26/09/2026
🩺 CPD Training Program – “Triage System”
Okkala Hospital ၏ 10th Floor တွင် Nursing Staff များ၏ လုပ်ငန်းခွင်ဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ “Triage System” ခေါင်းစဉ်ဖြင့် CPD Training Program ကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Training Program တွင် Speaker – Daw Khaing Khaing Aye (B.N.Sc) မှ Triage System နှင့် ပတ်သက်သည့် အကြောင်းအရာများကို မျှဝေပို့ချပေးခဲ့ပြီး တက်ရောက်သူများအနေဖြင့် CPD 2 Points ရရှိမည်ဖြစ်ပါသည်။
အဆိုပါ Training Program သို့ Nursing Managers နှင့် Nurses များ တက်ရောက်ခဲ့ကြပြီး လူနာများ၏ အရေးပေါ်အခြေအနေအလိုက် မှန်ကန်စွာ အကဲဖြတ်ခြင်း၊ ဦးစားပေးကုသစောင့်ရှောက်မှုပေးခြင်းနှင့် Triage System ကို လုပ်ငန်းခွင်အတွင်း ထိရောက်စွာ အသုံးချနိုင်ရေးအတွက် လိုအပ်သော အသိပညာများကို လေ့လာမျှဝေခဲ့ကြပါသည်။