန်း ၊ အင်းစိန် ☺️☺...
03/09/2026

ဖျာပုံ ၊ ဇလွန် ၊ ဓနုဖြူ ၊ ဟင်္သာတ ၊ မွန်ပြည်နယ် ပေါင်မြို့ ၊ ရန်ကုန်တွင်း တောင်ဒဂုံ ၊ စမ်းချောင်း ၊ ဗဟန်း ၊ အင်းစိန် ☺️☺️☺️
စွမ်းရည်လင်းတိုင်းရင်းဆေးတိုက်မှထုတ်လုပ်သော ဆေးဝါးများကို ယုံကြည်စွာ ဝယ်ယူအားပေးပါသော မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ရှင့် ❤️
#စွမ်းရည်လင်း
#မြန်မာ့တိုင်းရင်းဆေး

အရင်တခါ page မှာတင်ထားဖူးတာလေးပါ ပြန်လည်မျှဝေပေးခြင်းပါရှင့် ......မိုးရွာပြီဆိုတာနဲ့ တွဲပါလာတဲ့ #ဝမ်းပျက်ဝမ်း‌လျှောရောဂ...
21/08/2026

အရင်တခါ page မှာတင်ထားဖူးတာလေးပါ ပြန်လည်မျှဝေပေးခြင်းပါရှင့် ......
မိုးရွာပြီဆိုတာနဲ့ တွဲပါလာတဲ့
#ဝမ်းပျက်ဝမ်း‌လျှောရောဂါ
‌ဂရုပြုသတိထားရမယ့် ဆောင်ရန် ရှောင်ရန်များကို ဝေမျှပေးချင်ပါတယ်.......
မိုးရာသီမှာ အစားအစာနဲ့ ရေသန့်ရှင်းမှု အားနည်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောအဖြစ်များကြပါတယ်
ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတဲ့နေရာမှာ နေ့စဉ်သွားနေသလို ပုံမှန်ဝမ်းသွားခြင်းမျိုးမဟုတ်ဘဲ အကြိမ်ရေများစွာသွားတာ၊ ဝမ်းအရည်တွေ သွားနေပြီဆိုရင် ဝမ်းလျှောနေပြီလို့ သတ်မှတ်လို့ရပါတယ်နော် ။
ဝမ်း‌လျှောတာအပြင် ဝမ်းကိုက်တာ ၊ ကာလဝမ်းရောဂါတွေပါ တွဲဖြစ်တတ်ကြပါတယ် ခြေအေးဝမ်းရောင်ဆိုတာလည်း ကြားဖူးကြမယ်လို့ထင်ပါတယ်နော် ခြေထောက်ရေစိုတာ အချိန်ကြာသွားတဲ့အခါ စားထားတဲ့အစာတွေဟာ ခြေဖျက်မှုကောင်းစွာမရှိတော့ဘဲ အစာမကြေ ဗိုက်ပွတာမျိုးဖြစ်ပြီးဝမ်းပျက်ဝမ်းလျှောတဲ့အထိ ဖြစ်နိုင်လို့ ဒီအချက်က်ိုလည်း မိုးတွင်းမှာ ဂရုပြုကြဖို့ အကြံပေးလိုက်ပါတယ် ။
ဝမ်းလျှောတာရဲ့ နောက်ဆက်တွဲက ဘာတွေလဲ ?
ဝမ်းအရည် အကြိမ်များစွာသွားခြင်းကြောင့် ခန္ဓာရည်မှာ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားပါတယ် ရေဓာတ်ဆုံးရှုံးခြင်းကြောင့် မျက်တွင်းချိုင့်ဝင်တာ ၊ ရေငတ်တာ ၊ ဆီးနည်းသွားတာ၊ ဆီးအရောင်ရင့်တာ ၊ အာခံတွင်းခြောက်တာ ၊ မူးဝေတာ ၊ကြွက်တက်တာ ၊ ခြေကုန်လက်ပန်းကျတာ ၊ အသက်ရှူမြန်လာတာမျိုးတွေဖြစ်လာတတ်ပါတယ်
ဒါတွေအမြန်သက်သာဖို့
#ရေများများသောက်ပေးပါ
သီးစုံဓာတ်ဆားမဟုတ်ဘဲ ရိုးရိုးဓာတ်ဆားရည် အဓိကသောက်ပေးပါ အုန်းစိမ်းရည် သောက်ပေးနိုင်ပါတယ် သန့်ရှင်းသောရေ၊ ရေကျက်အေး သောက်ပေးပါ စွပ်ပြုတ် ဆန်ပြုတ်လိုမျိုး သောက်ပြီး ရေဓာတ်ပြန်ဖြည့်ပေးပါ
ဓာတ် ရှောင်ပါ
ကဖင်းပါတဲ့ သောက်စရာ စားစရာတွေက ဆီးခဏခဏသွားစေလို့ ရေဓာတ်ဆုံးရှုံးခြင်းကို ပိုဆိုးစေနိုင်ပါတယ်
ဒါကြောင့် caffeine ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက် ၊ ချောကလက် စတဲ့ အစားအစာတွေကို မစားပါနှင့်
#လေပွစာများရှောင်ပါ
လေပွစာတွေကို စားသုံးခြင်းဖြင့် အစာအိမ်နဲ့အူတွေက လှုံ့ဆော်မှုပိုလုပ်ရပါတယ် အဲ့အခါ ဝမ်းလျှောခြင်းကို ပိုမိုဆိုးဝါးစေပါတယ် လေပွစာများဖြစ်တဲ့ ထမင်းကြော်၊ ပဲအမျိုးမျိုး၊ ကောက်ညှင်း၊ ဆီကြော်စာများ၊ ဟင်းသီးဟင်းရွက် အစိမ်းများကို ဝမ်းပျက်နေတဲ့အချိန် မစားပါနဲ့နော်
#သန့်ရှင်းလတ်ဆတ်သောအစားအစာများ၊ ကြေကျက်လွယ် ပျော့ပျောင်းသောအစားအစာများ၊ အာဟာရဖြစ်သော အစားအစာများကိုသာ နည်းနည်းနဲ့ မကြာခဏ စားပေးပါ
ယင်နားစာများ၊ မသန့်ရှင်းသော အစာများ၊ လက်လုပ်ချဉ်များ၊ ပူလွန်း စပ်လွန်းသော အစားအစာများ မစားပါနှင့်
#လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးကြောသန့်စင်ပါ

#အစားအစာများကိုသန့်ရှင်းစွာကိုင်တွယ်ချက်ပြုတ်ပါ

အိမ်တွင်းကုထုံးများအနေဖြင့်
ဓာတ်ဆားအလွယ်တကူမရပါက
💦 သကြား ၆ ဆ ၊ ဆား ၁ ဆ ရော၍ ဖျော်သောက်နိုင်ပါတယ်
💦 မာလကာရွက် မနုမရင့်ကို ‌သုံးခွက်တစ်ခွက်တင်ကျိုပြီး သကြားထည့်ကာ သောက်ပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေနိုင်ပါတယ်🙏
ဒီကာလအတွက် များစွာ အထောက်အကူပြုမယ်လို့ လည်း ထင်ပါတယ်နော် 🤗
မိုးတွင်းကာလ ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကင်းဝေးကြပါစေရှင် 🙏💦⭐
#စွမ်းရည်လင်း
#အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

ဒီတခါတော့ ကျန်းမာရေးအတွက် အကျိုးများစွာရှိသော တန်ဖိုးကြီး ကညွတ်အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ကညွတ်ကိုတော့ ကျွန်မတိ...
18/07/2026

ဒီတခါတော့ ကျန်းမာရေးအတွက် အကျိုးများစွာရှိသော တန်ဖိုးကြီး ကညွတ်အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ကညွတ်ကိုတော့ ကျွန်မတို့ရဲ့ အိမ်ရှင်မတွေ မျိုးစုံကြော်စား ချက်စားကြတာ မျက်မြင်ပါနော်
ကညွတ်တွင် antioxidant များဖြစ်သော vitamin A, folic acid နှင့် အာဟာရဖြစ် အမျှင်ဓာတ်များ များစွာပါဝင်ပါတယ် ၊
ကညွတ်သည် ပိုးမွှားများ ခန္ဓာကိုယ်တွင်း မဝင်အောင်နှင့် ရောဂါမဝင်အောင် ကာကွယ်ပြီး စွမ်းအင်ရရှိအောင် ကူညီနိုင်သော vitamin C နှင့် rutin ဓာတ် အကြွယ်ဝဆုံး အပင်လည်း ဖြစ်ပါတယ် ။
Antioxidant နဲ့ အမျှင်ဓာတ်များစွာပါသောကြောင့် သိုင်းရွိုက် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည် ။
ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ် ၊ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ် ။
Asparagine ဓာတ်ပါလို့ ကညွတ်က သဘာဝဆီးဆေးပဲ ဖြစ်ပါတယ် ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ။
ကျောက်ကပ်ကို သန့်စင်ပေးပြီး အဆိပ်အတောက်များ ဖယ်ရှားပေးပါတယ် ။
ကညွတ်သည် insulin အရင်းအမြစ်ဖြစ်သော အကောင်းဆုံး အပင်တစ်မျိုးဖြစ်ပါတယ် ၊ glutathione အများဆုံးပါဝင်လို့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့နေရာမှာ များစွာ အကျိုးပြုပေးပါတယ်နော် ။
ကဲ အကျိုးကျေးဇူးတွေ များသလို သတိထားရမယ့် အချက်တွေလည်း ရှိပါတယ် ......
ကညွတ်မှာ purines ဓာတ်တွေ ပါဝင်လို့ uric acid တက်တတ်သောသူများ၊ ဂေါက်ရောဂါရှိသူများ ၊ ‌ဆီးကျောက်တည်သူများကတော့ အနည်းငယ်သာ စားသုံး‌ပေးသင့်ပါတယ်.......
ဒီလောက်ဆိုရင် ကညွတ်အကြောင်း သိကောင်းစရာလေးတွေ ရှောင်ရန်လေးတွေကို အတန်အသင့် သိရှိသွားမယ်လို့ ထင်ပါတယ်ရှင် ။
စာဖတ်သူတို့ရော ကညွတ်ကို ဘယ်လိုတွေလုပ်စားလဲ ? ချက်စားလဲ ? ဝေမျှပေးခဲ့ကြပါဦးရှင့် ......
#ကညွတ်အကြောင်းသိကောင်းစရာ
#စွမ်းရည်လင်း
#တိုင်းရင်းဆေး

လက်ချောင်းတောင့်ခြင်း (Trigger Finger)ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ လက်ချောင်းတောင့်ခြင်း ဆိုသည်မှာ လက်ချောင်းဟာ ပုံစံ အနေထ...
07/07/2026

လက်ချောင်းတောင့်ခြင်း (Trigger Finger)
ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ လက်ချောင်းတောင့်ခြင်း ဆိုသည်မှာ လက်ချောင်းဟာ ပုံစံ အနေထားတစ်ခုတည်းအဖြစ် တောင့်နေခြင်းကို ခေါ်ပါတယ် ။ တစ်ချို့ ကွေးရာမှ ဆန့်မရခြင်း၊ ဆန့်ရာမှ ကွေးမရ‌ခြင်းမျိုး ဖြစ်နေတတ်ပါတယ် ။
လက်ချောင်းတောင့်ခြင်း ဘာလို့ဖြစ်သလဲဆိုရင် လက်ချောင်းတွေကို ဝန်းရံထားတဲ့ အရွတ်များ ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်ပါတယ် ။
ပို၍ဆိုးသော အခြေနေများတွင် nodule အကျိတ်လေးများ ထွက်ပေါ်လာတတ်ပါတယ် ။ ကျွန်မတို့ ဆေးခန်းမှာ လက်မနဲ့ လက်ခလယ် ကွေးဆန့်မရဘဲ နာကျင်နေတဲ့ လူနာတွေကိုတော့ တွေ့ရများပါတယ် .......
🍀 ဘယ်လိုလူတွေမှာ ဖြစ်တာများလဲ ?
- လက်ချောင်းများကို အားစိုက် အသုံးပြုသူများ
ဥပမာ ( ကွန်ပျူတာ typing အမြဲရိုက်နေရသူများ ၊ ဂစ်တာတီးသူများ ၊ ဘောလ်ပင်ကို အားဖြင့်ဖိရေးသူများ၊ ကတ်ကြေးကိုင်/ညှပ် များသူများ ၊ မီးခြစ်ခြစ်များတတ်သူများ၊ ဂိမ်းဆော့သူများ )
- အလေးဆွဲသူများ
- တစ်ချို့ရောဂါများ ( ဆီးချို ၊ သွေးလေးဖက်နာရောဂါရှိသူများ )
🍀 ဘယ်လိုကုသလို့ရလဲ ?
ရောဂါဖြစ်ဖြစ်ချင်း ၁ ပတ်/၂ ပတ် အတွင်း လက်ချောင်းနစ်လျောက် နာတဲ့နေရာကို အဓိကထားပြီး ရေခဲပွတ်ပေးပါ ။
(၁၅ မိနစ်ခန့် ) ဆားရေနွေးစိမ်ပေးပါ ။
ဆေးဆီ နွေးနွေးလိမ်းပေးပါ ။
လက်ချောင်းများကို ကြပ်စည်းပြီး အနားပေးပါ ။
လက်‌ချောင်းလေ့ကျင့်ခန်းများ လုပ်ပေးပါ ။
လက်ချောင်းအကွေးအဆန့်ထိန်းပေးတဲ့ finger splint တပ်ပေးထားပါ ။
ညင်သာစွာ နှိပ်နယ်ပေးပါ ။
ကျွန်မတို့ ဆေးခန်းတွင် လက်ချောင့်တောင့်တင်းနေသော လူနာများအား နာကျင်မှုလျော့နည်းပြီး သက်သာစေရန်
infrared red ray ပေးကုသခြင်း၊
Electrical stimulation ပေး၍ ကုသခြင်း၊ ဆေးစည်းကုသခြင်း၊ အပ်စိုက်ကုထုံးဖြင့် ကုသပေးခြင်းဖြင့် ကုသမှုပေးလျက်ရှိပါတယ်ရှင် ......
#စွမ်းရည်လင်း
#အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
#လက်ချောင်းတောင့်ခြင်း
09795239612, 09420068169

ဟင်္သာတမြို့နှင့် ဇလွန်မြို့သို့ ------>>>> ဝယ်ယူအားပေးသူတစ်ဦးတစ်ယောက်ချင်းစီကို စွမ်းရည်လင်းမိသားစုမှ ကျေးဇူးအထူးတင်လျက...
04/07/2026

ဟင်္သာတမြို့နှင့် ဇလွန်မြို့သို့
------>>>>
ဝယ်ယူအားပေးသူတစ်ဦးတစ်ယောက်ချင်းစီကို စွမ်းရည်လင်းမိသားစုမှ ကျေးဇူးအထူးတင်လျက် 🙏

ဒဏ်ကြောင့် အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း ၊ ရောင်ခြင်း၊ ဒူးနာ ခါးနာခြင်း၊ အကြောတက်ခြင်း၊ အကြောတောင့်တင်းခြင်း၊ ကြွက်သာ...
15/06/2026

ဒဏ်ကြောင့် အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း ၊ ရောင်ခြင်း၊ ဒူးနာ ခါးနာခြင်း၊ အကြောတက်ခြင်း၊ အကြောတောင့်တင်းခြင်း၊ ကြွက်သားများ ရောင်ခြင်း၊ တင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်းတို့ ဖြစ်နေပါသလား .......
စွမ်းရည်လင်းအမှတ်တံဆိပ်
ဒဏ်ကျေလိမ်းဆေးဘူးကိုသာ ဆောင်ထားလိုက်ပါ 🤗

တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် ရရှိထားပြီး တိုင်းရင်းဆေးသမားတော်ကိုယ်တိုင် ဖော်စပ်ထုတ်လုပ်ထားသောကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည် ။ နယ်မြို့အသီးသီးသို့ ပို့ဆောင်ပေးနေရပြီး စွမ်းရည်လင်းဆေးတိုက်မှ ထုတ်လုပ်သော ဆေးများအားလုံးထဲတွင် လူကြိုက်အများဆုံး ဆေးတစ်လက်ဖြစ်ပါတယ်ရှင့်
သူလေးရဲ့ တစ်မူထူးခြားချက်က ဆေးအနံ့လေးပဲ ဖြစ်ပါတယ် 🤗
သုံးစွဲဖူးသူတိုင်း သိတယ်ဟုတ် 🤗
ဆေးအဆီပုံစံဖြစ်လို့ စေးကပ်မှုမရှိ ပေကျံမှုမရှိဘဲ သုံးစွဲရ အဆင်ပြေပါတယ်နော် 👍
သုံးစွဲဖူးသူတိုင်း ကြိုက်နှစ်သက်ပြီး ရောဂါဝေဒနာများ သက်သာကြတယ်ဆိုလို့ ထုတ်လုပ်သူကျွန်မတို့လည်း အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်
ဒီဆေးမှ ဒီဆေးဖြစ်နေကြတဲ့ အစဉ်အမြဲအားပေးသူ မိဘပြည်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏

ဇက်ကြောထိုးပြီး ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ ယခုလို ရာသီအကူးအပြောင်းတွင် နှာစေးနှာပိတ်ဖြစ်ခြင်း၊ ကားမူးခြင်းတို့အတွက်လည်း စွမ်းရည်လင်းအမှတ်တံဆိပ် အိတ်ဆောင်
ရှူလိမ်းဆေးပုလင်းလေးပါ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် ☘️🌿🍃

ဝယ်ယူ သုံးစွဲလိုပါက
စွမ်းရည်လင်း တိုင်းရင်းဆေးတိုက်နှင့် အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
အမှတ် 810- A, သမိုင်း (၈) လမ်း၊ စတုတ္ထဖြတ်၊ အမှတ် (၁) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
၀၉ ၇၉၅၂၃၉၆၁၂
၀၉ ၄၂၀၀၆၈၁၆၉
၀၉ ၉၇၆၆၉၉၉၈၃
အခြားမြို့နယ်များသို့လည်း ပို့ဆောင်ပေးနေပါတယ်ရှင့်
ဟယ်လိုလို့သာ ဆက်သွယ်လိုက်ပါနော် 🤗

အမြဲပို့ပေးနေရပါသော ......လူကြိုက်များတဲ့ စွမ်းရည်လင်း ရှုလိမ်းဆေးတွေကို အလုံမြို့မှာရှိတဲ့ ' ကျော် ' ဆေးကမ္ဘာဆိုင်မှာလည...
04/05/2026

အမြဲပို့ပေးနေရပါသော ......
လူကြိုက်များတဲ့ စွမ်းရည်လင်း ရှုလိမ်းဆေးတွေကို အလုံမြို့မှာရှိတဲ့ ' ကျော် ' ဆေးကမ္ဘာဆိုင်မှာလည်း ဝယ်ယူအားပေးနိုင်ပါတယ်နော် ......
"ကျော်" မိသားစုဆေးကမ္ဘာ
အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ အလုံမြို့နယ် ။
ဝိုက်တောမှတ်တိုင်

17/04/2026
ပိတ်ရက်နားနီးတော့ နယ်ကို ယူသွားကြဖို့ အပြေးလေး လာဝယ်ကြတာ ☺️ဝယ်ယူအားပေးသူ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ရှင့် .........
10/04/2026

ပိတ်ရက်နားနီးတော့ နယ်ကို ယူသွားကြဖို့ အပြေးလေး လာဝယ်ကြတာ ☺️
ဝယ်ယူအားပေးသူ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ရှင့် ........
#စွမ်းရည်လင်း
#မြန်မာ့တိုင်းရင်းဆေး

Address

No . 810 ( A ) , Thamine 8th Street , Mayangone Tsp. Ygn
Yangon
11061

Opening Hours

Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959795239612

Website

Alerts

Be the first to know and let us send you an email when စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စွမ်းရည်လင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်း:

Shortcuts

Share

Category