နဒီဧရာ အထွေထွေရောဂါကုဆေးရုံ

  • Home
  • Myanmar
  • Yangon
  • နဒီဧရာ အထွေထွေရောဂါကုဆေးရုံ

နဒီဧရာ အထွေထွေရောဂါကုဆေးရုံ 24hours clinic and specialist consultation
24hours imaging and lab investigations
24hours emergenc

၁၃၈၈ ခုနှစ် နှစ်သစ်မှစ၍ မြန်မာ ပြည်သူပြည်သား အပေါင်း၊ ကမ္ဘာသူ ကမ္ဘာသား အပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေကြောင...
15/04/2026

၁၃၈၈ ခုနှစ် နှစ်သစ်မှစ၍ မြန်မာ ပြည်သူပြည်သား အပေါင်း၊ ကမ္ဘာသူ ကမ္ဘာသား အပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏🙏🙏 #ဆုမွန်ကောင်း ゚ #အတာသင်္ကြန်

သတိထား ရမည့် ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများခံတွင်းကင်ဆာဆိုတာ စောစောသိရင် ကုသလို့ရပေမဲ့၊ သတိမထားမိဘဲ ထားလိုက်ရင် အသက်...
30/03/2026

သတိထား ရမည့် ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

ခံတွင်းကင်ဆာဆိုတာ စောစောသိရင် ကုသလို့ရပေမဲ့၊ သတိမထားမိဘဲ ထားလိုက်ရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

ရောဂါ လက္ခဏာများ

ပုံမှန်အားဖြင့် ခံတွင်း ၊ နှုတ်ခမ်း နှင့် သွားဖုံးနေရာတွေမှာ အနာလေးတွေ ဖြစ်တတ်ပြီး နှစ်ပတ်အတွင်း ပျောက်လေ့ရှိပါတယ်။ ၂ ပတ်ထက်ကျော်ပြီး မပျောက်ဘူးဆိုရင်တော့ သတိထားရပါမယ်။

သွားဖုံး၊ လျှာ ဒါမှမဟုတ် ပါးစောင်ထဲမှာ ပုံမှန်မဟုတ်တဲ့ အဖြူကွက်၊ အနီကွက်တွေ တွေ့ရရင် ခံတွင်းကင်ဆာ ရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်လို့ မပေါ့ဆသင့်ပါဘူး။

ခံတွင်း၊ လျှာ၊ လည်ပင်း စသည် တစ်နေရာမှာ အလုံးအကျိတ် ဖြစ်ခြင်း၊ စကားပြောရ ခက်ခဲခြင်း၊ အစာမျိုရ ခက်ခဲခြင်း၊ ခံတွင်း နံ့ နံခြင်း၊ နာတာရှည် နားကိုက်ခြင်း စသည် လက္ခဏာတွေဟာလည်း ခံတွင်းကင်ဆာရောဂါရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ?
🍀ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာ စားသုံးသူများ

🍀အရက်ကို အလွန်အကျွံ သောက်သုံးသူများ

🍀HPV ဗိုင်းရပ်စ် ကူးစက်ခံထားရသူများ

ကာကွယ်ဖို့ နည်းလမ်း (၃) ခု:
🍁ကွမ်း၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ

🍁နေရောင်ခြည်ဒဏ်ကနေ နှုတ်ခမ်းကို ကာကွယ်ပါ (Lip balm သုံးပါ)

🍁၆ လတစ်ကြိမ် သွားနဲ့ခံတွင်း စစ်ဆေးမှုပြုလုပ်ပါ။

#နဒီဧရာဆေးရုံ #ကျန်းမာရေးဗဟုသုတ #ခံတွင်းကင်ဆာ

29/03/2026

ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ

သေချာ ကာကွယ် ရာသီတုတ်ကွေး အန္တရာယ်အသက် ၆ လမှ စ၍ ထိုးနိုင်ပါသည်ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကာကွယ်ဆေးတကြိမ်ထိုးထားလျှင် က...
17/03/2026

သေချာ ကာကွယ် ရာသီတုတ်ကွေး အန္တရာယ်

အသက် ၆ လမှ စ၍ ထိုးနိုင်ပါသည်

ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကာကွယ်ဆေးတကြိမ်ထိုးထားလျှင် ကလေး အသက် ၆ လထိ တုတ်ကွေးရောဂါ ကာကွယ်ပြီးသား ဖြစ်သည်ဟု ယူဆမှု့များလည်း ရှိပါသည်။

တကြိမ်တခါမျှ မထိုးဖူးသော အသက် ၉ နှစ်အောက် ကလေးများတွင် ပထမအကြိမ် ထိုးပြီး ၄ ပတ်အကြာတွင် ဒုတိယ အကြိမ် ထပ်မံထိုးနှံရန် လိုအပ်ပါသည်။ အရင် နှစ်တွေက ထိုးဖူးရင်တော့ တကြိမ်သာ ထိုးရန် လိုအပ်ပါသည်။

အသက် ၉ နှစ် မှ စ တင်၍ တကြိမ်သာ ထိုးရန် လိုအပ်ပါသည်။

ထိုးနှံသင့်သူများ

- နဂို ရောဂါ အခံ တခုခု ရှိသူများ ( ဆီးချို၊ ကင်ဆာ စသည်)
- ကျန်းမာရေး ဝန်ထမ်းများ
- လူ ထူထပ်သော နေရာသို့ အမြဲသွားလာနေရသူများ
- အသက်ကြီး သူများ (၆၅ နှစ် နှင့် အထက်)
- ကိုယ်ဝန်ဆောင် အမျိုးသမီးများ

ကုမ္ပဏီ၊ ကျောင်း၊ အလုပ်ရုံများအတွက်လည်း လူဦးရေ နှင့် မြို့နယ်ပေါ် မူတည်၍ သက်သာသော စျေးနှုန်းများဖြင့် ဆောင်ရွက်ပေးပါသည်။

#နဒီဧရာဆေးရုံ #ရာသီတုတ်ကွေး

 #နဒီဧရာဆေးရုံ
01/02/2026

#နဒီဧရာဆေးရုံ

မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် နေ့စဉ် ပြင်ပလူနာဌာနတွင်သာမက အရေးပေါ် အခြေအနေများအတွက်ပါ ည ၈ နာရီမှ နံနက် ၇ နာရီအတွင်း အထွေထွေရောဂါ အထူးကုဆရာဝန်တစ်ဦး အမြဲအဆင်သင့် ရှိရန် စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

#နဒီဧရာဆေးရုံ #ကျန်းမာရေးဝန်ဆောင်မှု

မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် နေ့စဉ် ပြင်ပလူနာဌာနတွင်သာမက အရေးပေါ် အခြေအနေများအတွက်ပါ ည ၈ နာရီမှ နံနက် ၇ နာရီအတွင်း အ...
01/02/2026

မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် နေ့စဉ် ပြင်ပလူနာဌာနတွင်သာမက အရေးပေါ် အခြေအနေများအတွက်ပါ ည ၈ နာရီမှ နံနက် ၇ နာရီအတွင်း အထွေထွေရောဂါ အထူးကုဆရာဝန်တစ်ဦး အမြဲအဆင်သင့် ရှိရန် စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

#နဒီဧရာဆေးရုံ #ကျန်းမာရေးဝန်ဆောင်မှု

နဒီဧရာ အထူးကု ဆေးရုံကြီးတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ  #နဒီဧရာဆေးရုံ  #ကျန်းမာရေးဝန်ဆောင်မှု  #ဆေးရုံ
09/01/2026

နဒီဧရာ အထူးကု ဆေးရုံကြီးတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ

#နဒီဧရာဆေးရုံ #ကျန်းမာရေးဝန်ဆောင်မှု #ဆေးရုံ

01/01/2026
13/10/2025

သည်းခြေကျောက်တည်ခြင်း ( Gallstones Disease)

သည်းခြေ ကျောက်တည် ရောဂါဆိုတာ သည်းခြေအိတ်/သည်းခြေပြွန် အတွင်းမှာ သည်းခြေရည်တွေ စုပြီး ကျောက်ဖြစ် သွားတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ သည်းခြေကျောက်တွေဟာ အမြဲတမ်းတော့ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမယ့် သည်းခြေကျောက်လေးတွေ သည်းခြေပြွန်တွေထဲမှာ ပိတ်ခဲ့ရင်တော့ အစာခြေရည် ( သည်းခြေရည်) ‌တွေ ပုံမှန်လမ်းကြောင်းအတိုင်း ‌ကောင်းကောင်း မဆင်းတော့ပါဘူး။ သည်းခြေကျောက်တည် ရောဂါ လက္ခဏာ ပြပြီဆိုရင်တော့ သည်းခြေအိတ်ကို ကျောက်တွေနဲ့အတူ ဖယ်ရှားပစ်ရတဲ့ ခွဲစိတ်မှု လိုတတ်ပါတယ်။

သည်းခြေကျောက်တည် ရောဂါ လက္ခဏာများ

သည်းခြေပြွန် လမ်းတလျောက် ကျောက် မပိတ်မချင်း ကျောက်ရှိတဲ့ လက္ခဏာ ပြလေ့မရှိပါဘူး။ ကျောက်နဲ့ ပိတ်တဲ့အခါ ပျို့အန်ချင်တာ၊ ဝမ်းဗိုက် အပေါ်ပိုင်း နာတာ စတဲ့ လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ ဒီလက္ခဏာတွေဟာ ဖြစ်လိုက် ပျောက်လိုက်နဲ့ ကာလအတန်ကြာ တတ်ပါတယ်။ အခြားလက္ခဏာများ

🍀ဖျားခြင်း
🍀ရင်တုန်ခြင်း
🍀ချွေးစေး ပြန်ခြင်း
🍀ဗိုက်နာခြင်း
🍀မျက်စေ့ နှင့် အသားဝါခြင်း၊
🍀ဆီးအရောင် ရင့်ခြင်း၊ ဝမ်း အရောင် ဖျော့ခြင်း တို့ဖြစ်တတ်ပါတယ်။

သည်းခြေ ကျောက် နာခြင်း

များသောအားဖြင့် ဝမ်းဗိုက် အပေါ်ပိုင်း ညာဘက်အခြမ်းမှာ တခါ တခါ ဆုတ်စွဲ ထားသလို စူးစူးရှရှ နာတတ်ပါတယ်။ တခါတရံ ညာဘက်လက်ပျဉ် အောက်နားက နာတတ်ပါတယ်။ အထူးအစာ စားပြီးချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ အစာ စားလိုက်ချိန် အစာခြေရန်အတွက် သည်းခြေအိတ်က အစာခြေရည် ထုတ်ရန် ညှစ်တဲ့အခါမှာ ကျောက်နဲ့ ပိတ်နေတဲ့အတွက် သည်းခြေ စနစ်ထဲ ဖိအားများကာ နာခြင်း ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ပို နာတတ်လဲ

သည်းခြေကျောက် ရောဂါရှိသူတွေဟာ အစာအများကြီး စားတာနဲ့ အဆီများတဲ့ အစားအသောက်တွေကို စား‌တဲ့အခါ အဆီတွေကို ခြေဖျတ်ဖို့သည်းခြေအိတ်က သာမာန်ထက် ပိုပြီး ညှစ်ရပါတယ်။ ဒီအချိန်မှာ ‌နာတတ်ပါတယ်။ ထိုကဲ့သို့ သည်းခြေအိတ် ကြိမ် ဖန်များစွားနာလိုက်၊ ပျောက်လိုက်ဖြစ်နေတာကို Biliary Colic လို့ ခေါ်ပါတယ်

သည်း‌ခြေကျောက်တည်ရောဂါ နောက်ဆက်တွဲ ရောဂါများ

🔥သည်းခြေအိတ် ရောင်ခြင်း
🔥မုတ်ချို အိတ် ရောင်ခြင်း
🔥သည်းခြေပြွန် ရောင်ခြင်း
🔥အသည်းရောင်ခြင်း
🔥အသားဝါခြင်း
🔥သွေးဆိပ် တတ်ခြင်း တို့ ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် ပြရမလဲ

အစာ စားပြီးချိန် ရုတ်တရက် ဝမ်းဗိုက် အပေါ်ပိုင်း ညာဘက်အခြမ်းက နာလာတဲ့အခါ ဆရာဝန်၊ သူနာပြု တစ်ဦးဦးနှင့် ဆွေးနွေးဖို့ လိုတယ်ဆိုတာ မမေ့သင့်ပါဘူး။

ယခင်က နာခဲ့ဖူးသည့်တိုင် မပေါ့ဆပဲ ဆရာဝန် သူနာပြုတို့နှင့် တိုင်ပင်ပါ။

#ကျန်းမာရေး

08/10/2025

ဘယ်သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်လဲ

သီတင်းကျွတ် ဆုတောင်း  🙏🙏🙏🙏🙏သီတင်းကျွတ် အခါသမယမှ စပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း နဒီဧရာ ဆေးရုံမိသားစုမှ ဆ...
06/10/2025

သီတင်းကျွတ် ဆုတောင်း
🙏🙏🙏🙏🙏

သီတင်းကျွတ် အခါသမယမှ စပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း နဒီဧရာ ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

#သီတင်းကျွတ် #နဒီဧရာဆေးရုံ #လပြည့်နေ့ #ကျန်းမာရေး

Address

Yangon
11071

Telephone

+959400244207

Website

Alerts

Be the first to know and let us send you an email when နဒီဧရာ အထွေထွေရောဂါကုဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to နဒီဧရာ အထွေထွေရောဂါကုဆေးရုံ:

Shortcuts

Share

Category