Mingalar Moe Specialist Clinic And Rehabilitation Center

Call Directions Contact the practice

Mingalar Moe Specialist Clinic And Rehabilitation Center အရိုးအကြောအဆစ်ရောဂါတွေကို အတူဖြေရှင်းကြရအောင်

🔎 “ငါ့ ဒူးဘာကြောင့်နာရတာလဲ???ဒူးနာတာကို အများဆုံးတွေ့ရတဲ့ အကြောင်းအရင်းတွေကိုနားလည်ထားရင်👉 ကိုယ့်အခြေအနေကို ကိုယ်တိုင်တေ...
08/04/2026

🔎 “ငါ့ ဒူးဘာကြောင့်နာရတာလဲ???

ဒူးနာတာကို အများဆုံးတွေ့ရတဲ့ အကြောင်းအရင်းတွေကိုနားလည်ထားရင်
👉 ကိုယ့်အခြေအနေကို ကိုယ်တိုင်တောင် ခန့်မှန်းနိုင်ပါတယ်။

⸻

1️⃣ ဒူးဆစ်အရိုးနု ပွန်းစားခြင်း ( ဝါ ) အရိုးကျီးပေါင်းဖြစ်ခြင်း ( Osteoarthritis (OA Knee))

👉 ဘာဖြစ်တာလဲ?
ဒူးအဆစ်ထဲမှာရှိတဲ့ cartilage လို့ခေါ်တဲ့ ချောမွေ့တဲ့ အရိုးနုလွှာလေးပျက်စီးသွားတာပါ။
Cartilage ဟာ အဆစ်တွေလှုပ်ရှားတဲ့ အခါ အဆင်ပြေပြေ ချောချောမွေ့မွေ့ လှုပ်ရှားလို့ရအောင် ဒဏ်ခံပစ္စည်း (shock absorber ) အနေနဲ့လုပ်ပေးပါတယ်။ အချိန်ကြာတာနဲ့အမျှအရိုးနုလေးတွေက ပါးလွှာပြီး ကြမ်းတမ်းလာပါတယ်။ အကာအကွယ်ဖြစ်တဲ့ အရိုးနုတွေ ကုန်သွားတဲ့အခါ အရိုးချင်း တိုက်ရိုက်ပွတ်မိပြီး နာကျင်မှုကို ဖြစ်စေတာပါ။

👉 ဘယ်သူတွေမှာအဖြစ်များလဲ?
* အသက် ၅၀ ကျော်လာသူတွေမှာ ပိုဖြစ်ပါတယ်။
* ဝလွန်းရင် ဒူးက ဝန်ပိတဲ့အတွက် ပိုပြီး ပွန်းစားလွယ်ပါတယ်။
* မိဘမျိုးရိုးမှာ ရှိရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
* အရင်က ဒူးဆစ်ဒဏ်ရာ ရဖူးသူတွေမှာ အဖြစ်များပါတယ်။
* ဒူးကို အမြဲသုံးရတဲ့ အလုပ် (ဥပမာ- ကုန်ထမ်းတာ၊ ထိုင်ထအလုပ်များတာ) လုပ်သူတွေမှာ အဖြစ်များပါတယ်။

👉 လက္ခဏာ
* လမ်းလျှောက်ရင် သို့မဟုတ် လှေကားတက်ရင် ဒူးနာခြင်း။
* အကြာကြီး နားနေပြီးမှ ပြန်ထရင် ဒူးက တောင့်တင်းနေခြင်း။
* ဒူးလှုပ်ရှားတဲ့အခါ အတွင်းကနေ တကျွတ်ကျွတ် မြည်သံကြားရခြင်း (Crepitus)။
* ဒူးဆစ်က ပုံမှန်ထက် ပိုကြီးလာခြင်း သို့မဟုတ် ပုံစံပြောင်းလာခြင်း (ဒူးခွင်လာခြင်း)။

👉 ❗ တဖြေးဖြးပိုဆိုးလာပြီး နောက်ပိုင်းမှာ အဆစ်ပျက်ပြီး ခွဲစိတ်ရန်လိုအပ်တဲ့ အဆင့်အထိရောက်သွားတတ်ပါတယ်။

2️⃣ အရွတ် ဒဏ်ရာရခြင်း (Ligament Injury)

👉 ဘာဖြစ်တာလဲ?

အရိုးတစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်ပေးထားတဲ့ ကျုံ့ဆန့်နိုင်စွမ်းရှိတဲ့ အမျှင်တန်း (Ligament) လေးတွေ ဒဏ်ရာရတာကို ခေါ်တာပါ။ မြန်မာလိုတော့ "အရွတ်ဒဏ်ရာရခြင်း" လို့ အလွယ်ခေါ်ကြပါတယ်။

👉 ဖြစ်ရတဲ့အကြောင်း

အဓိက အကြောင်းအရင်းတွေကတော့ အဆစ်အမြစ်တွေကို ပုံမှန်လှုပ်ရှားနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး ရုတ်တရက် အားနဲ့ ဆွဲဆန့်မိတာ ဒါမှမဟုတ် လိမ်ထွက်သွားတာကြောင့် ဖြစ်ပါတယ်။

အရွတ်ဒဏ်ရာရဲ့ ပြင်းထန်မှုကို အဆင့် (၃) ဆင့် ခွဲခြားနိုင်ပါတယ် -
* Grade 1 (အနည်းငယ် ဒဏ်ရာရခြင်း): အရွတ်လေးတွေ အနည်းငယ် ဆွဲဆန့်ခံရတာပါ။ အဆစ်ကတော့ ခိုင်မြဲနေသေးပေမဲ့ နာကျင်တာ၊ ရောင်တာမျိုး ရှိတတ်ပါတယ်။
* Grade 2 (တစ်စိတ်တစ်ပိုင်း ပြတ်ခြင်း): အရွတ်အမျှင်တန်းအချို့ ပြတ်သွားတာပါ။ အဆစ်က အနည်းငယ် မခိုင်သလို (Instability) ခံစားရတတ်ပါတယ်။
* Grade 3 (လုံးဝပြတ်သွားခြင်း): အရွတ်က နှစ်ပိုင်း လုံးဝပြတ်ထွက်သွားတာပါ။ အဆစ်က လုံးဝမခိုင်တော့ဘဲ လှုပ်ရှားရတာ အလွန်ခက်ခဲသွားပါတယ်။

👉 ဘယ်သူတွေမှာအဖြစ်များလဲ?

* Football / Futsal / Badminton စတဲ့ အားကစားသမားများ တွေမှာအဖြစ်များပါတယ်။

👉 ရောဂါလက္ခဏာများ

* ဒဏ်ရာရရချင်း "ပေါက်" ကနဲ အသံကြားရခြင်း (သို့မဟုတ်) ခံစားရခြင်း။
* ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း။
* ဒဏ်ရာရတဲ့နေရာက ချက်ချင်းဆိုသလို ဖောင်းကြွပြီး ရောင်လာခြင်း။
* အဆစ်ကို အားပြုလို့ မရတော့ခြင်း (ဥပမာ - ခြေထောက်ကို အားပြုပြီး မတ်တပ်ရပ်မရခြင်း)။

👉 ❗ Grade 1 နဲ့ Grade 2 မှာ အနားယူတာ၊ လေ့ကျင့်ခန်းလုပ်တာ (Physiotherapy) နဲ့တင် သက်သာနိုင်ပေမဲ့ Grade 3 (လုံးဝပြတ်သွားခြင်း) အဆင့်မှာတော့ လိုအပ်ရင် ခွဲစိတ်ကုသမှု (Ligament Reconstruction) လုပ်ဖို့ လိုအပ်နိုင်ပါတယ်။
⸻

3️⃣ Meniscus Injury ( ဒူးဆစ်ကြားခံ အရိုးနုပျက်စီးခြင်း)

👉 ဘာဖြစ်တာလဲ?

Meniscus Injury ဆိုတာ ဒူးဆစ်အတွင်းက အရိုးနှစ်ခုကြားမှာရှိတဲ့ လခြမ်းပုံစံ အရိုးနုပြား (Meniscus) လေးတွေ ဒဏ်ရာရတာ သို့မဟုတ် ပြတ်တောက်သွားတာကို ခေါ်ပါတယ်။
ဒူးဆစ်တစ်ခုမှာ Meniscus နှစ်ခု (အတွင်းဘက် တစ်ခု၊ အပြင်ဘက် တစ်ခု) ပါဝင်ပြီး သူတို့က ဒူးဆစ်အတွက် အဓိက Shock absorber (ဒဏ်ခံလွှာ) အဖြစ် တာဝန်ယူပေးထားတာပါ။

👉 ဖြစ်ရတဲ့အကြောင်းအရင်းများ

* ရုတ်တရက် လှည့်မိခြင်း (Twisting): ခြေထောက်ကို မြေကြီးပေါ်မှာ အသေထားပြီး ကိုယ်လုံးကို ရုတ်တရက် အားနဲ့ လှည့်လိုက်တဲ့အခါ (ဥပမာ- ဘောလုံးကစားခြင်း၊ တင်းနစ်ကစားခြင်း)။
* အသက်အရွယ်ကြောင့် ပျက်စီးခြင်း (Degenerative Tears): အသက်ရလာတဲ့အခါ အရိုးနုပြားလေးတွေက အားနည်းပြီး ဟောင်းနွမ်းလာတာကြောင့် ခါးကိုင်းတာ ဒါမှမဟုတ် ထိုင်ထလုပ်ရုံနဲ့တင် ပြတ်သွားနိုင်ပါတယ်။
* လေးလံသော အရာများ မခြင်း: ဒူးကို ဝန်ပိစေတဲ့ အလုပ်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

👉 လက္ခဏာ
* ဒူး “lock” ဖြစ် (မကွေးနိုင် မဆန့်နိုင် ဖြစ်နေခြင်း )
* ဒူးကို လှုပ်ရှားတဲ့အခါမှာ အတွင်းက တစ်ခုခုက ထောက်နေသလိုလို ခုခံနေသလိုလို ခံစားရခြင်း။
* ၂ ရက်၊ ၃ ရက်လောက်ကြာရင် ဒူးက တဖြည်းဖြည်း တင်းပြီး ရောင်လာခြင်း။
* ဒူးမခိုင်ခြင်း (Giving way): လမ်းလျှောက်ရင် ဒူးက ခွေကျသွားမလိုမျိုး မခိုင်သလို ခံစားရခြင်း။

👉 အရေးကြီးချက်
❗ အချိန်ကြာလာတာနဲ့ အမျှ ဒူးတွင်းက အရိုးနု ပျက်စီးလာပြီး အချိန်တိုအတွင်းမှာ ခွဲစိတ်ရတဲ့ အဆင့်ရောက်တတ်ပါတယ်။
⸻

4️⃣ ခုခံအား လွန်ကဲမှုကြောင့်ဖြစ်သော အဆစ်​ရောင်ရောဂါ ( Rheumatoid Arthritis (RA))

👉 ဘာဖြစ်တာလဲ?
ကိုယ်ခံအားက ကိုယ့်အဆစ်ကို ပြန်တိုက်ခိုက်တဲ့ ရောဂါပါ။

👉 ဘယ်သူတွေဖြစ်လဲ?
• အမျိုးသမီးတွေ
• သက်လတ်ပိုင်း တွေမှာ ပို အဖြစ်များပါတယ်။

👉 လက္ခဏာ
• ဒူးက တစ်ဖက်တည်းမဟုတ်ပဲ နှစ်ဖက်လုံး နာတတ်ပါတယိ။
• မနက်စောစော အိပ်ယာထချိန်မှာ သို့မဟုတ် အကြာကြီးနားပြီးတဲ့ အချိန်တွေမှာ အဆစ်အမြစ်တွေက တစ်နာရီလောက် တောင့်တင်းနေတတ်ပါတယ်။
• အဆစ်အမြစ်တွေက စူးစူးဝါးဝါးနာတာမျိုး ဒါမှမဟုတ် ကိုက်ခဲနေတာမျိုး ဖြစ်နေတတ်ပါတယ်။
• အဆစ်တွေက ဖောင်းကြွပြီး ရောင်နေတတ်သလို ကိုင်ကြည့်ရင် နွေးနေတတ်ပါတယ်။

👉 အရေးကြီးချက်
❗ စောစီးစွာ ကုသမှုမရှိပါက အရိုးအဆစ်တွေ ပုံပျက်ပြီး ဒူးနာရုံသာမက ဒူးခွင်လာတာ ဒူးတွေစောင်းလာတာ မျိုးဖြစ်တတ်ပါတယ်။

⸻

5️⃣ ဂေါက်ရောဂါ ( Gout )

👉 ဘာဖြစ်တာလဲ?
Uric acid တက်ပြီး ပုံဆောင်ခဲလေးတွေ အဆစ်ထဲ စုပြီး ရုတ်တရက် ပြင်းထန်စွာရောင်ရမ်းနာကျင်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

👉 ဖြစ်ရတဲ့အကြောင်းအရင်းများ

• အမျိုးသားများ။
• အသားနီ၊ ပင်လယ်စာနဲ့ ကလီစာ ကြိုက်သူများ
• အရက် (အထူးသဖြင့် ဘီယာ) အသောက်များသူများ။
• အဝလွန်သူများ၊ သွေးတိုး သို့မဟုတ် ဆီးချို ရှိသူများ မှာ အဖြစ်များပါတယ်။

👉 ရောဂါလက္ခဏာများ
• များသောအားဖြင့် ညဘက် ဒါမှမဟုတ် မနက်စောစောပိုင်းမှာ အဆစ်တွေက ဆိုးဆိုးရွားရွား နာလာတတ်ပါတယ်။
• နာတဲ့အဆစ်က သိသိသာသာ နီရဲပြီး ကိုင်ကြည့်ရင် ပူနေတတ်သလို အဝတ်နဲ့ ထိရုံနဲ့တင် မခံမရပ်နိုင်အောင် နာတတ်ပါတယ်။

👉 အရေးကြီးချက်
❗ သေချာ မထိနိးနိုငိရင် မကြာခန ပြန်ပြန်ဖြစ်တတ်ပါတယ်။ အဆစ်တွေ ပုံစံပျက်စီးသွားတတ်ပါတယ်။

👉 ဒူးနာရတာဟာ တစ်မျိုးတည်းမဟုတ်ပဲနဲ့ အကြောင်းအမျိုးမျိုးရှိတဲ့အတွက်

❗ အကြောင်းအရင်းမှားပြီးကောက်ချက်ချမိရင် → ကုသမှုမှားမှာဖြစ်ပါတယ်။
❗ ကုသမှုမှားရင် → ရောဂါက မသက်သာပဲ ပိုပိုဆိုးဝါးသွားတတ်ပါတယ်။ဒါကြောင့် မိမိရဲ့ ဒူးနာရတဲ့အကြောင်းကို သိဖို့က အရေးကြီးဆုံးပါ။

👉 မင်္ဂလာမိုးဆေးခန်းမှာ အတွေ့အကြုံရင့်တဲ့ အကြောအဆစ် ဆရာဝန်ကြီးများနှင့်
👉 ဘယ်အမျိုးအစားဖြစ်နိုင်လဲ + ဘယ်လိုကုသသင့်လဲဆိုတာ သေချာဆွေးနွေးတိုင်ပင်လို့ရနေပါပြီ။

👉 မင်္ဂလာမိုး အရိုးအကြောအဆစ် အထူးကုဆေးခန်း
အမှတ် ၁၁၃၃(က) ၊ သုနန္ဒာလမ်း ၊ မဟာကျန်သစ္စာရှင်ဘုရားကြီး အနီး ၊ မြောက်ဥက္ကလာပမြို့နယ်။
👉 ဖုန်း : 09 40448 3144 ၊ 09 77 987 999 7

#မင်္ဂလာမိုး အရိုးအကြောအဆစ် အထူးကုဆေးခန်း
#ဒူးနာ
#ခါးနာ

08/03/2026

မနက်အိပ်ရာထပြီးတိုင်း ခြေဖနောင့် အရမ်းနာနေပြီလား?

မနက်အိပ်ရာထပြီး ပထမဆုံးလှမ်းတဲ့အချိန်
🔹 ခြေဖနောင့်အောက်မှာ ဆူးထိုးသလိုနာတယ်
🔹 လမ်းနည်းနည်းလျှောက်တော့ သက်သာသလိုဖြစ်တယ်
🔹 အချိန်ကြာကြာရပ်ရင် ပြန်နာလာတတ်တယ်

ဒီလိုလက္ခဏာတွေရှိရင် Heel Spur (ခြေဖနောင့်အတက်ထွက်တာ ဖြစ်နေနိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ?
• အချိန်ကြာကြာ ရပ်ပြီးအလုပ်လုပ်ရခြင်း
• ကိုယ်အလေးချိန်များခြင်း
• စီးသည့် ဖိနပ်အဆင်မပြေခြင်း
• လမ်းများများလျှောက်ရသောအလုပ်များလုပ်ရခြင်း

တို့ဟာ Heel Spur ဖြစ်စေတဲ့ အကြောင်းတွေပါ။

ကုသနိုင်တဲ့နည်းများ
✔️ ခြေဖဝါး Stretching Exercise
✔️ Heel Support / Cushion
✔️ Physiotherapy Treatment
✔️ လိုအပ်ပါက ဆေးထိုးကုသမှု

များဖြင့်ကုသနိုင်ပါတယ်။

စောစောစစ်ဆေးကုသပါက ခွဲစိတ်စရာမလိုပဲ သက်သာနိုင်ပါတယ်။

မင်္ဂလာမိုး အရိုးအကြောအဆစ် အထူးကုဆေးခန်း
အမှတ် ၁၁၃၃(က)၊သုနန္ဒာလမ်းမကြီး ၊မဟာကျိန်
သစ္စာရှင်ဘုရားကြီးအနီး၊ မြောက်ဥက္ကလာပမြို့နယ်။

Ph. 0977987997 , 09404483144

#ဖနောင့်အတက်ထွက်
#မင်္ဂလာမိုး
Spur
#ဖနောင့်နာ

အရိုးအကြောအဆစ်ရောဂါတွေကို အတူဖြေရှင်းကြရအောင်

14/02/2026

Valentine Syndrome ???
Office Syndrome ???

28/01/2026

Team Mingalar Moe

27/01/2026

Team Mingalar Moe Creation

Mingalar Moe Specialist Clinic And Rehabilitation Center

27/01/2026

အလုပ်မှာ အလုပ်လုပ်စရာမလိုတဲ့ အခြေအနေအကြောင်းအရင်းများ

25/01/2026

Team Mingalar Moe creation

01/01/2026

2026 Mingalar Moe

Address

No. 1133/A , Thunanda Road, North Okkalapa Township
Yangon
11031

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959779879997

Website

Alerts

Be the first to know and let us send you an email when Mingalar Moe Specialist Clinic And Rehabilitation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mingalar Moe Specialist Clinic And Rehabilitation Center:

Shortcuts

Share

Category