Bumrungrad Clinic Yangon

Bumrungrad Clinic Yangon Bumrungrad Clinic Yangon provides primary healthcare and medical diagnostics for health screenings as the same quality as Bumrungrad International in BKK.

🌟 ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချ‌ပေးမယ့်အစားအစာတွေ ... 1.Broccoli ပန်းဂေါ်ဖီစိမ်း-Sulforaphane ဒြပ်ပေါင်းပါဝင်ပြီး ကင်ဆာက...
29/08/2026

🌟 ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချ‌ပေးမယ့်အစားအစာတွေ ...

1.Broccoli ပန်းဂေါ်ဖီစိမ်း
-Sulforaphane ဒြပ်ပေါင်းပါဝင်ပြီး ကင်ဆာကို ဆန့်ကျင်တဲ့ အာနိသင်ရှိတယ်လို့ ယူဆကြပါတယ်။

2.Carrots မုန်လာဥနီ
-မုန်လာဥနီများများစားရင် ကင်ဆာအချို့ (အစာအိမ်၊ ဆီးကျိတ်နှင့် အဆုတ်) ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

3.Beans ပဲအမျိုးမျိုး
-အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူမကြီးနှင့်စအိုကင်ဆာကို ကာကွယ်ဖို့ အထောက်အကူပြုပါတယ်။

4.Tomatoes ခရမ်းချဉ်သီး
-ကင်ဆာဆန့်ကျင်အာနိသင်ရှိတဲ့ Lycopene တွေ ကြွယ်ဝပါတယ်။

5.Garlic ကြက်သွန်ဖြူ
-Allicin ဒြပ်ပေါင်း ပါဝင်ပြီး ဆီးကျိတ်၊ အစာအိမ်၊ အူမကြီးနှင့် စအိုကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

6.Turmeric နနွင်း
-ကင်ဆာဆန့်ကျင်အာနိသင်၊ ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အရောင်ကျစေတဲ့အာနိသင်တွေရှိတဲ့ Curcumin ဒြပ်ပေါင်း ပါဝင်ပါတယ်။

7.Cinnamon သစ်ဂျပိုးခေါက်
-သွေးတွင်းအချိုဓာတ်လျော့ချပေးနိုင်ပြီး အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အပြင် ကင်ဆာဆန့်ကျင်အာနိသင်လဲ ရှိပါတယ်။

8.Berries ဘယ်ရီသီး အမျိုးမျိုး
-ရောင်ခြယ်ပစ္စည်း Anthocyanins ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

9.Citrus Fruits လိမ္မော်၊ သံပုရာမျိုးနွယ် အသီးများ
-လိမ္မော်၊ သံပုရာ နှင့် Grapefruit စတာတွေကို ပုံမှန်စားပေးရင် အချို့ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ (ပန်ကရိယ၊ အစာအိမ်နှင့် အစာခြေလမ်းကြောင်း၊အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း)

10.Nuts အစေ့အဆံအမျိုးမျိုး
-သစ်ကြားသီးစတဲ့ အစေ့အဆံတွေ များများစားသုံးရင် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

11.Flaxseed နှမ်းကြတ်စေ့
-အမျှင်ဓာတ်ကြွယ်ဝပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီတွေလည်း ပါဝင်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝပြီး ကင်ဆာကို တားဆီးလျှော့ချပေးနိုင်ပါတယ်။

12.Olive Oil သံလွင်ဆီ
-ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သံလွင်ဆီဟာ ကင်ဆာကိုလည်း တားဆီးလျှော့ချပေးနိုင်ပါတယ်။

13.Fatty Fish ငါးအမျိုးမျိုး
-Vitamin D နှင့် Omega 3 ကြွယ်ဝတဲ့ ငါးတွေက ကင်ဆာကိုလည်း ကာကွယ်နိုင်တယ်လို့ ယူဆကြပါတယ်။


28/08/2026

🧠 Start your day with a brain-boosting breakfast!

Discover the delicious Brain-Boost Breakfast Toast—packed with protein, healthy fats, and nutrients to support brain health. 🍳🥑🍄🥬

Watch the video to learn more! ✨

🔎 ဘယ်အစားအစာတွေက အစာအိမ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေလဲ?✅ အမျှင်ဓာတ်ကြွယ်ဝတဲ့ Oats၊ ပန်းသီး၊ ဘယ...
28/08/2026

🔎 ဘယ်အစားအစာတွေက အစာအိမ်နှင့် အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေလဲ?
✅ အမျှင်ဓာတ်ကြွယ်ဝတဲ့ Oats၊ ပန်းသီး၊ ဘယ်ရီသီး၊ အရွက်စိမ်းတွေနှင့် ပဲအမျိုးမျိုး ဒါတွေက အူလမ်းကြောင်းလှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။ ဒိန်ချဉ်၊ ကင်ချီနှင့် Kefir လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ကောင်းမွန်တဲ့ Bacteria လေးတွေ ကြောင့်လည်း အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သံလွင်ဆီ၊ ထောပတ်သီးနှင့် အစေ့အဆံတွေကရတဲ့ ကောင်းမွန်တဲ့ အဆီတွေကလည်း အူလမ်းကြောင်းကို ချောမွေ့စေပါတယ်။ ဒါပေမယ့် အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေကတော့ လေပွတာ၊ လေအောင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။

🔎 လေ့ကျင့်ခန်းလုပ်တာက ဝမ်းမချုပ်အောင် တကယ်ကာကွယ်ပေးလား?
✅ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရင် သွေးလှည့်ပတ်မှုကောင်းပြီး အူလမ်းကြောင်းရဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကောင်းပြီး ဝမ်းမှန်စေပါတယ်။ လမ်းလျှောက်တာ၊ အကြောဆန့်တာမျိုးနဲ့တင် အစာဟောင်းတွေ အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

🔎 Probiotics Supplement တွေရော သောက်ဖို့လိုလား?
✅ အမျှင်ဓာတ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ မျှတအောင် စားသုံးရင်ကို Probiotics တွေ ရရှိနေနိုင်ပြီဖြစ်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှပဲ သောက်သုံးသင့်ပါတယ်။

🔎 ဝမ်းချုပ်တာအတွက် ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ?
✅ အမြဲရင်ပူနေတာ၊ အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်ကျလာတာ၊ ဗိုက်အပြင်းအထန်အောင့်တာ၊ အစာမျိုချရခက်ခဲတာ၊ မကြာခဏအန်တာ၊ ပုံမှန်ဝမ်းသွားချိန်တွေ ပြောင်းသွားတာ၊ ဝမ်းထဲမှာ သွေးပါလာတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်သင့်ပါတယ်။



💚 အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာစေဖို့ လက်တွေ့ကျတဲ့ Tips တွေ …💚 အချိန်မှန် ပုံမှန်စားပါ။အစားကို အချိန်မှန် ပုံမှန်စား...
22/08/2026

💚 အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာစေဖို့ လက်တွေ့ကျတဲ့ Tips တွေ …

💚 အချိန်မှန် ပုံမှန်စားပါ။
အစားကို အချိန်မှန် ပုံမှန်စားပေးတာက သင့်ရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ မနက်စာ လွတ်တာ၊ အချိန်မှန်မစားတာတွေက အစာအိမ်နှင့် အူလမ်းကြောင်းရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ဟန်ချက်ပျက်စေပါတယ်။ တစ်နေ့ ၃ နပ်ကို မျှမျှတတအချိန်မှန်စားတာက အကောင်းဆုံးဖြစ်ပြီး လိုအပ်လို့ အဆာပြေမုန့်တွေ စားရင်လည်း အချိန်တစ်ခု သတ်မှတ်ပြီး စားသင့်ပါတယ်။

💚 အမျှင်ဓာတ်တွေ ဦးစားပေးစားပါ။
အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲနှင့် အစေ့အဆံတွေကနေ Soluble နှင့် Insoluble Fibre တွေကို ရရှိနိုင်တာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ဒါဆိုရင် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေမှာပဲ ဖြစ်ပါတယ်။ လေပွတာနှင့် လေအောင့်တာတွေကို ကာကွယ်ဖို့ကတော့ အမျှင်ဓာတ်တွေကို တစ်ရက်ချင်း ဖြည်းဖြည်းတိုးမြှင့်စားပေးသင့်ပါတယ်။ ရေများများလဲ သောက်ပေးသင့်ပါတယ်။

💚 ရေဓာတ်ပြည့်ဝအောင်လုပ်ပါ။
ရေက အစာဟောင်းတွေကို ပျော့ပျောင်းစေပြီး အူလမ်းကြောင်းတစ်လျှောက် ကောင်းကောင်းမွန်မွန်ရွေ့လျားစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ရေ၊ အသီးဖျော်ရည်၊ စွပ်ပြုတ်ရည် အကုန် သောက်သုံးနိုင်ပြီး Caffeine နဲ့ သကြားပါဝင်မှုများတဲ့ အချိုရည်တွေကိုတော့ လျှော့သင့်ပါတယ်။

💚 ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးတာကလည်း အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အစာစားပြီး မိနစ် ၂၀ ခန့် လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာ၊ ကတာလိုမျိုး နှစ်သက်ရာကို ပြုလုပ်နိုင်ပါတယ်။ Pelvic Floor Exercise လုပ်ပေးတာကလည်း ဝမ်းသွားရလွယ်စေပြီး ဝမ်းကျန်တာမျိုးကို ကာကွယ်ပေးပါတယ်။

💚 စိတ်ဖိစီးမှုလျှော့ပြီး အိပ်ရေးဝဝအိပ်ပါ။
ဦီးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းက ဆက်နွယ်နေတာကြောင့် စိတ်ဖိစီးမှုများပြီး အိပ်မပျော်တာကလည်း အစာအိမ် အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်တာ၊ တရားထိုင်တာ၊ အာရုံစူးစိုက်မှုကောင်းစေတဲ့ ယောဂ၊ ထိုက်ချိစတာတွေကို ပြုလုပ်သင့်ပြီး တစ်နေ့ အနည်းဆုံး ၇-၈ နာရီပြည့်အောင် အိပ်စက်သင့်ပါတယ်။


22/08/2026

😴 Certain foods and beverages can help promote relaxation and support better sleep quality.

🍌🍫 Banana Cacao Paradise Smoothie combines banana, cacao, Greek yogurt, and a variety of nuts to provide nutrients that help the body relax and prepare for a restful night’s sleep.

✨ Watch the video to see how to make it!

🦠 Shingles [ဆင်ရေယုန် (ခေါ်) ခါးပတ်ရေယုန်]  အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ❓🦠 CDC စစ်တမ်းများအရ အသက် (၆၀) အထက် အမေရိကန်န...
19/08/2026

🦠 Shingles [ဆင်ရေယုန် (ခေါ်) ခါးပတ်ရေယုန်] အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ❓

🦠 CDC စစ်တမ်းများအရ အသက် (၆၀) အထက် အမေရိကန်နိုင်ငံသား (၃) ယောက်တွင် တစ်ယောက်နှုန်းဖြင့် Shingles ဖြစ်ပွါးနိုင်ခြေရှိနေပါသည်။

📌 ပူစပ်နာကျင်သော အနီရောင်အရေကြည်ဖုများ အကွက်လိုက်ပုံစံဖြင့် မျက်နှာနှင့် မျက်လုံးဘေး၊ ဗိုက်နှင့် ခါးဘေးပတ်လည် အာရုံကြောတစ်လျှောက် ခန္ဓာကိုယ် တစ်ဘက်ခြမ်းတွင် ဖြစ်တတ်ပြီး အရေပြားပေါ်ရှိ အနာများပျောက်ကင်းသွားလျှင်တောင် ဖြစ်သည့်နေရာရှိ အာရုံကြောများထိခိုက်သွားခြင်းကြောင့် နောက်ဆက်တွဲ နာတာရှည် အာရုံကြောနာကျင်မှုများ ကျန်ရှိနေခဲ့တတ်ပါသည်။ အမြင်အာရုံကြောများ ထိခိုက်သွားပါက မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါသည်။

📌 Shingles [ဆင်ရေယုန် (ခေါ်) ခါးပတ်ရေယုန်] သည် ရေကျောက် (Chicken Pox) ကို ဖြစ်စေသော Varicella-zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွါးရခြင်းဖြစ်ပါသည်။ ရေကျောက်ဖြစ်ပွါးပြီးနောက် ထိုဗိုင်းရပ်စ်သည် အာရုံကြောများအတွင်း ငုပ်လျှိုးနေပြီး ခန္ဓာကိုယ် ကိုယ်ခံအားနည်းလာသော အချိန်တွင် Shingles [ဆင်ရေယုန် (ခေါ် ) ခါးပတ်ရေယုန်] ကို ဖြစ်ပွါးစေပါသည်။

💉 အသက် (၅၀) အထက် လူကြီးများတွင် ဖြစ်ပွါးမှုနှုန်းများပြီး၊ ရောဂါအခံအကြောင်းရင်းများနှင့် သောက်သုံးနေရသော ဆေးဝါးအချို့ကြောင့် ကိုယ်ခံအားနည်းနေသူများတွင်လည်း ဖြစ်နိုင်ပါသည်။ အသက်အရွယ်ကြီးလေ နောက်ဆက်တွဲ အာရုံကြောထိခိုက်နာကျင်မှု ဖြစ်နိုင်ခြေများလေ ဖြစ်ပါသည်။ ထို့ကြောင့် အသက် (၅၀) အထက်လူကြီးတိုင်းနှင့် အသက် (၅၀) အောက်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားနည်းနေသူများသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကာကွယ်ဆေးထိုးနှံထားသင့်ပါသည်။

💉 ယခုအခါတွင် Shingles [ဆင်ရေယုန် (ခေါ် ) ခါးပတ်ရေယုန်] ကာကွယ်ဆေးထွက်ပေါ်နေပြီဖြစ်ပါသည်။ ဆေး (၂) ကြိမ် ပြည့်အောင် ထိုးထားခြင်းဖြင့် ပြင်းထန်သော နာကျင်မှုနှင့် နောက်ဆက်တွဲ နာတာရှည် ဆိုးကျိုးများကို အလွယ်တကူ ကာကွယ် နိုင်နေပြီဖြစ်ကြောင်း သတင်းကောင်း မျှဝေပေးလိုက်ပါသည်ရှင်။


⚠️ သင့် ဝမ်းအရောင်က ဘာတွေကို ညွှန်ပြနေလဲ?⭐ ဝမ်းရဲ့ အရောင်ဟာ စားတဲ့ အစားအသောက်တွေပေါ် မူတည်ပါတယ်။ အစားအသောက်ကြောင့် ဝမ်းအ...
14/08/2026

⚠️ သင့် ဝမ်းအရောင်က ဘာတွေကို ညွှန်ပြနေလဲ?

⭐ ဝမ်းရဲ့ အရောင်ဟာ စားတဲ့ အစားအသောက်တွေပေါ် မူတည်ပါတယ်။ အစားအသောက်ကြောင့် ဝမ်းအရောင် ပုံမှန်မဟုတ်တာက ယာယီပဲ ဖြစ်တတ်ပြီး အများအားဖြင့် ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဝမ်းအရောင် ပုံမှန်မဟုတ်တာနဲ့အတူ ခန္ဓာကိုယ်မှာ တခြားလက္ခဏာတွေပါ ဖြစ်လာရင်တော့ သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဝမ်းအရောင်တွေနဲ့ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

🌟 အရမ်းဖျော့တဲ့ အညိုရောင် - အသည်းနဲ့ သည်းခြေအိတ်မှာ ပြဿနာရှိနေတာကြောင့်

🌟 အဝါရောင် - အဆီတွေများနေတာ၊ ရောဂါပိုးဝင်နေတာ၊ အသည်းရောဂါ၊ သည်းခြေပြဿနာ၊ ပန်ကရိယရောင်တာ၊ အူလမ်းကြောင်းရောဂါ

🌟 အနီရောင် - Beet Root၊ ခရမ်းချဉ်သီးနှင့် နဂါးမောက်သီးလို အနီရောင်များတာတွေစားထားတာကြောင့်၊ လိပ်ခေါင်းကြောင့်၊ ဝမ်းထဲ သွေးပါနေတာကြောင့်

🌟 အစိမ်းရောင် - အစိမ်းရင့်ရောင် အသီးအရွက်တွေ အစားများတာကြောင့်၊ သံဓာတ်အားဆေးနှင့် အချို့ဆေးဝါးတွေကြောင့်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကြောင့်

🌟 အမဲရောင် - သံဓာတ်အားဆေး၊ Pepto Bismol နှင့် Charcoal လို ဆေးတွေကြောင့်၊ ကြက်သွေး၊ ဝက်သွေးနှင့် Blueberry လို အရောင်ရင့်တဲ့ အစားအစာတွေကြောင့်၊ အစာအိမ်နှင့် အူလမ်းကြောင်းမှာ သွေးယိုစီးမှု ရှိနေတာကြောင့်


🏥 ဘမ်ရွန်ဂရက် ကျန်းမာရေး‌ဆွေးနွေးပွဲ
12/08/2026

🏥 ဘမ်ရွန်ဂရက် ကျန်းမာရေး‌ဆွေးနွေးပွဲ

⚠️ ကင်ဆာရောဂါဟာ အသက်အန္တရာယ်အပေးနိုင်ဆုံးရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ National Cancer Institute ရဲ့ ...
11/08/2026

⚠️ ကင်ဆာရောဂါဟာ အသက်အန္တရာယ်အပေးနိုင်ဆုံးရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ National Cancer Institute ရဲ့ စစ်တမ်းတွေအရ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတွေကတော့ -
✅ ရင်သားကင်ဆာ
✅ သားအိမ်ခေါင်းကင်ဆာ
✅ သားအိမ်နံရံကင်ဆာ
✅ သားဥအိမ်ကင်ဆာ
✅ သားအိမ်ကင်ဆာ နှင့် မိန်းမကိုယ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။
⚠️ ဒါကြောင့် အမျိုးသမီးတိုင်း အသက်အရွယ်အလိုက် သင့်တော်တဲ့ Cancer Screening ကို နှစ်စဉ် ပုံမှန် ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Lifestyle ဖြစ်အောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ ကင်ဆာကို စောစောစီးစီးစစ်ဆေးသိရှိတာက ကုသမှုတွေကို ပိုပြီးထိရောက်စေသလို ကုသမှုရဲ့ အကျိုးရလဒ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

⚠️ ကျွန်မတို့ရဲ့ Bumrungrad Clinic Yangon မှာဆိုရင် အမျိုးသမီးတိုင်းအတွက် အသက်အရွယ်အလိုက် သင့်တော်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ့် Cancer Screening Package တွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒီ Package တွေမှာဆိုရင် ကင်ဆာကို ကြိိုတင်စစ်ဆေးသိရှိနိုင်ဖို့နှင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဖြစ်တဲ့-
✅ ခန္ဓာကိုယ်စစ်ဆေးမှု
✅ သွေးစစ်ဆေးမှု
✅ သားအိမ်နှင့် သားအိမ်ခေါင်းစစ်ဆေးမှု
✅ ရင်သားစစ်ဆေးမှုတွေကို အသက်အရွယ်အလိုက် ရွေးချယ်ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

📍အသေးစိတ်မေးမြန်းလိုပါက -
🏥 ဘမ်ရွန်ဂရက်ရန်ကုန်ဆေးခန်း။
အမှတ် (၉/ဘီ) မနော်ဟရီလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်။
ဖုန်းနံပါတ် 📲 09- 78 230 2424, 09- 45 749 4363 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။


✨️ Bumrungrad needs your expertise! Now Hiring ➡️ Pharmacist👨‍🎓 Qualifications 👩‍🎓▪️Bachelor’s Degree Holder in Pharmacy...
10/08/2026

✨️ Bumrungrad needs your expertise!

Now Hiring ➡️ Pharmacist

👨‍🎓 Qualifications 👩‍🎓

▪️Bachelor’s Degree Holder in Pharmacy.
▪️At least 2-3 years of clinical experience in hospital/clinic.
▪️Have a full understanding of Medication Management and Use (MMU), in reference of international/professional hospital standards i.e. JCI, AHA.
▪️Be able to influence the culture of safety for medication management.
▪️Be able to work independently with minimal guidance.
▪️Have strong leadership, analytical and decision making skills.
▪️Have good interpersonal and coordination skills. Be able to collaborate with various parties.
▪️Detail oriented, service minded, safety and quality concerns.
▪️Able to work under pressure and possess multitasking skills.
▪️Good computer skills.
▪️Strong language skills both Burmese and English speaking and writing.

⭐️ Main Responsibilities ⭐️

▪️Facilitate the management of implementing pharmacy best practices, engaging in assessing the safety of newly deployed medications, managing inventory and storage of medications.
▪️Work as/lead an integral team with pharmacy staff and other disciplines to deliver medication safety and to meet MMU quality standards.
▪️Dispense prescription medication and provide pharmacological information to patients.
▪️Provide billing information for medications.
▪️Facilitate system change process. Establish processes to improve medication management.
▪️Actively engaged in medication error mitigation and prevention.
▪️Lead an effort in error identifications of harmful medication error cases.
▪️Responsible for pharmacy inventory management activities including ordering, counting, receiving, pricing, making stock report and facilitating returns.
▪️Maintain a safe and clean working environment.
▪️Support health care activities and team.
▪️Respond to patients and their relatives’ inquiries, concerns and complaints.

📧 Interested applicants; please submit your recent CV to us at ➡️ [email protected] (or) ➡️ [email protected].



Address

No. 9/B, Ma Naw Hari Street, Dagon Township, Yangon
Yangon
11191

Opening Hours

Monday 07:00 - 16:00
Tuesday 07:00 - 16:00
Wednesday 07:00 - 16:00
Thursday 07:00 - 16:00
Friday 07:00 - 16:00
Saturday 07:00 - 12:00

Telephone

+959782302424

Alerts

Be the first to know and let us send you an email when Bumrungrad Clinic Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bumrungrad Clinic Yangon:

Shortcuts

Share

Category