Sakura Dental Clinic - North Dagon

Sakura Dental Clinic - North Dagon We care your smile

သွားပေါ်က ဒီလိုမဲမဲလေးတွေမြင်ဖူးကြလား ..‼️🦷မြင်ဖူးကြမှာပါ။ သွားပေါ်မှာ အမည်းစက် သို့မဟုတ် အမည်းကြောင်းလေးတွေ တွေ့ရတာဟာ အ...
11/08/2026

သွားပေါ်က ဒီလိုမဲမဲလေးတွေမြင်ဖူးကြလား ..‼️🦷

မြင်ဖူးကြမှာပါ။ သွားပေါ်မှာ အမည်းစက် သို့မဟုတ် အမည်းကြောင်းလေးတွေ တွေ့ရတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။

အဓိကဖြစ်လေ့ရှိတဲ့ အကြောင်းရင်းတွေကတော့ -
🦠 သွားပိုးစားခြင်း
အစဦးပိုင်း သွားအခေါင်းပေါက် မဖြစ်သေးပေမဲ့ သွားရဲ့ အပြင်ဘက်ကြွေလွှာပေါ်မှာ သွားပိုးစားတာ စတင်နေချိန်မှာ အမည်းစက် သို့မဟုတ် အညိုရောင်အစက်လေးတွေ ဖြစ်လာတတ်ပါတယ်။

🦷 သွားကျောက်တွယ်ခြင်း
အစားအသောက် အကြွင်းအကျန်တွေနဲ့ ဗက်တီးရီးယားတွေ ပေါင်းပြီး သွားကြားနဲ့ သွားဂျိုင့်ခွက်လေးတွေမှာ ကျောက်တွယ်သွားတဲ့အခါ မည်းမည်းလေးတွေ ဖြစ်ကျန်ခဲ့တတ်ပါတယ်။

☕ အစွန်းထင်းကျန်ခြင်း
လက်ဖက်ရည်၊ ကော်ဖီ၊ ကွမ်း၊ ဆေးလိပ် စတာတွေ သောက်သုံး/စားသုံးမှုကြောင့် သွားမျက်နှာပြင်မှာ စွန်းထင်းကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒီလို မည်းမည်းလေးတွေကို လွှတ်ထားလိုက်ရင် နောက်ပိုင်း သွားပိုးစားပြီး သွားအခေါင်းပေါက်ကြီးတာတွေအထိ ဖြစ်လာနိုင်တာမို့ သွားဆရာဝန်နဲ့ စောစောစီးစီး ပြသပြီး သွားသန့်ရှင်းရေး (𝐒𝐜𝐚𝐥𝐢𝐧𝐠) လုပ်တာ ဒါမှမဟုတ် ဖာထေးစရာလိုရင် စောစောဖာထားတာ အကောင်းဆုံးပါပဲနော်… 👨‍⚕️✨

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကိုသတိရလိုက်ပါ.. 🌸🏥

05/08/2026

အံဆုံးသွား ဒုက္ခပေးနေပြီလား... ဘာကြောင့် ခွဲထုတ်နှုတ်ယူဖို့ လိုတာလဲ..✨

အသက် ၁၇ နှစ်မှ ၂၅ နှစ်ကြားမှာ စတင်ထွက်ပေါ်လေ့ရှိတဲ့ အံဆုံးသွား (𝐖𝐢𝐬𝐝𝐨𝐦 𝐓𝐨𝐨𝐭𝐡) တွေဟာ မေးရိုးနေရာ မလောက်မှုကြောင့် ပြဿနာအမျိုးမျိုးကို စတင်ဖန်တီးလေ့ရှိပါတယ်။
အံဆုံးသွား ခွဲထုတ်/နှုတ်ယူဖို့ လိုအပ်စေတဲ့ အဓိက အကြောင်းအရင်း (၄) ချက်ကတော့ -
* မေးရိုး/သွားဖုံးထဲ ငုပ်နေခြင်း – သွားက အပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေပြီး ငုပ်နေသည့်အတွက် ရေရှည်မှာ နာကျင်မှုနှင့် အရည်အိတ် (𝐂𝐲𝐬𝐭) ဖြစ်ပေါ်နိုင်ခြင်း။
* စောင်းထွက်လာခြင်း – ဘေးသွားဆီသို့ စောင်းပြီး ထွက်လာသောကြောင့် ဘေးမှ ကျန်းမာသည့် သွားပါ ယိမ်းယိုင်လာခြင်း။
* သွားဖုံးရောင်ရမ်း၍ နာကျင်ခြင်း (𝐏𝐞𝐫𝐢𝐜𝐨𝐫𝐨𝐧𝐢𝐭𝐢𝐬) – အံဆုံးသွားဖုံး အရေပြားအောက်တွင် အစားအစာများ ညပ်မိရာမှ ပိုးဝင်ပြီး မကြာခဏ အပြင်းအထန် ရောင်ရမ်း နာကျင်ခြင်း။
* ရှေ့သွားများ ထပ်လာခြင်း – အံဆုံးသွား၏ တွန်းကန်မှုကြောင့် စည်းချက်ကျနေသော ရှေ့သွားများ ကြပ်ပြီး ထပ်လာခြင်း။

𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာဆိုရင်တော့ ကြောက်စရာမလိုဘဲ စိတ်အေးချမ်းစွာ ကုသနိုင်ပါပြီ

အံဆုံးသွား နှုတ်/ခွဲရမှာကို စိုးရိမ်နေသူများအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 က အကောင်းဆုံးနှင့် အန္တရာယ်ကင်းဆုံး ဝန်ဆောင်မှုများကို ပေးဆောင်နေပါတယ်။

* 𝟑𝐃 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐗-𝐑𝐚𝐲 နည်းပညာ – သွားအမြစ်နှင့် အာရုံကြော တည်နေရာကို တိတိကျကျ စစ်ဆေးပြီးမှ ကုသမှုစတင်ခြင်း။
* နာကျင်မှုမရှိသော နည်းစနစ် – ထုံဆေးအပြည့်အဝ အသုံးပြုပေးသဖြင့် လွယ်ကူလျင်မြန်စွာနှင့် နာကျင်မှုမရှိဘဲ နှုတ်/ခွဲထုတ်ပေးခြင်း။
* ကျွမ်းကျင်အထူးကု ဆရာဝန်ကြီးများ – မေးရိုးနှင့် သွားအထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် စနစ်တကျ တာဝန်ယူ ကုသပေးခြင်း။
* ပြည့်စုံသော 𝐀𝐟𝐭𝐞𝐫-𝐂𝐚𝐫𝐞 𝐆𝐮𝐢𝐝𝐚𝐧𝐜𝐞 – ကုသမှုပြီးနောက် အနာကျက် မြန်ဆန်စေရန်အတွက် ဂရုစိုက်ရမည့် နည်းလမ်းများကို အသေးစိတ် လမ်းညွှန်ပေးခြင်း။

အံဆုံးသွားကြောင့် ဖြစ်ပေါ်လာမည့် နာကျင်မှုများနှင့် သွားကျန်းမာရေး ပြဿနာများကို ရေရှည် မခံစားရခင် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ ယုံကြည်စိတ်ချစွာ လာရောက်ပြသ တိုင်ပင်လိုက်ပါ။

#အံဆုံးသွား #သွားနှင့်ခံတွင်း

31/07/2026

အပြုံးလှလှလေးတစ်ပွင့် ပိုင်ဆိုင်ဖို့ ဘာတွေ လိုအပ်လဲ? 🤔 .

သွားကျန်းမာရေး သေချာဂရုစိုက်ချင်ပေမဲ့ သွားကုသရာမှာ ကြောက်ရွံ့နေတယ် စိတ်ကြိုက် သွားဆေးခန်း ရှာနေသူတွေအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို ရွေးချယ်လို့ရပါတယ်ရှင်။✨ .

ခေတ်မှီ နည်းပညာတွေနဲ့ ကျွမ်းကျင် ဆရာဝန်ကြီးများရဲ့ သေချာ ဂရုစိုက်မှုကြောင့် မနာမကျင်ဘဲ သက်တောင့်သက်သာ နဲ့ 𝐃𝐞𝐧𝐭𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 များပြုလုပ်နိုင်ပါပြီရှင်။
သင့်သွားကျန်းမာရေးအတွက် အချိန်မဆွဲဘဲ အခုပဲ 𝐁𝐨𝐨𝐤 𝐍𝐨𝐰 ပြုလုပ်လိုက်ပါ။

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကိုသတိရလိုက်ပါ..

📍 လိပ်စာ: အမှတ် (၁)၊ ဦးဝိစာရလမ်း (တပင်ရွှေထီးလမ်းထောင့်)၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09-789 144 114, 09-405 188 184

#𝐒𝐚𝐤𝐮𝐫𝐚𝐃𝐞𝐧𝐭𝐚𝐥𝐂𝐥𝐢𝐧𝐢𝐜 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐒𝐦𝐢𝐥𝐞 #𝐏𝐚𝐢𝐧𝐥𝐞𝐬𝐬𝐃𝐞𝐧𝐭𝐢𝐬𝐭𝐫𝐲 #𝐘𝐚𝐧𝐠𝐨𝐧𝐃𝐞𝐧𝐭𝐚𝐥 #𝐍𝐨𝐫𝐭𝐡𝐃𝐚𝐠𝐨𝐧

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဆုမွန်ကောင်း 🌸🙏ဝါဆိုလပြည့်နေ့၏ အေးမြသော ဓမ္မအရိပ်အောက်တွင် ချစ်မိတ်ဆွေများအားလုံး ဘေးဥပဒ်...
28/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဆုမွန်ကောင်း 🌸🙏

ဝါဆိုလပြည့်နေ့၏ အေးမြသော ဓမ္မအရိပ်အောက်တွင် ချစ်မိတ်ဆွေများအားလုံး ဘေးဥပဒ်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။ လှပသန့်ရှင်းသော အပြုံးများဖြင့် မင်္ဂလာရှိသော သာသနာ့နေ့ထူးနေ့မြတ်ကို ဖြတ်သန်းနိုင်ကြပါစေကြောင်း Sakura Dental Clinic မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#ဝါဆိုလပြည့်နေ့

ရွေးချယ်မှုက သင့်လက်ထဲမှာနော်" ✨ဟယ် မကြောက်မလန့်… သွားကျိုးနေတာ သွားမစိုက်ဘဲ ဒီတိုင်း ပစ်ထားတာလား😧 ခဏနေဦး၊ ပြောတာ အရင်ဆု...
27/07/2026

ရွေးချယ်မှုက သင့်လက်ထဲမှာနော်" ✨

ဟယ် မကြောက်မလန့်… သွားကျိုးနေတာ သွားမစိုက်ဘဲ ဒီတိုင်း ပစ်ထားတာလား😧 ခဏနေဦး၊ ပြောတာ အရင်ဆုံး နားထောင်ပါအုံးနော်…

🦷သွားတစ်ချောင်း လစ်ဟာသွားရင် ဘေးက သွားတွေက ဟာနေတဲ့ဘက်ကို စောင်းလာကြတယ်။ အပေါ်/အောက်က ယှဉ်နေတဲ့ သွားဆိုရင်လည်း ပိုရှည်ထွက်လာရော။

🦷အစားအသောက်ကို သေချာ ညက်အောင် မဝါးနိုင်ဘဲ မျိုချရတော့ အစာအိမ်နဲ့ အူလမ်းကြောင်း ဒုက္ခပေးတော့တာပဲ။

🦷သွားအမြစ်မရှိတော့ရင် မေးရိုးတွေက တဖြည်းဖြည်း ပါးလာပြီး လျော့နည်းသွားတတ်တယ်။ ဒါကြောင့် ပါးတွေချောင်ကျပြီး နှုတ်ခမ်းတွန့်ကာ အသက်ကြီးသွားသလို ဖြစ်သွားနိုင်တယ်။

🦷သွားတွေ စောင်းကုန်တော့ သွားကြားထဲ အစာတွေ ညပ်လွယ်လာတယ်။ သွားတိုက်ရလည်း ခက်တော့ သွားဂျီးတက်၊ သွားဖုံးရောင်ပြီး ကျန်တဲ့ သွားတွေပါ ဆွေးကုန်တာပေါ့။

🦷ရှေ့သွားဖြစ်ဖြစ်၊ ဘေးသွားဖြစ်ဖြစ် မရှိတော့ရင် စကားပြောတဲ့အခါ လေထွက်မမှန်တော့ဘဲ အသံထွက်တွေ ပျက်ကုန်ရော။

ဒါကြောင့် သွားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သွားစိုက်မှာလား ? သွားတံတားထိုးမှာလား (𝐁𝐫𝐢𝐝𝐠𝐞)? စတဲ့အဆင်ပြေဆုံး နည်းလမ်းတစ်ခုခု နဲ့ အမြန်ဆုံး ပြုပြင်လိုက်ပါ မဟုတ်ရင် နောက်မှ နောင်တရနေမယ်နော်..🦷✨

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကို သတိရလိုက်ပါနော်…

#𝐃𝐞𝐧𝐭𝐚𝐥𝐂𝐚𝐫𝐞 #𝐃𝐞𝐧𝐭𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡 #𝐓𝐨𝐨𝐭𝐡𝐋𝐨𝐬𝐬 #𝐃𝐞𝐧𝐭𝐚𝐥𝐈𝐦𝐩𝐥𝐚𝐧𝐭 #သွားနှင့်ခံတွင်းကျန်းမာရေး #သွားစိုက်ခြင်း

ဒီနှစ် 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ အလှဆုံး ဆုဖလားကို ဆွတ်ခူးမယ့်သူက သင်ပါ!"ကမ္ဘာ့ဖလားပွဲကြီး ပြီးဆုံးသွားခဲ့ပေမဲ့ သင့်ရဲ့ တောက်ပတဲ့ အပ...
23/07/2026

ဒီနှစ် 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ အလှဆုံး ဆုဖလားကို ဆွတ်ခူးမယ့်သူက သင်ပါ!"

ကမ္ဘာ့ဖလားပွဲကြီး ပြီးဆုံးသွားခဲ့ပေမဲ့ သင့်ရဲ့ တောက်ပတဲ့ အပြုံးကတော့ နေ့စဉ်ဘဝရဲ့ 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 တစ်ယောက်အဖြစ် အမြဲဝင်းပနေရမှာပါ! 🦷🏆✨

ဘောလုံးပွဲစဉ်တွေမှာ အနိုင်ရသူက ဆုဖလားကို ကိုင်မြှောက်ခွင့်ရသလိုပဲ၊ သင့်ရဲ့ ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ခွန်အားနဲ့ ယုံကြည်မှုကို ပေးစွမ်းနိုင်တဲ့ အလှဆုံး "ဆုဖလား " လေးရဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှ ကူညီပေးပါရစေရှင့်။

🌟 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ ခေတ်မှီ နည်းပညာ၊စက်ပစ္စည်းများ နဲ့ စိတ်အေးချမ်းစွာ နာကျင်မှုမရှိဘဲ သွားနှင့် ခံတွင်း ကုသမှုများကို ရရှိနိုင်ပါတယ်။

နောက်ပြီး သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး သေချာဂရုစိုက်ပေးမဲ့ ဆွေးနွေးတိုင်ပင်ပေးမယ့် အထူးကုဆရာဝန်ကြီးများ လည်းရှိပါတယ်။

🦷အလှဆုံး ဆုဖလားဆိုတာ တကယ်တော့ အဝေးမှာ မရှိပါဘူး။ သဘာဝအတိုင်း အလှပဆုံးဖြစ်စေဖို့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာသွားလေးတွေပြုပြင်ထိန်းသိမ်းလိုက်ပါနော်…

#𝐒𝐚𝐤𝐮𝐫𝐚𝐃𝐞𝐧𝐭𝐚𝐥 #𝐖𝐨𝐫𝐥𝐝𝐂𝐮𝐩𝐒𝐦𝐢𝐥𝐞 #𝐃𝐞𝐧𝐭𝐚𝐥𝐂𝐚𝐫𝐞 #𝐇𝐞𝐚𝐥𝐭𝐡𝐲𝐒𝐦𝐢𝐥𝐞 #𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐒𝐦𝐢𝐥𝐞 #𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐒𝐦𝐢𝐥𝐞

အရေးပေါ် အလုပ်ထွက်စာ ရောက်ရှိခြင်းတာဝန်ရှိသူ လူသားများရှင့် ကျွန်မတို့မောလှပါပြီ... အချိုတွေလည်း ကျွေးတယ်၊ ဆေးလိပ်ငွေ့တွ...
19/07/2026

အရေးပေါ် အလုပ်ထွက်စာ ရောက်ရှိခြင်း

တာဝန်ရှိသူ လူသားများရှင့် ကျွန်မတို့မောလှပါပြီ...

အချိုတွေလည်း ကျွေးတယ်၊ ဆေးလိပ်ငွေ့တွေလည်း တိုက်တယ်၊ သွားတိုက်ဖို့လည်း ပျက်ကွက်သေးတယ်၊ အဆိုးဆုံးက ပုလင်းဖုံးတွေပါ သွားနဲ့ကိုက်ဖွင့်ခိုင်းတာပဲ...

ကျွန်မတို့ ဆက်မလုပ်နိုင်တော့လို့ နှုတ်ထွက်ခွင့် ပြုပါတော့နော်..

မိမိတို့ သွားလေးတွေက ဆီက ဒီလိုစာမျိုး မရချင်ဘူးမလား? သွားတွေ အလုပ်ထွက်စာ မတင်ခင် အကျင့်ဆိုးတွေကို ရှောင်ကြဉ်ပြီး သွားတွေ ရာသက်ပန် ကြံ့ခိုင်နေအောင် သူတို့ကို ကောင်းကောင်း ဂရုစိုက်ထိန်းသိမ်းပေးပါ။ သွားနဲ့ ခံတွင်းကျန်းမာရေး အတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကိုသတိရလိုက်ပါ။

စကားမစပ်... သင့်သွားလေးတွေကရော အခုချိန်မှာ အလုပ်ထွက်စာ တင်ချင်နေလောက်ပြီလား? ဒါမှမဟုတ် အလုပ်ရှင်ကို သဘောကျလို့ ပျော်ရွှင်နေကြပြီလား? ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်…👇

သွားကြားဟနေတာကို ပြန်ညှိချင်ပေမဲ့ ဆေးခန်း ခဏခဏသွားဖို့ အချိန်မပေးနိုင်သူတွေအတွက်🦷🦷𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐀𝐥𝐢𝐠𝐧𝐞𝐫 ဟာ 𝐃𝐢𝐠𝐢𝐭𝐚𝐥 စနစ်နဲ့ သ...
16/07/2026

သွားကြားဟနေတာကို ပြန်ညှိချင်ပေမဲ့ ဆေးခန်း ခဏခဏသွားဖို့ အချိန်မပေးနိုင်သူတွေအတွက်🦷🦷

𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐀𝐥𝐢𝐠𝐧𝐞𝐫 ဟာ 𝐃𝐢𝐠𝐢𝐭𝐚𝐥 စနစ်နဲ့ သွားပုံစံကို တစ်ခါ တည်း တိတိကျကျ တိုင်းတာပြီး သွားစွပ်ပြား (𝐀𝐥𝐢𝐠𝐧𝐞𝐫𝐬) အစုံလိုက်ကို ကြိုတင်ထုတ်လုပ်ပေးထားတာကြောင့် သံပတ်ကြိုးတပ်သလို လစဉ်ကြိုးလာတင်းစရာ မလိုဘဲ ဆေးခန်းသွားပြရတဲ့ အကြိမ်ရေကို အတတ်နိုင်ဆုံး လျှော့ချပေးထားပါတယ်။

🩵အကြည်ရောင် သွားစွပ်ပြားလေးတွေ ဖြစ်တာကြောင့် တပ်ထားမှန်း မသိသာဘဲ လူအများကြားထဲမှာ ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်မှာပါ။

🩵အစားစားချိန်နဲ့ သွားတိုက်ချိန်တွေမှာ အလွယ်တကူ ဖြုတ်ထားလို့ရတာကြောင့် အစားအစာ ရွေးစရာမလိုသလို သွားကျန်းမာရေးကိုလည်း အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။

🩵ကျွမ်းကျင်တဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများ ကိုယ်တိုင် စနစ်တကျ တိုင်ပင်ဆွေးနွေး ကုသပေးနေတဲ့ 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 နဲ့ မိမိရဲ့ သွားကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

☎️ 𝐂𝐨𝐧𝐭𝐚𝐜𝐭: 𝟎𝟗-𝟕𝟖𝟗 𝟏𝟒𝟒 𝟏𝟏𝟒, 𝟎𝟗-𝟒𝟎𝟓 𝟏𝟖𝟖 𝟏𝟖𝟒 🏥 ဆေးခန်းလိပ်စာ: အမှတ်(၁)၊ ဦးဝိစာရလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

#𝐈𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞𝐀𝐥𝐢𝐠𝐧𝐞𝐫 #𝐒𝐚𝐤𝐮𝐫𝐚𝐃𝐞𝐧𝐭𝐚𝐥𝐂𝐥𝐢𝐧𝐢𝐜 #𝐏𝐞𝐫𝐟𝐞𝐜𝐭𝐒𝐦𝐢𝐥𝐞 #𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞𝐖𝐢𝐭𝐡𝐒𝐚𝐤𝐮𝐫𝐚

အသားညိုတာကို သဘောကျပေမဲ့... သွားမှာ အမဲစက် ဖြစ်နေတာကိုတော့ လုံးဝ 𝐍𝐎 ပါ! 🙅‍♀️✨𝐁𝐞𝐯𝐞𝐫𝐥𝐲 𝐇𝐢𝐥𝐥𝐬 လို နေရာမျိုးမှာ ညိုချောလေးတွ...
12/07/2026

အသားညိုတာကို သဘောကျပေမဲ့... သွားမှာ အမဲစက် ဖြစ်နေတာကိုတော့ လုံးဝ 𝐍𝐎 ပါ! 🙅‍♀️✨

𝐁𝐞𝐯𝐞𝐫𝐥𝐲 𝐇𝐢𝐥𝐥𝐬 လို နေရာမျိုးမှာ ညိုချောလေးတွေကို လူကြိုက်များပေမဲ့... သွားပေါ်က အညိုရောင် အစက်အပြောက်တွေကိုတော့ ဘယ်သူမှ သဘောမကျပါဘူး။
သွားမှာ အညိုစက်တွေ၊ အမည်းစက်တွေ မြင်နေရပြီ..

ဒါဟာ သွားပိုးစားခြင်း (𝐓𝐨𝐨𝐭𝐡 𝐃𝐞𝐜𝐚𝐲) ရဲ့ ကနဦးလက္ခဏာ ဒါမှမဟုတ် ကော်ဖီ၊ လက်ဖက်ရည်ကြောင့် စွန်းထင်တာမျိုး ဖြစ်
နိုင်ပါတယ်။

လွှတ်ထားရင် ကြီးမားတဲ့ သွားအခေါင်းပေါက် ဖြစ်သွားပြီး ကိုက်ခဲနာကျင်လာနိုင်လို့ အစောကြီးကတည်းက သတိထားဖို့ လိုတယ်နော်။

လူကြီးမင်းရဲ့ သွားမှာကော အခုလို အညိုစက်လေးတွေ မြင်နေရပြီမလား? ဒါဆိုရင်ပေါ့ဆမနေဘဲ သွားဆရာဝန်နဲ့ အမြန်ဆုံးပြသ စစ်ဆေးလိုက်ပါ…🦷💙

🌸 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐒𝐦𝐢𝐥𝐞, 𝐄𝐯𝐞𝐫𝐲 𝐒𝐞𝐚𝐬𝐨𝐧ရာသီဥတုအလိုက် သွားကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ?ရာသီဥတုပြောင်းလဲမှုဟာ သင့်ရဲ့ ကိုယ်ခံအာ...
09/07/2026

🌸 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐒𝐦𝐢𝐥𝐞, 𝐄𝐯𝐞𝐫𝐲 𝐒𝐞𝐚𝐬𝐨𝐧

ရာသီဥတုအလိုက် သွားကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲ?

ရာသီဥတုပြောင်းလဲမှုဟာ သင့်ရဲ့ ကိုယ်ခံအားတင်မကဘဲ "သွားနဲ့ခံတွင်း ကျန်းမာရေး" ကိုပါ သက်ရောက်မှု ရှိစေတယ်ဆိုတာ သိပါသလား?

* 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐚𝐫𝐞: အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်ပြီး တံတွေးထွက်နည်းခြင်းက ခံတွင်းထဲမှာ ဗက်တီးရီးယားတွေ ပိုပွားစေပါတယ်။ ရေများများသောက်ပေးပါ။ အစာစားပြီးတိုင်း ပါးစပ်ကို ရေနဲ့ သေချာလုတ်ကျင်းပေးဖို့ လိုပါတယ်။
* 𝐑𝐚𝐢𝐧𝐲 𝐒𝐞𝐚𝐬𝐨𝐧: ရာသီဥတုစိုစွတ်ပြီး ကိုယ်ခံအား ကျတတ်တဲ့အချိန်မို့ သွားဖုံးပိုးဝင်တာမျိုး ပိုဖြစ်တတ်ပါတယ်။ တစ်နေ့ ၂ ကြိမ် သွားတိုက်ဖို့နဲ့ 𝐅𝐥𝐨𝐬𝐬 (သွားပွတ်ကြိုး) သုံးဖို့ မမေ့ပါနဲ့။
* 𝐖𝐢𝐧𝐭𝐞𝐫 𝐂𝐚𝐫𝐞: လေအေးတွေကြောင့် သွားကျဥ်တဲ့ ဝေဒနာကို အဆိုးရွားဆုံး ခံစားရတတ်ပါတယ်။ သွားကျဥ်သက်သာစေမယ့် သွားတိုက်ဆေးကို ရွေးချယ်သုံးစွဲပါ။

ရာသီဥတုတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ... အကောင်းဆုံးနည်းလမ်းကတော့ ၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးဖို့ပါပဲ။

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် 𝐒𝐚𝐤𝐮𝐫𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 ကိုသတိရလိုက်ပါ။

#သွားနှင့်ခံတွင်းကျန်းမာရေး

Address

No. 1, Corner Of U Wisara Road And Tapin Shwe Htee Road, 34 Quarter, North Dagon Township
Yangon
2

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

09789144114

Website

Alerts

Be the first to know and let us send you an email when Sakura Dental Clinic - North Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sakura Dental Clinic - North Dagon:

Shortcuts

Share