MMDC & LUDU Laboratories

MMDC & LUDU Laboratories ISO 9001:2015 and CAP Certified Molecular Laboratories in Myanmar
(207)

လူထု ဓာတ်ခွဲခန်းသည် မြန်မာနိူင်ငံ၏ ပထမဆုံး အဆင့်မြင့် Molecular နှင့် အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။ နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ fully automatic analyzer စက်သစ်ကြီးများဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်းများစွာဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာနိူင်ငံတွင် ISO (9001:2008) လက်မှတ်ကို ပထမဆုံးရရှိထားသော နိူင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်သည်။

20/07/2026

လူထု အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း (မန္တလေး) တွင်
လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

Medical Technologist
• Full Time (ကျား/မ)
• B.Med.Tech
• မန္တလေး (2) ဦး

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email/ Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
• အခန်း(၃)၊ SY Building, လမ်း (၃၀), ၇၇ နှင့် ၇၈ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တ​လေးမြို့။

• ဖုန်း / Viber – 09 - 972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• Email - [email protected]

#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

ISO 9001:2015 and CAP Certified Molecular Laboratories in Myanmar

17/07/2026

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Laboratory Medical Officer
• M.B.B.S
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ မန္တလေး (၂) ဦး)
2. Sales Manager
• M.B.B.S
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ မန္တလေး (၂) ဦး)
3. Assistant Sales Manager
• ဘွဲ့ရ
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ မန္တလေး (၂) ဦး)
4. IT
• A+
• ရန်ကုန် (လမ်းမတော် (၂ ဦး)
5. Sales Supervisor
• ရန်ကုန် (လမ်းမတော် (၂ ဦး) ၊ မန္တလေး (၂) ဦး)
6. Sales & Marketing Staff
• ရန်ကုန် (လမ်းမတော် (၃ ဦး) ၊ မန္တလေး (၃) ဦး)
7. Admin Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး)
8. Customer Service Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး )
8. Computer Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး)
9. Blood Collector
• ရန်ကုန် (လမ်းမတော် (၃) ဦး)
10. Nurse Aid
• ရန်ကုန် (လမ်းမတော် (၂) ဦး )
11. Delivery
• ရန်ကုန် (လမ်းမတော် (၃) ဦး )

(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ CV Form များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email/ Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
• အမှတ် (၇၉၇) ၊ အခန်းအမှတ်(၀၀၄-က) ၊ MAC Tower (2), ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / Viber – 09 - 972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• Email - [email protected]
#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆 See less See less

26/06/2026

လူထု အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း (မန္တလေး နှင့်
ပြင်ဦးလွင်) တွင် လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Sales Manager
• M.B.B.S
• မန္တလေး (၁) ဦး

2. Assistant Sales Manager
• ဘွဲ့ရ (Medical related)
• မန္တလေး (၂) ဦး

3. Marketing Staff
• ဘွဲ့ရ (သို့) တက္ကသိုလ်တက်ဆဲ
• မန္တလေး (၅) ဦး
• ပြင်ဦးလွင် (၁) ဦး

( အမှတ်စဉ် ၁ ၊ ၂ များ အတွက် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ရှိရမည်။ အမှတ်စဉ် ၃ အတွက် လုပ်ငန်းအတွေ့အကြုံ မရှိသူများလဲ လျှောက်ထားနိုင်ပါသည် ။ )

(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ CV Form များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email/ Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
• အခန်း(၃)၊ SY Building, လမ်း (၃၀), ၇၇ နှင့် ၇၈ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တ​လေးမြို့။

• ဖုန်း / Viber – 09 - 972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• Email - [email protected]

#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆

16/06/2026

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Sales Manager
• M.B.B.S
• ရန်ကုန် (လမ်းမတော် (၁) ဦး)

2. Assistant Sales Manager
• ဘွဲ့ရ
• ရန်ကုန် (လမ်းမတော် (၂) ဦး)

3. Sales Supervisor
• ဘွဲ့ရ
• ရန်ကုန် (လမ်းမတော် (၂ ) ဦး)

4. Sales & Marketing Staff
• ရန်ကုန် (လမ်းမတော် (၃) ဦး)

( အမှတ်စဉ် ၁ ၊ ၂ ၊ ၃ များ အတွက် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ရှိရမည်။ အမှတ်စဉ် ၄ အတွက် လုပ်ငန်းအတွေ့အကြုံ မရှိသူများလဲ လျှောက်ထားနိုင်ပါသည် ။ )

(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ CV Form များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email/ Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
• အမှတ် (၇၉၇) ၊ အခန်းအမှတ်(၀၀၄-က) ၊ MAC Tower (2), ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / Viber – 09 - 972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• Email - [email protected]
#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆 See less

❤️ သင့်ရဲ့ နှလုံးကျန်းမာရေးသည် သင့်ရဲ့ နေ့စဉ်ရွေးချယ်မှုများမှတဆင့် စတင်ပါတယ် ❤️လူတစ်ယောက်ချင်းစီ၏ နှလုံးသည် ၂၄ နာရီမပြတ...
12/06/2026

❤️ သင့်ရဲ့ နှလုံးကျန်းမာရေးသည် သင့်ရဲ့ နေ့စဉ်ရွေးချယ်မှုများမှတဆင့် စတင်ပါတယ် ❤️

လူတစ်ယောက်ချင်းစီ၏ နှလုံးသည် ၂၄ နာရီမပြတ် မရပ်မနား အလုပ်လုပ်ပေးနေရပါတယ်။နှလုံးခုန်သံ တစ်ချက်ချင်းစီတိုင်းကလဲ လူတစ်ယောက် အသက်ရှင်နေနိုင်ဖို့အတွက် အရေးပါလှပါတယ်။

နေ့စဉ်ပြုလုပ်လိုက်သော အလေ့အထသေးသေးလေး
ကပင် ၂၄ နာရီပတ်လုံး မနားပဲ အလုပ်လုပ်နေရတဲ့ သင့်နှလုံးအတွက် ကြီးမားသော အကျိုးကျေးဇူးများ ပေးနိုင်ပါတယ်။

❤️နှလုံးကျန်းမာရေးအတွက် နေ့စဉ်ပြုလုပ်နိုင်သော အလေ့အထများ❤️

🚶 ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်ပါ

· တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
· လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုလုပ်ခြင်းတို့သည် နှလုံးအားကောင်းစေရန်အတွက် များစွာအထောက်အကူပြုပါသည်။

🥗 နှလုံးကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သော အစားအစာများကို ရွေးချယ်ပါ

· သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်အပြည့်အဝပါဝင်သော အစားအစာများ၊ အဆီဓါတ်နည်းပြီး ပရိုတင်းများသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ပိုမိုစားသုံးပါ။
· ဆား၊ သကြားနှင့် အဆီပြည့်ဝသော အစားအစာများကို လျှော့ချပါ။

💧 ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ

· ရေလုံလောက်စွာ သောက်သုံးခြင်းသည် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေပြီး နှလုံးနှင့် သွေးကြောကျန်းမာရေးကိုလဲ များစွာအထောက်အကူပြုပါသည်။

😴 အိပ်ရေးဝဝအိပ်ပါ

· အရွယ်ရောက်သူများသည် တစ်ညလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန် အနည်းဆုံး ၇ မှ ၉ နာရီအထိ ရရှိရန် လိုအပ်ပါသည်။
· အိပ်ရေးမဝခြင်းသည် နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

🧘 စိတ်ဖိစီးမှုကို လျော့ကျအောင်နေပါ

· အနားယူရန် ကိုယ်ပိုင် အချိန်ပေးပါ၊
· အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပါ၊
· တရားထိုင်ပါ သို့မဟုတ် သင်နှစ်သက်သော ဝါသနာများကို လုပ်ဆောင်ပါ။

🚭 ဆေးလိပ်မသောက်ပါနှင့် အရက်သောက်သုံးမှုကို လျော့ချပေးပါ

· ဤအလေ့အထများသည် နှလုံးရောဂါနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါသည်။

❤️ ဒီနေ့အတွက် သင့်နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ရအောင်ရှင်

မိမိကိုယ်ကို အောက်ပါမေးခွန်းလေးတွေ မေးကြည့်လိုက်ပါ -

✅ ဒီနေ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးပြီလား?

✅ သစ်သီး သို့မဟုတ် ဟင်းသီးဟင်းရွက် အနည်းဆုံးတစ်မျိုး စားပြီးပြီလား?

✅ စိတ်ဖိစီးမှု လျှော့ချဖို့ အချိန်အနည်းငယ် ပေးဖြစ်ခဲ့လား?

✅ ဒီည လုံလောက်စွာ အနားယူနိုင်မလား?

ဒီအချက်လေးကို သေချာမှတ်ထားပေးပါရှင် -

❤️ ကျန်းမာသော နှလုံးတစ်ခုသည် ပြီးပြည့်စုံသော နေထိုင်မှု အလေ့အထကြောင့် မဟုတ်ဘဲ နေ့စဉ် ဆက်တိုက်ပြုလုပ်နေခဲ့သော ကျန်းမာရေးအတွက် မှန်ကန်သော လုပ်ဆောင်ချက် နည်းနည်းချင်းဖြင့် တည်ဆောက်လာခြင်း ဖြစ်ပါတယ် ❤️

ဒီလို နေ့စဉ်လုပ်ဆောင်နေသော သေးငယ်သော ခြေလှမ်းကလေးများကပင် သင့်ကို ပိုမိုကျန်းမာသန်စွမ်းသော အနာဂတ်ဆီသို့ ဦးတည်စေမှာ ဖြစ်ပါတယ်

---------------------------------------------------
အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိရန် အတွက်သာ ရည်ရွယ်ပြီး ရေးသားတင်ပြအပ်ပါသည်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮
𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :

𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬�𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#နှလုံးကျန်းမာရေး #ကျန်းမာသောလူနေမှုဘဝ

လူကြီးမင်းတို့ အနေဖြင့် MMDC and LUDU အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှ...
02/06/2026

လူကြီးမင်းတို့ အနေဖြင့်
MMDC and LUDU အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက
အောက်ဖော်ပြပါ Hotline ဖုန်းများထံသို့
ဓါတ်ခွဲခန်းဖွင့်ချိန်
မနက် - ၇ နာရီ မှ ည - ၇:၃၀ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်

Hotline - Yangon - 09 442 333 748
Hotline - Mandalay - 09 952 059 392

ကျေးဇူးတင်ပါတယ်ရှင်

သင်ဟာ........-       မကြာခဏ ပင်ပန်းနွမ်းနယ်နေတတ်မယ်-       ခေါင်းမူး ခေါင်းကိုက်တာတွေ မကြာခဏဖြစ်တတ်မယ်-       အသားအရည်နဲ...
29/05/2026

သင်ဟာ........

- မကြာခဏ ပင်ပန်းနွမ်းနယ်နေတတ်မယ်
- ခေါင်းမူး ခေါင်းကိုက်တာတွေ မကြာခဏဖြစ်တတ်မယ်
- အသားအရည်နဲ့ နှုတ်ခမ်းတွေ ဖြူဖျော့မယ်
- ဆံပင်တွေ ပါးတာ ဆံပင်တွေ သိသိသာသာကျွတ်လားတာကို သတိထားမိမယ်
- နည်းနည်းလောက် လှုပ်ရှားရင် မောတတ်တယ်
- တခါတရံ ခြေဖျားလက်ဖျားလေးတွေ အေးနေတတ်တယ်
- နှလုံးခုန်မြန်ပြီး ရင်တုန်တာမျိုး ဖြစ်တတ်တယ်
- တခါတရံ အာရုံစူးစိုက်ဖို့ ခက်ခဲမယ်
- လက်သည်းခြေသည်းလေးတွေ ကျွတ်ဆတ်ပြီး ကျိုးလွယ်တတ်တယ်

ဒါအပြင် သင်က အမျိုးသမီး တစ်ဦးလဲဖြစ်နေမယ်ဆိုရင်

“သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ” ကို လျစ်လျူမရှုသင့်ပါဘူး

သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တဲ့အပြင် ရောဂါလက္ခဏာတွေက အခြားသော အကြောင်းအရာ၊ အခြေအနေ စတာတွေနဲ့ ရောသွားတတ်လို့ သာမာန် ပင်ပန်းနေတာပါလို့ပဲ သတ်မှတ်မိလိုက်ကြပြီး သွေးအားနည်းနေတာကို သတိမထားမိကြတာများပါတယ်

ဘာကြောင့် အမျိုးသမီးတွေမှာ အဖြစ်များရတာပါလဲ?

အမျိုးသမီးတွေဟာ
🩸 သဘာဝအရ ပုံမှန် လစဉ် ရာသီစက်ဝန်းမှာ ဆုံးရှုံးသွားတဲ့ သွေးမပဏတွေရှိပါတယ်
🩸 ရာသီပုံမှန်ထက် ပိုပြီး ပမာဏများတဲ့ အချိန်တွေလဲရှိပါတယ် (ပုံမှန် သို့ အခြားသော အခြေအနေ/ရောဂါကြောင့်)
🩸 ကိုယ်ဝန်ဆောင်ချိန် နှင့် ချို့တိုက်ချိန်တွေမှာလဲ သွေးအားနည်းတတ်ပါတယ်
🩸 မကြာခဏ diet လုပ်ခြင်းနှင့် အစားထိန်းခြင်းကလဲ သွေးအားနည်းတတ်တဲ့ အကြောင်းများစွာထဲက တစ်ခုဖြစ်ပါသည်
🩸 သံဓါတ်ပါဝင်သော အစားများ စားသုံးမှု နည်းပါခြင်းကြောင့်လဲ ဖြစ်တတ်ပါတယ်
🩸 သွေးထွက်နေသော ရောဂါအခံရှိခြင်း (ဥပမာ - အစာအိမ်အနာ, အူမကြီးသွေးယိုခြင်း စသည်)

သံဓါတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါတယ်။

ရှုသွင်းလိုက်သော လေထဲမှ ပါလာသော အောက်ဆီဂျင်ကို သွေးကနေတဆင့် ခန္ဓာကိုယ် အနှံ ရောက်ရှိအောင်ဆောင်ရွက်သော နေရာတွင် သံဓါတ်သည် မရှိမဖြစ်လိုအပ်ပါသည်။

သံဓါတ် ချို့တဲ့လာပါက ခန္ဓာကိုယ် အနှံ အောက်ဆီဂျင်ရရှိမှု ကျဆင်းလာပြီး အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းခြင်း စသည်တို့က စလို့ နောက်ဆက်တွဲ များစွာဖြစ်ပွားလာရပါသည်။

ဒါကြောင့် မိမိအား သွေးအားနည်းရောဂါ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ဖိုလိုအပ်သလို သွေးအားနည်းရောဂါဖြစ်နေပါကလဲ ဆရာဝန်များဖြင့် စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသမှု ခံယူဖို့လိုအပ်ပါတယ်

သွေးအားနည်းရောဂါ မဖြစ်ရလေအောင် နဲ့ သွေးအားနည်းနေသည်ကို သိရှိပါက အဟာရအနေဖြင့်

🥩 အသား၊ ငါး၊ ဥအမျိုးမျိုး (ကြက်ဥ/ဘဲဉ/ငုံးဥ) များ ကို ပုံမှန်စားသုံးပါ

🥬 အစိမ်းရောင်ပါသော အရွက်များနှင့် သံဓါတ်ပြည့်ဝသော အသီးရွက်များကို စားသုံးပါ

🥜 ပဲအမျိုးမျိုးကို စားသုံးခြင်းဖြင့်လဲ သံဓါတ်သာမက အခြားသော အဟာရများကိုလဲ ရနိုင်ပါတယ်

သွေးအားနည်းရောဂါဟာ စောစောသိရင် စောစောကုသနိုင်ပြီး အပြည့်အ ဝပြန်လည် သက်သာတဲ့ ရောဂါမို့ ရောဂါလက္ခဏာများ စတင်သတိထားမိလာလျှင် မပေါ့ဆပါပဲ သေချာ စစ်ဆေးကုသဖို့ အကြံပြုပါရစေရှင်

အမျိုးသမီးလေးတွေ သွေးအားကောင်းလို့ ကျန်းမာလှပနိုင်ပါစေရှင်
.....……………………..........................................
သင့်ထံတွင် သွေးအားနည်းရောဂါရှိမရှိအား မြန်မာတနိုင်ငံလုံးရှိ လူထု အဆင့်မြင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းများတွင် စစ်ဆေးနိုင်ပါသည်။

အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိရန် အတွက်သာ ရည်ရွယ်ပြီး ရေးသားတင်ပြအပ်ပါသည်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮
𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :

𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

#သွေးအားနည်း

21/05/2026

📣Pause. Breathe. Reset📣
Your mind needs it!

လုပ်ဆောင်နေတာလေးတွေ ခဏချပြီး (၂) မိနစ်လောက် အချိန်ပေးရအောင်နော်
✅ နှာခေါင်းကနေ ၄ စက္ကန့်လောက် ကြာအောင် အသက်ရှုသွင်းလိုက်ပါ
✅ ပြီးရင် ၆ စက္ကန့်လောက် ကြာအောင် ပြန် ရှုထုတ်လိုက်ပါ
✅ ဒီအတိုင်းလေး (၂)မိနစ် လုပ်ကြည့်ရအောင်နော်

🔹နေ့စဉ်ဖြတ်သန်းနေရတဲ့ လူနေမှုဘဝက စိတ်ဖိစီးစရာတွေက များပြားလွန်းလှပါတယ်

- လုပ်ငန်းခွင်ရဲ့ ဖိအား
- မိသားစုပြသနာ
- ငွေရေးကြေးရေး ပြသနာ
- ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှု စတာတွေကြောင့် အသက်အရွယ်မရွေး စိတ်ဖိစီးမှု ဒဏ်ကို အနည်းနှင့် အများ ခံစားရနိုင်ပါတယ်

🔹စိတ်ဖိစီးခြင်းက စိတ်ပိုင်းဆိုင်ရာတွင်သာမက ရုပ်ပိုင်းဆိုင်ရာကိုပါ ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်

🔹စိတ်ဖိစီးတဲ့အခါ အသက်ရှုမမှန်တာ၊ ကြွက်သားတွေ တောင့်တင်းလာတာ၊ သေချာ မစဉ်းစားနိုင်တော့တာနှင့်အတူ ပင်ပန်းပြီး အားအင်ကုန်ခမ်းနိုင်စေပါတယ်. ညဖက် အိပ်မပျော်ခြင်းတွေပါ ဖြစ်လာစေပါတယ်

🔹စိတ်ဖိစီးလာတဲ့အခါ ဖြေဖျောက်ကြတဲ့ နည်းလမ်းတွေ မတူညီကြပေမယ့်
အမြန်ဆုံး နှင့် အထိရောက်ဆုံး လုပ်ဆောင်နိုင်တာကတော့ စိတ်ဖိစီးနေပြီဆိုတာ သတိကပ်လိုက်မိတဲ့ တခဏ
✅ နှာခေါင်းကနေ ၄ စက္ကန့်လောက် ကြာအောင် အသက်ရှုသွင်းလိုက်ပါ
✅ ပြီးရင် ၆ စက္ကန့်လောက် ကြာအောင် ပြန် ရှုထုတ်လိုက်ပါ
✅ ဒီအတိုင်းလေး (၂)မိနစ် လုပ်ကြည့်ရအောင်နော်

🔹ဒါကို relaxation-focused breathing methodလို့ခေါ်ပါတယ်

🔹အသက်ကို ဖြေးဖြေးချင်း ရှုသွင်း ရှုထုတ် လုပ်လိုက်တာက နှလုံးခုန်နှုန်းကို လျောကျသွားစေပြီး စိတ်ဖိစီးမှုကို ဖြစ်စေသော stress hormones ကိုလဲ ကျဆင်းစေပါတယ်။

🔹ဒီနေ့ သင်ရော အသက် ပြင်းပြင်းရှုပြီး စိတ်ဖိစီးနေတာတွေကို လျောချပြီးပြီလား?

🔹အချိန်က (၂) မိနစ်ထဲပါ

🔹မိနစ်ပိုင်းလောက် ပေးလိုက်ရတဲ့ အချိန်ခဏက သင့်တစ်နေ့တာအတွက်သာမက နေ့ရက်တိုင်းကို များစွာသော ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါလိမ့်မယ်
----------------------------------------------------------------------------------
အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိရန် အတွက်သာ ရည်ရွယ်ပြီး ရေးသားတင်ပြအပ်ပါသည်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗸𝗴𝗼𝗺𝘃𝗱𝗼𝗿𝗲𝟱𝗸𝟰𝗱𝟳𝗵𝗰𝗚𝗿𝗵𝗴𝗚𝗵𝗥𝗥𝘁𝗼𝟲𝗤𝗚𝗷𝗕%𝟮𝗙𝟲𝗼𝟰𝗞𝗯𝟰𝗿𝗟𝗮𝗵𝟴𝘇𝗚𝗯𝘅𝗮𝗘𝗲𝗬𝗕𝟯𝗫𝗯𝗔𝗭𝗠𝘄𝗮𝘄
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 : 𝐡𝐭𝐭𝐩𝐬://𝐭.𝐦𝐞/𝐦𝐦𝐝𝐜𝐥𝐮𝐝𝐮
𝐓𝐢𝐭𝐓𝐨𝐤 : 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐢𝐤𝐭𝐨𝐤.𝐜𝐨𝐦/@𝐥𝐮𝐝𝐮.𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐢𝐬_𝐟𝐫𝐨𝐦_𝐰𝐞𝐛𝐚𝐩𝐩=𝟏...

𝐘𝐨𝐮𝐓𝐮𝐛𝐞 :

𝐡𝐭𝐭𝐩𝐬://𝐲𝐨𝐮𝐭𝐮𝐛𝐞.𝐜𝐨𝐦/@𝐋𝐔𝐃𝐔𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲?𝐬𝐢=𝐯𝐐-𝐯𝐓𝐝𝐪𝐛𝐤𝐊𝐈𝐬𝐁𝐞𝟓𝐝

ISO 9001:2015 and CAP Certified Molecular Laboratories in Myanmar

18/05/2026

လူထု ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများရှိသော အောက်ပါမြို့နယ်များတွင်လုပ်ကိုင်ရန်အတွက် ဝန်ထမ်းများ အမြန်အလိုရှိပါသည်။

1. Laboratory Medical Officer
• M.B.B.S
• ရန်ကုန် (လမ်းမတော် (၂ ဦး)
2. Assistant Auditor
• LCCI Level 1 (or) 2
• ရန်ကုန် (လမ်းမတော် (၁ ဦး)
3. Sales Supervisor
• ရန်ကုန် (လမ်းမတော် (၂ ဦး) ၊ မန္တလေး (၂) ဦး)
4. Sales & Marketing Staff
• ရန်ကုန် (လမ်းမတော် (၃ ဦး) ၊ မန္တလေး (၂) ဦး)
5. Admin Staff
• ရန်ကုန် (လမ်းမတော် (၃) ဦး)
6. Cashier
• ရန်ကုန် (လမ်းမတော် (၂) ဦး)
7. Customer Service Staff
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ အင်းစိန် / မြောက်ဥက္ကလာ / သင်္ဃကျွန်း (၁) ဦးစီ)
8. Computer Staff
• ရန်ကုန် (လမ်းမတော် (၄) ဦး)
9. Blood Collector
• ရန်ကုန် (လမ်းမတော် (၂) ဦး ၊ သာကေတ ၊ အင်းစိန် (၁) ဦးစီ)
10. Nurse Aid
• ရန်ကုန် (လမ်းမတော် (၂) ဦး )
11. Delivery
• ရန်ကုန် (လမ်းမတော် (၃) ဦး ၊ သင်္ဃကျွန်း / တောင်ဥက္ကလာ / မြောက်ဥက္ကလာ /တာမွေ/အင်းစိန် (၁) ဦးစီ) ၊ မန္တလေး (၂) ဦး)

(လူကိုယ်တိုင် အမှန်တကယ် အင်တာဗျုးဝင်ရောက်ဖြေဆိုနိုင်မှသာ CV Form များပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါလိပ်စာမှတဆင့် လူကိုယ်တိုင်ဖြစ်စေ၊ အောက်ပါ Email/ Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
• အမှတ် (၇၉၇) ၊ အခန်းအမှတ်(၀၀၄-က) ၊ MAC Tower (2), ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
• ဖုန်း / Viber – 09 - 972798321 (ရုံးချိန်အတွင်းသာ ဆက်သွယ်ရန်)
• Email - [email protected]
#𝗿𝗲𝗰𝗿𝘂𝗶𝘁𝗶𝗻𝗴 #𝗷𝗼𝗯𝘀 #𝗠𝗠𝗗𝗖𝗮𝗻𝗱𝗟𝘂𝗱𝘂𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆 See less

📣စင်တာအသစ် ဖွင့်လှစ်ကြောင်း ကြေညာခြင်း📣ရန်ကုန်မြို့ ၊သာ​ကေတမြို့နယ် အတွင်းနေထိုင်သူများ ကျန်းမာရေးအတွက် ဓါတ်ခွဲစစ်ဆေးမှု...
16/05/2026

📣စင်တာအသစ် ဖွင့်လှစ်ကြောင်း ကြေညာခြင်း📣

ရန်ကုန်မြို့ ၊သာ​ကေတမြို့နယ် အတွင်းနေထိုင်သူများ ကျန်းမာရေးအတွက် ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင်
သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်ပြီး
လူထုဓါတ်ခွဲခန်း ရုံးခွဲအသစ်ကို

🏠 အမှတ်(၆၆)၊ ၂ ရပ်ကွက်၊ ဇင်္ဂမလမ်း
သာ​​ကေတမြို့နယ်၊ ရန်ကုန်မြို့၌
ထပ်မံ တိုးချဲ့ဖွင့်လှစ်ထားပြီးဖြစ်ပါ‌ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

☎️သာကေတစင်တာဖုန်း - ၀၉-၉၆၇၂၀၉၅၈၇

✅နိုင်ငံတကာ အဆင့်မှီစက်ကြီးများကို အသုံးပြုပြီး
သွေး၊ဆီး၊ဝမ်း၊သလိပ် အစရှိသည့် ဓါတ်ခွဲစမ်းသပ်ခြင်းများကို
မနက်(၈)နာရီမှ ည(၇)နာရီအထိ
ပိတ်ရက်မရှိ ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါသည်။

#ရုံးသစ်တိုးချဲ့ဖွင့်လှစ်ကြောင်းကြေငြာခြင်း

Address

Building No (797), Room No (004-A), MAC Tower (II), Corner Of Bogyoke Road & Wardan Street, Lanmadaw Township
Yangon
0264956

Alerts

Be the first to know and let us send you an email when MMDC & LUDU Laboratories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MMDC & LUDU Laboratories:

Shortcuts

Share

Category